← Chapters

ခွန်အားပြသခြင်း

Vol. 16 Ch. 239

ခွန်အားပြသခြင်း

Vol. 16 Ch. 239

အဘိုးရှသည် လက်ကို ဝှေ့ယမ်း၍ ခပ်တိုးတိုးပြောလေသည်။

"ဘာကိစ္စမှပြောဖို့မကျန်တော့ဘူးဆို ထွက်သွားကြပါ"

ထို့နောက် ရှယန်ယွိဘက်ကို လှည့်၍

"ယန်ယွိ မြေးရဲ့အစ်ကိုဆီကနေ ပိုက်ဆံသွားယူလိုက်၊ အဘိုးခွင့်ပြုထားတယ်လို့"

ရှယန်ယွိ ခေါင်းညိတ်ကာ ရွှီဖန်းလက်ကိုဆွဲ၍ ထွက်သွားရန်ပြင်သည်။ 

"ခဏလေးပါ ဆရာကြီး၊ ကျွန်တော် ဆွေးနွေးချင်တာ တစ်ခုရှိသေးတယ်"

သူ့လက်ကိုဆုပ်ကိုင်ထားသည့် ရှယန်ယွိ၏လက်ကိုဖယ်၍ သူပြောခဲ့သည်။

"ဟမ် ဘာပြောစရာရှိသေးလို့လဲ"

အဘိုးရှ၏မျက်လုံးကကျယ်သွားပြီး ရွှီဖန်းကိုမေးလာသည်။ 

ယခု ငွေပြဿနာလည်း ပြေလည်သွားပြီဖြစ်ရာ ရွှီဖန်းပြောမည့်အရာကို သူမစဥ်းစားတတ်တော့ပေ။

"ဒီကိစ္စက အလျင်စလိုဖြစ်နေတယ်လို့ ခံစားရပေမယ့်...ဆရာကြီး ရှယန်ယွိနဲ့ ကျန်းမိသားစုကြားက စေ့စပ်ပွဲကို ဖျက်သိမ်းပေးမယ်လို့ မျှော်လင့်မိပါတယ်"

ရွှီဖန်း လက်သီးဆုပ်၍ လေးနက်စွာ ပြောခဲ့သည်။

"ရွှီဖန်း"

ရှယန်ယွိသည် ရွှီဖန်းမှ စနောက်ခဲ့သည်ဟု ထင်ခဲ့လေရာ အခုလို ပုံစံကိုမြင်မှတာ အတည်အလေးအနက်ပြောခဲ့မှန်း သိရတော့သည်။

သို့သော် ရွှီဖန်းမှ သူမအဘိုး လက်ခံလာအောင် လုပ်နိုင်မည်ဟု မထင်ပေ။ အဘိုး၏ဒေါသကို သူမကောင်းကောင်းသိသည်။ သူမအဘိုး ရုတ်တရက်ဒေါသထွက်သွားပြီး သူမ နေအိမ်အကျယ်ချုပ်ချခံရမှာကို ကြောက်မိ၏။

"အိုး အကြောင်းအရင်း ပြောကြည့်စမ်းပါ၊ ငါက ဘာလို့ စေ့စပ်ပွဲကို ဖျက်သိမ်းရမှာလဲ"

အဘိုးရှသည် မျက်လုံးများကို ကျဥ်းမြောင်း၍ အေးစက်စွာ မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ ကျွန်တော် ရှမိသားစုကို ကူညီပေးပြီး လျို့ဝှက်မိသားစုတွေကြားမှာ ရလဒ်ကောင်းတွေရအောင်လုပ်ပေးနိုင်တယ်လို့ ခံစားရလို့ပါ၊ ကျန်းမိသားစုရဲ့အကူအညီကို မလိုပါဘူး"

ရွှီဖန်းသည် လေးစားသမှုရှိသော အပြုအမူကို ထိန်းထားဆဲပင်။ သို့သော်ငြား မသိစိတ်မှအလိုလိုပင် သူ့မျက်နှာပေါ်၌ ယုံကြည်မှုရှိသော အမူအရာကိုလည်း ဖော်ထုတ်နေမိသည်။

