ငါ မင်းကို ထောက်ခံပေးမယ်
Vol. 16 Ch. 230
"ဘာပြောလိုက်တာလဲ တစ်ကယ်ကြီးလား!"
ဖုန်းတစ်ဖက်တွင်ပြောနေသော ရှောင်းချောင်သည် မယုံနိုင်စွာ အော်လာခဲ့သည်။ ရွှီဖန်းထံမှ ထိုလူအား သီးသန့်ဆန်ဆန် ဖြေရှင်းလိုက်ပြီဖြစ်ကြောင်း သူမကြားခဲ့ရသည်။ ထို့အပြင် ရွှီဖန်းက လုံးဝလည်းမထိခိုက်ခဲ့ပေ။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ရှောင်းချောင်၏အော်သံကိုကြားတော့ ရွှီဖန်း ခါးသက်စွာ မပြုံးဘဲ မနေနိုင်ခဲ့ပေ။ သူမသည် လူသတ်သမား၏စွမ်းအားအစစ်အမှန်ကို သိနေခဲ့ပုံပင်။ အမှန်တော့ သူ့မှာ လျှပ်စီးအဆောင်မရှိခဲ့လျှင် သူ သေမှာ ကျိန်းသေပေ၏။
သို့သော်လည်း ရွှီဖန်းသည် သူ့မကို အမှန်အတိုင်းပြောရန် မရည်ရွယ်ထားခဲ့ပေ။ ထိုအစား ရယ်လိုက်ပြီး...
"ဒါပေါ့ ငါဆိုတာ ဘယ်သူမှတ်လို့!"
"ကောင်းပြီ ကောင်းပြီ၊ မင်း အဆင်ပြေတယ်မဟုတ်လား"
ရှောင်းချောင်က ကူကယ်ရာမဲ့စွာ ပြောလာသည်။ မည်သို့ပင်ဆိုစေကာမူ ရက်ပိုင်းအတွင်းမှာ သတင်းက ပျံ့နှံ့လာမည်ဖြစ်သည်။ အကယ်၍ ရွှီဖန်းသာ မိမိုက်သလို ဟန်ဆောင်ခဲ့သည်ဆိုလျှင် သူမ သူ့အား မိနစ်ပိုင်းအတွင်း ဖော်ထုတ်ပြလိုက်မည်။
ရှောင်းချောင် စိတ်သက်သာရာရခဲ့ပြီးနောက် ရွှီဖန်းကိုပြောလိုက်သည်။
"တစ်ခုခု ပြောစရာကျန်သေးလား၊ မကျန်တော့ဘူးဆိုရင် ငါဖုန်းချလိုက်တော့မယ်"
"အာ...."
ရွှီဖန်း ခါးသက်စွာ ပြုံးလိုက်မိသည်။ ရှောင်းချောင်သည် သူ့အတွက် စိုးရိမ်ခဲ့ပေးသည်။ ယခု သူမနောက်ကွယ်မှာ သူမအစ်ကိုကို လှည့်စားရန်ပြင်နေခြင်းက မှန်ကန်သည့်အရာတော့ ဟုတ်ပုံမပေါ်ပေ။
ယောကျ်ားတစ်ယောက်က သူ ဘာပဲလုပ်ချင်ပါစေ လုပ်၍ရသည်ဟု ပြောကြသော်လည်း ရွှီဖန်းကတော့ သူလုပ်ချင်သလို လုပ်၍မဖြစ်တော့ပေ။ အများဆုံးအနေဖြင့် Star Cityကို လှည့်စား၍မရရုံသာ ဖြစ်ပြီး သူ နေရာပြောင်းကာ တခြားပြည်နယ်များဆီသို့ လိုက်ရှာလိုက်မည်။
"အာ...ရှောင်းချောင် ဒီလိုပါ"
