← Chapters

ရှမိသားစု

Vol. 16 Ch. 234

ရှမိသားစု

Vol. 16 Ch. 234

စစ်တပ်ကနေ ထွက်လာပြီးနောက်မှာ ရွှီဖန်းသည် ရှရှီဆီ တိုက်ရိုက်မမောင်းသွားခဲ့ပေ။ မြို့ထဲမှာပင် စက်ဝိုင်းပတ်သလိုမျိုး နှစ်ကြိမ်လောက် ပတ်နေခဲ့သည်။

သို့သော် ဝူမင်ကလည်း တော်တော်ယုံကြည်စိတ်ချရသည်။ ဘယ်သူကမှ သူ့နောက်မလိုက်လာတော့ပေ။ ရွှီဖန်းကလည်း နောက်လိုက်ခြင်းခံထားရသည်ဖြစ်ရာ ဒီတစ်ကြိမ်မှာ တော်တော်လေး ဂရုတစိုက်ရှိခဲ့သည်။ ကြုံရာကားပါကင်ကိုတွေ့သည်နှင့် သူဝင်ရပ်လိုက်

သည်။ ထို့နောက် အနီးအနားရှိ အဝတ်အစားဆိုင်ကိုဝင်ကာ အဝတ်အစားလဲလိုက်ပြီး လျှာထိုးရှည်သည့်

ဦးထုပ်နှင့် နေကာမျက်မှန်ကို ဝယ်ခဲ့သည်။

သူ့မျက်နှာတစ်ခုလုံး ပြည့်ပြည့်ဝဝဖုံးသွားလေပြီ။ ရွှီဖန်းနှင့် ရင်းနှီးကျွမ်းဝင်သူသာမဟုတ်လျှင် သူမှန်း မှတ်မိမည်မဟုတ်ချေ။ ဒါတွေအားလုံးလုပ်ပြီးမှသာ သူ စိတ်သက်သာရာရသလိုခံစားရ၏။

လမ်းဘေးမှာရပ်၍ တက်စီငှားစီးကာ ရှရှီသို့ ဦးတည်ခဲ့သည်။ လမ်းမှာ ရှယန်ယွိကိုလည်း ဖုန်းခေါ်ခဲ့သည်။

"ဟယ်လို ရွှီဖန်း ဘယ်လိုလဲ၊ အောင်မြင်ခဲ့ရဲ့လား"

ရှယန်ယွိက လိုရင်းတိုရှင်းမေးလာခဲ့သည်။ သိသာစွာပင် သူမသည် ရွှီဖန်း၏ အစီအစဥ်ကို အလွန်ထောက်ခံနေပေသည်။

"ဒါပေါ့ ကျွန်တော့်ရဲ့ဥက္ကဌရှက ကျွန်တော့်ကို မယုံလို့လား၊ Star Cityကို ပေးလိုက်တဲ့ဖော်မြူလာနဲ့ သူတို့ထုတ်မယ့်ဆေးကိုမေ့ထားလိုက်၊ မင်းကိုပေးမယ့် အဆင့်မြင့်ထားတဲ့ဖော်မြူလာက တိုက်ခိုက်ပေးလိမ့်မယ်"

ရွှီဖန်း ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။ 

"အခုပဲ ကျွန်တော် Star Cityက ထွက်လာတော့ သူတို့ ကျွန်တော့်အနောက်ကိုလိုက်ဖို့ လူတစ်ယောက်လွှတ်လိုက်တယ်၊ ကျွန်တော် ဦးထုပ်နဲ့ နေကာမျက်မှန်ဝယ်ပြီးတော့ မျက်နှာတော့ဖုံးပြီးပြီ၊ ခဏနေရင် ယုံကြည်စိတ်ချရတဲ့ဝန်ထမ်းကို ထွက်ကြိုခိုင်းပေးပါ၊ Star Cityက ရှရှီမှာလည်း စောင့်ကြည့်ဖို့ လူလွှတ်ထားမယ်ထင်တယ်၊ ကျွန်တော့်ကို မှတ်မိသွားရင် ကောင်းမှာမဟုတ်ဘူး"

အစီအစဥ်အောင်မြင်ကြောင်း ရွှီဖန်း ပြောလာသည့်အခါ ရှယန်ယွိသည် ပျော်ရွှင်သွားခဲ့ပြီး သူ၏တောင်းဆိုမှုကို ချက်ချင်းလက်ခံခဲ့သည်။