"ဟမ့်! မင်းတစ်ယောက်တည်းနဲ့လား၊ မင်းရဲ့ကိုယ်ခံပညာဘယ်လောက်ရှိလဲ၊ မင်းကို ရိုက်နိုင်တဲ့လူ ငါတို့ရှမိသားစုမှာ အနည်းဆုံးဆယ်လောက်လောက်ရှိတယ်"

အဘိုးရှသည် မယုံကြည်သောအကြည့်ဖြင့် အေးစက်စွာပြောလာသည်။

"ရှမိသားစုက အပေါ်ကိုတင်ချင်တယ်ဆိုရင် အနည်းဆုံး ပြိုင်ပွဲသုံးခုမှာ အဆင့်မြင့်မြင့်ရထားဖို့လိုတယ်၊ မင်း ဘာလုပ်နိုင်လို့လဲ၊ ဆေးပညာလား...မင်းရဲ့ဆေးပညာနဲ့ ထိပ်ဆုံး၁၀ယောက်ထဲကိုတောင် ဝင်မှာမဟုတ်ဘူး!"

အဘိုးရှ၏လှောင်ပြောင်သောအမူအရာကြောင့် ရွှီဖန်းသည် ရုတ်တရက် ထရယ်မိသည်။

"ဟမ်...မင်းက ဘာကို ရယ်တာလဲ!"

အဘိုးရှသည် မျက်မှောင်ကြုတ်၍ မေးသည်။

ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်း၍ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဆရာကြီး ကျွန်တော့်ဆရာက ဂန္တဝင်မိုးပျံအိုးကျမ်းရဲ့ဆက်ခံသူလို့ ပြောခဲ့ပေမယ့် ဆရာတစ်ယောက်တည်းရှိတယ်လို့တော့ မပြောခဲ့ဘူး"

ထိုအရာသည် ရွှီဖန်း အချိန်အကြာကြီးကတည်းက တွေးခဲ့သည့် အစီအစဥ်ဖြစ်သည်။ သူ့အသက်အရွယ်၌ အရာတော်တော်များများကို ကျွမ်းကျင်နေရသည့် အကြောင်းပြချက်ကို ထောက်ပြရန်အတွက်ပင်။

"ဟမ် မင်းမှာ ဆရာဘယ်နှစ်ယောက်ရှိလို့လဲ"

အဘိုးရှသည် အံ့သြသွားရပြီး မျက်မှောင်ကြုတ်ကာ မေးလာသည်။

"အသေးစိတ်ပြောပြရမှာတော့ အဆင်မပြေပါဘူး၊ ဒါပေမယ့် ပြိုင်ပွဲအနည်းဆုံးသုံးပွဲမှာ ရှမိသားစုအတွက် ကျွန်တော်အဆင့်ကောင်းကောင်းယူလာပေးနိုင်

တယ်ဆိုတာကိုတော့ သိထားဖို့လိုပါတယ်"

"ကျွန်တော့်ကိုမယုံရင် ရှမိသားစုက အကြီးအကဲတွေအားလုံးကို ခေါ်လိုက်ပါ၊ ကျွန်တော့်ခွန်အားကို ပြသပါ့မယ်"

"ကောင်းပြီလေ ကျေနပ်လောက်မယ့်ရလဒ်ကို မပေးနိုင်ရင် ငါ မင်းကို ကတိပေးထားတဲ့ ၂ဘီလီယမ်ကို ပေးမှာမဟုတ်တော့လို့ ငါ့ကို အပြစ်မတင်နဲ့"

အဘိုးရှ၏လေသံက အနည်းငယ်ပျော့သွားသော်လည်း သူပြောသည့်အကြောင်းအရာများကတော့ ယခင်အတိုင်း တင်းမာနေဆဲပင်။

"ဆရာကြီးရဲ့ ဆန္ဒအတိုင်းပါပဲ"

ရွှီဖန်းပြုံး၍ ပုခုံးတွန့်လိုက်သည်။

"ရွှီဖန်း မြန်မြန်သွားပြီး အဘိုးကို တောင်းပန်လိုက်၊ ၂ဘီလီယမ် မရတော့ဘဲ နေမယ်လို့!"

