ကောင်းကင်ကိုးပါးမိုးကြိုး
Vol. 16 Ch. 240
လျှပ်စီးဆင့်ခေါ်အဆောင်ကို ကိုင်ထားရင်း ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းမိသည်။ မိုးကြိုးနတ်ဘုရားက သူ့ကို လိမ်ခဲ့တာ မဟုတ်ပါစေနှင့်ဟု မျှော်လင့်နေရသည်။
အနည်းငယ်တွန်းချေလိုက်သည်နှင့် ရွှီဖန်းလက်ထဲမှ လျှပ်စီးဆင့်ခေါ်အဆောင်သည် အမှုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် အထူးလျှပ်စီးစွမ်းအားသည် ရွှီဖန်း၏ ခန္ဓာကိုယ်ထဲ ဝင်လာလေသည်။
ရွှီဖန်း အံ့သြသွားခဲ့သည်။ ဒီတစ်ကြိမ် သူ့ခန္ဓာကိုယ်ထဲရှိ လျှပ်စီးစွမ်းအားသည် အရင်တစ်ခေါက်တုန်းကထက် ကွာခြားနေသည်ကို သူ ခံစားလိုက်ရသည်။
နောက်ဆုံးအကြိမ် အသုံးပြုခဲ့စဥ်က ၎င်းသည် သူ ယခင်ကောက်ရခဲ့သောအဆောင်နှင့် ကွာခြားသော်လည်း အရမ်းကြီးတော့ မဟုတ်ခဲ့ပေ။ ရွှီဖန်းသည် ၎င်းကို ရှင်းရှင်းလင်းလင်းခံစားအသုံးပြုနိုင်
သည့် လျှပ်စီးစွမ်းအားတစ်မျိုးဖြစ်ပြီး အရှိန်တိုးမြှင့်ရာမှာ အသုံးပြုနိုင်သည်။
သို့သော် ဒီတစ်ခါမှာတော့ ပြောင်းလဲမှုကြီးကြီးမားမားဖြစ်ခဲ့သည်။ သူ အဆောင်ကို ချိုးပြီးပြီးချင်းမှာ တန်ထျန်းထဲ၌ အထူးနာကျင်မှုကို ခံစားခဲ့ရသည်။
သူသာ ဤလျှပ်စီးစွမ်းအားကို ချက်ချင်းမထုတ်
လွှတ်ပါက ခန္ဓာကိုယ်ပေါက်ကွဲ၍ သေဆုံးနိုင်သည်။ ဤလျှပ်စီးဆင့်ခေါ်အဆောင်သည် ယခင်တစ်ခုနှင့် လုံးဝကွာခြားပေသည်။
"စွမ်းအားချင်းတူပေမယ့် လျှပ်စီးကြောင်းအဆင့်တော့ မတူဘူးမလား"
ရွှီဖန်း ရယ်မောလိုက်သည်။ လက်ကိုမြှောက်၍ နွားတစ်ကောင်ကို ဦးတည်ကာ သူ့စွမ်းအားကို အသုံးပြုခဲ့သည်။
"မိုးကြိုး! ကျဆင်း!"