အလွန်လျှင်မြန်စွာပင် ရှရှီဝင်ပေါက်သို့ သူရောက်ရှိလာသည်။ အိုးတစ်လုံးကဲ့သို့ ဗိုက်ပူနေသော လူတစ်ယောက်က တံခါးမှာ ရပ်စောင့်နေကာ ရှယန်ယွိစေလွှတ်လိုက်သည့်လူဟု ယူဆရသည်။

"ဒေါက်တာရွှီလား၊ ကျွန်တော်က ဥက္ကဌရှလွှတ်လိုက်တဲ့လူပါ"

ရွှီဖန်း ကားပေါ်မှဆင်းသည်နှင့် ထိုလူက လျှောက်လာပြီးမေးသည်။ ရွှီဖန်း အသာခေါင်းညိတ်ခဲ့ပြီး စကားလည်းမပြောသလို နေကာမျက်မှန်နှင့်ဦးထုပ်ကိုလည်း မချွတ်ခဲ့ပေ။

"ဟယ်လို ဥက္ကဌရှောင်း အခုလေးတင် ရှရှီကို လူတစ်ယောက်ဝင်သွားတယ်၊ သူ့ရဲ့ပုံပန်းသွင်ပြင်ကို သဲသဲကွဲကွဲမမြင်ရပေမယ့် သူ့ပုံရိပ်ကတော့ ရွှီဖန်းနဲ့ နည်းနည်းဆင်တယ်"

ယောကျ်ားတစ်ယောက်သည် ရှရှီ၏ ဆန့်ကျင်ဘက်အဆောက်အဦးမှာ ထိုင်နေပြီး အဝေးကြည့်မှန်ပြောင်းဖြင့် ရှရှီ၏ဝင်ပေါက်ကို ကြည့်ကာ ဖုန်းပြောနေသည်။

"ဟမ် နောက်ဆို ဒီလိုမသေချာတဲ့သတင်းတွေ လာမပြောနဲ့၊ မင်းသေချာမှ ငါတို့ဆက်ပြောမယ်"

ရှောင်းပုချီက လေသံခပ်နိမ့်နိမ့်ဖြင့် ပြောသည်။ 

"ဟုတ်ကဲ့ ဥက္ကဌရှောင်း"

ထိုလူက ဖုန်းချပြီးနောက် အဝေးကြည့်မှန်ပြောင်းဖြင့် ဆက်ကြည့်နေသည်။ 

ရှောင်းပုချီလည်း ဖုန်းချကာ နောက်ဖုန်းတစ်လုံးကို ခေါ်ဆိုလိုက်သည်။

"ဟေး ငါပါ၊ ဒီလိုဟ...ဒီနေ့ ငါ့လူတွေကို စစ်တပ်က ဖမ်းခေါ်သွားတယ်၊ ခဏနေရင် သွားပြီး ငါ့လူတွေကို လွှတ်ပေးဖို့ ပြောပေးပါဦး"

ဖုန်းပြောပြီးနောက် ရှောင်းပုချီ အသက်ပြင်းပြင်းရှူသွင်းမိသည်။ သူ့မျက်လုံးများက တဖြည်းဖြည်းလေးနက်လာသည်။ သူဘာတွေးနေလဲဆိုတာ ဘယ်သူကမှမသိနိုင်ပေ။

ရှရှီထဲသို့ ဝင်ပြီးနောက်မှာ ရှယန်ယွိ၏ရုံးခန်းရှိရာသို့ ရွှီဖန်းတန်းသွားခဲ့သည်။

"ရောက်လာပြီလား၊ ဒီကို ဘာလို့ လာတာလဲ"

ရှယန်ယွိသည် အမေးရှိလာသော်လည်း သူမခေါင်းကို မမော့ခဲ့ပေ။ စားပွဲပေါ်ရှိ စာချုပ်များနှင့် အလုပ်ရှုပ်နေသည်။

ရွှီဖန်းက ဂရုမစိုက်ပေ။ သူ ရှယန်ယွိနှင့် ဆန့်ကျင်ဘက်ခုံမှာ ဝင်ထိုင်ရင်း မေးလိုက်သည်။

"ယန်ယွိ ကျွန်တော့်ကို အမှန်အတိုင်းပြောပါ၊ မင်း ငွေဘယ်လောက်ထိ တစ်ခါတည်းလွှဲပေးနိုင်လဲ"