သူ့အစီအစဥ်ကို ပြောပြီးသည်နှင့် ရွှီဖန်း သက်ပြင်းချခဲ့သည်။ သူ လုပ်နိုင်တော့မည်မဟုတ်ဟု ခန့်မှန်းရပေသည်။
ရှောင်းချောင်သည် ခေတ္တတိတ်ဆိတ်နေခဲ့ပြီးမှ တိုးတိုးလေး မေးလာသည်။
"ရွှီဖန်း မင်း ဒါကိုလုပ်နိုင်တာ သေချာရဲ့လား"
ရွှီဖန်း အံ့အားသင့်သွားခဲ့သည်။ မဟုတ်သေးပေ။ ဒီမိန်းကလေးဟာ သူ့ကို တားသင့်သည်မဟုတ်ပါလေား။
သို့သော်ငြား သူမတွေးနေသည့်အရာကို သူ ပုံမဖော်
နိုင်ပေ။ သူ အမှန်အတိုင်းပြောရန် ရွေးချယ်ခဲ့တုန်းပင်။
"အတိအကျကြီးတော့ မသေချာပေမယ့် ဒီကိစ္စအပေါ်မှာတော့ ငါ ယုံကြည်ချက်အပြည့်အဝရှိတယ်"
"ကောင်းပြီ ငါမင်းကိုထောက်ပံ့ပေးမယ်"
တခြားအကြောင်းအရာဘက်ကို ရောက်သွားတာကြောင့် ရှောင်းချောင်၏ အသံကလည်း စိတ်လှုပ်ရှားလာသည်။
"အိုး ရွှီဖန်း မင်း ဘာလို့ အခုမှ ငါ့ကို ပြောတာလဲ၊ ငါ့ဆီကအခြေအနေက သိပ်မကောင်းလို့ သေချာတောင်မကြားရဘူး"
ရွှီဖန်း ထပ်ပြီး အံ့သြသွားပြန်သည်။ ဒီမိန်းကလေးကြည့်ရတာ သူမအစ်ကို ရှောင်းပုချီနှင့် ပတ်သက်၍ တစ်ခုခုဖြစ်နေသည့်ပုံပင်။ သို့သော်ငြား ရှောင်းချောင်မှ သဘောတူညီထားပြီးပြီဖြစ်ရာ သူမလုပ်နိုင်စရာ အကြောင်းလည်း မရှိတော့ပေ။
ဖုန်းချပြီးနောက် မြို့ထဲမှ ထွက်လာကာ Star City၏ ဆေးဝါးစက်ရုံ တံခါးရှေ့သို့ ဆိုက်ရောက်လာခဲ့သည်။
"ရပ် ရပ် မင်းက ဘယ်သူလဲ၊ မင်းရဲ့အထောက်အထားကတ်ပြပါ"
Star City၏ တံခါးဝ၌ လုံခြုံရေးက ရွှီဖန်းကို တားလာသည်။
"အိုး ငါက ရှောင်းပုချီကို လာရှာတာ၊ သူ ဒီမှာ ရှိလား"
ရွှီဖန်းကတော့ စိတ်ထဲမထားဘဲ ပေါ့ပါးစွာ ပြန်ဖြေခဲ့
သည်။
လုံခြုံရေးက အံ့သြသွားသော်လည်း ချန်းရုန်ကြောင့် ခြစ်ရာများစွာ ထင်ခဲ့ရသည့် ရွှီဖန်းအနောက်မှကားကို မြင်သွားခဲ့သည်။
"မရဘူး ပြန်သွားလိုက်တော့"
