← Chapters

မကြောက်ရွံ့ဘူး

Vol. 16 Ch. 236

မကြောက်ရွံ့ဘူး

Vol. 16 Ch. 236

ရှယန်ယွိသည် လက်သီးတင်းတင်းဆုပ်ထားကာ အဘိုးဖြစ်သူကို ပြန်ပြောလိုက်သည်။

"အဘိုးက သမီးကို အတင်းအကြပ်လုပ်ခိုင်းနေတာလား၊ ဒီနှစ်တွေတစ်လျှောက်လုံး ရှမိသားစုရဲ့အသုံးစရိတ်အများစုက သမီးရဲ့ရှရှီဆေးဝါးစက်ရုံကနေ ရထားခဲ့တာ မဟုတ်လို့လား၊ အစ်ကိုကြီးရှရဲ့အဖွဲ့အစည်းကတောင် မိသားစုကို သမီးထက် ပိုပေးနိုင်ခဲ့လို့လား၊ ဘာလို့ သမီးကို လက်ထပ်ခိုင်းနေတာလဲ"

"အခုအချိန်မှာ အဘိုးတို့ ရှမိသားစုက အားနည်းနေတယ်၊ အဘိုးတို့ကို ထောက်ပံ့ပေးမယ့် ကျန်းမိသားစုသာ ရှိလာမယ်ဆိုရင် မတူတော့ဘူး၊ အဘိုးတို့ရှမိသားစုက ချန်ဟိုင်းပြည်နယ်တစ်ခုလုံးမှာ အကြီးဆုံးမိသားစုတောင် ဖြစ်လာလိမ့်မယ်"

"မြေး ငယ်ငယ်လေးကတည်းက ခေါင်းဆောင်ကျန်းရဲ့မိသားစုကို မကြိုက်ခဲ့ဘူးဆိုတာ အဘိုးသိပါတယ်၊ အဘိုးကရော ကြိုက်တယ်ထင်လို့လား၊ မြေးတို့ငယ်

ငယ်လေးကတည်းက လက်ထပ်ပေးမယ့်အစီအစဥ်ကို လုပ်ခဲ့ကြတာ၊ ရှမိသားစုဘက်က စပြီး စေ့စပ်ပွဲကို ငြင်းလိုက်မယ်ဆိုရင် ကိစ္စတွေက မရိုးရှင်းတော့ဘူး"

"အဘိုး!!"

ရှယန်ယွိအော်လိုက်ကာ သူ့မမျက်လုံးထောင့်မှ မျက်ရည်စီးကျလာသည်။

"ယန်ယွိ ခေါင်းမမာနဲ့တော့၊ မြေးရဲ့ စေ့စပ်ပွဲကို သုံးလအတွင်း လုပ်မှာဖြစ်ပြီး လက်ထပ်ပွဲက နှစ်နှစ်အတွင်း ဖြစ်လာလိမ့်မယ်၊ ရှမိသားစုရဲ့ခေါင်းဆောင်အနေနဲ့ မြေးတစ်ယောက်တည်းအတွက်ကြောင့် ရှတစ်ခုလုံး ပျက်စီးသွားမှာကို မကြည့်နေနိုင်ဘူး"

ရှယန်ယွိအဘိုး၏မျက်လုံးများက ကျယ်လာသော်ငြား ထိုထဲ၌ ကူကယ်ရာမဲ့မှုတချို့ကို မြင်တွေ့နိုင်ပေသည်။

ရွှီဖန်း သူ့လက်ကို ဆန့်ထုတ်၍ ရှယန်ယွိ၏သေးငယ်သောလက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။

"ကောင်းပြီ ငါတို့လူအိုကြီးတွေ ထသင့်ပြီ၊ ညစာစားပြီးမှ ငါ့ စာကြည့်ခန်းကို လာခဲ့ကြပါ"

အဘိုးရှတွင် စိတ်ရှည်နိုင်စွမ်း သိပ်မရှိလေရာ လက်ကို ဝှေ့ယမ်း၍ ထွက်သွားတော့သည်။ တခြားလူများလည်း အဘိုးရှ၏စကားကိုကြားသည်နှင့် ထပြန်ကြလေသည်။ ရွှီဖန်းသည် ရှယန်ယွိ၏လက်ကို လွှတ်ပေးထားခဲ့သည်။ မဟုတ်လျှင် သူတို့မြင်သွားပါက အခြေအနေပိုဆိုးကုန်လိမ့်မည်။

