← Chapters

စကားချော်သွားခြင်း

Vol. 16 Ch. 232

စကားချော်သွားခြင်း

Vol. 16 Ch. 232

မကြာမီမှာပင် ရှောင်းပုချီသည် ရွှီဖန်းမှ သူ့စကားကို ပြန်ရုတ်သိမ်းသွားမည်ကို စိုးရိမ်သည့်အလား ရုံးခန်းထဲ အမြန်ဆွဲသွင်းလေသည်။

ရှောင်းပုချီ၏အတွင်းရေးမှူးကလည်း နားလည်သည်။ သူ့ကွန်ပြူတာကို ချက်ချင်းဖွင့်ရင်း အထဲ၌ အမြဲရှိနေသော စာချုပ်ကို ယူသုံးလိုက်သည်။ ထို့နောက် ဈေးနှုန်းကိုပြောင်းရိုက်ကာ ပရင့်ထုတ်လိုက်သည်။ ဖြစ်စဥ်တစ်ခုလုံးက ငါးမိနစ်တောင်မကြာပေ။ 

သူ့အရှေ့မှစာချုပ်ကိုကြည့်ပြီး ရှောင်းပုချီသည် ရွှီဖန်းထံ အပြုံးဖြင့် ကမ်းပေးခဲ့သည်။

"ဒေါက်တာရွှီ စာချုပ်မှာ လက်မှတ်ထိုးလိုက်ပြီဆိုတာနဲ့  ကျုပ်တို့ဘက်က ငွေချက်ချင်းလွှဲပေးမှာဖြစ်ပါတယ်"

ရွှီဖန်း ရယ်လိုက်သည်။ သူ စာချုပ်ကိုဖွင့်၍ အထဲရှိစာချုပ်ပါ အကြောင်းအရာများကို သေချာလေးနက်စွာ ဖတ်ရှုလိုက်သည်။ သူ လှည့်စားခံရလျှင် ပျော်စရာမကောင်းတော့ပေ။

ထို့နောက်မှသာ သူ့နာမည်ကို ထိုး၍ အကောင့်နံပါတ်ကို ချရေးခဲ့သည်။

ရွှီဖန်းမှ စာချုပ်အပေါ် လက်မှတ်ထိုးပြီးသည့်အခါ ရှောင်းပုချီသည် ကြာကြာမထိုင်နိုင်တော့ဘဲ သူ့အတွင်းရေးမှူးကို တိုက်ရိုက်ပြောလိုက်သည်။

"အကြောင်းကြားလိုက်၊ Star Cityရဲ့ ဒီတစ်ခေါက်

ထုတ်ကုန်တွေ အပြီးသတ်ပြီးတာနဲ့ နောက်ဆုံးဖော်မြူလာတွေကို ထုတ်လုပ်ရမယ်၊ သုံးရက်အတွင်း ကုန်ချောကိုမြင်ချင်တယ်၊ ဒီတစ်ကြိမ်က ချန်ဟိုင်းဈေးကွက်မှာ ရှရှီကို မောင်းထုတ်ပစ်မယ်လို့ ကြေညာရမယ့်အချိန်ပဲ!"

ရှောင်းပုချီ၏ တိုက်ခိုက်လိုသော သဘောထားကိုကြည့်ရင်း ရွှီဖန်းစိတ်ထဲမှာ ဆုတောင်းမိပေသည်။ ရှောင်းပုချီ တစ်ပတ်အတွင်း သူ့ကို စိတ်မဆိုးစေရန် ဆုတောင်းမိခြင်းပင်။

စက်ရုံသို့ ချက်ခြင်းပြေးသွားချင်နေသော ရှောင်းပုချီကို ကြည့်ရင်း ရွှီဖန်း မထိုင်နိုင်တော့ဘဲ မတ်တပ်

ရပ်ကာ နှုတ်ဆက်လိုက်သည်။

"ဒေါက်တာရွှီ မသွားပါနဲ့ဦး၊ ဒီနေ့ အများကြီးကူညီပေးခဲ့တာဆိုတော့ မင်းအတွက် ဧည့်ခံပွဲပြင်ဆင်ပေးဦးမယ်လေ"

