လျို့ဝှက်ချက်
Vol. 17 Ch. 241
"ဘာစည်းမျဥ်းဖြစ်နေလို့ ဒီလို နိုင်လိုမင်းထက်ပြုမူတာလဲ"
ရွှီဖန်း စိတ်ညစ်ညစ်ဖြင့် မေးမိသည်။
အဘိုးရှသည် ခေါင်းခါယမ်းလျက် မကွဲခြားနားစွာ ပြန်ဖြေလာသည်။
"အဆုံးမှာတော့ အခုက လက်နက်အေးတဲ့ခေတ်မဟုတ်တော့ဘူးလေ၊ ငါတို့ လျို့ဝှက်မိသားစုတွေ ရှိနေရသေးတဲ့အကြောင်းအရင်းက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမှာ အကျိုးသက်ရောက်မှုရှိနေသေးလို့ပဲ၊ မဟုတ်ရင် ငါတို့ကို စစ်တပ်က အစောကြီး အင်အားသုံးပြီး ဖျက်ဆီးပြီးနေလောက်ပြီ"
ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းမိသည်။ အဘိုးရှပြောတာမှန်ပေသည်။ ဒီခေတ်ဟာ လက်နက်အေးသည့် ခေတ်မျိုးမဟုတ်တော့မှန်း သူသိပေသည်။ လျို့ဝှက်မိသားစုများ ဘယ်လောက်ထိ အင်အားကောင်းနေပါစေ ထိုလက်နက်များကိုတော့ မနိုင်ပေ။
"ဒါကြောင့် ငါတို့လျို့ဝှက်မိသားစုတွေနဲ့ မင်းတို့လို လူတွေကို ဆန့်ကျင်တဲ့ စည်းမျဥ်းတွေ ရှိလာတာပဲ၊ မိသားစုတိုင်းက သူတို့ရဲ့လက်စွဲတစ်ခုပဲ သိမ်းထားခွင့်ရှိပြီး ကျန်တာကို နိုင်ငံတော်အတွက်ပေးရတယ်"
အဘိုးရှက သက်ပြင်းချ၍ ပြောပြလာသည်။
"အရင်တုန်းက အဲ့ဒီစည်းမျဥ်းကို ခုခံတဲ့ မျိုးနွယ်စုတစ်ခုရှိခဲ့ပြီး အဆုံးမှာတော့ နိုင်ငံတော်က တပ်သား ၁၀၀၀၀ကို ပို့ဆောင်ခဲ့တာကြောင့် တစ်ညတည်းနဲ့ မျိုးနွယ်စုက ပျက်သုဥ်းသွားခဲ့တယ်၊ သူတို့ဘက်ကလည်း တပ်သား၁၀၀၀လောက် ဆုံးရှုံးခဲ့ကြတယ်ဆိုပေမယ့် အဲ့ဒီအရေအတွက်က သူတို့အတွက် ဘာမှမဟုတ်တာ အသိအသာပဲ၊ အဲ့ဒီအချိန်ကစပြီး ငါတို့ လျို့ဝှက်မိသားစုတွေလည်း နိုင်ငံတစ်ခုရဲ့အင်အားကို နားလည်သွားကြတာမလို့ သူ့စည်းမျဥ်းတွေအောက်မှာ ကြံ့ကြံ့ခံပြီးနေထိုင်ရုံပဲ တတ်နိုင်ခဲ့တယ်"
ထိုလျို့ဝှက်ချက်များကို ရွှီဖန်း အခုမှ သိရခြင်းပင်။ သို့သော် အဘိုးရှသည် ချက်ချင်း အကြောင်းအရာပြောင်း၍ ပြောလာသည်။
"ဒါပေမယ့် ဒီမန္တန်တွေကတော့ မတူဘူး၊ ရှေးခေတ်အချိန်ကတည်းက လက်ဆင့်ကမ်းအမွေဆက်ခံလာကြတာ သုံးမျိုးပဲ ရှိတယ်၊ တစ်ခုက ကောင်းကင်ဘုံစွမ်းအားအဆောင်၊ နောက်တစ်ခုက မနောအဆောင်၊ နောက်ဆုံးတစ်ခုကတော့ မင်းသုံးသွားတဲ့ လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်ပဲ"
ရွှီဖန်း အံ့အားသင့်သွားသည်။ မနောအဆောင် ဟုတ်လား။
သူ ဘာလို့ မကြားဖူးပါလိမ့်။
