ငါက ရှမိသားစုရဲ့ နောက်လိုက်ပဲ
Vol. 17 Ch. 243
အလွန်လျင်မြန်စွာပင် သူတို့နှစ်ယောက်စလုံး ရှမိသားစုအပြင်ဘက်ရှိ ကျောက်ပြားပေါ်သို့ ပြန်ရောက်လာသည်။ ကျောက်ပြားပေါ်တွင် အမျိုးမျိုးသော ပစ္စည်းများကို ချထားလေသည်။
"ဒါတွေလား"
ရွှီဖန်း သိလိုစိတ်ဖြင့်မေးလိုက်သည်။
ရှယန်ယွိသည် သူမ၏ ပုခုံးကို တွန့်၍ တခစ်ခစ်
ရယ်ကာ ပြောလာသည်။
"ကျွန်မ အိမ်မှာ မသုံးတော့တဲ့ အမျိုးမျိုးသော ပစ္စည်းတွေရှိတယ်လေ၊ နေ့တိုင်း မနက် ၉နာရီ ဒီနေရာကို ဖွင့်ပြီး ကျွန်မတို့မိသားစုက ၈နာရီဝန်းကျင်လောက်မှာ အကုန်ရှင်းထားကြတယ်"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။
လက်ရှိအချိန် မနက်ခင်းမြူများလည်း ပျောက်
ကွယ်သွားလေပြီ။ ရှမိသားစုသည် နှစ်ပေါင်းများစွာကြာအောင် ဘယ်လိုပုန်းကွယ်ပြီးနေထိုင်ကြလဲဆိုတာကို သူ နားလည်ခဲ့လေပြီ။
ရှမိသားစုထံသို့သွားရာ ကျောက်ပြားစင်္ကြံ၏အမိုးကိုမြေဆီလွှာနှင့် ပေါင်းပင်တချို့ဖြင့် ဖုံးအုပ်ထားသည်။ ထို့ကြောင့် အောက်သို့မရောက်မချင်း ရှမိသားစုကို သတိထားမိမည်မဟုတ်ဘဲ အောက်ကို ရောက်သွားခဲ့လျှင်တောင် အပြင်ပြန်ထွက်ရန် ခက်ခဲပေလိမ့်မည်။
ရှယန်ယွိ၏ဒရိုက်ဘာသည် သူတို့ရောက်လာချိန်တွင် ကြိုရောက်နှင့်နေပြီးသား ဖြစ်နေ၏။
"ရှင် ဘယ်သွားမှာလဲ ကျွန်မ လိုက်ပို့ပေးမယ်၊ ပြီးတော့ ခဏပဲစောင့်ပါ ကျွန်မ ရှရှီက ပင်မရုံးမှာ ပိုက်ဆံထုတ်ပြီးရင် ရှင့်ကိုပေးမယ်"
ကားပေါ်သို့ရောက်ပြီးသော် ဒရိုက်ဘာ၏အရှေ့မှာ ဖြစ်တာကြောင့် ရှယန်ယွိသည် သန်မာသော အမျိုးသမီးအသွင်အဖြစ်သို့ ပြန်ပြောင်းသွားလေသည်။
ရွှီဖန်း ပုခုံးတွန့်၍
"ဒါဆို စစ်တပ်ကိုပဲ ပို့ပေး"
ကားစမောင်းကတည်းက ရွှီဖန်းသည် ပြတင်းပေါက်အပြင်ကိုသာ ကြည့်နေခဲ့သည်။
"ဘာဖြစ်နေတာလဲ"
ရွှီဖန်း၏ဘေးမှာထိုင်နေသော ရှယန်ယွိသည် သိလိုစိတ်ဖြင့် မေးလိုက်မိသည်။ သို့သော် သူမမေးပြီးသည်နှင့် ရွှီဖန်းလက်က သူမလက်ကို ဆုပ်ကိုင်လာသည်။
ရှယန်ယွိ၏မျက်နှာမှာ နီရဲသွားပြီး ဒရိုက်ဘာကို ကြည့်လိုက်မိသည်။ ဒရိုက်ဘာက ကားမောင်းရန်သာ အာရုံစိုက်နေမှန်း တွေ့လိုက်ရသည့်အခါမှသာ သူမ စိတ်သက်သာရာရသွားခဲ့သည်။