ရွှီဖန်း၏ ဟိန်းဟောက်မှုနှင့်အတူ မူလက လင်းထိန်နေသော ချိုင့်ဝှမ်းသည် မှောင်မိုက်သွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
အဘိုးရှသည် သံသယဖြင့် မေးမိသည်။
ရှယန်ယွိသည် နေရာတွင်သာ ရပ်နေခဲ့ပြီး အပေါ်မှ ကောင်းကင်ကြီးကို တွေ့သွားလေသည်။
"အဘိုး အဲ့ဒါ တိမ်မည်းကြီးပဲ"
သူမ ရေရွတ်မိသည်။
ထို့နောက် ကျယ်လောင်သော မိုးကြိုးပစ်ချသံနှင့်အတူ လျှပ်စီးများဖုံးလွှမ်းနေသော နွားအိုကြီးသည် မြေကြီးပေါ်သို့ ချက်ချင်းလဲကျသွားတော့သည်။
နွားတင်မကပေ၊ ရှမိသားစုမှ လူများသည်လည်း သူတို့ခန္ဓာကိုယ်အား ကီလိုတစ်ရာနီးပါးအလေးချိန်တစ်ခု လာရောက်ဖိနေသလို ခံစားခဲ့ရသည်။ လက်တစ်
ချောင်းတောင် လှုပ်ရှားရန် ခက်ခဲလှသည်။
"ခေါင်းဆောင် ကျွန်တော်အကူအညီလိုသေးလား"
ပုံရိပ်တစ်ခုသည် အဘိုးရှ၏အနောက်တွင် တိတ်တဆိတ်ပေါ်လာပြီး တီးတိုးပြောလာသည်။
"မလိုဘူး၊ ဒါက နမူနာပြရုံပါပဲ...ငါတို့ကို အန္တရာယ်ပေးမှာ မဟုတ်ဘူး"
အဘိုးရှက လက်ကိုဝှေ့ယမ်းသည်။
ပုံရိပ်တစ်ခုသည် လေးစားစွာဦးညွှတ်ရင်း အမှောင်ထဲ ပြန်လည်ပျောက်ကွယ်သွားလေသည်။
"ဒီဖိအားအမျိုးအစားကို ကောင်းကင်ကိုးပါးမိုးကြိုးလို့ခေါ်တာလား"
ထိုအချိန် ရွှီဖန်းသည်လည်း ဖိအားကို ခံစားနေရသည်။ သို့သော သူက အသုံးပြုသူဖြစ်ရာ ဖိအားက အရမ်းမပြင်းထန်ပေ။
"ဒီလိုဖိနှိပ်နိုင်မှုတစ်မျိုးတည်းနဲ့တင် နာမည်နဲ့ ထိုက်တန်ပါတယ်"
ရွှီဖန်း၏သက်ပြင်းချသံနှင့်အတူ ကောင်းကင်မှ လျှက်စီးကြောင်းတစ်ခု ကျဆင်းလာသည်။ ထိုလျှပ်စီးကြောင်းကြောင့် ရှိနေသူအားလုံးမှာ ခဏတာလောက် မျက်လုံးမဖွင့်နိုင်ဖြစ်ခဲ့ရသည်။ ခဏအကြာမှ လေပြေလေညှင်းက ရောက်ရှိလာပြီး သူတို့ ခံစားနေရသည့်အခြေအနေမှ လွတ်မြောက်လာကြသည်။
"ဟမ် ဘာဖြစ်သွားတာလဲ"
ရွှီဖန်း မျက်လုံးပထမဆုံးဖွင့်ခဲ့သူဖြစ်ရာ နွားအိုကြီးသည် အခုထိ မီးမလောင်သေးကြောင်း တွေ့လိုက်ရသည်။
ရွှီဖန်း သိလိုစိတ်ဖြင့် လျှောက်သွားလိုက်သည်။ သူသာမကဘဲ အားလုံး စုဝေးလာကြသည်။
"ဒီရွှီဖန်းက ငါတို့ကို လှည့်စားဖို့ ကြိုးစားနေတာ
လား"
အဘိုးရှအနားရှိ သတ်လတ်ပိုင်းလူတစ်ယောက်သည် မျက်လုံးများကျယ်ကျယ်ဖွင့်ရင်း နွားအိုကြီးကို ကြည့်ကာ ဒေါသတကြီးပြောလာသည်။
