← Chapters

သိုးကို ကျားခံတွင်းသို့ ပို့ဆောင်ခြင်း

Vol. 17 Ch. 242

သိုးကို ကျားခံတွင်းသို့ ပို့ဆောင်ခြင်း

Vol. 17 Ch. 242

ရွှီဖန်းမှ စနောက်လာတာကြောင့် ရှယန်ယွိသည် သူ့ကို စိုက်ကြည့်ပြီး တတွတ်တွတ်ပြောလိုက်သည်။ 

"စားတော့...ရှင့်မျက်လုံးတွေကို ပြီးမှ ဆွဲထုတ်ပေးဦးမယ်"

ရှယန်ယွိ၏ အတင်းအကြပ်တည်ငြိမ်ချင်

ဟန်ဆောင်နေသော အမူအရာကိုကြည့်ရင်း ရွှီဖန်းစိတ်ထဲမှာ မရယ်ဘဲ မနေနိုင်ခဲ့ချေ။ သို့သော် မကောင်းသည့် အကျိုးသက်ရောက်မှုကို ရှောင်ရှားရန်အတွက် သူမကို ထပ်ပြီး မစနောက်ခဲ့ပေ။

နှစ်ယောက်စလုံး တိတ်တဆိတ်စားသောက်နေချိန်မှာ အစေခံသည် တံခါးလာခေါက်လေ၏။

"ဘာဖြစ်လို့လဲ၊ ကိစ္စရှိလို့လား"

စားသောက်နေသည့် ရှယန်ယွိသည် သူမခေါင်းကိုမော့ရင်း သံသယရှိစွာ မေးလိုက်သည်။

"သခင်မလေး မိသားစုခေါင်းဆောင်က ညမထွက်ရအမိန့်ကို အသက်သွင်းတော့မှာဖြစ်လို့ တစ်စုံတစ်ယောက် အခန်းထဲဝင်ရောက်ခြင်း ဒါမှမဟုတ် ထွက်ခွာခြင်းကို တားမြစ်ထားပါတယ်၊ ဒီအမိန့်ကို ချိုးဖောက်သူတိုင်းဟာ ရှမိသားစုကနေ နှင်ထုတ်ခံရလိမ့်မယ်လို့ ပြောထားပါတယ်"

ထိုသို့ပြောပြီးနောက် အစေခံသည် ပြန်ထွက်သွားကာ ရွှီဖန်းနှင့် ရှယန်ယွိသည် တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်လိုက်မိသည်။ ထိုအခိုက်အတန့်တွင် အခန်းထဲ၌ အလွန်တိတ်ဆိတ်နေပြီး ရှယန်ယွိ၏ နှလုံးခုန်သံကိုပင် ရွှီဖန်း ကြားနေရသည်။

ရွှီဖန်းသည်လည်း အစေခံ၏စကားကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ မိသားစုခေါင်းဆောင်ဆိုသူမှာ ရှယန်ယွိ၏အဘိုးဖြစ်သည်။ ရွှီဖန်းလည်း ရှယန်ယွိအခန်းထဲသို့ လိုက်သွားကြောင်း သူသိသင့်ပေသည်။ ဒါတောင်မှ ဤကဲ့သို့သော အမိန့်ကို ပေးလိုက်သေးသည်။

ဒါဟာ အခြေခံအားဖြင့် သိုးတစ်ကောင်ကို ကျားခံတွင်းရှေ့သို့ တွန်းပို့လိုက်သည်နှင့် အတူတူပင်။

"ဒါနဲ့ ရှမိသားစုမှာ အရင်က ဒီလို စည်းမျဥ်းမျိုး ရှိခဲ့ဖူးလား"

ပိုပိုဆိုးလာသည့် လေထုကြောင့် ရွှီဖန်း ထမေးလိုက်မိသည်။

"မရှိခဲ့ဘူး၊ ဒါ ပထမဆုံးအကြိမ်ပဲ"

ရှယန်ယွိသည် ရွှီဖန်း၏အမေးစကားကို တိုးတိတ်စွာ ပြန်ဖြေ၍ သူမ၏ယုန်ဖြူလေးနှစ်ကောင်ထဲသို့ ရောက်လုမတတ် ခေါင်းကို ငုံ့ထားလေသည်။

ရွှီဖန်းသည် သူ့ပါးစပ်မှာ ခြောက်သွေ့လာသည်ဟု ခံစားရတာကြောင့် တံတွေးမြိုချလိုက်မိသည်။

အချိန်ခဏကြာမှ သူမေးလိုက်သည်။

"အမ်..စားလို့ပြီးပြီလား၊ နားကြတော့မလား"

ရွှီဖန်း၏စကားကိုကြားလျှင် ရှယန်ယွိ၏မျက်နှာမှာ ပန်းသီးတစ်လုံးကဲ့သို့ နီရဲလာသည်။

"အင်း.."