"ဘာမှမဟုတ်ပါဘူး၊ ဒီအတိုင်း မင်းရဲ့အိမ်ကနေ ထွက်လာပြီးကတည်းက ဘဝတစ်မျိုးပြောင်းသွားသလို ခံစားရလို့"
ရွှီဖန်းသည် ပုခုံးတွန့်၍ ရယ်မောမိသည်။
"တစ်ကယ်တော့ မင်း အဲ့ဒီမိသားစုမှာ မနေချင်ဘူး ဟုတ်တယ်မလား"
ရှယန်ယွိ ခေါင်းခါယမ်း၍ နူးညံ့စွာ ပြန်ဖြေလိုက်သည်။
"ဒီလိုပြောလို့တော့မရဘူးလေ၊ အိမ်မှာနေရတဲ့ခံစားချက်ကို ကျွန်မ မကြိုက်ပေမယ့် ဘယ်သူကမှလည်း သူတို့ ဘယ်လိုမွေးဖွားမလဲဆိုတာကို ဆုံးဖြတ်လို့မရဘူးလေ၊ ဘာပဲဖြစ်ဖြစ် အခုလိုမွေးဖွားလာရတော့လည်း ရှင့်ကို ကူညီနိုင်တာပေါ့"
ရှယန်ယွိ၏မျက်လုံးထဲမှ ကြင်နာသိမ်မွေ့မှုကို ကြည့်မိရင်း ရွှီဖန်း၏ နှလုံးခုန်သံမှာ မှားယွင်းသွားခဲ့သည်။ သူမအား သူ့ရင်ခွင်ထဲ ဆွဲသွင်းပစ်လိုက်သည်။
အံ့သြစရာမှာ ရှယန်ယွိသည် မခုခံခဲ့ပေ။ သူမသည် ရွှီဖန်း၏ ရင်ဘတ်ပေါ် ခေါင်းလေးမှီရင်း မြန်ဆန်နေသော နှလုံးခုန်သံကို နားထောင်နေလေသည်။
တစ်ချိန်တည်းမှာပင် ရွှီဖန်းမျက်လုံးများကလည်း ဆုံးဖြတ်ချက်ချထားသလို ဖြစ်လာသည်။ တစ်ကယ်တော့ ရှမိသားစုထဲသို့ သူ ဝင်ရောက်ပြီးကတည်းက နှလုံးသားအောက်ခြေထဲကနေ စိတ်ရှုပ်ထွေးမှုကို သူ ခံစားခဲ့ရသည်။
ရွှီဖန်းဖြတ်သန်းလာခဲ့သည့် ခရီးတစ်လျှောက်လုံးမှာ တစ်ကယ်ကို ချောချောမွေ့မွေ့ဖြစ်ခဲ့လေရာ သူ့ကို တိုက်တွန်းပေးနေမည့် အရင်းခံအကြောင်းက မရှိခဲ့ပေ။
သို့သော် ဤအခိုက်အတန့်မှာ သူ့လက်မောင်းထဲ၌ လှဲနေသော ရှယန်ယွိကိုကြည့်လျက် ချိုးဆုအာ၊ ဝူယွီရွှမ်းနှင့် တခြားလူများကို တွေးရင်း ထပ်ရုန်းကန်ရဦးမည်ဟူသော ခံစားချက်ကို ရုပ်ချည်းရရှိခဲ့သည်။
မှန်ပေသည်၊ သူတစ်ယောက်တည်းမဟုတ်ပေ။ သူ အင်အားကြီးလာမည့်အချိန်ကို စောင့်နေသည့်လူများစွာရှိ၏။
လမ်းတစ်လျှောက်၌ သူတို့စကားတစ်ခွန်းမှ မဆိုဖြစ်ခဲ့ကြဘဲ သူတို့ကြား၌ နွေးထွေးမှုလေးတစ်ခုသာ ရှိနေခဲ့သည်။
မကြာခင်မှာပင် စစ်တပ်၏ဂိတ်ပေါက်သို့ ရောက်ရှိလာသည်။
"အမ်...အာ ဥက္ကဌ၊ မစ္စတာရွှီ ကျွန်တော်တို့ ရောက်ပါပြီ"
ဒရိုက်ဘာသည် နောက်လှည့်ကြည့်လိုက်ရာ ရွှီဖန်းနှင့် ရှယန်ယွိတို့ မျက်လုံးမှိတ်ပြီး တစ်ယောက်နှင့်တစ်ယောက်ဖက်ထားကြသည်ကိုတွေ့လိုက်ရသည်။ သူနေရခက်စွာဖြင့် အသိပေးခဲ့ရသည်။
