← Chapters

စေ့စပ်ထားခြင်း

Vol. 16 Ch. 235

စေ့စပ်ထားခြင်း

Vol. 16 Ch. 235

"လျို့ဝှက်ကမ္ဘာမှ ကြိုဆိုပါတယ်"

လူအိုကြီးက အပြုံးဖြင့် ပြောလာသည်။

ရွှီဖန်းသည် သူ့အကြည့်အား ရှယန်ယွိထံ ရွှေ့ကာ သူ့အတွက် တစ်ခုခုဖြေပေးရန် စောင့်နေမိသည်။

"ကြည့်မနေနဲ့၊ အဲ့ဒီကောင်မလေးက အားလုံးကို သေသေချာချာမသိဘူး"

လူအိုကြီးသည် အပြုံးဖြင့်ပြောကာ သူ့အနောက်ကို လက်ယပ်ခေါ်လေသည်။ သူ့အနောက်ကန့်လန့်ကာထဲမှ အစေခံနှစ်ယောက်သည် ပရိုဂျက်တာကို ကိုင်၍ ပေါ်လာလေသည်။ 

ထို့နောက် တံခါးစောင့်သည်လည်း တံခါးကိုပိတ်ကာ ကန့်လန့်ကာကိုထုတ်ထားခဲ့သည်။ အစေခံနှစ်ယောက်ကတော့ ပရိုဂျက်တာတွင် တိတ်ခွေတစ်ခုကို ထည့်ကာ ဖွင့်လေသည်။

ဖန်သားပြင်တွင် မှောင်မိုက်သောညခင်းကို ပြသနေသည်။ လူတစ်ယောက်၏ကားက အတိုက်ခံလိုက်ရသည်ကို ပြသနေ၏။ ဒရိုက်ဘာသည် ကားပေါ်မှ ဆင်းလာကာ တစ်စုံတစ်ရာဆဲဆိုခဲ့သည်။ ထို့နောက် ရွှီဖန်း၏ ပုံရိပ်သည်လည်း ကားပေါ်မှ ဆင်းလာသည်။

ရွှီဖန်း၏ သူငယ်အိမ်မှာ ကျဥ်းမြောင်းသွားရသည်။ သူမှတ်မိတာ မှန်ကန်ပါက ထိုညသည် လင်းရှောင်းဟူသော တေလေဂျပိုးနှင့် တိုက်ခိုက်ခဲ့ရသည့်ညဖြစ်သည်။ 

မကြာလိုက်ပေ။ ဗီဒီယိုထဲမှ ရွှီဖန်းသည် လှုပ်ရှားလာခဲ့၏။ သူ့လှုပ်ရှားမှုများသည် အလွန်မြန်ဆန်ကာ ကင်မရာကတောင် အမီမလိုက်နိုင်ပေ။

"လေပြင်းကဲ့သို့ လျင်မြန်တယ်၊ မီးကဲ့သို့ ပြင်းထန်

တယ်၊ မိုးကြိုးကဲ့သို့ လှုပ်ရှားတယ်၊ ဂန္တဝင်မိုးပျံအိုးကျမ်းပဲ၊ အနည်းဆုံး ဒုတိယအဆင့်ထိတော့ ကျင့်ထားပြီးပြီ၊ မင်းရဲ့ဆရာက ဘယ်လက်အောက်မှာ လေ့လာသင်ကြားခဲ့တာလဲ သိလို့ရမလား"

လူအိုကြီး၏ပြုံးနေသော မျက်နှာကို မြင်သည့်အခါ ရွှီဖန်း၏နှလုံးမှာ တုန်လာတော့သည်။ ဒါဆို ဒီရှမိသားစုက ငါ့ကို သတိထားမိနေတာ အချိန်အတော်ကြာနေပြီပေါ့။

ထို့နောက် ရွှီဖန်း ဂရုတစိုက်တွေးခဲ့သည်။ ရှမိသားစုအခုရှိနေသည့် နေရာသည် လုံးဝကိုရှေးခေတ်ပုံစံဖြစ်သည်။ ဒါကို တွေးကြည့်ပါက သူတို့က တရုတ်ရိုးရာကိုယ်ခံပညာအတတ် အသိုင်းအဝိုင်းမှ လူများဖြစ်လိမ့်မည်။ ဒါဆို....

ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းကာ လက်ဖဝါးကို လက်ခုပ်ပုံစံလုပ်၍ လူအိုကြီးကို ပြောလိုက်သည်။

"ယန်မိသားစုမှ သုံးဆယ်ခုနစ်ဆက်မြောက်တပည့်ဖြစ်တဲ့ ကျွန်တော် ရွှီဖန်းက ရှမိသားစုကို နှုတ်ဆက်ပါတယ်"

ယန်မိသားစုဟူသည် ယန်ကျင်းကို ဆိုလိုခြင်းပင်။ သုံးဆယ့်ခုနစ်ဆယ့်မြောက်ဆိုသည်ကတော့ ရွှီဖန်း ရွှီးတုတ်ထားခြင်းပင်။ 

ထိုလူအိုကြီးသည် ရှယန်ယွိ၏အဘိုးမှန်း ခန့်မှန်းစရာတောင် မလိုအပ်ပေ။ ပင်မထိုင်ခုံတွင် ထိုင်နေကတည်းက သူ့အထောက်အထားက ရှင်းနေလေသည်။

"ယန်မိသားစုကလား ကောင်းပြီ၊ မင်းရဲ့ဆရာက ဘယ်သူလဲဆိုတာ ပြောပြပေးလို့ရမလား"

ရွှီဖန်းပြောလာသည်ကို ကြားပြီးနောက်မှာ ရှယန်ယွိ၏အဘိုးသည် တစ်ခုခုကို တွေးတောနေသလိုမျိုး အကြည့်များက လေးနက်လာသည်။

"အာ...ဆရာက ဘယ်သူဘာမေးမေး သူ့နာမည်ကို မထုတ်ပြောရဘူးလို့ မှာထားခဲ့တာမလို့ နားလည်ပေးပါ ဆရာကြီးရှ"

ရွှီဖန်းသည် တလေးတစားအမူအရာဖြင့် ရွှီးတုတ်လိုက်ပြန်သည်။

ရှယန်ယွိ၏အဘိုးက ခေါင်းညိတ်သည်။ သူသည်

လည်း ထိုစည်းကမ်းကို နားလည်မှန်းသိသာပေသည်။

"ဒါဆို မင်းရဲ့ဆရာက ယောကျ်ားလေးလား မိန်းကလေးလား"

ရွှီဖန်း အံ့သြသွားခဲ့သည်။ ထိုလူအိုကြီးထံတွင် ဒီကမ္ဘာမြေကြီး၌ ကျန်ရှိနေသေးသော ဂန္တဝင်မိုးပျံအိုးကျမ်း၏ သားစဥ်မြေးစက်များထံမှ လျို့ဝှက်ချက်

တချို့ ရှိနေလားမသိပေ။ 

အကယ်၍ လူအိုကြီး၌ ထိုကဲ့သို့သော အသိမျိုး ရှိခဲ့လျှင်တောင် သူ၏လက်ရှိပုံစံအရ ထိုလူကို သေချာပေါက် ရှာနိုင်ခဲ့သည့်ပုံမပေါ်ချေ။ ထို့ကြောင့် ရွှီဖန်းသာ အမျိုးသမီးဟု ပြောခဲ့ပါက သူ့အတွက် အကျိုးအမြတ်ရရန် အခွင့်အရေး မြင့်မားလာနိုင်ချေ ရှိသည်။

"ဆရာက အမျိုးသမီးတစ်ဦးဖြစ်ပါတယ်၊ ဒါကြောင့် သူမနာမည်ကို မပြောဖို့ စည်းကမ်းချထားတာဖြစ်ပါတယ်"

ရွှီဖန်း၏ စကားနှင့်အတူ ရှယန်ယွိအဘိုး၏ ခန္ဓာကိုယ်သည် သိသိသာသာတုန်ယင်လာခဲ့သည်။ သူဟာ စိတ်လှုပ်တရှားဖြင့် မေးလာသည်။

"မင်းဆိုလိုတာက ယန်...သူမ အသက်ရှင်သေးလား"

ရွှီဖန်း ပျော်သွားတော့သည်။ အခွင့်အရေးရလေပြီ။

သူ ချက်ချင်းပင် တလေးတစားပြောခဲ့သည်။ 

"ဆရာက နေကောင်းပါတယ်၊ မဟုတ်ရင် ကျွန်တော့်ကို ဘယ်လိုသင်ကြားပေးနိုင်ပါ့မလဲ"