ထိုကဲ့သို့ တိုးလျသောအသံလေးကိုကြားလိုက်ရသည့်အချိန် ရွှီဖန်း၏နှလုံးသားထဲ၌ အပူလှိုင်းတစ်ခုကို ခံစားခဲ့ရသည်။

သူ မတ်တပ်ရပ်၍ သူမ၏ တောင့်ခဲနေသော ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ ရွှီဖန်း ပေါ့ပေါ့ပါးပါးပင် ပြုံးလျက် သူမကို ချီရန် ခန္ဓာကိုယ်ကို ကွေးလိုက်သည်။ ထို့နောက် သူမကို မချီခဲ့သည်။

"ရှင် ရှင် ဘာလုပ်တာလဲ"

ရှယန်ယွိသည် ရှော့ရသွားကာ လေသံတိုးတိုးဖြင့်အော်လာသည်။ သို့သော် သူမသည် လုံးဝတော့ မခုခံပေ။

"အာ...ဘာမှမလုပ်ဘူးလေ၊ ဒီအတိုင်းပဲ အိပ်မှာ၊ မင်းပင်ပန်းနေတာမြင်လို့ အိပ်ရအောင် သယ်လာပေးတာပါ"

ရွှီဖန်းသည် ရိုးသားဖြောင့်မတ်သည့်အပြုအမူဖြင့် ပြောလိုက်သည်။

ရှယန်ယွိ၏အခန်းက သိပ်မကြီးပေ။ သူမအား ခုတင်ပေါ်သို့ မချပေးခင်မှာ ခြေလှမ်းနှစ်လှမ်းစာလောက်သာ လျှောက်ခဲ့ရသည်။

"မီးတွေပိတ်ဦး"

ခြင်သံလေးနှင့်ဆင်လှသော ရှယန်ယွိ၏တိုးလျသော အသံမှာ ထွက်ပေါ်လာပြန်သည်။ ရွှီဖန်း ပြုံး၍ မီးပိတ်လိုက်သည်။ ထို့နောက် ကုတင်ပေါ်သို့ ခုန်ဆင်းလိုက်တော့သည်။

"ရွှီ ရွှီဖန်း"

ရှယန်ယွိက တိုးတိုးလေးအော်လာသည်။

"ဟမ် ဘာဖြစ်လို့လဲ ဘေဘီ"

ရွှီဖန်း ပြန်ဖြေလိုက်သော်လည်း သူ့လက်များကတော့ အငြိမ်မနေပေ။

ခဏအကြာမှာ ရှယန်ယွိသည် လက်များဂနာမငြိမ်လှုပ်ရှားနေသော ရွှီဖန်းအား တီးတိုးပြောလာသည်။

"ကျွန် ကျွန်မ အဆင်သင့်မဖြစ်သေးဘူး၊ နောက်တစ်ခါကျမှဆို ရမလား"

ဒါကိုကြားသည့်အခါ ရွှီဖန်း၏ခန္ဓာကိုယ်ထဲမှ တပ်မက်ခြင်းတစ်ဝက်လောက်သည် ပြေငြိမ်းသွားခဲ့သည်။

ရွှီဖန်းကတော့ ဒီလိုပင်။ သူ့လိုအင်ဆန္ဒသည် အလွန်

ပြင်းထန်နေခဲ့လျှင်တောင်မှ သူ့မိန်းကလေးက နှလုံးသားတစ်ခုလုံးဖြင့် သူမကိုယ်သူမ သူ့ဆီပေးအပ်လာရန်ကိုသာ လိုချင်မိပေသည်။

ထို့ကြောင့် ရွှီဖန်း၏လက်များ ရပ်တန့်သွားခဲ့သည်။ သို့သော် ရှယန်ယွိ၏နောက်ထပ်လုပ်ဆောင်မှုဟာ သူ့ကို အံ့သြစေခဲ့သည်။ 

