စည်းရုံးရေး
Vol. 16 Ch. 237
ပျော့ပျောင်း၍နူးညံ့သောလျှာအထိအတွေ့နှင့် သူ့ရင်ခွင်ထဲ ပြိုကျလုနီးပါးဖြစ်နေသော လှပသော ခန္ဓာကိုယ်လေး၏ အထိအတွေ့ကြောင့် ရွှီဖန်း၏နှလုံးသားမှာ လှုံ့ဆော်မှုတစ်ခုဖြင့် ထိမှန်သွားသလို ခံစားလိုက်ရပေသည်။ အကယ်၍ သူတို့သာ ရှယန်ယွိ၏ အိမ်ကို ရောက်နေခြင်းမဟုတ်ပါက သူမအား ချက်ချင်း ဆောင်ရွက်ကောင်းဆောင်ရွက်နိုင်လိမ့်မည်ပင်။
ခဏကြာပြီးနောက် ရှယန်ယွိသည် ရွှီဖန်းကို တွန်းလာပြီး နီမြန်းသောမျက်နှာလေးဖြင့်ပြောလာသည်။
"လူဆိုးကောင် စကားကိုတည်ပါနော်၊ မဟုတ်ရင် သင်းကွတ်ပစ်မယ်!"
ရွှီဖန်းကတော့ ဖိအားကို မခံစားရပေ။ သူ ပေါ့ပေါ့ပါးပါးပြုံး၍ ခေါင်းညိတ်၍ စနောက်လိုက်သည်။
"ယန်ယွိ ပြောကြည့်ပါဦး၊ကျွန်တော်သာ မင်းရဲ့စေ့စပ်ပွဲကို ဖျက်ဖို့ ကူညီပေးပြီးသွားပြီဆိုရင် မင်းကလည်း မငယ်တော့ဘူးဆိုတော့ ကျွန်တော့်ပြောစကားပဲ နားထောင်ရလိမ့်မယ်ထင်တယ်နော်"
ရှယန်ယွီ၏ နှလုံးခုန်နှုန်းမှာ ပိုပြီး မြန်ဆန်လာလေသည်။ ရွှီဖန်းမှ သူမကို စနောက်လာသည့်အခါ ပို၍ ရှက်ရွံ့သွားခဲ့သည်။
"ငရဲကိုသွားလိုက်၊ ဘယ် ဘယ်သူက ရှင့်လို လူဆိုးကောင်ကို လက်ထပ်ချင်မှာလဲ"
ရွှီဖန်း ရယ်မော၍ ရှယန်ယွိ၏နီမြန်းနေသောပါးလေးကို ထိတွေ့လိုက်သည်။ တစ်ဖက်မှာ ရှယန်ယွိကလည်း မခုခံပေ။ ထိုအစား သူမ၏အသက်ရှုနှုန်းကသာ မြန်ဆန်လာသည်။
"ကောင်းပြီ၊ ဒီအတိုင်းဆို တစ်ခုခု ဖြစ်လာတော့မယ်၊ စိတ်အေးအေးထားပြီး ပြီးရင် မင်းရဲ့အဘိုးကို ကျွန်တော်တို့ သွားတွေ့ကြတာပေါ့"
ဒီတစ်ကြိမ် ရွှီဖန်းလည်း လက်ကို ပြန်ရုတ်ကာ အပြုံးဖြင့် ပြောလိုက်သည်။ ရှယန်ယွိလည်း ဘာမှမပြောတော့ဘဲ အစားကိုသာ တိတ်တဆိတ်စားနေခဲ့သည်။ သို့သော်ငြား သူမရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့ပြီး တည်ငြိမ်အောင်လုပ်ရန် ခက်ခဲလှသည်။
ထိုအချိန် ရွှီဖန်းကတော့ ရှယန်ယွိကို ဂရုမစိုက်တော့ပေ။ သူ့စိတ်ထဲတွင် အဘိုးရှကို အောင်မြင်စွာ ဆွဲဆောင်နိုင်မည့် နည်းလမ်းတစ်ခုကို တွေးနေမိသည်။