ရှယန်ယွိသည် စိတ်ပူပန်စွာဖြင့် ရွှီဖန်းအား ပြောလာသည်။

ရွှီဖန်း ဂရုမစိုက်ဘဲ ရှယန်ယွိကိုသာ စိတ်သက်သာရာရစေမည့်အကြည့်မျိုးပေးခဲ့သည်။ သူမ၏လက်ကို တိတ်တဆိတ်ဆုပ်ကိုင်ရင်း နားကိုကပ်ကာ တီးတိုးပြောလိုက်သည်။ 

"မတောင်းပန်ချင်ဘူး၊ ယန်ယွိ မင်းလုပ်ချင်တာမှန်သမျှ လုပ်လိုက်ပါ...အနာဂါတ်မှာ ကျွန်တော် အရာအားလုံးကို ကိုင်တွယ်လိုက်မယ်"

ရွှီဖန်း၏ မျက်လုံးထဲကို စိုက်ကြည့်ရင်း ရှယန်ယွိ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားခဲ့သည်။ လိမ်ညာနေသည်ဟူသည့် ခံစားချက်မျိုး သူမ မြင်ချင်

သော်လည်း ရွှီဖန်း၏ စကားလုံးများသည် ရိုးသားစစ်မှန်ကြောင်း မျက်လုံးများမှတဆင့် ရှာတွေ့ခဲ့လေသည်။

အချိန်အတော်ကြာပြီးမှသာ ရှယန်ယွိသည် 'အင်း' ဟူ၍ နောက်ဆုံးမှာ ပြန်ဖြေလာသည်။

"ထွက်လာကြ ငါ လူတွေကို စုခိုင်းပြီးပြီ"

တံခါးရှေ့က အစောင့်နှစ်ယောက်ကနေတဆင့် အဘိုးရှသည် ရှမိသားစုမှ လူကြီးများအားလုံးကို သူအိမ်ရှေ့မြေကွက်လပ်မှာ စုခိုင်းခဲ့သည်။

"အမ် မိသားစုခေါင်းဆောင် ဒီကို ဘာလို့လာခိုင်းတာလဲမသိဘူး"

သတ်လတ်ပိုင်းလူတစ်ယောက်သည် ရွှီဖန်းတို့ကို ဦးဆောင်လာသည့် အဘိုးရှကို လေးစားစွာ မေးလာသည်။

"မင်းတို့အားလုံးမှာ တူညီတဲ့မေးခွန်းတွေ ရှိနေတယ် မဟုတ်လား"

အဘိုးရှသည် ပတ်ပတ်လည်ကိုကြည့်လိုက်ရာ အားလုံးက ခေါင်းညိတ်လာကြသည်။ သူ ရွှီဖန်းကို လက်ညှိုးထိုး၍ ရှင်းလင်းသောလေသံဖြင့် ပြောပြလိုက်သည်။

"မင်းတို့အားလုံးသိချင်နေတာကို ငါအခု ပြောပြမယ်၊ ဒီရွှီဖန်းက ယန်ယွိရဲ့စေ့စပ်ပွဲကို ငါတို့ ဖျက်သိမ်းပေးဖို့ မျှော်လင့်နေတယ်"

"ဘာ!"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ တစ်ဖက်က ကျန်းမိသားစုနော်"

"အမှန်ပဲ"

အဘိုးရှ၏စကားကိုကြားသော် လူအုပ်ကြီးသည် ဆူညံအော်ဟစ်ကုန်ကြသည်။ သိသာစွာပင် သူတို့အားလုံး ဆန္ဒမရှိပေ။ 

"လူတိုင်း တိတ်တိတ်နေပေးကြပါ၊ ဒီဂျူနီယာလေးက အနည်းဆုံး ပြိုင်ပွဲသုံးခုမှာ ရှမိသားစုကို အဆင့်ကောင်းကောင်းရအောင်လုပ်ပေးနိုင်တယ်လို့ ပြောခဲ့တယ်"

ရှယန်ယွိ၏အဘိုးသည် လက်ကိုမြှောက်၍ အားလုံးကို တိတ်ကြရန် အချက်ပြခဲ့သည်။ အဘိုးရှ၏သြဇာအာဏာသည် အလွန်မြင့်ပေသည်။ သူ လက်ကို မြှောက်လိုက်သည်နှင့် အားလုံးတိတ်သွားကြပြီး ရွှီဖန်းကို ကြည့်လာကြသည်။