ထိုလူများထွက်သွားသည်နှင့် မျက်လုံးများ နီရဲနေသေးသော ရှယန်ယွိကို ကြည့်ကာ

"ကောင်းပြီ မငိုနဲ့တော့၊ ငိုရင် ကြည့်မကောင်းဘူးနော်"

"ရှင် ကျန်းမိသားစုကိုသိလား"

ရှယန်ယွိသည် ခိုကိုးရာမဲ့စွာဖြင့် ရွှီဖန်းကို မေးလေသည်။

ရွှီဖန်း အံ့သြသွားရပြီး ခါးသက်စွာ ပြုံး၍ ခေါင်းခါရမ်းခဲ့သည်။

"ယန်ယွိ ဒီလျို့ဝှက်ကမ္ဘာဆိုတဲ့ကိစ္စကိုတောင် ဒီနေ့မှ သိခဲ့တာ၊ ဘယ်လိုလုပ် ကျန်းမိသားစုကို သိနိုင်ပါ့မလဲ"

"အတိတ်မှာ ကျွန်မအမေ ကျွန်မကို ကိုယ်ဝန်ဆောင်ထားတုန်း အဖေက မတော်တဆတစ်ခုကြုံခဲ့ပြီး အဲ့ဒီအချိန်ကာလ ကျန်းမိသားစုရဲ့သခင်လေးက ကယ်တင်ပေးခဲ့တယ်တဲ့၊ အဲ့ဒီကနေ သူတို့က သွေးသောက်ညီအစ်ကိုတွေဖြစ်လာပြီး ခင်မင်မှုသင်္ကေတအနေနဲ့ အချင်းချင်း လက်ထပ်ပေးကြဖို့ ကတိပြုခဲ့ကြတယ်၊ နောက်တော့ မတော်တဆဖြစ်ရပ်တစ်ခုထပ်ဖြစ်ခဲ့ပြီး ကျွန်မမိဘတွေ ပျောက်ဆုံးသွားခဲ့တယ်၊ အဲ့ဒီတုန်းက ကျွန်မ အသက်လေးနှစ်ပဲ ရှိသေးတယ်"

ရှယန်ယွိ သက်ပြင်းချလိုက်သည်။

"နောက်ပိုင်းမှာ ရှမိသားစုနဲ့ ကျန်းမိသားစုကြား အဆက်အသွယ်ပြတ်သွားခဲ့ပေမယ့် ဘယ်သူက သိမှာလဲ၊ ပြီးခဲ့တဲ့နှစ်နှစ်တုန်းက ကျန်းမိသားစုရဲ့ ပထမသခင်လေးက ရှတံခါးကို လာခေါက်ပြီး စေ့စမ်းကြောင်းလမ်းဖို့ ကိစ္စကို အစချီလာတာပဲ၊ လွန်ခဲ့တဲ့နှစ်တွေမှာ ရှမိသားစုရဲ့အင်အားကလည်း ကျဆင်းလာတော့ ကျန်းမိသားစုရဲ့အကူအညီကို ရရင် အများကြီးအကျိုးရှိမှာပဲဆိုပြီး အိမ်က လက်ခံခဲ့ကြတယ်"

"လွန်ခဲ့တဲ့နှစ်နှစ်ကလား ဒါဆို ဘာလို့ သူတို့က အခုထိ အချိန်ဆွဲနေကြတာလဲ"

ရွှီဖန်း စိတ်ဝင်တစားမေးမိသည်။ ရှယန်ယွိက ရယ်ပြီး ပြန်ဖြေလာသည်။

"ကံကောင်းတာက အဲ့ဒီအချိန်မှာ ကျွန်မအစ်ကိုက ရှအဖွဲ့အစည်းကို ဦးစီးနေတာလေ၊ သူကလည်း မိသားစုအကျိုးအမြတ်အတွက် အနစ်နာခံပေးရတာမျိုး မလုပ်ဘူး၊ ဒါကြောင့် သူက ကျွန်မကို နားလည်ပေးပြီး ယွမ်တစ်ဘီလီယမ်ကို တိတ်တိတ်လေးပေးခဲ့တယ်၊ အဲ့ဒီငွေနဲ့ ကျွန်မ ချန်ဟိုင်းကို တက်လာပြီး ဒေဝါလီခံလုနီးပါးဖြစ်နေတဲ့ ဆေးဝါးစက်ရုံတစ်ခုကို ဝယ်ပြီး စီးပွားရေးစလုပ်ခဲ့တယ်၊ မိသားစုကို ကျွန်မ စပြီး ထောက်ပံ့လာခဲ့တော့ သူတို့လည်း အိမ်ထောင်ပြုဖို့ မဟကြတော့ဘူးလေ"