အစပိုင်းမှာ သူထင်ထားခဲ့သည်မှာ ရှရှီသည် သာမန်ကော်ပိုရေးရှင်းတစ်ခုသာ ဟူ၍ပင်။ သူ၏ကိုယ်ပိုင်ကြက်ခြံနှင့် စိုက်ပျိုးမြေများမှ ရရှိခဲ့သော အကျိုးအမြတ်များအပေါ်၌ သူ၏နားလည်မှုကို အခြေခံ၍ ပုံမှန်ကုန်သည်တစ်ဦးသာဆိုလျှင် ငွေရင်းနှီးမြှုပ်နှံမှုအစီအစဥ်ကို သဘောတူကြလိမ့်မည်ပင်။
သို့သော် လက်ရှိရှမိသားစုသည် ရွှီဖန်း မျှော်မှန်းထားသည်ထက် ကျော်လွန်နေသည်။
အဘိုးရှ၏ ရှယန်ယွိအပေါ်ထားသောသဘောထားနှင့် ယခင်ပြောခဲ့သည့် စကားများအရဆိုလျှင် လူအိုကြီးဟာ ငွေကို ဂရုမစိုက်မှန်း သိနိုင်ပေသည်။ သူ ဂရုစိုက်သည့်အရာမှာ ရှမိသားစုတစ်ခုလုံး၏ အနာဂါတ်ဖြစ်သည်။
ထို့ကြောင့် ရွှီဖန်းလည်း ပိုက်ဆံကိစ္စနှင့်ပတ်သက်၍ ဖိအားများ မရှိတော့ပေ။ အဓိကပြဿနာမှာ ရှယန်
ယွိ၏အဘိုးကို ဘယ်လိုစည်းရုံးရမလဲ ဆိုသည့်အချက်ပင်။
အလွန်လျင်မြန်စွာပင် ရွှီဖန်းသည် စိတ်ထဲ၌ ဆုံးဖြတ်လိုက်သည်။ အဘိုးရှသာ သူ့ကို မယုံခဲ့လျှင် အချိန်ကျလာပါက သူ လျှပ်စီးဆင့်ခေါ်အဆောင်ကို သုံးပြလိုက်ရုံပင်။
နှစ်ခုပဲ ကျန်တော့သည်ဆိုသော်လည်း ဒီတစ်ကြိမ် သူ့စွမ်းရည်ကို ပြသရမည်ဆိုတာ သူ သိပေသည်။ ထိုလူအိုကြီး သူ့ကို လက်ခံလာအောင် မလုပ်နိုင်ပါက ရှယန်ယွိအပေါ် သူထားခဲ့သည့် ကတိက အချည်းနှီး ဖြစ်သွားလိမ့်မည်။
ရှယန်ယွိကို ပေးခဲ့သည့် ကတိကို ဖယ်ထားလိုက်လျှင်တောင်မှ သူကိုယ်တိုင်လည်း သူမအပေါ် ခံစားချက်ရှိတာကြောင့် သူမကို စိတ်မပျက်စေလိုပေ။
ဒါကိုတွေးရင်း ရွှီဖန်း ဖုန်းကိုထုတ်ကာ မိုးကြိုးနတ်ဘုရားကို ဆက်သွယ်လိုက်သည်။
လျှပ်စီးဆင့်ခေါ်အဆောင်၏စွမ်းအားအပြည့်အဝကို သူ ရှင်းရှင်းလင်းလင်းနားမလည်သေးတာကြောင့် မိုးကြိုးနတ်ဘုရားကိုမေး၍ နားလည်အောင်လုပ်ရမည်။ သူ ထုတ်သည့် စွမ်းအားက နည်းသွားပါက ရှမိသားစုဝင်များကို ဖိနှိပ်ရန် မလုံလောက်နိုင်ပေ။
"မိုးကြိုးဘုရား ရှိလားခင်ဗျ၊ အရေးပေါ်ကိစ္စရှိလို့ ဒီစာမြင်ရင် မြန်မြန်လေးစာပြန်ပေးလို့ရမလား"
ရွှီဖန်း မြန်မြန် စာရိုက်ကာ ပို့လိုက်သည်။
သူ့wechatသူငယ်ချင်းများမှတဆင့် မိုးကြိုးနတ်ဘုရား၏အလုပ်များကို သူ့တပည့်များက ထိန်းချုပ်နေရမှန်း သူသိထားသည်။ မိုးကြိုးနတ်ဘုရားသည် လျှပ်စီးနတ်ဘုရားမနှင့်အတူ နေ့စဥ် ရုပ်ရှင်နှင့် တီဗီဒရမ်မာများကို ကြည့်နေလေသည်။