"ကျွန်မဆုံးဖြတ်ချက်နဲ့ပဲဆိုရင် သန်း၃၀၀လောက်ပဲ လွှဲပေးလို့ရတယ်၊ ဒီထက်များများလွှဲချင်ရင် ကျွန်မမိသားစုကို အစီရင်ခံစာတင်ရလိမ့်မယ်"

ရှယန်ယွိသည် သူမခေါင်းကိုမော့၍ မပြောခင်မှာ ခဏတာ စဥ်းစားနေခဲ့သည်။

ရွှီဖန်း ခေါင်းညိတ်လိုက်ကာ

"မင်း အစီရင်ခံစာတင်မယ်ဆိုရင် ကိုယ့်ဘာသာပဲအစီရင်ခံမှာလား၊ ကျွန်တော့်အစီရင်ခံစာယူသွားဦးမလား"

"အင်း...ကျွန်မပဲ တင်လိုက်ပါ့မယ်၊ အိမ်က လူအိုကြီးတွေက ရှင်ရဲ့အစီရင်ခံစာကို ဂရုစိုက်မှာမဟုတ်ဘူး၊ အကယ်၍ ရှင် အဲ့ဒီပိုက်ဆံတွေရဲ့ရည်ရွယ်ချက်ကို ကိုယ်တိုင်ရှင်းပြရင်တောင် သူတို့က သေချာဂရုတစိုက်တွေးကြဦးမှာ"

ရှယန်ယွိသည် ပုခုံးကို တွန့်ကာ ကူကယ်ရာမဲ့စွာပြောလာလေသည်။

"အရင်တုန်းက ကျွန်မတို့ ရှရှီကို ချဲ့ထွင်ဖို့ သန်း၅၀၀လိုအပ်တုန်းက ကျွန်မရဲ့အစီရင်ခံစာက တစ်လကျော်သွားတာတောင် ပြန်စာမရလာဘူး၊ နောက်တော့ ကျွန်မလည်း နည်းနည်းဒေါသထွက်ပြီး ဘာလို့ အရေးကြီးတဲ့ကိစ္စကို ပြန်စာမပေးရတာလဲဆိုပြီး အိမ်သွားမေးတာပေါ့၊ သူတို့ ဘာပြန်ပြောတယ်

ထင်လဲ၊ သူတို့က ကျွန်မအစီရင်ခံစာကို ဖတ်တောင်မဖတ်ရသေးတဲ့အပြင် ဒီလိုအရေးကြီးကိစ္စကို သိတောင်မသိနေခဲ့ဘူး၊ အဲ့ဒီနောက်မှာတော့ အရေးကြီးကိစ္စရှိလာရင် ကျွန်မကိုယ်တိုင်ပဲ သူတို့ဆီ အစီရင်ခံစာသွားပေးရတော့တယ်"

ရွှီဖန်း ခေါင်းညိတ်၍ မေးလိုက်သည်။

"ဒါဆို ကျွန်တော် မင်းနဲ့လိုက်ခဲ့လို့ရလား"

ရှယန်ယွိ ခေတ္တအံ့အားသင့်သွားခဲ့သည်။ ရွှီဖန်း ဘာလို့ အခုလို တောင်းဆိုရလဲ သူမသိသလို ဘာရည်ရွယ်ချက်ဖြင့် မေးလာမှန်း သူမမသိချေ။ သူမ သံသယဖြင့် မေးမိသည်။

"ရွှီဖန်း ကျွန်မ ရှင့်ရဲ့အစီအစဥ်ကို အောင်မြင်

အောင်လုပ်ပေးနိုင်မယ်လို့ ယုံကြည်ချက်ရှိတာမလို့ အငြင်းခံရနိုင်ချေက မမြင့်မားဘူးလို့ ပြောလို့ရတယ်၊ ဘာဖြစ်လို့ ကျွန်မနဲ့ လိုက်ချင်တာလဲ၊ ကျွန်မကို မယုံလို့လား"

ရွှီဖန်း ခေါင်းခါယမ်းကာ အပြုံးဖြင့်ပြောလိုက်သည်။

"ကျွန်တော်မလိုက်ရင် ဘယ်လိုလုပ် ၂ဘီလီယမ်ကို ရမှာလဲ"

ရှယန်ယွိ အံ့အားသင့်သွားရသည်။ ရွှီဖန်းကို စိုက်ကြည့်ရင်း သူမမျက်လုံးများပြူးကျယ်လာတော့သည်။ 

"ရွှီဖန်း ရှင် ရှင် ကျွန်မမိသားစုကို ဓားပြတိုက်မလို့လား"

ရွှီဖန်း ရယ်မောလိုက်ကာ...