"မင်း မင်းရဲ့ဆရာက အခုဘယ်မှာလဲ၊ သူမ သူမမှာ လက်တွဲဖော်ရှိနေပြီလား"

အဘိုးရှ၏ မျက်နှာမှာ နီရဲလာပြီး စိတ်လှုပ်တရှားမေးလာသည်။

"အာ...ဆရာက ကျွန်တော့်ကို ညွှန်ကြားခဲ့တာမလို့ ပြောပြလို့မရပါဘူး၊ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တွေမှာ ဆရာက တစ်ယောက်တည်းပဲ နေထိုင်ခဲ့ပြီး ဘယ်ပါတနာကိုမှ ကျွန်တော်မတွေ့ဖူးပါဘူး"

ရွှီဖန်း၏ဦးနှောက်သည် လျှင်မြန်စွာ လှုပ်ရှားနေခဲ့ပြီး အဘိုးရှကို ပြောပြခဲ့သည်။ 

ထိုအမျိုးသမီးတွင် ခက်ထန်သော ကာရိုက်တာရှိမှန်းသိသာပေသည်။ မဟုတ်လျှင် အဘိုးရှ၏အသွင်အရ သူမကို ဖမ်းမိထားတာ အတော်ကြာလောက်ပြီပင်။ ဒါကြောင့် သူမ၏လိပ်စာကို မဖော်ပြခဲ့သည့် ရွှီဖန်း၏ စကားများသည် အဘိုးရှမှတ်ဉာဏ်ထဲရှိ အမျိုးသမီး၏ စရိုက်နှင့် သွားကိုက်ညီနေခဲ့သည်။

အဘိုးရှသည် ခေါင်းကိုညိတ်ကာ သူ့မျက်လုံးများမှာ နီရဲလာခဲ့သည်။ 

"မင်းရဲ့ဆရာက ဒီလျို့ဝှက်ကမ္ဘာအကြောင်းကို အရင်က မပြောပြခဲ့ဖူးဘူးလား"

ရွှီဖန်း ခေါင်းခါယမ်းလိုက်ကာ

"မပြောပြခဲ့ဖူးပါဘူး၊ ဆရာက ကျွန်တော့်ကို ကိုယ်တိုင်ကာကွယ်နိုင်ဖို့ ကိုယ်ခံပညာသင်ပေးခဲ့တာဖြစ်ပြီး တခြားအကြောင်းကိစ္စတွေကို ပြောပြတာရှားပါတယ်"

အဘိုးရှက ခေါင်းညိတ်သည်။ သူ့ခန္ဓာကိုယ်ကို ဆန့်လျက် ခံစားချက်များကို ထိန်းညှိကာ ထိုင်ခုံတွင် ဝင်ထိုင်ကြရန် လက်ကို ဝှေ့ယမ်းခဲ့သည်။

ထို့နောက် ရွှီဖန်းနှင့် ရှယန်ယွိ၏ အရှေ့တွင် နောက်ထပ် စားပွဲပုနှစ်လုံးရောက်လာလေသည်။ ထိုင်ပြီးနောက်မှာ အဘိုးရှသည် ဖြည်းညှင်းစွာ ပြော၏။ 

"မင်းက ငါ့သူငယ်ချင်းဟောင်းရဲ့ တပည့်ဖြစ်နေမှတော့ မင်းကို ဘာမှမဖုံးကွယ်ထားတော့ဘူး၊ သေချာနားထောင်ပါ၊ အနာဂါတ်မှာ မင်းခရီးသွားရင် အသုံးဝင်စေလိမ့်မယ်"