ထို့ကြောင့် ရွှီဖန်း စာပို့ပြီး ငါးစက္ကန့်တောင်မကြာဘဲ စာပြန်လာသည်။
"ဘာကိစ္စရှိလို့လဲ၊ ညီလေးရွှီ"
မိုးကြိုးနတ်ဘုရား၏ ပြန်စာကို မြင်မှ ရွှီဖန်း သက်ပြင်းချမိသည်။ မဟုတ်လျှင် သူ လျှပ်စီးဆင့်ခေါ်အဆောင်ကို သုံးပါက အားကောင်းချင်မှ အားကောင်းလိမ့်မည်။ ထိုအချိန်ကျ တစ်ကယ်ကို ဆိုးဝါးကုန်လိမ့်မည်။
"ဟုတ်ကဲ့ ကျွန်တော် အခက်အခဲလေးရှိနေလို့ အရှင့်ကို အကူအညီတောင်းဖို့ မေးတာပါ၊ အရှင်ပေးခဲ့တဲ့ လျှပ်စီးဆင့်ခေါ်အဆောင်ကို အပြည့်အဝအသုံးချမယ်ဆိုရင် ဘယ်လောက်ထိ အစွမ်းထက်မလဲမသိဘူး"
"စွမ်းအားလား၊ မင်းတို့ သေမျိုးလောကက တီဗီတွေမှာ ပြတဲ့ အဆောက်အဦးကြီးတစ်ခုကို ဖြိုနိုင်တယ်"
မိုးကြိုးနတ်ဘုရားက မြန်မြန်ဖြေလာသည်။
ရွှီဖန်း ခဏတာ အံ့သြသွားပြီး ခါးသက်စွာ ပြုံးလိုက်မိသည်။ အဆောက်အဦးတစ်ခုလား...ဒီထက်ပိုပြီး တိကျနိုင်သေးလား။
"အာ...အဲ့ဒါရဲ့စွမ်းအားက မဆိုးဘူးဆိုတာ သိပါပြီ၊ ဒါဆို အသွင်အပြင်ကရော ဘယ်လိုပုံစံရှိလဲမသိဘူး"
ရွှီဖန်း ထပ်မေးလိုက်သည်။
"အဲ့ဒါက သာမန်လျှပ်စီးလက်သလိုပါပဲ၊ ဒါပေမယ့် ငါ့ရဲ့ ကောင်းကင်မိုးကြိုး ကျန့်ချီ နဲ့ ပေါင်းစပ်ပြီးလုပ်ထားတာမလို့ တော်တော်အစွမ်းထက်တယ်"
မိုးကြိုးနတ်ဘုရားက အမြန်ပြန်ဖြေသည်။
"အာ...အဲ့ဒီလျှပ်စီးကြောင်းကို အရမ်းအစွမ်းထက်တဲ့ပုံစံပေါက်အောင် လုပ်ပေးလို့ရနိုင်မလား၊ ကျွန်တော့်မှာ အရေးတကြီးလုပ်စရာရှိလို့ ကူညီပေးလို့ရနိုင်မလား မိုးကြိုးနတ်ဘုရား"
ရွှီဖန်း စာအမြန်ပြန်လိုက်သည်။ ရှမိသားစုတစ်ခုလုံးကို သူခြိမ်းခြောက်နိုင်ရန် ဤလျှပ်စီးဆင့်ခေါ်အဆောင်ကိုသာ သူအားကိုးရလိမ့်မည်။
"အိုး အဲ့ဒါက ကိုင်တွယ်ရလွယ်ပါတယ်၊ မင်း လျှပ်စီးဆင့်ခေါ်အဆောင်ကို သုံးတဲ့အခါ ငါ့ကို စာပို့လိုက်၊ မင်းကို ကောင်းကင်ကိုးပါးရဲ့ကောင်းကင်မိုးကြိုး ပေးဖို့ ငါ့တပည့်ကိုခိုင်းလိုက်မယ်၊ သေမျိုးမပြောနဲ့ အဆင့်နိမ့်မသေမျိုးတောင် အဲ့ဒါကိုမြင်ရင် တုန်လှုပ်သွားလိမ့်မယ်၊ ဒါပေမယ့် စွမ်းအားကတော့ အရင်အတိုင်းပဲရှိနေမှာနော်၊ မဟုတ်ရင် ကောင်းကင်ဘုံတရားရုံးက မင်းနဲ့ငါ့ကို အပြစ်ပေးမှာပဲ ကြောက်မိတယ်"
"ကောင်းပါပြီ၊ ကိစ္စမရှိပါဘူး"
ရွှီဖန်း ပြုံးလိုက်သည်။ ရပြီ!