အချိန်ခဏကြာပြီးနောက်မှာ ရှယန်ယွိသည် မျက်လုံးများဖွင့်၍ ရွှီဖန်း၏ပွေ့ဖက်ထားမှုမှ ရုန်းထွက်ခဲ့သည်။ ထို့နောက် သူမ၏ ရှုပ်ပွနေသော ဆံပင်များကို ပြန်ပြင်ခဲ့သည်။
သူမ ရွှီဖန်းကို ထု၍
"ဆင်းတော့၊ ရှင့်အလုပ်အောင်မြင်ပါစေလို့ ဆုတောင်းပေးတယ်နော်"
"မင်း နာမည်ထည့်ဖို့ လိုသေးတယ်၊ ကိုယ့်ကို ယောကျ်ားလို့ခေါ်"
ရွှီဖန်းလည်း မျက်လုံးဖွင့်လာကာ ရှယန်ယွိကို အပြုံးဖြင့် ပြောလာသည်။
"အင်း...ယောကျ်ား"
ရှယန်ယွိသည် သူမခေါင်းလေးကို ကြုံ့၍ မဝံ့မရဲခေါ်လာသည်။
ရှယန်ယွိ၏ ထိုပုံစံလေးကိုကြည့်ရင်း ရွှီဖန်းတစ်
ယောက် အမြန် ကားတံခါးကိုဖွင့်ကာ ထွက်လာခဲ့ရသည်။
သူ အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ဝူမင်ကို ခေါ်
လိုက်သည်။
"ဟယ်လို ဒေါက်တာရွှီ ကိစ္စရှိလို့လား"
"အရေးတကြီးတော့မဟုတ်ပါဘူး၊ ကျွန်တော်အခု စစ်တပ်ရဲ့ဂိတ်ဝကို ရောက်နေတာ ဝင်ခွင့်ပေးပါဦး၊ ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးစရာရှိတယ်"
ရွှီဖန်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ဝူမင်ကတော့ သူ့ကို စပြီး သံသယဝင်နေသည့် ပုံပင်။
"အိုခေ ခဏစောင့်"
ဝူမင်သည် ဖုန်းချပြီးနောက် လုံခြုံရေးအစောင့်ခန်းကို ဖုန်းမခေါ်ခဲ့ပေ။ ထိုအစား တခြားတစ်ယောက်ကို ဖုန်းခေါ်ခဲ့သည်။
"ဟေး စုံစမ်းတာ အခြေအနေ ဘယ်လိုလဲ"
ဆက်သွယ်မှု ချိတ်ဆက်သွားသည့်အချိန် ဝူမင်သည် အေးစက်စွာ မေးလိုက်သည်။
"ခေါင်းဆောင်ကို တင်ပြပါတယ်၊ ရွှီဖန်းမိသားစုနဲ့ပတ်သက်တဲ့အရာအားလုံးကတော့ သာမန်ပါပဲ၊ ကျွန်တော့်ညီအစ်ကိုတွေကိုလွှတ်ပြီး တခြားစီးပွားရေးလုပ်ငန်းတွေကို စုံစမ်းခိုင်းခဲ့ပေမယ့် အရေးကြီးတာတော့ မရှိပါဘူး၊ သူ့ကြက်ခြံမှာပဲ ပြဿနာတချို့ရှိတာ၊ အထဲမှာ ခွေးဆိုးခုနစ်ကောင်ရှိတယ်၊ ကျွန်တော့်ညီအစ်ကို တစ်ဒါဇင်ကျော်လောက်က အကိုက်ခံခဲ့ရတယ်"
"ငါ့အမိန့်ကိုစောင့်နေပါ၊ စုံစမ်းမှုကို ခဏရပ်ထား"
"ဟုတ်ကဲ့"