လုံခြုံရေးက သူ့ကို လက်ဝှေ့ယမ်းပြခဲ့သည်။ ရွှီဖန်း အံ့သြသွားရပြီး အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်ရသည်။ နောက်ထပ် ပြောဆိုနေခြင်းမရှိဘဲ ရှောင်းချောင်ကိုသာ ဖုန်းခေါ်ခဲ့ပြီး ရှောင်းပုချီ၏ ဖုန်းနံပါတ်ကိုပေးရန် တောင်းဆိုခဲ့သည်။ သူမထံတွင် သူ့ဖုန်းနံပါတ် ရှိရမည်။
ရွှီဖန်းသည် အမြန်ပင် ရှောင်းပုချီ၏ ကိုယ်ပိုင်
နံပါတ်ကို ဖုန်းခေါ်ဆိုခဲ့သည်။
"ဟယ်လို ဒါရိုက်တာရှောင်းလား၊ ခင်ဗျားရဲ့ တံခါးစောင့်ကို တံခါးဖွင့်ပေးဖို့ ပြောပေးလို့ရမလား၊ ကျွန်တော် ခင်ဗျားနဲ့ ပြောစရာရှိတယ်"
ရွှီဖန်းက သာမန်ကာလျှံကာ ဆိုသည်။
"ဟမ်...မင်းက ဘယ်သူလဲ"
ရှောင်းပုချီသည် သိလိုစိတ်ဖြင့် မေးမိသည်။ တစ်ကယ်တော့ ဒီနေ့လည်မှာ သူခရီးသွားစရာမရှိပေ။
"အိုး...ရွှီဖန်းပါ"
ရွှီဖန်း၏လေသံက တည်ငြိမ်နေတုန်းပင်။
"ရွှီဖန်းလား ကောင်းတယ် မင်းရောက်လာပြီပေါ့!"
ရှောင်းပုချီ၏ မျက်နှာက မည်းမှောင်နေသည်။ သူ ဘာတွေးနေလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပေ။ သို့သော် လုံခြုံရေးအစောင့်ခန်းကိုတော့ ဖုန်းခေါ်ခဲ့သည်။
ထိုလုံခြုံရေးအစောင့်သည် တံခါးစောင့်တစ်ဦးသာ ဖြစ်သော်လည်း သူ၏ သဘောထားပြောင်းလဲမှုအရှိန်က စာအုပ်လှန်လှောခြင်းထက်ပင် ပိုမြန်နေ၏။
"ယို သူဌေးရွှီ သူဌေးရွှီ တောင်းပန်ပါတယ်၊ အခုလေးတင် စိတ်ပင်ပန်းအောင် နည်းနည်းလုပ်မိသွားပါတယ်၊ ကျွန်တော့်ကို စိတ်ထဲမထားပါနဲ့၊ အခုပဲ တံခါးဖွင့်ပေးပါ့မယ်"
အလိုအလျောက်ဖြည်းညှင်းစွာပွင့်နေသော တံခါးကို ကြည့်ရင်း ရွှီဖန်း ကူကယ်ရာမဲ့စွာ သက်ပြင်းချ
မိသည်။ သူ တံခါးစောင့်ကို ထပ်ပြီး အာရုံမစိုက်တော့ဘဲ ကားကို အထဲမောင်းဝင်လိုက်သည်။
ရှောင်းပုချီ၏ ရုံးခန်းက ရှာရလွယ်ကူလေသည်။ သူ့ရုံးခန်းမှလွဲ၍ ကျန်သော ရုံးခန်းများသည် စက်ရုံဧရိယာထဲမှာသာ ရှိသည်။ ထို့အပြင် ရှောင်းပုချီ၏ ရုံးခန်းမှာ ကားပါကင်နှင့် တွဲလျက်ဖြစ်တာကြောင့် ပို၍ အဆင်ပြေသည်။
ထို့ကြောင့် ရွှီဖန်းသည်လည်း အောက်ထပ်မှာ ကားကိုရပ်၍ အပေါ်ကို တက်လာခဲ့သည်။