"ဒါ ငါတို့ကို ကစားနေတာမဟုတ်လား"
"ရှလဲ့ သိပ်မစိတ်ရှည်မဖြစ်စမ်းပါ၊ သေချာကြည့်ဦး"
အဘိုးရှက တည်ငြိမ်စွာ ပြောလာသည်။
အဘိုးရှ၏ပြောစကားကိုကြားပြီးနောက် ရှလဲ့သည် အံ့သြသွားခဲ့သည်။ သူ နွားအိုကြီးကို သေချာပြန်
ကြည့်ပြီးနောက်မှာ မျက်လုံးများပြူးကျယ်လာပြီး အသက်ရှုရပ်မတတ်ဖြစ်သွားရသည်။
ထိုအချိန် ရွှီဖန်းလည်း နွားရှိရာသို့ ရောက်လာပြီဖြစ်သည်။ သူ နွားကို ထူးဆန်းစွာ ကြည့်၍
"ဘာဖြစ်တာလဲ၊ သူ နိုးလာတာ ဖြစ်ပါရဲ့နဲ့ ဘာလို့ မလှုပ်တာလဲ"
ထိုသို့ပြောရင်း နွားကိုထိရန် လက်ဆန့်ထုတ်ခဲ့သည်။ သို့သော် ရွှီဖန်း၏လက်မှ နွားကို ထိထိပြီးချင်းမှာ နွားသည် အမှုန်အဖြစ် ချက်ချင်းပြောင်းလဲသွားပြီး မြေကြီးပေါ် ကျဆင်းသွားခဲ့သည်။
ရွှီဖန်းသည် မိုးကြိုးပစ်ခံထားရတာကြောင့် ခြောက်သွေ့ပြီးသဲနှင့်တူသော မြေပြင်ကိုကြည့်ရင်း တံတွေးမြိုချလိုက်မိသည်။
မတိုင်ခင် သူအသုံးပြုခဲ့သည့် လျှပ်စီးဆင့်ခေါ်အဆောင်သည် အုပ်စုလိုက်တိုက်ခိုက်မှုဖြစ်ကာ မိုးကြိုးနတ်ဘုရားမှ အထူးပြင်ဆင်ထားပေသည့် ကောင်းကင်ကိုးပါးမိုးကြိုးသည် ပစ်မှတ်တစ်ခုတည်းကို ဦးတည်မှန်း သိသာလှပေသည်။
၎င်း၏စွမ်းအားအားလုံးသည် ပစ်မှတ်တစ်ခုတည်းပေါ်မှာပင် အာရုံစိုက်ထားသည်။ နွားအိုကြီးနှင့် တစ်စင်တီမီတာပင် မဝေးတော့သော မြက်ခင်းပြင်ကို ကြည့်ရင်း သူ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။ ပထမအဆင့်လျှပ်စီးဆင့်ခေါ်အဆောင်၏ စွမ်းအားအပြည့်အဝကို သူသိလိုက်ရလေပြီ။ အကယ်၍ အဆင့်အမြင့်ဆုံး လျှပ်စီးဆင့်ခေါ်အဆောင်သာဆိုလျှင် ဘယ်လောက်ထိ စွမ်းအားကြီးနေမလဲ မသိနိုင်ပေ။ ဘယ်လောက်တောင်မှ ကြောက်စရာကောင်းအောင် တန်ခိုးကြီးလိုက်မည်နည်း။
ရွှီဖန်းတစ်ယောက်တည်းကသာ သဲလွန်စကို မြင်တွေ့ခဲ့ခြင်းမဟုတ်ပေ။ ရှမိသားစုတွင် ရှယန်ယွိမှလွဲ၍ ဤရှေးကျသော ကိုယ်ခံပညာကို မတတ်မြောက်သည့်လူမရှိပေ။ ထို့အပြင် သူတို့အားလုံးသည် ရှမိသားစု၏ အရေးကြီးသော အဖွဲ့ဝင်များအဖြစ် လျို့ဝှက်ကမ္ဘာမိသားစုကြီးများ၏ညီလာခံတွင် ပါဝင်ရလေသည်။