"ဆရာကြီး မနောအဆောင်က ဘာလဲ"
"မနောအဆောင်ဆိုတာ အချိန်တိုအတွင်းမှာ တွေးခေါ်မှုနဲ့ တုံ့ပြန်မှု အရှိန်ကို တိုးမြှင့်ပေးနိုင်တဲ့ အဆောင်ပဲ၊ အဲ့ဒါက တစ်ကယ့်တိုက်ပွဲမှာဆို အရမ်းအားကောင်းတဲ့ အကျိုးသက်ရောက်မှုကို ပေးနိုင်တယ်"
အဘိုးရှသည် သက်ပြင်းချ၍ ဆက်ပြောလာသည်။
"နိုင်ငံတော်က ဒီလမ်းကြောင်းကို သွားချင်တဲ့အခါကျတော့ အရည်အချင်းရှိတဲ့မှော်ဆရာတွေကို အထူးသီးသန့်လေ့ကျင့်ပေးနေခဲ့တယ်၊ ဒါ့အပြင် သူတို့ရဲ့အောင်မြင်မှုနှုန်းလည်း ကြောက်ဖို့ကောင်းလောက်အောင် မြင့်မားတယ်"
ရွှီဖန်း အံ့သြသွားခဲ့သည်။ ကြောက်ဖို့ကောင်းတဲ့ နှုန်းလား။
"ဘယ်လောက်တောင် မြင့်လို့လဲ"
ရွှီဖန်းသည် ထိုအရည်အချင်းရှိမှော်ဆရာများနှင့် သူ့ကြားတွင် ကွာခြားမှု ဘယ်လောက်ရှိသလဲဆိုတာကို နှိုင်းယှဥ်ချင်နေမိသည်။
"၅/၁၀၀၀ အောင်မြင်မှုရှိတယ်"
အဘိုးရှက သက်ပြင်းချသည်။
ဒါကို ကြားသည့်အခါ ရွှီဖန်းမှာ ရယ်ချင်စိတ်ကို မထိန်းထားနိုင်လုနီးပါးဖြစ်သွားရသည်။ အခါတစ်
ထောင်မှာ ငါးကြိမ်လား။ ဒီအောင်မြင်မှုနှုန်းက တော်တော်ကြောက်ဖို့ ကောင်းနေပြီပေါ့လေ။
အဲ့...အဲ့ဒီလူတွေထဲမှာ အဆောင်ဘယ်လိုဆွဲရမလဲဆိုတာကို သိတဲ့လူ မရှိတာလား။
ဒါကို တွေးလိုက်သည့်အခါ ရွှီဖန်းသည် ထိုက်ပိုင်
ကျင့်စစ်ပေးခဲ့သည့် ထိုက်ပိုင်အဆောင်ကျမ်းသည် ဘယ်လောက်ထိ ပြီးပြည့်စုံမှန်း နားလည်ခဲ့ရတော့သည်။
သို့သော် ရွှီဖန်းစိတ်ထဲ၌ မေးခွန်းတစ်ခုတွေးမိပြီး ချက်ချင်းမေးလိုက်သည်။
"ဆရာကြီး ကျွန်တော် ရှမိသားစုကို သင်ကြားပေးဖို့ လိုအပ်လား"
ရှမိသားစုလို အင်အားကျဆင်းနေသည့် မိသားစုတစ်ခုအတွက် အဆောင်တစ်ခု၏ တန်ဖိုးက မနိမ့်ကျသင့်ပေ။ ဒါကို မြင်ပြီးတာတောင် အဘိုးရှသည် ဘာကြောင့် လျစ်လျူရှုနိုင်တာလဲ သူမသိပေ။
"ဘာပဲဖြစ်ဖြစ် အခုအချိန်က ငြိမ်းချမ်းနေတဲ့အချိန်ပဲလေ၊ မင်းရဲ့အဆောင်က စွမ်းအားကြီးတယ်ဆိုပေမယ့် အခုတော့ အသုံးမဝင်သေးပါဘူး"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ အဘိုးရှပြောသည်က အမှန်ပင်။
"ဒါဆို ကျွန်တော် အခု ကိုယ့်ကိုယ်ကိုယ် မဖော်ထုတ်မိရင်တောင် ပြိုင်ပွဲအချိန်ကျလာရင် ဖော်ထုတ်မိသွားမှာပဲ မဟုတ်ဘူးလား၊ အဲ့ဒီပွဲက အစိုးရက စီစဥ်ပေးတာလို့ ကျွန်တော်ကြားတယ်"
ရွှီဖန်း စိတ်ရှုပ်ထွေးစွာ မေးမိသည်။