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး၊ ကျွန်တော် မင်းရဲ့မိသားစုနဲ့ပတ်သက်ပြီး အကြံမရှိဘဲနေပါ့မလား၊ မင်းရဲ့မိသားစုဝင်တွေက မတုံးကြဘူးလေ၊ သူတို့သာ အကျိုးအမြတ်မရရင် ဘယ်လိုလုပ် နှစ်ဘီလီယမ်ကို ပေးပါ့မလဲ"

ရွှီဖန်း၏ စကားများကိုကြားသော ရှယန်ယွိ အံ့သြသွားသည်။ ရွှီဖန်းပြောသလိုပင် သူမမိသားစုမှလူများသည် ထက်မြင်သထက် ထက်မြက်တာကြောင့် အကျိုးအမြတ်သာမရလျှင် ရွှီဖန်းကို ပိုက်ဆံပေးမည်မဟုတ်ပေ။

ဒါကိုတွေးရင်း ရွှီဖန်း၏တောင်းဆိုမှုကို သူမ မငြင်းပယ်တော့ပေ။ နောက်ဆုံးမှာ သူမမိသားစုကလည်း အကျိုးအမြတ်ရနိုင်လိမ့်မည်။

သို့သော်ငြား သူမ အရမ်းသိချင်စွာ မေးမိတုန်းပင်။ 

"ရွှီဖန်း ရှင်ပြောတဲ့အကျိုးအမြတ်က....ဘာလဲဟင်၊ ဖော်မြူလာအပြင် ဘာထပ်ပေးမလို့လဲ"

ရှယန်ယွိ၏ စပ်စုလိုသောအကြည့်ကြောင့် ရွှီဖန်းတွင် အတွေးတစ်ခုရှိလာသည်။ ဒီသန်မာသောအမျိုးသမီးသည် သူအရှေ့တွင် လုံးဝမပြင်ဆင်ထားပေ။ 

"ဒီကို လာ"

သူမကို လက်ယပ်ခေါ်လိုက်သည်။ သူမကလည်း မသိစိတ်မှအလိုလို ရှေ့တိုးလာလေသည်။ 

"ကျွန်တော့်ကိုနမ်း ဒါဆို ပြောပြမယ်"

သို့နှင့် သူမ၏ နားထဲ လေမှုတ်ထုတ်လိုက်ရာ ရှယန်ယွိမှာ မျက်နှာနီရဲသွားတော့သည်။ သူမ တစ်ခုခုပြောချင်နေသော်ငြား ရွှီဖန်းကို ရှက်ရွံ့စွာ ကြည့်ရင်း ဘာမှမပြောခဲ့ပေ။ ထိုအစား စားပွဲပေါ်မှ ဖုန်းကိုကောက်ကာ ခေါ်ခဲ့သည်။

"ဟယ်လို အန်ကယ်လီ ကျွန်မပါ ယန်ယွိ၊ ဟုတ်ကဲ့ ဒီနေ့ ည အိမ်ပြန်လာခဲ့မယ်၊ ကျွန်မနဲ့တူတူ ဧည့်သည်တစ်ယောက်ပါလာမယ်၊ အရေးကြီးကိစ္စတင်ပြစရာလည်းရှိတာမလို့ မိသားစုဝင်တွေကို ပြောပေးပါ....."

ဖုန်းချပြီးနောက် သူမ ရွှီဖန်းကို ပြောလိုက်သည်။

"သွားဖို့ ပြင်ဆင်ထားပါ၊ အိမ်ရောက်လို့ရှိရင် ဂရုစိုက်ပါ၊ အရမ်းဆိုးဆိုးဝါးဝါးအပြုအမူတွေ မလုပ်မိစေပါနဲ့၊ ကျွန်မမိသားစုက ရှင့်အပေါ်မှာ ထင်မြင်ချက်ကောင်းကောင်းတစ်ခု ကျန်ခဲ့အောင် လုပ်ပါနော်"

ရွှီဖန်း ဘာမှပြန်မပြောရသေးခင် သူမသည် ရှက်ရွံ့တကြီးထွက်သွားတော့သည်။

ထွက်ခွာသွားသော ရှယန်ယွိ၏ပုံရိပ်ကိုကြည့်ရင်း ရွှီဖန်း ရယ်လိုက်သည်။ ဒီမိန်းကလေးကတော့....