ဖုန်းထဲကနေ ထိုသတင်းကို ကြားသည့်အခါ ဝူမင်အံ့သြသွားခဲ့သည်။ ရွှီဖန်းသည် မရိုးရှင်းဘူးဟု ထင်ရပေသည်။ သူလွှတ်လိုက်သော တပ်ဖွဲ့သည် ကောင်းမွန်စွာ လေ့ကျင့်ခံထားရသောတပ်သားများဖြစ်သော်လည်း ရွှီဖန်း မွေးမြူထားသည့် ခွေးများကိုက်ခြင်းကို ခံခဲ့ရသည်။
သို့သော် ဝူမင်သည် ရွှီဖန်းမွေးမြူထားသော ခွေးများက သာမန်ခွေး မဟုတ်ဘူးဟု ထင်ခဲ့သော်လည်း ကောင်းကင်နတ်ခွေးမှ ဆင်းသက်လာသည့် ခွေးများဟုတော့ မထင်ခဲ့ပေ။ တစ်ကယ်တော့ ရွှီဖန်းကိုယ်တိုင် ပြောပြခဲ့လျှင်တောင်မှ သူယုံမည်မဟုတ်ပေ။
ဝူမင်သည် လုံခြုံရေးအစောင့်ခန်းသို့ ဖုန်းဆက်ကာ ဝင်ခွင့်ပြုလိုက်ရန် ပြောခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ ရွှီဖန်းကို ဘယ်လိုစကားပြောသင့်လဲဆိုပြီး စဥ်းစားနေခဲ့သည်။
ရွှီဖန်းသည် ဝူမင်၏နောက်ခံဖြင့် လျို့ဝှက်မိသားစုများအကြောင်းကို ကြားဖူးလိမ့်မည်ဟု ယုံပေသည်။ ထိုအချိန်ကျ သူသည် ရှမိသားစု၏ နောက်လိုက်
ဖြစ်သည်ဟု ပြောပြကာ သူတတ်မြောက်သမျှ အရာအားလုံးကို ရှမိသားစုမှ သင်ပေးခဲ့သည်ဟု ပြော၍ရပေသည်။ ထိုနည်းဖြင့် ရှမိသားစုသည် သူ့ကို စုံစမ်းနေသော ဝူမင်လက်ထဲမှ ကယ်တင်ပေးနိုင်လိမ့်မည်။
သို့နှင့် သူတို့နှစ်ယောက် ဆုံကြတော့သည်။
"အိုး ဒေါက်တာရွှီ ဒီကို ပြန်ရောက်လာတာပဲ"
ရုံးခန်းထဲဝင်လာသည့် ရွှီဖန်းကို မြင်သည့်အခါ ဝူမင် ပြုံး၍ ပြောလိုက်သည်။
"ဟေး ခေါင်းဆောင်ဝူက နောက်နေတာပဲ၊ ကျွန်တော့်ကိုယ်ခံပညာက ရှမှာတောင်...အာ ဘာမှမဟုတ်တော့ပါဘူး"
ရွှီဖန်းသည် လျှာချော်သွားသလို ဟန်ဆောင်ကာ ဝူမင်ကို အတွေးများအောင်လုပ်ခဲ့သည်။
"ဟမ်..ရှ ဘာဖြစ်လဲ"
ဝူမင်သည် အံ့သြသွားပြီး မေးလိုက်မိသည်။
ဝူမင် မျက်မှောင်ကြုတ်ထားသည်ကို ကြည့်ပြီး ရွှီဖန်း စိတ်ထဲ၌ ရယ်လိုက်မိသည်။ ဤဝူမင်သည် ထက်မြက်သော်လည်း အလွန်တည့်တိုးဆန်ကာ ရိုးစင်းပြီး လွယ်လွယ်ကူကူ လမ်းကြောင်းလွဲသွားတတ်သည်။
"အင်း ထားပါတော့"
ရွှီဖန်းသည် သူ့ခန္ဓာကိုယ်ကို ဖြောင့်တန်းစွာထား၍ ဝူမင်အား ဆန်းကြယ်စွာ ကြည့်လျက် ပြောလိုက်သည်။
"ခေါင်းဆောင်ဝူ ခင်ဗျား လျို့ဝှက်မိသားစုအကြောင်း ကြားဖူးလား၊ ကျွန်တော်က ရှမိသားစုရဲ့ နောက်လိုက်တစ်ယောက်ပဲ"
ရွှီဖန်း၏စကားကြောင့် ဝူမင်အံ့အားသင့်သွားခဲ့သည်။
********************