"ဒါက မတူဘူးလေ၊ လျို့ဝှက်မိသားစုညီလာခံမှာတော့ မင်းက ငါတို့ရှမိသားစုကိုယ်စားပြုအနေနဲ့ ယှဥ်ပြိုင်မှာဆိုတော့ ကွာခြားမှုမရှိဘူး"
အဘိုးရှက တိုးတိုးလေးပြောသည်။
"ဒါပေမယ့် မင်းတစ်ယောက်တည်းရှိနေတဲ့အချိန် ဖော်ထုတ်မိသွားရင်တော့ နိုင်ငံက မင်းကို ဖမ်းပြီး မှော်ဆရာဖြစ်အောင်လုပ်ဖို့က ၁၀၀ရာခိုင်နှုန်းပဲ"
ရွှီဖန်း အံ့သြသွားတော့သည်။ ဒါက ဘာကြီးတုန်း။
"မင်း ယုံလို့ရတယ်၊ အရင်က မြို့တော်မှာရှိတဲ့ ဝမ်
မိသားစုဝင်တစ်ယောက်က အဆောင်ဆရာတစ်ဦးနဲ့ မိတ်ဆွေတွေဖြစ်ခဲ့ကြတယ်၊ သူက ဝမ်မိသားစုရဲ့အဆောင်ဆရာပါဆိုပြီး အပြင်ကို ကြေညာခဲ့တယ်၊ ဒါပေမယ့် အဆုံးမှာတော့ သူ တံခါးကနေထွက်ထွက်
ချင်း နိုင်ငံတော် ဖမ်းဆီးတာကို ခံလိုက်ရတာပဲ မဟုတ်လား၊ ဝမ်မိသားစုကတော့ ဆုံးရှုံးမှုကို ခံစားလိုက်ရတာပေါ့"
အဘိုးရှသည် စိတ်ရှည်ရှည်ဖြင့် ရှင်းပြလေသည်။
"နိုင်ငံက လှုပ်ရှားလာပြီဆိုရင် မျိုးနွယ်စုတစ်ခုလုံး ရုတ်ရုတ်ရုတ်ရုတ် ဖြစ်သွားကြမှာ၊ ဒါကြောင့် မင်းဖော်ထုတ်မိသွားရင်လည်း အဲ့ဒီလိုကိစ္စတွေဖြစ်လာနိုင်တယ်ဆိုတာ စဥ်းစားထားရမယ်"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ ကျန်သည့်အချိန်မှာလည်း အဘိုးရှသည် ရွှီဖန်းကို ဆွဲထားကာ တချို့သော လျှို့ဝှက်ချက်များကို ပြောပြနေခဲ့သည်။ ထိုစကားဝိုင်းသည် ည၈နာရီအထိပင် ရောက်သွားခဲ့သည်။
"နောက်တောင် နောက်ကျနေပြီပဲ၊ ကောင်းပြီ စကားဝိုင်းကို ဒီမှာ ရပ်ကြတာပေါ့"
အစောင့်မှ ညစာသုံးဆောင်ရန် အချိန်ကျပြီဖြစ်ကြောင်း ပြောလာမှသာ အဘိုးရှလည်း တုံ့ပြန်လိုက်မိသည်။
"ယန်ယွိ ရွှီဖန်းကို ခေါ်ပြီး ညစာသွားစားတော့၊ အဘိုး မြေးရဲ့စေ့စပ်ပွဲကို ဖျက်သိမ်းမှာမဟုတ်ပေမယ့် သူတို့လာပြောရင်လည်း လက်မခံပါဘူး၊ တိုက်ရိုက်ငြင်းတာထက်စာရင် ဒီကိစ္စကို ခဏလောက် ဒီအတိုင်းလွှတ်ထားလိုက်တာ ပိုကောင်းတယ်"
သူတို့နှစ်ယောက်စလုံး ခေါင်းညိတ်ခဲ့သည်။
"ဒီကလေး ရွှီဖန်းက မဆိုးဘူးပဲ"
ရွှီဖန်းနှင့် ရှယန်ယွိတို့ ထွက်သွားသည်ကို ကြည့်ရင်း အဘိုးရှသည် ပြုံးကာ ပြောမိသည်။
ရွှီဖန်းကတော့ ရှယန်ယွိ၏ လက်သေးသေးလေးကို ချက်ချင်းဆုပ်ကိုင်ကာ လျှောက်လှမ်းနေသည်။ တစ်ဖက်မှာ ရှယန်ယွိ၏ မျက်နှာမှာ နီရဲနေလေသည်။ ဒီရွှီဖန်းက အရှက်မဲ့လွန်းသည်။ သူမ အဘိုးရှေ့မှာလေ...