အလွန်လျင်မြန်စွာပင် ရှယန်ယွိသည် အမြန်ကားတစ်စီးကို ခေါ်၍ ရွှီဖန်းအား ရှမိသားစုရှိရာ တည်နေရာသို့ ခေါ်ဆောင်သွားလေသည်။

"ဟေး ယန်ယွိ မင်းအိမ်က ဘယ်မှာလဲ၊ ချန်ဟိုင်းမှာမဟုတ်ဘူးလား"

ချန်ဟိုင်းနှင့် ဆန့်ကျင်ဘက်ကို မောင်းနေသော ကားကိုကြည့်ရင်း ရွှီဖန်း မေးခဲ့သည်။

"ကျွန်မအိမ်က ချန်ဟိုင်းမှာပါပဲ၊ ဒါပေမယ့် မြို့ထဲမှာတော့မဟုတ်ဘူး၊ ရောက်ရင် သိပါလိမ့်မယ်"

ရှယန်ယွိသည် ရွှီဖန်းအား အမှောင်ထဲမှာပဲ ထားသေးရန်ဆုံးဖြတ်ထားတာကြောင့် ပြုံးလိုက်လေသည်။

ရွှီဖန်း အံ့သြသွားသည်။ ထို့နောက် မျက်လုံးမှိတ်ကာ ချန်ဟိုင်းမြေပုံကို ပြန်တွေးခဲ့သည်။ 

သူတို့က အခု ရှုခင်းသာတိမ်တိုက်တောင်တန်းကို သွားနေကြတာလား။

"တစ်ကယ်လား ယန်ယွိ၊ ရှုခင်းသာတိမ်တိုက်

တောင်တန်းလား"

ရွှီဖန်း သိလိုစိတ်ဖြင့် မေးခဲ့သည်။

အကယ်၍ သူတို့သာ ရှုခင်းသာတိမ်တိုက်တောင်ကို သွားနေတာမဟုတ်ပါက သူတို့၏ဦးတည်ရာမှာ ပြည်နယ်ထဲဖြစ်လိမ့်မည်။ ထို့ကြောင့် ရှယန်ယွိမိသားစု၏ တည်နေရာမှာ ရှင်းရှင်းလင်းလင်း ပေါ်လာလေသည်။ ရွှီဖန်းသိသွားသည့်အတွက် ရှယန်ယွိမအံ့သြပေ။ ချန်ဟိုင်းပြည်နယ်၏မြေပုံကို စေ့စေ့စပ်စပ်နားလည်သူတိုင်း ဦးတည်ရာကို သိကြလိမ့်မည်ပင်။ 

ထို့ကြောင့် ရှယန်ယွိသည် ပြုံးရုံသာပြုံးပြီး ရွှီဖန်း၏အမေးကို မကြားသလို ဟန်ဆောင်နေခဲ့သည်။ သူမ အပြင်ဘက်ကို ကြည့်ရင်း ရှုခင်းကို ရှုစားနေလေ၏။

"အာ..."

ရွှီဖန်းတစ်ယောက် သူ့နှာခေါင်းကို နေရခက်စွာပွတ်

သပ်ရင်း ဘာမှဆက်မပြောတော့ပေ။ 

ရှမိသားစုတည်နေရာမှာ မဝေးပေ။ မိနစ်လေးဆယ်လောက်သာ ကြာပေသည်။ ရှုခင်းသာတိမ်တိုက်တောင်ထဲကို ဝင်သွားပြီးနောက် ကားသည် ကျောက်တုံးလှေကားများရှိသည့် တောင်ပေါ်ကို ရောက်သွားခဲ့ပြီး ဆက်တက်ရန် နည်းမရှိတော့ပေ။

ရွှီဖန်း ကားပေါ်မှဆင်းတော့မည့်အချိန် ဒရိုက်ဘာက ဘယ်ဘက်ကိုလှည့်ကာ ချောက်ကမ်းပါးထဲ ထိုးဆင်းသွားသည်ကို တွေ့လိုက်ရသည်။

"ဟေး မင်း ဘာလုပ်နေတာလဲ!"