ရှောင်းပုချီ၏ ရုံးခန်းသည် အပေါ်ဆုံးအထပ်၌ ရှိပေသည်။ သိပ်မကြာခင်မှာပင် ရွှီဖန်း ရောက်ရှိလာခဲ့သည်။ ဤအထပ်ရှိ ရုံးခန်းများ အားလုံးသည် ရှောင်းပုချီပိုင်ပေသည်။ ရွှီဖန်း နှုတ်ခမ်းကို ကျစ်ကနဲမြည်အောင် စုပ်လိုက်မိသည်။ ဒီလူဟာ ဘဝကို ဘယ်လိုပျော်ရွှင်အောင် နေရမလဲသိပေသည်။
"ရွှီဖန်း ငါ့ကိုပြောစမ်းပါ၊ ဘာလို့ ငါ့ကို လာရှာတာလဲ"
ရှောင်းပုချီသည် ရွှီဖန်းအား စိုက်ကြည့်ရင်း သူ့အတွင်းရေးမှူးကို အကြည့်တစ်ချက်ပေးခဲ့သည်။ ရွှီဖန်းအနောက်မှာ ရပ်နေသည့် အတွင်းရေးမှူးက ထိုအကြည့်ကို အလိုလိုနားလည်သဘောပေါက်လေသည်။
"အာ ဒါရိုက်တာရှောင်း၊ မတိုင်ခင်က စစ်တပ်က ကုသဆေးနဲ့ပတ်သက်ပြီး ခင်ဗျားကို စိတ်ပူပန်စေခဲ့မိလို့ တောင်းပန်ပါတယ်"
ရွှီဖန်း သူ့လက်သီးကိုဆုပ်ကာ ဦးညွတ်လိုက်သည်။ ရှောင်းပုချီလည်း အံ့သြသွားခဲ့သည်။ ဒီရွှီဖန်းက ခွင့်လွှတ်ပေးဖို့ ငါ့ကို လာတောင်းဆိုတာဖြစ်နေမလား။
"ဟားဟား ငါတို့ရဲ့ကိုယ်ပိုင်စွမ်းရည်နဲ့ပဲဆိုင်ပါတယ်၊ ညီအစ်ကိုရွှီ မင်း ဒီနေ့ လာတောင်းပန်တာဆိုရင်တော့ မလိုပါဘူး၊ မင်းရဲ့ကြင်နာမှုအတွက်တော့ အသိအမှတ်ပြုပါတယ်၊ ဘာကိစ္စမှမရှိတော့ဘူးဆိုရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ"
ရှောင်းပုချီက လက်ကိုဝှေ့ယမ်းလိုက်သည်မှာ နဂိုကတည်းက နှင်ထုတ်ရန် ပြင်ဆင်ထားသကဲ့သို့ပင်။ ရွှီဖန်း မအံ့သြပေ။ ဒီကိုမလာခင်မှာ ရှယန်ယွိပြောပြလို့ သိခဲ့ရသည်။ ရှောင်းပုချီသည် အလွန်ဒေါသကြီးပေသည်။
"အာ ဒီတစ်ကြိမ် ကျွန်တော်လာခဲ့တာက ကိုယ့်ကိုယ်
ကိုယ် အဖတ်ဆယ်ဖို့ပါ"
ရွှီဖန်း ပြုံး၍ ပြောလိုက်သည်။
"အဖတ်ဆယ်ဖို့လား...ဘာကိုလဲ"
ရှောင်းပုချီသည် ရွှီဖန်းအား အံသြစွာကြည့်နေသည်။