ရွှီဖန်း သူ့ခေါင်းကိုမော့၍ ချောက်ကမ်းပါးအပေါ်မှ အပေါက်ကြီးကို ကြည့်လိုက်သည်။ ခဏကြာပြီးနောက် သူမေးလိုသည်။

"အဲ့ဒီအပေါက်က အချင်း ဘယ်လောက်ရှိလဲ"

"၅၉မီတာ ဘာဖြစ်လို့လဲ"

ရှယန်ယွိက ပြန်ဖြေလာသည်။

"လုံလောက်ပါတယ်"

ရွှီဖန်း သူ့ကိုယ်သူပြောရင်း လူအုပ်ကြီးကို ပြောလိုက်သည်။

"ရှမိသားစုမှာ ဝက်တွေဘာတွေမွေးထားသေးလား၊ အကယ်၍ ရှိတယ်ဆိုရင် နည်းနည်းပိုကြီးတာလေး တစ်ကောင် ယူလာပြီး ဒီဂူဝင်ပေါက်ကြီးရဲ့အောက်မှာ ကျေးဇူးပြုပြီး ထားပေးပါ၊ အကြောင်းအရင်းကို မမေးပါနဲ့...မကြာခင် သိလာပါလိမ့်မယ်၊ ကျွန်တော်

အကြီးအကဲတို့ကို နောက်တာမျိုးမလုပ်ပါဘူး"

ရွှီဖန်း၏ စကားတစ်ဝက်ကို ကြားသည့်အခါ လူအုပ်ကြီးသည် အနည်းငယ်ဒေါသထွက်သွားကြသော်လည်း ကျန်တစ်ဝက်ကိုကြားပြီးနောက်မှာ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။

ဒီမှာရှိကြသော လူအားလုံးသည် ရှမိသားစုရှိ လူကြီးအားလုံးဖြစ်ရာ သူတို့ထံ၌ စိတ်ရှည်မှု အနည်းငယ် ရှိကြပေသည်။

ရှမိသားစုသည် ဝက်မမွေးမြူထားသော်လည်း နွားကိုတော့ မွေးမြူထားကြသည်။ ထို့နောက် တစ်စုံတစ်ယောက်အား အရွယ်ရောက်ပြီးသား နွားတစ်ကောင်ကို ယူလာစေ၍ အပေါက်ဝ၏ အလည်

တည့်တည့်မှာ ချည်နှောင်ထားခဲ့သည်။

ရွှီဖန်း အသက်ပြင်းပြင်းရှူ၍ သိုလှောင်လက်စွပ်ထဲမှ လျှပ်စီးဆင့်ခေါ်အဆောင်ကို ထုတ်လိုက်သည်။

"ဒါက ကျွန်တော်ကိုယ်တိုင် ရေးဆွဲထားတဲ့ အဆောင်မန္တန်ပဲ၊ အားလုံး အပေါက်နဲ့ဝေးဝေးမှာ နေပေးကြပါ"

ရွှီဖန်း အော်ပြောလိုက်သည်။

"ဟမ် ရွှီဖန်း မင်းက မန္တန်တာအိုကိုလည်း သိတာလား"

အဘိုးရှ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူ သိသိသာသာ ရှော့ရနေခဲ့သည်။ ထို့နောက် ရွှီဖန်းကို ကြည့်နေသည့် သူ့မျက်လုံးထဲ၌ မျှော်လင့်ချက်လမ်းစလေးပေါ်လာသည်။

ရွှီဖန်း သူ့ဖုန်းကိုထုတ်၍ မိုးကြိုးနတ်ဘုရားဆီ စာပို့လိုက်သည်။

"မိုးကြိုးနတ်ဘုရား ကျွန်တော် ခဏနေရင် လျှပ်စီးဆင့်ခေါ်အဆောင်ကို သုံးတော့မယ်၊ ကျွန်တော်နဲ့ ကောင်းကောင်းပူးပေါင်းပေးဖို့ တောင်းဆိုပါတယ်"

စာကိုပို့ပြီးသည်နှင့် ဘေးကို ဆုတ်နေကြသည့် လူအုပ်ကြီးကို သူကြည့်လိုက်သည်။ သူ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အခု စွမ်းအားထုတ်ပြရမည့် အချိန် ရောက်လာလေပြီ။

*******************

All Chapters