ရွှီဖန်း လန့်သွားကာ ဒရိုက်ဘာကို အော်လိုက်မိသည်။ ဒရိုက်ဘာသည် ရွှီဖန်း၏ အပြုအမူကို မျှော်လင့်ထားသည့်အလား ပြုမူကာ ဘာမှပြန်မပြောဘဲ တည်ငြိမ်နေ

ခဲ့သည်။ 

ရွှီဖန်း ခေတ္တတော့ အံ့သြသွားရသည်။ ရှယန်ယွိမှ ကားပေါ်မှာ တည်ငြိမ်စွာ ထိုင်ရင်း ဘာမှမပြောလာခြင်းကို မြင်သည့်အခါ သူလည်း ကားပေါ်မှ တိတ်တဆိတ်ထိုင်နေခဲ့သည်။

မကြာခင်မှာပင် ကားသည် ချောင်းကမ်းပါးအစွန်အဖျားတွင် ရပ်သွားခဲ့သည်။ 

"ဆင်းလို့ရပြီ"

ရှယန်ယွိသည် ရွှီဖန်းကိုပြောကာ သူမလည်း ကားပေါ်မှ ဆင်းသွားခဲ့သည်။ ရွှီဖန်း ကားပေါ်မှဆင်းပြီးနောက် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ တောင်တန်းအပြင်ကို ရေလည်းရှိသော်ငြား ဘယ်အိမ်ကိုမျှ မတွေ့ရပေ။

"ရှယန်ယွိ ဒါကိုကြည့်ဖို့ ခေါ်လာတာတော့ မဟုတ်ဘူးမလား"

သူ စိတ်ရှုပ်ထွေးစွာ မေးခဲ့သည်။

ရွှီဖန်းမေးပြီးပြီးချင်းမှာပင် တူညီဝတ်စုံဝတ်ဆင်ထားသည့် လူတစ်ဒါဇင်လောက်သည် မတူညီသည့် နေရာအသီးသီးမှ ထွက်လာကြသည်။

"ဒီနားတစ်ဝိုက် ဘယ်သူမှမရှိကြောင်း အတည်ပြုသည် အတည်ပြုသည်"

ထိုလူများထဲမှ တစ်ယောက်သည် ဝေါ့ကီတော့ကီကို မြှောက်၍ ပြောနေသည်။

ရွှီဖန်း ထပ်မေးတော့မည်အချိန် သူ့ခြေဖဝါးအောက်တွင် တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူတို့ရှိနေသည့် ချောက်ကမ်းပါးဘေးတွင် ကြီးမားသောလျှောက်လမ်းကြီးတစ်ခုပေါ်လာသည်။

ရှယန်ယွိသည် မျက်လုံးများ ပြူးကျယ်နေသော ရွှီဖန်းအား ရွှင်မြူးစွာကြည့်ရင်း ပြောလိုက်သည်။

"ရွှီဖန်း ကမ္ဘာကြီးကို မမြင်ဖူးသလို မလုပ်နဲ့၊ စိတ်အေးအေးထား သွားကြရအောင်"

သူမ စကားပြောပြီးနောက် လျှောက်လမ်းပေါ် တက်သွားလေသည်။ ရွှီဖန်းလည်း ခေါင်းကိုကုတ်ကာ စိတ်တည်ငြိမ်အောင်လုပ်ပြီးနောက် အနောက်မှ လိုက်သွားခဲ့သည်။

လျှောက်လမ်းပေါ်တက်လိုက်သည်နှင့် လျှောက်လမ်းကြီးသည် တဖြည်းဖြည်းကျဆင်းလာပြီး ချောက်ကမ်းပါးအောက်ရှိ မြူခိုးများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

တစ်မိနစ်ခန့်အကြာတွင် သူတို့နှစ်ယောက်စလုံး အောက်ထပ်သို့ ရောက်ရှိသွားခဲ့သည်။

"ဒါက....အခု အခြေအနေက ဘယ်လိုတွေလဲ"

ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။ သူ့ရှေ့တွင် တောင်ပေါ်သို့တည့်တည့်သွားနိုင်သော ကျောက်တုံးလမ်းငယ်လေးတစ်ခုရှိနေသည်။ ကျောက်လမ်းနှင့် သုံးမီတာခန့်အကွာတွင် သစ်သားအမိုးတစ်ခုရှိနေသည်။ တောင်ပေါ်မှပြုတ်ကျလာသည့် အရာများကို ပိတ်ဆို့ရန် အသုံးပြုနေမှန်း သိသာလှသည်။

"သွားကြရအောင်၊ ကျွန်မလည်း အိမ်မပြန်ဖြစ်တာကြာပြီ၊ ခဏနေရင် ကျွန်မကို အခက်တွေ့အောင် မလုပ်နဲ့နော်"