ရွှီဖန်း ခေါင်းကိုသာ ညိတ်ပြီး စကားဖြတ်မပြောခဲ့ပေ။ 

"ဟိုးအရင် တရုတ်ပြည်ကို စပြီး ထူထောင်ခဲ့တုန်းက ပုန်းကွယ်နေတဲ့ မိသားစုတွေဟာ စစ်တပ်ကို ကြွယ်ဝမှုအများအပြား၊ အရင်းအမြစ်အများအပြားကို ထောက်ပံ့ပေးပြီး လမ်းကြောင်းဖော်ပေးခဲ့တဲ့ အချိန်တစ်ခုရှိခဲ့တယ်၊ တစ်ချိန်တည်းမှာပဲ သူတို့က ခေါင်းဆောင်တွေနဲ့ စာချုပ်ရေးထိုးခဲ့ကြတယ်၊ ငါတို့ကလည်း အစိုးရကထိန်းချုပ်လို့မရ၊ ဥပဒေကင်းလွတ်ခဲ့တဲ့မိသားစုတွေဖြစ်ခဲ့ကြတာပေါ့၊ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သာမန်လူတွေ သိထားတဲ့ ဒီကမ္ဘာကြီးကို သက်ရောက်မှုမရှိရလေအောင် ငါတို့ကိုယ်ငါတို့ ပုန်းကွယ်ပြီး နေထိုင်ခဲ့ကြရပြန်တယ်၊ အချိန်တိုင်းမှာ ငါတို့က ထူးချွန်တဲ့လူငယ်တွေကို နိုင်ငံထဲနှစ်စဥ် စေလွှတ်ရပြီး နိုင်ငံကအားကိုးရတဲ့ သတ်ဖြတ်ရေးသမား၊ သူလျှိုတွေအဖြစ်နဲ့ တာဝန်ထမ်းဆောင်ရတယ်"

အဘိုးရှသည် ရေတစ်ငုံသောက်ကာ ဆက်ပြောလာသည်။

"ငါတို့ရဲ့ တိုက်စစ်ထိုးခွန်အားကြောင့် စစ်တပ်တွေထဲမှာ အကောင်းဆုံးအဆင့်မြင့်တပ်သားတွေအဖြစ် လေ့ကျင့်ပေးဖို့ နှစ်စဥ်နှစ်တိုင်း အမျိုးမျိုးသော စစ်တပ်တွေဆီကို လူတွေပို့ရရုံတင်မကဘဲ ငါတို့ဟာ တိုင်းတစ်ပါးကနေ ကျုးကျော်လာတဲ့ရန်သူတွေကို ချေမှုန်းဖို့နဲ့ သူလျှိုအဖြစ် စေလွှတ်ခံရတဲ့အပေါ်မှာ တာဝန်ရှိတယ်"

ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ သူသိထားသည့် ကမ္ဘာကြီးပေါ်တွင် အခုလို လျို့ဝှက်ကမ္ဘာထပ်ရှိနေမည်ဟု မထင်ထားခဲ့ပေ။

"မင်းမှတ်ထားရမှာက လျို့ဝှက်ကမ္ဘာကနေ ထွက်သွားရတဲ့လူတွေအားလုံးရဲ့ ခါးတွေမှာ သူတို့မိသားစုရဲ့ အမှတ်အသားတွေ ရှိတယ်"

နားလည်ကြောင်းပြသရန် ရွှီဖန်း ထပ်ပြီး ခေါင်းညိတ်ပြခဲ့သည်။ 

ထို့နောက် ချက်ချင်းပင် အဘိုးရှ၏အကြည့်သည် ဘေးမှာ ထိုင်နေသည့် ရှယန်ယွိဆီရောက်သွားကာ ပျော့ပြောင်းစွာ စကားဆို၏။

"ယန်ယွိ ဘယ်လောက်ပဲ အလုပ်ရှုပ်ပါစေဦး ကျန်းမိသားစုက ပထမသခင်လေးကို သွားတွေ့သင့်တယ် ဟုတ်ပြီလား၊ မဟုတ်ရင် အဲ့ဒီစီးပွားရေးကို အဘိုး ဆက်လုပ်ခွင့်ပေးတော့မှာ မဟုတ်ဘူး၊ မြေးက မငယ်တော့ဘူး လက်ထပ်ဖို့အတွက် ဆွေးနွေးရမယ့်အချိန်ပဲ၊ ကျန်းမိသားစုက ပထမသခင်လေးက မြေးနဲ့လိုက်ဖက်ပါတယ်၊ ဘာလို့ ဒုက္ခပတ်ရှာနေရတာလဲ"

ရွှီဖန်းတစ်ယောက် ရှယန်ယွိကို ကြည့်လိုက်မိသည်။ ဒါဆို ဒီရှယန်ယွိကလည်း စေ့စပ်ထားတဲ့လူ ရှိတာပေါ့။ 

******************

All Chapters