 ရွှီဖန်း အံ့အားသင့်သွားကာ

"ဒါဆို ဘာလို့ အခုကျ ပြန်ပြီးအစဖော်နေတာလဲ"

"နိုင်ငံ့ခေါင်းဆောင်ရဲ့လက်အောက်မှာ လျို့ဝှက်မိသားစုတွေရဲ့အရင်းအမြစ်တွေနဲ့ နောက်ထပ်အရာတွေကို ပြောင်းလဲသတ်မှတ်တဲ့အချိန်ဖြစ်နေတော့ ကျွန်မတို့က ယှဥ်ပြိုင်မှုအတန်းလိုက်ကြီးကို ကျော်

ဖြတ်နေရတာလေ၊ ကျွန်မတို့ ရှမိသားစုက ပိုပိုပြီးအားနည်းသထက် အားနည်းလာတဲ့အချိန် အကျင့်မကောင်းတဲ့ပထမသခင်လေးကလည်း ပြောလာခဲ့တယ်၊ ကျွန်မမိသားစုက သူနဲ့ကျွန်မကို စေ့စပ်ဖို့ ခွင့်မပြုပေးဘူးဆိုရင် ကျွန်မတို့ကို မကူညီပေးရုံတင်မကဘူး လျို့ဝှက်မိသားစုတွေကြားမှာ အားအနည်းဆုံးထိရောက်အောင် ဖိနှိပ်ပစ်မယ်လို့ ပြောခဲ့တယ်၊ အဲ့ဒီအချိန်မှာ ရှမိသားစုကလည်း အောက်ကို ထိုးဆင်းဖို့ အဆင်သင့်မဖြစ်နေခဲ့ဘူးလေ"

ရှယန်ယွိသည် ပြောပြီးသည်နှင့် မျက်ရည်များ ဆက်၍ စီးကျလာပြန်သည်။

ရွှီဖန်း မတောင့်ခံနိုင်သောအရာမှာ အမျိုးသမီးများ၏ မျက်ရည်များဖြစ်သည်။ သူ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

"ကျွန်တော့်ကိုပြော...ပြိုင်ပွဲအကြောင်းအရာက ဘာလဲ"

ရှယန်ယွိသည် ခေတ္တအံ့သြသွားကာ ရွှီဖန်းကို စိုက်ကြည့်လာသည်။

"ရှင်ဆိုလိုတာက ကျွန်မတို့ကို ကူညီချင်တာလား"

ရွှီဖန်း အသာ ခေါင်းညိတ်လိုက်သည်။ 

"ဒါပေမယ့် ကျွန်မရဲ့ရှမိသားစုကို ကူညီရင် ရှင်က ကျန်းမိသားစုကို ရန်စတယ်လို့ သူတို့ မှတ်ယူကြလိမ့်မယ်၊ သူတို့အားလုံးမှာ စိတ်ကူးနဲ့တောင်မှန်းဆလို့မရတဲ့ အရည်အချင်းတွေ အပြည့်အဝရှိတယ်၊ ရှင် အစွမ်းထက်တယ်ဆိုပေမယ့် ရိုးရိုးသားသားပြောရရင် ရှင်လည်း အများကြီး မကူညီနိုင်လောက်ဘူး"

ရှယန်ယွိ အသက်မပါစွာ ရယ်မိသည်။ 

ရွှီဖန်းမှာ ခါးသက်သက် ရယ်မောမိပြီး သူ့ခေါင်းကို ပွတ်လိုက်မိသည်။ ငါသာ မလုပ်နိုင်ရင် ငါ့နောက်ခံက ကောင်းကင်ဘုံမဟုတ်လို့ပဲ။

ထိုနတ်ဘုရားများနှင့် ရွှီဖန်းကြားရှိ လက်ရှိ အခြေအနေအရ သူ့ကို တိုးတက်လာရန် အချိန်တစ်ခုသာ ပေးပါက သူ ကမ္ဘာတစ်ဝှမ်းပတ်ပြေးနေလျှင်တောင် တားရဲသည့်လူရှိလာမည်မဟုတ်ချေ။ 

ရွှီဖန်း သူမကို ချက်ချင်း ပြန်ပြောလိုက်သည်။ 

"ပြောပါ...အဲ့ဒီမှာ ဘာတွေ ယှဥ်ပြိုင်ရမှာလဲ၊ အမြင်

ကျယ်အောင် ပြောပြတယ်လို့ မှတ်လိုက် ဟုတ်ပြီလား"