ရှယန်ယွိသည် တခစ်ခစ်ရယ်မောလျက် ရွှီဖန်း၏လက်ကိုဆွဲကာ အထဲလျှောက်သွားခဲ့သည်။

ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းကာ သူမအနောက်မှ လိုက်သွားခဲ့သည်။ သူထင်ထားသကဲ့သို့ ရှမိသားစုသည် မရိုးရှင်းမှန်း သိသာလှပေသည်။

၅၀၀မီတာလောက် လျှောက်လှမ်းပြီးနောက်မှာ လမ်းကလည်း တဖြည်းဖြည်းပိုကျယ်လာခဲ့သည်။ သူတို့အခု တောင်အတွင်းပိုင်းရောက်နေမှန်း သိသာပေသည်။

ရှုခင်းသာတိမ်တိုက်တောင်တန်း၏အမြင့်သည် အလွန်မမြင့်ရခြင်းမှာ ၎င်း၏ထိပ်သည် အလွန်ကျယ်ပြီး အောက်ခြေမှာတော့ အလွန်နက်သောချိုင့် (ချိုင့်နက်)ထဲ နစ်ဝင်နေသောကြောင့်ပင်။ အစိုးရသည် အမျိုးမျိုးသော စွန့်စားသူများကို ဤတောင်ထဲဝင်ရောက်ရန် တားမြစ်ထားလေသည်။ 

သူကြားဖူးခဲ့သလောက်တော့ နိုင်ငံခြားသားစွန့်စားသူတစ်ဦးသည် မန်နေဂျာ၏ဂရုမဲ့မှုကို အခွင့်ကောင်းယူကာ တောင်ထဲဝင်ခဲ့ပြီး နောက်ဆုံးမှာ ပျောက်ဆုံးခဲ့လေသည်။ တွေးကြည့်ပါက ဒါတွေအားလုံးကို ရှမိသားစုမှ လုပ်ဆောင်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သည်။

မကြာလိုက်ပေ။ သူတို့ လမ်းအဆုံးကို ရောက်ရှိသွားခဲ့ပြီး တောင်ကြီးဝန်းရံထားသော စက်ဝိုင်းပုံစံမြေကွက်ကြီးရှိရာသို့ ရောက်လာခဲ့ကြသည်။ 

တောင်ကြီး၏ဘေးနားတွင် ရှေးဟောင်းအဆောက်အဦးများနှင့် ခန်းမများရှိလေသည်။

နေရောင်မှာ အပေါ်ကနေ ကျဆင်းလျက်ရှိ၏။ ရွှီဖန်း မော့ကြည့်လိုက်ရာ ၇၀၀မီတာအမြင့်ရှိပေလိမ့်မည်။ ဒါကို ကြည့်လျှင် သူတို့ ချိုင့်နက်ထဲ ရောက်နေတာ ဖြစ်နိုင်၏။

ချိုင့်နက်ကြီးအား ဆယ်မီတာအကွာအဝေးရောက်မှသာ မြင်နိုင်ပေသည်။ ထို့ကြောင့် ချိုင့်ဝှမ်း၏နေရာတချို့ကို ခရီးသွားများ တွေ့ရှိခြင်းမှလည်း ကာကွယ်ပြီးသားဖြစ်လေသည်။

"ကောင်းလိုက်တဲ့ နေရာပါလား၊ မင်းရဲ့မိသားစုက ဘယ်လိုပျော်ရွှင်အောင် နေထိုင်ရမလဲ သိကြတာပဲ"

သို့သော်ငြား ရှယန်ယွိ၏ မျက်လုံးအရောင်က မှေးမှိန်သွားခဲ့သည်။ ဒီလိုနေရာကို ကောင်းတယ်လို့ ခေါ်လို့လား။

ရွှီဖန်း ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ လူနှစ်ယောက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။ 

သူတို့၏ပုံစံမှာ ရွှီဖန်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

"ရှယန်ယွိ မင်းရဲ့မိသားစုက ရှေးခေတ်ဝတ်စုံတွေ ဝတ်ကြတာလား"

ရွှီဖန်းသည် သပ်ရပ်စွာဝတ်ဆင်ထားသော ထိုနှစ်ယောက်ကြည့်ရင်း မေးလိုက်မိသည်။

"အင်း စကားအများကြီးမပြောနဲ့တော့"

ရှယန်ယွိသည် ရွှီဖန်းကို ပုတ်လိုက်သည်။ သူမ စကားပြောခံနီးတွင် ထိုနှစ်ယောက်သည် ဒူးထောက်အရိုအသေပေးလျက်