"ဘယ်မိန်းကလေးနဲ့ စကားပြောနေလို့ ဒီလောက်ပျော်နေတာလဲ"
ရှယန်ယွိသည် မျက်မှောင်ကြုတ်၍ မေးလာသည်။
"မဟုတ်ပါဘူး၊ စီးပွားရေးကိစ္စပြောနေတာပါကွာ"
ရွှီဖန်း အမြန်ပင် အကြောင်းအရာပြောင်းလိုက်သည်။
"စားလို့ပြီးပြီလား၊ မင်းရဲ့အဘိုးကို သွားတွေ့ရအောင်၊ သူ့ကိုစည်းရုံပေးမယ်လို့ ကတိပေးတယ်"
"အာ...ကိုယ့်ကိုယ်ကိုယ် အရမ်းကြီးလည်းတွန်းအားမပေးနဲ့၊ ကျွန်မအဘိုးက လွယ်လွယ်ယုံတတ်တဲ့လူမဟုတ်ဘူး၊ သူ လက်ခံအောင် မလုပ်နိုင်ခဲ့ရင်လည်း ကိစ္စမရှိပါဘူး"
ရွှီဖန်း၏စကားများကို ကြားသော် ရှယန်ယွိ ခေါင်းကိုက်သလို ခံစားလိုက်ရသည်။ သူ ရွှီဖန်းကို သိသလောက်သာဆို နှစ်ခုသာ ထုတ်ပြလို့ရပေမည်။ တစ်ခုမှာ ရွှီဖန်း၌ ကောင်းမွန်သောဆေးပညာစွမ်းရည်ရှိပေသည်။ နောက်တစ်ခုမှာ ဆေးဝါးနည်းပညာကို အကဲဖြတ်နိုင်သော စွမ်းရည်ကောင်းကောင်းရှိသည်။
ထိုနှစ်ခုအပြင် ပရိုဂျက်တာမှာ ပြသွားပုံအရ ရွှီဖန်း၏ ကိုယ်ခံပညာမှာလည်း မဆိုးပေ။
ရွှီဖန်းအပေါ် ရှယန်ယွိနားလည်သည်က ထိုမျှသာ ဖြစ်သည်။ ဗီဒီယိုထဲ သူမမြင်ခဲ့ရသည့် တိုက်ခိုက်ပွဲအရ ရွှီဖန်း၏ကိုယ်ခံပညာသည် ရှမိသားစုထဲ ထိပ်တန်းအတွင်းရှိပေသည်။ သို့သော် ရှမိသားစုမှာ လျို့ဝှက်မိသားစုတွေကြားထဲ အောက်ဆုံးရောက်လုနီးပါးဖြစ်နေသည်။ သူမ ရွှီဖန်းအပေါ် အများကြီး မယုံကြည်ရဲပေ။
ရှယန်ယွိ သူ့အပေါ် များစွာ ယုံကြည်မှုမရှိမှန်း ရွှီဖန်း မြင်သည့်အခါ ရယ်မောပြီး ဘာမှမပြောခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူမ သူ့ကို လေးလေးစားစားဖြင့် ကြည့်လာအောင် သူခွန်အားကို ပြသရလိမ့်မည်။
ဒါကိုတွေး၍ ရွှီဖန်းမတ်တပ်ရပ်လိုက်သည်။
"ယန်ယွိ သွားရအောင်၊ မင်းရဲ့အဘိုးဆီ ခေါ်သွားပေးပါ"
"ရွှီဖန်း မှတ်ထားပါ ရှင်အတင်းအကြပ်မလုပ်ရဘူးနော်၊ အဘိုးကို ရှင်အနိုင်ယူနိုင်မှာ မဟုတ်ဘူးထင်တယ်"
ရှယန်ယွိက တိုးတိုးလေးပြောလာသည်။
ရွှီဖန်း အံ့သြသွားသည်။ ရှယန်ယွိ၏ စကားအရ သူမအဘိုးသည် ကိုယ်ခံပညာကျွမ်းကျင်သည့်ပုံပင်။ ဒါ ဖြစ်နိုင်ပေသည်။ မဟုတ်လျှင် ဂန္တဝင်မိုးပျံအိုးကျမ်း ဆက်ခံသူနှင့် အချိတ်အဆက်ရှိနိုင်လိမ့်မည်မဟုတ်ချေ။
ထိုသို့တွေးလျက် သူတို့နှစ်ဦးစလုံး အဘိုးရှရှိရာသို့ စတင် လျှောက်လှမ်းခဲ့ကြသည်။
**************