ရွှီဖန်း ပြန်တော့မည်ကို သိသွားသည့်အခါ ရှောင်းပုချီက အလျင်အမြန်ပြောလာသည်။

အချိန်တစ်ခုရောက်လာလျှင် သူ့ကို လှည့်စားရတော့မည်ဖြစ်တာကြောင့် ရွှီဖန်းလို မျက်နှာအရေထူသည့်လူတောင် မရှက်ဘဲ မနေနိုင်တော့ချေ။ သူ ဧည့်ခံပွဲ မတက်ချင်တာကြောင့် ချက်ချင်းပြောလိုက်သည်။

"တော်ပါပြီ...ဖော်မြူလာတွေထပ်စမ်းသပ်ဖို့ အလုပ်ကများနေတယ်၊ ဒီထက်ပိုပြီး အရေးကြီးတာတွေရှိပါသေးတယ်၊ အချိန်တန်ရင် အားလုံးမြင်တွေ့ရအောင်လုပ်ပေးပါ့မယ်"

ရွှီဖန်းမှ ဖော်မြူလာထပ်စမ်းသပ်နေသည်ဟု ပြောလာသည့်အခါ ရှောင်းပုချီခေါင်းညိတ်လိုက်သည်။ ထိုအကြည့်ကြောင့် ရွှီဖန်းမှာ ချက်ချင်း အောက်ပြန်ဆင်းမတတ်ဖြစ်သွားရသည်။

ဓာတ်လှေကားထဲ ဝင်သွားသည့် ရွှီဖန်း၏နောက်ကျောကို ကြည့်ရင်း ရှောင်းပုချီ၏ပြုံးနေသောမျက်နှာမှာ အေးစက်သွားလေသည်။

"ငါတို့ ဖော်မြူလာရပြီးသွားပြီဆိုတော့ သူ့ကိုစောင့်ကြည့်ဖို့ တစ်ယောက်ယောက်လွှတ်ထားလိုက်၊ သူ ရှရှီနဲ့ ထပ်ပြီးအဆက်အသွယ်လုပ်နေတာမျိုး တွေ့တာနဲ့ ချက်ချင်းသတ်ပစ်!"

"ဒါပေမယ့် ဥက္ကဌရှောင်း သူ့ကို ဒီအတိုင်းသတ်

ပစ်လိုက်တော့မလို့လား၊ သူက ကမ္ဘာပေါ်မှာတောင် အကောင်းဆုံးဆေးဝါးပညာရှင်လို့ပြောလို့ရတယ်"

ရှောင်းပုချီ၏ အတွင်းရေးမှူးက မဝံ့မရဲပြောလာသည်။   သူ့လို ထိပ်တန်းဆေးဝါးပညာရှင်မျိုးသည် Star Cityမှ အလိုရှိဆုံးပညာရှင်ဖြစ်ပြီး ဆေးဝါးကုမ္ပဏီအားလုံးလိုချင်သည့်လူလည်းဖြစ်သည်။

"မလိုဘူး၊ လက်ရှိဖော်မြူလာတွေနဲ့ဆို ငါတို့ ရှရှီကို လုံလုံလောက်လောက်ဖိလို့ရတယ်၊ ပိုကောင်းတဲ့ဆေးလား? ဟမ့်! မင်း ပိုက်ဆံများများရှာနိုင်ရုံနဲ့ လုံလောက်ပြီ"

ရှောင်းပုချီ၏အမူအရာနှင့် စကားများက အေးစက်နေ၏။

"ဟုတ်ကဲ့ ဥက္ကဌ"

ရှောင်းပုချီ၏အတွင်းရေးမှူးသည် မသိစိတ်မှအလိုလိုပင် နောက်ကျောကိုဆန့်မိကာ စစ်သားတစ်ယောက်ကဲ့သို့ ရပ်လိုက်မိသည်။

ထိုအခိုက်အတန့်တွင် ရွှီဖန်းကတော့ အပေါ်ထပ်မှာ ဘာတွေဖြစ်နေလဲ မသိခဲ့ပေ။ သူက အောက်ထပ်ကို ရောက်နေလေပြီ။