"ကျွန်မ ရှင့်ကို မသက်မသာဖြစ်အောင် မလုပ်နိုင်ဘူး"

နောက်တစ်နေ့၊ မနက်စောစောအချိန်သို့ ရောက်လာလေပြီ။

ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံကြောင့် သူတို့နှစ်ယောက်စလုံး နိုးလာကြသည်။

"သခင်မလေး မစ္စတာရွှီ  အိပ်ရာမှထကြလို့ရပါပြီ၊ အပြင်မှာ ပစ္စည်းတွေပို့ဆောင်ဖို့ အချိန်ကိုရောက်လုနီးပါးဖြစ်နေပါပြီ၊ အခု ပြန်လို့ရပါပြီတဲ့"

တံခါးအပြင်ဘက်မှ အစေခံ၏အသံကို ရှယန်ယွိ တုန့်ပြန်လိုက်သည်။ ထို့နောက် ရွှီဖန်းနှင့် သူမတို့ နေရာစုံအောင် လျှောက်ပစ်ချထားသည့် အဝတ်များကို စရှာတော့သည်။

ရွှီဖန်းကတော့ အိပ်ရာပေါ်မှာလှဲရင်း သူမ၏ အဝတ်ကင်းမဲ့နေသော အဖြူရောင်ခန္ဓာကိုယ်လေးကိုကြည့်နေသည်။

"ကြည့်လို့မဝသေးဘူးလား"

ရှယန်ယွိသည် စိတ်ဆိုးဆိုးဖြင့် နှုတ်ခမ်းစူလိုက်သော်လည်း ဖုံးကွယ်ရန် မကြိုးစားခဲ့ပေ။ သူမ ရွှီဖန်းအရှေ့မှာ ပေါ်တင် ပြသနေခဲ့သည်။

ဒါဟာ သူမ၏ စိတ်နေစိတ်ထားပင်။ သူမသည် တစ်ခုခုကို ဆုံးဖြတ်ပြီးသည်နှင့် ဘယ်တော့မှ နောက်ပြန်မဆုတ်တတ်သည်မှာ ယောကျ်ားများအပေါ်တွင်လည်း အတူတူပင်။

ထို့ကြောင့် သူမဘဝအတွက် ရွှီဖန်းဆိုတာ သေချာသွားခဲ့သည့်အချိန်ကစပြီး သူမ၏အရာအားလုံးကို သူ့အား ပေးအပ်မှာပင်။

နှစ်ယောက်စလုံး အဝတ်များလဲ၍ လက်ချင်းဆုပ်ကိုင်ကာ ထွက်လာကြသည်။

ထိုအခါမှသာ ရှယန်ယွိအခန်း၏ အပြင်ဘက်မှ လမ်းတစ်လျှောက်ကို အနီရောင်ကောဇောခင်းထားမှန်း ရွှီဖန်း သတိထားမိခဲ့သည်။

ရှယန်ယွိလည်း အလားတူပင်။ သို့သော်လည်း မနေ့ညကလိုမျိုး ရှက်ရွံ့သည့်အသွင်တော့မရှိတော့ပေ။ ထိုအစား နူးညံ့သိမ်မွေ့သော အသွင်အဖြစ်သို့ ပြောင်းလဲကာ ဇနီးကောင်း၊ မိခင်ကောင်းတို့လို ပုံစံမျိုး ပြုမူနေခဲ့သည်။

ထိုအတိုင်းပင် သူတို့နှစ်ယောက်သည် လက်များတွဲလျက် ရှမိသားစုတည်ရှိရာ ချိုင့်ဝှမ်းမှ ထွက်ခွာလာကြသည်။

ချန်ဟိုင်းစားနက်ရိက္ခာအခြေစိုက်ရုံးသည် ယနေ့ကစပြီး ရွှီဖန်း၏အပိုင် ဖြစ်လာလိမ့်မည်။

ဒါကိုတွေးလျက် သူ့ဘေးမှာ နာခံမှုအပြည့်ဖြင့် ရှိနေသည့် ရှယန်ယွိကို ကြည့်ကာ ရွှီဖန်း၏ မျက်နှာပေါ်၌ အပြုံးများ ပြည့်နှက်လာတော့သည်။

All Chapters