"အိမ်မှကြိုဆိုပါတယ် အကြီးဆုံးသခင်မလေး"

ရှယန်ယွိမသိချင်ယောင်ဆောင်ကာ ခေါင်းညိတ်လိုက်သည်။

"အဘိုးနဲ့ ကျန်တဲ့လူတွေ ဘယ်မှာလဲ"

"အစည်းအဝေးခန်းမမှာ စောင့်နေပါတယ် အကြီးဆုံးသခင်မလေး၊ ကျေးဇူးပြုပြီး ကိုယ်တိုင်ပဲ ဝင်သွားလိုက်ပါ"

ရှယန်ယွိ ခေါင်းညိတ်လိုက်သည်။ သူမ ရွှီဖန်းကို လှည့်ကြည့်၍

"လာ ကျွန်မနဲ့လိုက်ခဲ့ပါ၊ ပေါ့ပေါ့ဆဆမပြောဆိုနဲ့၊ ပေါ့ပေါ့ဆဆမလုပ်ပါနဲ့၊ သူတို့စကားပြောလို့ မပြီးမချင်းလည်း ဖြတ်မပြောမိစေပါနဲ့"

သူမ မှာကြားပြီးသည်နှင့် ဘယ်ဘက်ရှိ ခန်းမရှိရာသို့ လျှောက်သွားလေသည်။ ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းကာ အချိန်ကာလကူးပြောင်းသွားသလို ခံစားနေရသည့် အဖြစ်မှ မနည်းစိတ်ကို ပြန်ဆွဲထုတ်လိုက်ရသည်။ ဘယ်သူတွေပဲဖြစ်ပါစေဦး၊ ခေတ်သစ်

အချိန်ကာလမှာနေ၍ ရှေးခေတ်အဝတ်အစားများဝတ်စားကာ ရှေးဟောင်းပုံစံအဆောက်အဦးများရှိပြီး ရှေးခေတ်ကဲ့သို့ စကားပြောပုံဆိုပုံများသည် အင်မတန်ရှေးခေတ်ရောက်နေသလို ခံစားရစေသည်။

ရွှီဖန်းနှင့် ရှယန်ယွိသည် ခန်းမရှေ့သို့ ရောက်လာကြသည်။ ခန်းမတံခါးသည်ပင် အလွန်မြင့်မားကာ အနည်းဆုံးလေးမီတာမြင့်ပေသည်။ ခေါင်းမော့ကြည့်မိရာ အစည်းအဝေးခန်းမဟူသည့် ဆိုင်းဘုတ်ကြီးကို တွေ့လိုက်ရသည်။ 

အသက်ပြင်းပြင်းရှူသွင်းကာ သူ အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း ခေါင်းညိတ်ပြခဲ့သည်။ ရှယန်ယွိလည်း မတုံ့ဆိုင်းတော့ဘဲ တံခါးကို တွန်းဖွင့်ခဲ့သည်။

တံခါးကိုတွန်းဖွင့်လိုက်သည်နှင့် အထဲရှိမြင်ကွင်းကို ရွှီဖန်းမြင်လိုက်ရသည်။ ရှေးခေတ်နှင့်အတူတူပင်။ တံခါး၏ဆန့်ကျင်ဘက်၌ စားပွဲမြင့်တစ်လုံးရှိပြီး လူအိုကြီးတစ်ဦးသည် တစ်ခုခုရေးဆွဲနေလေသည်။

ဘေးနှစ်ဖက်မှာလည်း စားပွဲပုများကို တန်းစီချထားပြီး  အထိုင်အထပြုရန်အတွက် ဆုတောင်းဖျာများ ရှိလေသည်။ ဘေးနှစ်ဖက်၌ လူငါးယောက်ရှိပြီး စားပွဲပေါ်မှ ပစ္စည်းများနှင့် အလုပ်ရှုပ်နေကြသည်။

ရှယန်ယွိသည် ရွှီဖန်းနှင့် အထဲဝင်လာသည့်အခါ ထိုင်ခုံပေါ်မှ လူအိုကြီးသည် ခေါင်းကို အသာမော့လာသည်။ သူသည် ရှယန်ယွိကို မကြည့်ဘဲ ရွှီဖန်းအား ပြုံးပြရင်း ပြောလာသည်။

"လျို့ဝှက်ကမ္ဘာမှ ကြိုဆိုပါတယ်"

*********************

All Chapters