သို့သော် သူမသည် ရွှီဖန်း၏လက်ကို ဖယ်ရှားဖို့တော့ အတွေးမရှိခဲ့ပေ။
ရှယန်ယွိ၏ပန်းဆီရောင်ပါးလေးကိုကြည့်ပြီး ရွှီဖန်း ညင်သာစွာ မေးလိုက်သည်။
"ယန်ယွိ စားဖို့က ဘယ်နေရာကို သွားမှာလဲ"
"သွား..ကျွန်မ အခန်းကို သွားရအောင်၊ ကျွန်မ တစ်ယောက်ယောက်ကို အစားအစာ ယူခဲ့ခိုင်းလိုက်မယ်"
ခဏကြာပြီးနောက် သူမသည် မသင်္ကာဖြစ်မည်ကို စိုးရိမ်ကာ နူးနူးညံ့ညံ့ထပ်ပြောခဲ့သည်။
"ဘာလို့လဲဆိုတော့ ဒီနေ့ ရှင်လုပ်ဆောင်ခဲ့တဲ့လုပ်ရပ်က တစ်ယောက်ရဲ့အာရုံကို ဆွဲဆောင်မိသွားမှာပဲ၊ ကျွန်မအခန်းမှာဆို တစ်ယောက်ယောက်က ရှင့်ဆီ လာပြီး နှောင့်ယှက်မှာကို မပူရတော့ဘူးလေ"
ရှယန်ယွိ၏ ချစ်ဖို့ကောင်းသော အမူအရာလေးကြောင့် ရွှီဖန်း၏နှလုံးသားထဲ၌ အပူလှိုင်းတစ်ခုထွက်ပေါ်လာသည်။
ခဏအကြာ သူတို့ ရှယန်ယွိအခန်းသို့ ရောက်ရှိလာသည်။ သူမ၏ အခန်းသည် ကျောက်နံရံပေါ်ရှိ ငေါထွက်နေသော ကျောက်တုံးကြီးပေါ်တွင် ဆောက်လုပ်ထားသော သီးခြားထပ်ခိုးပုံစံလေး
ဖြစ်သည်။
တံခါးဖွင့်ပြီး ဝင်လိုက်သည်နှင့် လေထုကပြောင်းလဲသွားပြီး အလွန်နူးညံ့သိမ်မွေ့မှုကို ခံစားလိုက်ရသည်။ ထိုအရာမှာ မြင့်မြတ်သော အမျိုးသမီးတစ်ဦးအတွက် ရှိနေသော သီးသန်းအခန်းလေးအတိုင်းပင်။ အခန်းကို အပြာနုရောင်ဖြင့် ဆင်ထားပြီး ပန်းရောင်တချို့ပါ ရှိနေသည်။
ရွှီဖန်း၏အကြည့်ကိုကြည့်ရင်း ရှယန်ယွိမှာ သူမကို ထိုးဖောက်မြင်သွားသလို ခံစားလိုက်ရသည်။ သူမ သူ့ကို ရှက်ရွံ့စွာ ပုတ်ရင်း တီးတိုးပြောလိုက်သည်။
"ကြည့်နေတာရပ်တော့၊ သူများအခန်းမှာ ဒီအတိုင်း ထိုင်လိုက်လို့မရဘူးလား"
ရှယန်ယွိ၏ရှက်ရွံ့နေသော မျက်နှာကို မမြင်ခင်အချိန်အထိ ရွှီဖန်းမှာ အခန်းကို ကြည့်ပြီး အံ့သြနေခဲ့တာဖြစ်သည်။ သူ့နှလုံးမှာ မထိန်းနိုင်ဘဲ အခုန်မြန်နေကာ အပြုံးဖြင့် ပြောလိုက်သည်။
"ကောင်းပြီ ကောင်းပြီ"
ရှမိသားစုမှ အစေခံများ၏လှုပ်ရှားမှုမှာ မြန်ဆန်သည်ဟု ဆိုရမည်ပင်။ သူတို့နှစ်ယောက် အခန်းထဲ ရောက်လာတာတောင် မကြာသေး၊ အစေခံနှစ်ယောက်သည် လင်ဗန်းများသယ်ဆောင်လျက် ဝင်လာကြသည်။
အစေခံနှစ်ယောက်ထွက်သွားပြီးနောက် ရွှီဖန်းသည် စားပွဲအပြည့်စားစရာများကို ကြည့်ပြီး အံ့သြစွာ မေးမိသည်။
"ရှမိသားစုက အစားအစာတွေက စားလို့ကောင်းလား"
ထို့နောက် သူ ရှယန်ယွိကို ကြည့်မိရာ ဂနာမငြိမ်ဖြစ်နေတာကြောင့် အပြုံးဖြင့် မေးလိုက်သည်။
"ဘာလဲ ကျွန်တော် ယန်ယွိကို စားပစ်မှာစိုးလို့ ကြောက်နေတာလား"
*******************