သူ့ဘဏ်အကောင့်မှစာဝင်လာပြီး အကောင့်ထဲသို့ ယွမ်သန်း၄၀၀လွှဲခံထားရသည်ကို တွေ့လိုက်ရသည်။ အနောက်မှ သုညအတန်းလိုက်ကို ကြည့်ရင်း ရွှီဖန်း အသက်ပြင်းပြင်းရှူလိုက်မိသည်။ သူ့နောက်ခံအနေဖြင့် ကောင်းကင်ဘုံရှိထားသော်လည်း စားဝတ်နေရေးအတွက် တိုက်ခိုက်နေရသည့် လယ်သမားလေးဖြစ်နေတုန်းပင်။ သူ့စိတ်ပိုင်းဆိုင်ရာမှာ ဘယ်လိုလုပ် လွယ်လွယ်ကူကူ ပြောင်းနိုင်ဦးမည်နည်း။

Star Cityမှ ထွက်လာသည်နှင့် အနက်ရောင်ကားတစ်စီးသည် ရွှီဖန်းအနောက်မှ စလိုက်လာသည်။ ရွှီဖန်းသည် တစ်ကြိမ်တစ်ခါ အလိုက်ခံထားရဖူးသည်ဖြစ်ရာ အသိစိတ်က အလွန်အထိမခံဖြစ်နေပြီး ထိုအနက်ရောင်ကားကို အလိုလိုကြည့်မိလိုက်သည်။

သို့သော်ငြား အနက်ရောင်ကားသည် ဘယ်ဘက်ကို ကွေ့သွားကာ ရွှီဖန်း၏မြင်ကွင်းမှ ထွက်သွားခဲ့သည်။ မကြာလိုက် အဖြူရောင်ပြိုင်ကားတစ်စီးသည် ကွေ့ထွက်လာကာ ရွှီဖန်း၏ကားအနောက်ကို ရောက်လာလေသည်။ 

သူ မျက်မှောင်ကြုတ်မိသည်။ ဒါဟာ သာမန်ကိစ္စဖြစ်သင့်သော်လည်း တချို့သောကိစ္စရပ်များကြောင့် မကောင်းသည့်ခံစားချက်မျိုး သူရနေသည်။

ထို့ကြောင့် ကားကိုရပ်ကာ လမ်းဘေးမှ အများသုံးသန့်စင်ခန်းထဲ ဝင်လာခဲ့သည်။ သူ့ကိုယ်သူ သက်သာရာရစေရန် ဝင်သွားသည်နှင့်တူသော်လည်း တစ်ကယ်တမ်းမှာတော့ ရွှီဖန်းသည် သန့်စင်ခန်းထဲရောက်သည်နှင့် ကောင်းကင်ဘုံစွမ်းအားအဆောင်ကို တိတ်တဆိတ်ချိုးလိုက်သည်။ 

အဖြူရောင်ပြိုင်ကားပေါ်မှ ဒရိုက်ဘာက ဆင်းလာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် အချိန်ခဏစောင့်နေပုံရပြီး နောက်လူတစ်ယောက်အသွင်မျိုး ပြောင်းကာ ကားထဲကို ပြန်ဝင်သွားလေသည်။ ထို့နောက် အဖြူရောင်ကားဟာ....

ရုတ်တရက်ပင် အဖြူရောင်ကားသည် အနက်ရောင်

အဖြစ်ကို ပြောင်းလဲသွားခဲ့သည်။ လိုင်စင်နံပါတ်ပြား

ကပါ လိုက်ပြောင်းသွားသေးသည်။ အကယ်၍ ရွှီဖန်း သတိမထားခဲ့ဘူးဆိုလျှင် ကားနှစ်စီးက အတူတူပဲဆိုတာကို သိမည်မဟုတ်ချေ။ 

ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။ ရှောင်းပုချီက စိုးရိမ်နေပြီး သူ့ကို စောင့်ကြည့်ရန် လူလွှတ်ထားသည့်ပုံပင်။