"ဟင်း ခင်ဗျားမသိလို့ပါ၊ ဒီရှရှီက မြစ်ကိုဖြတ်ပြီးမှ တံတားကို ချိုးတဲ့လူတွေ၊ မတိုင်ခင်က ကျွန်တော် သူတို့ကို အများကြီးကူညီခဲ့ပြီး သူတို့အတွက် ဆေးဖော်မြူလာခြောက်မျိုးကိုပေးဖို့ အများကြီးအလုပ်ကြိုးစားခဲ့ရတယ်၊ ကျွန်တော့်ဘက်က အများကြီးတော့မလိုပါဘူး၊ ဒါပေမယ့် အဲ့ဒီဆေးဖော်မြူလာခြောက်မျိုးအတွက်သန်း၄၀၀ပဲ တစ်ခါတည်းယူချင်ခဲ့တယ်၊ ခင်ဗျားသိလား...ကျွန်တော့်ဆေးတွေက သူတို့ဝယ်ယူနေတဲ့ ဆေးတွေထက် ပိုပြီးအဆင့်မြင့်တယ်၊ ကုန်ကျမှုကို ဘယ်လောက်တောင်မှ စုစည်းနိုင်ခဲ့လဲ၊ အထင်ကရဆေးကို သူတို့ ဘယ်လောက်တောင်မှ ထုတ်နိုင်ခဲ့လဲ၊ ဒါပေမယ့် ရှယန်ယွိက သူမရဲ့ အထက်လူကြီးကို မေးဖို့လိုသေးတယ်လို့ ပြောခဲ့တယ်၊ သူမကိုယ်တိုင်က ဥက္ကဌလုပ်နေပြီး ဘယ်က အထက်လူကြီးကို သွားမေးချင်သေးတာလဲ၊ ဒါက ကျွန်တော့်တောင်းဆိုမှုကို သူတို့ ငြင်းလိုက်တယ်ဆိုတာ အသိသာကြီး၊ ဒါကြောင့် ခင်ဗျားတို့ကို ပေးလိုက်ရင်ရောဆိုပြီး ကျွန်တော်တွေးနေတာ၊ ခင်ဗျားတို့ဆိုရင်တော့ ရှရှီကို လမ်းပေါ်ကနေ တွန်းဖယ်နိုင်တယ်မဟုတ်လား"
ရွှီဖန်းသည် တစ်ကယ့်လယ်သမားပုံစံဖြင့် ရှောင်းပုချီကို ပြောပြနေခဲ့၏။
ရှောင်းပုချီ ခေတ္တလန့်သွားလေသည်။ ရှရှီ၏ ဥက္ကဌသည် အမှန်တစ်ကယ်ကို ရှယန်ယွိဖြစ်သော်လည်း ဆုံးဖြတ်ခြင်းအဖွဲ့အဖြစ် ရှမိသားစုတစ်ခုလုံးက ကျန်နေသေး၏။ ဒါကြောင့် ငွေအမြောက်အများကို ဆုံးဖြတ်ခြင်းအဖွဲ့ထံ အစီရင်ခံတင်ပြနေရတုန်းပင်။
ဒီအကြောင်း သူသိနေသော်လည်း ရွှီဖန်းကိုတော့ ပြောပြရန် အစီအစဥ်မရှိပေ။ ထိုအစား သူ့အတွင်းရေးမှူးကို တစ်ချက်စစ်ဆေးရန် အချက်ပြခဲ့သည်။
"ဒေါက်တာရွှီ အလျင်မလိုပါနဲ့၊ အရင်ဆုံး ရေလေး သောက်ပြီး ဖော်မြူလာကို အရင်ပြကြည့်လို့ရမလား"
ရှောင်းပုချီသည် ရွှီဖန်းကို ရေခွက်ကမ်းပေးရင်း အပြုံးဖြင့် ပြောလာ၏။
"အာ ဖော်မြူလာကို ခေါင်းထဲမှာ မှတ်ထားပြီသားပါ၊ ကျွန်တော့်ကို စာရွက်နဲ့ဘောပင်ပေး၊ ခင်ဗျားကြည့်လို့ရအောင် ချရေးပေးမယ်"
ရှောင်းပုချီ ခေါင်းညိတ်၍ ဘောပင်နှင့် သူ့မှတ်စုစာအုပ်ကို ရွှီဖန်းဆီ ကမ်းပေးခဲ့သည်။
********************