 ရှယန်ယွိသည် ခေါင်းကိုညိတ်၍ သက်ပြင်းတစ်ချက်ရှူထုတ်လာသည်။ သူမ ဖြည်းညှင်းစွာ ပြောခဲ့သည်။

"အမ်...အဲ့ဒီမှာ ပြိုင်ရတာက ကိုယ်ခံပညာ၊ ဆေးပညာ၊ လုပ်ကြံသတ်ဖြတ်ပညာ၊ လက်နက်ပုန်းယှဥ်ပြိုင်ခြင်းနဲ့ ထိပ်တန်းမိသားစုတွေကြား မန္တန်ယှဥ်ပြိုင်ခြင်းပဲ"

"မန္တန်ယှဥ်ပြိုင်ခြင်းလား"

ရွှီဖန်း၏မျက်လုံးများက အံ့သြမှုကြောင့် ပြူးကျာ်နေသည်။

"ဟုတ်တယ်၊ မှော်အတတ်ပြိုင်တာဖြစ်လို့ အမျိုးမျိုးသော မန္တန်တွေကို အောင်မြင်ဖို့ သူတို့က ဝိညာဥ်ရေးစာတွေ ဆွဲရတယ်လေ၊ ကျွန်မဆယ်ကျော်သက်အရွယ်မှာ အဲ့ဒါတွေကို တစ်ခါတွေ့ဖူးတယ်"

ရှယန်ယွိခေါင်းညိတ်မိသည်။ ရွှီဖန်း၏ တုံ့ပြန်မှုက သူမ မျှော်လင့်ထားခဲ့သည့်အလားပင်။ သို့သော် သူမ မထင်ထားခဲ့သည်မှာ ရွှီဖန်းသည် ထိတ်လန့်နေခြင်းမဟုတ်ဘဲ ပျော်ရွှင်သွားခဲ့တာ ဖြစ်သည်။ တခြားယှဥ်ပြိုင်မှုများကို အသာထား၊ ထိုကဲ့သို့သော ယှဥ်ပြိုင်မှု၊ ကိုယ်ခံပညာနှင့် ဆေးပညာပြိုင်ပွဲအတွက် ရွှီဖန်းသည် အလွန်ယုံကြည်ချက်ရှိပေသည်။

သိထားရမည်မှာ  ရွှီဖန်းတွင် မိုးကြိုးနတ်ဘုရားပေးခဲ့သည့် လျှပ်စီးဆင့်ခေါ်အဆောင်နှစ်ခု ကျန်နေသေးသည်။

ချန်းရုန်အပေါ်မှာ သူအသုံးပြုခဲ့စဥ်က မြင်ကွင်းကို ပြန်တွေးလျက် အကယ်၍ လျှပ်စီးဆင့်ခေါ်အဆောင်ကို ပြည့်ပြည့်ဝဝအသုံးပြုလိုက်ပါက အနည်းဆုံး လျှပ်စီးမိုးကြိုးမုန်တိုင်းတစ်ခုတော့ ဖြစ်စေလိမ့်မည်။

ဒါကိုတွေးရင် ရွှီဖန်း ရယ်လိုက်မိသည်။

"ဘာကိုရယ်နေတာလဲ၊ ရူးသွားပြီလား"

ရှယန်ယွိသည် ကူကယ်ရာမဲ့စွာ ပြောလာလေသည်။

"ဟားဟား ယန်ယွိ ကျွန်တော် ယုံကြည်ချက်အပြည့်ရှိတယ်လို့ပြောရင် မင်းယုံမှာလား"

ရှယန်ယွိသည် အံ့သြသွားကာ ရွှီဖန်းကို စိုက်ကြည့်လာသည်။ ထို့နောက် အံ့သြမှုနှင့် မျှော်လင့်ချက်တို့ရောစွက်နေသော အမူအရာဖြင့် မေးလာသည်။

"ရွှီဖန်း အတည်ပြောနေတာလား၊ ပြီးတော့ ရှင် ကျန်းမိသားစုကို မကြောက်ဘူးလား"

ရွှီဖန်း ပေါ့ပါးစွာ ပြုံး၍ ပြောခဲ့သည်။

"ကျွန်တော့်ကို ယန်ယွိနမ်းရင် မကြောက်တော့ဘူး"

သူပြောပြီးသည့် အခိုက်အတန့်မှာ ရွှီဖန်းသည် ပူနွေးသော နှုတ်ခမ်းတစ်စုံက သူ့နှုတ်ခမ်းအပေါ် ဖိကပ်လာသည်ကို ခံစားလိုက်ရပေသည်။

******************

All Chapters