သို့သော် သူ ဂရုမစိုက်ပေ။ သူသွားမည့်နေရာမှာ ပြည်နယ်စစ်တပ်ကို ဖြစ်သည်။ ရှောင်းပုချီသည် သူ့လူအား စစ်တပ်ထဲထိတော့ ဝင်လိုက်ခိုင်းရဲလိမ့်မည်မဟုတ်ပေ။ 

ထို့ကြောင့် ရွှီဖန်းသည် ကားပေါ်သို့ သက်သောင့်သက်သာရှိစွာ တက်သွားပြီး စစ်တပ်ရှိရာသို့ ဦးတည်ခဲ့သည်။ 

သူ ဝူမင်ကို အရင်ဖုန်းခေါ်ခဲ့သည်။ 

"ဟယ်လို ခေါင်းဆောင်ဝူ၊ ဒီနေ့ ကျွန်တော် မင်းရဲ့တပ်ဖွဲ့ဆီ လာလည်လို့ရမလား"

"အိုး ဒေါက်တာရွှီ စစ်တပ်ကို ဘယ်လိုဖြစ်လို့ လာလည်ချင်တာလဲ"

ဝူမင်က စိတ်ဝင်တစားမေးလေသည်။ ယခင်က ရွှီဖန်းကို ဖိတ်ကြားခဲ့သော်လည်း သူက ငြင်းဆိုခဲ့သည်။ အခုလို လာလည်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

"အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ကျွန်တော့်နောက်ကို တစ်ယောက်ယောက်လိုက်နေတယ်၊ ဒါကြောင့် ခင်ဗျားရဲ့စစ်တပ်ကိုလာချင်တာပါ၊ နောက်မှပဲ ကျွန်တော့်နောက်မလိုက်တော့အောင် ဖယ်ရှားဖို့ နည်းလမ်းရှာတော့မယ်"

ရွှီဖန်း ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ တစ်ခါတစ်လေမှာ ဝူမင်၏မေးခွန်းများက အလွန်မြန်ဆန်ကာ  တခြားသူများ ဆက်မပြောနိုင်အောင်ဖြစ်စေလေသည်။

"ဟမ် မင်းနောက်ကို ဘယ်သူလိုက်ရဲတာလဲ၊ ဒေါက်တာရွှီ မင်းကို နှစ်ဆယ့်လေးနာရီကာကွယ်ပေးဖို့အတွက် လူလွှတ်ထားပေးရမလား"

အကယ်၍ သူတို့သာ ဒေါက်တာရွှီဆီမှ အကူအညီများစွာ ရရှိပါက သူတို့စစ်သားများ၏နှစ်စဥ်သေဆုံးမှုသည် ကျဆင်းသွားလိမ့်မည်ဖြစ်သည်။ အတိအကျဆိုရရလျှင် စစ်တပ်မှ စစ်သားများသည် ချက်ချင်းသေဆုံးခဲ့ရတာမဟုတ်ဘဲ ဒဏ်ရာအကြီးအကျယ်ရပြီးကာမှ အချိန်မီကုသနိုင်ခြင်းမရှိ၍ သေဆုံးခဲ့ကြရခြင်းဖြစ်သည်။ တခြားအရာများကိုအသာထား၊ ရွှီဖန်းနောက်ဆုံးပေးခဲ့သည့် အနာကျက်ဆေးကပင် စစ်သားဒါဇင်ပေါင်းများစွာကို ကယ်တင်ထားပြီးလေပြီ။

အများစုမှာ သေစေနိုင်လောက်သည့်ဒဏ်ရာများ မဟုတ်ခဲ့သော်ငြား ထိုအာနိသင်ကြောင့် ဒေါက်တာရွှီ၏ ဖော်မြူလာများသည် ဘယ်လောက်ထိအရေးကြီးမှန်း သက်သေထူနိုင်ခဲ့သည်။

"ဟင်း...မေ့လိုက်ပါ၊ စစ်တပ်မှာ ကျွန်တော့်ကို အနိုင်

တိုက်နိုင်မယ့်လူရှိရင်တော့..."

စကားတစ်ဝက်တစ်ပြတ်နှင့်တင် ရွှီဖန်း ရပ်လိုက်

မိသည်။ သူ စကားချော်သွားလေပြီ။

**************************

All Chapters