ထို့ကြောင့် ရွှီဖန်းမှ ညင်သာစွာ ထိ၍ နွားအိုကြီး ဖုန်မှုန့်အဖြစ် ပြောင်းသွားသောအခါ လူတိုင်း၏အကြည့်သည် နွား၏ ဘေးနှစ်ဖက်ကို ရောက်သွားသည်။ လျှပ်စီးကျဆင်းမှု၏ အကွာအဝေး မည်မျှကြီးမားသည်ကို မြင်ချင်ခဲ့သော်ငြား ပစ်မှတ်တစ်ခုတည်းကိုသာ တိုက်ခိုက်မှန်း သိခဲ့ရသည်။
"အဟွတ် အဟွတ် ရွှီဖန်း မဆိုးပါဘူး၊ မင်းက မန္တန်ရေးဆွဲတဲ့ ပညာရပ်မှာ ထူးချွန်မှတော့ မင်းရဲ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုတွေကို ပြသဖို့ မလိုတော့ဘူး၊ ငါ မင်းကို ယုံကြည်ပါတယ်"
အဘိုးရှသည် ရွှီဖန်းကို လေးနက်စွာ ကြည့်ရင်း လက်ကို ဝှေ့ယမ်းသည်။
"လူစုခွဲကြတော့၊ ယန်ယွိနဲ့ ကျန်းမိသားစုကြားက စေ့စပ်ပွဲ ဖျက်သိမ်းမှုကို ကန့်ကွက်ချင်တဲ့လူကတော့ အနောက်မှာ နေခဲ့နိုင်တယ်"
အဘိုးရှ၏စကားကို ကြားပြီးနောက် လူတိုင်း တလေးတစားထွက်ခွာသွားကြသည်။
"ငါ့အခန်းထဲကို လိုက်လာခဲ့"
အဘိုးရှသည် တိုးညှင်းသောအသံဖြင့် ပြောရင်း တစ်ဖက်ကိုလှည့်ကာ ထွက်သွားသည်။ အဘိုးနောက်ကို မလိုက်သွားခင်မှာ ရှယန်ယွိနှင့် ရွှီဖန်းသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ခေါင်းညိတ်လိုက်ကြသည်။
သို့သော် ရှယန်ယွိ၏ အကြည့်များက ချိုမြိန်မှုအပြည့်ဖြစ်နေတာကြောင့် ဒီမိန်းကလေး တစ်ကယ်ပဲ ချစ်မိသွားပြီလားဟုတောင် ရွှီဖန်း တွေးလိုက်မိသည်။
စာကြည့်ခန်းထဲဝင်ပြီးနောက် အဘိုးရှသည် ပင်မထိုင်ခုံတွင် ထိုင်၍ ရွှီဖန်းကို ပြောလာသည်။
"ရွှီဖန်း မင်းကို မန္တန်တာအို ဘယ်သူသင်ပေးတာလဲ ငါဂရုမစိုက်ဘူး၊ ဒါပေမယ့် မင်း အန္တရာယ်ရှိနေတဲ့ အချိန်ကလွဲရင် တခြားလူတွေကို ထုတ်မပြမိစေဖို့ မျှော်လင့်တယ်"
ရွှီဖန်း အံ့သြသွားကာ သံသယဖြင့် မေးမိသည်။
"ဘာဖြစ်လို့လဲ၊ သာမန်လူတွေ မြင်သွားမှာ စိုးလို့လား"
"မဟုတ်ဘူး၊ သာမန်လူတွေ မြင်သွားတော့ရော ဘာဖြစ်မှာလဲ၊ အရေးကြီးဆုံးက တရုတ်အစိုးရပဲ၊ မင်းကို အဆောင်တွေ ဘယ်လိုလုပ်ပြီးအသုံးပြုရလဲ သင်ခိုင်းကြလိမ့်မယ်"
အဘိုးရှက အမှန်အတိုင်းပြောပြလာသည်။
ရွှီဖန်း အံ့သြသွားကာ
"ဘာလို့"
အဘိုးရှသည် ရွှီဖန်း၏ အမူအရာကို မျှော်လင့်ထားသည့်အလား ပေါ့ပါးစွာ ဆို၏။
"ဒါ စည်းမျဥ်းပဲ"
*******************