← Chapters

ဖမ်းဆီးခံရခြင်း

Vol. 17 Ch. 244

ဖမ်းဆီးခံရခြင်း

Vol. 17 Ch. 244

လျို့ဝှက်မိသားစုဆိုသည်မှာ ဝူမင် မကြားရတာ ကြာလှရှိပြီဖြစ်သည့် အမည်နာမတစ်ခုပင်။ သို့သော် ၎င်းသည် သူ စစ်တပ်ထဲဝင်ပြီးနောက် ယန်ကျင်းမြို့ပျက်စီးမှုတွင် သူဝင်ပါခဲ့သည့် အဖြစ်အပျက်ကို အတိအကျ ပြန်သတိရစေသော ကိစ္စရပ်ဖြစ်သည်။

ထိုအချိန်တုန်းက ကောင်းကင်ကိုတောင် လှုံ့ဆော်

နိုင်သည့် ကိုယ်ခံပညာရပ်အမျိုးမျိုးနှင့် မန္တန်တချို့အား ဝူမင် စွဲမှတ်မိခဲ့ပေသည်။

သူ့မိသားစုမှ လူအိုကြီးသည် အဆိုပါကိစ္စနှင့် စပ်လျဥ်း၍ ဘာတစ်ခွန်းမှ မပြောပြခဲ့သော်လည်း အချိန်

ကြာမြင့်စွာ သူ လျို့ဝှက်စုံစမ်းခဲ့ပြီးနောက် ရှမိသားစုသည် လျို့ဝှက်မိသားစုထဲမှ ဖြစ်သည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

တစ်ချိန်တည်းမှာပင် ဘယ်သူကမှလည်း သူ့ကို မရှင်းပြခဲ့တာကြောင့် လျို့ဝှက်မိသားစုကို ဖျက်ဆီးရန် ကြိုးပမ်းသူတွေထဲ သူပါဝင်ခဲ့သည်။ ထို့ကြောင့် ဝူမင်၏စိတ်ထဲတွင် လျို့ဝှက်မိသားစုသည် သေချာပေါက် နိုင်ငံတော်၏ ရန်သူဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။

သို့နှင့် ရွှီဖန်းစကားကို ကြားသည့်အခါ ဝူမင်သည် ခဏတာအံ့သြသွားပြီးနောက် မျက်မှောင်ကြုတ်၍ အေးစက်စွာ ပြောလိုက်သည်။

"ရွှီဖန်း မင်း ဘာအကြောင်းပြောနေတယ်ဆိုတာရော သိရဲ့လား"

ရွှီဖန်းလည်း ခဏအံ့သြသွားပြီးနောက် ပြောလိုက်သည်။

"ဘာကိုဆိုလိုတာလဲ၊ ကျွန်တော်က ရှမိသားစုရဲ့နောက်လိုက်လေ"

"ကောင်းတယ်! မင်းမှာ သတ္တိရှိတာပဲ!"

ဝူမင်က အော်သည်။

"အစောင့်တွေလာစမ်း တစ်ယောက်ယောက်လာပြီး သူ့ကို စစ်ဆေးမေးမြန်းခန်းထဲကို ခေါ်သွားလိုက်!"

ရွှီဖန်း အံ့သြသွားတော့သည်။ သူ ဘာမှမတုံ့ပြန်ရသေးခင် ပြေးဝင်လာသည့် တပ်သားအစောင့်နှစ်ယောက်

က သူ့ကို ပိတ်ထားကြလေသည်။

"ဝူမင် ခင်ဗျား ဘာစောက်ကျိုးနည်းတွေ လာလုပ်နေတာလဲ!"

ရွှီဖန်း အော်ပြောလိုက်သည်။

ဝူမင်သည် ရွှီဖန်းအား အေးစက်စွာ ကြည့်၍

"မင်းသိထားတာတွေ ငါ့ကိုပြောဖို့ပဲ မှတ်ထားလိုက်စမ်းပါ"

ထို့နောက် ချက်ချင်းပင် ခေါင်းကိုမော့၍ စစ်သားနှစ်ယောက်ကို ပြောလိုက်သည်။

"သူ့ကို တင်းတင်းကြပ်ကြပ် စစ်ဆေးဖို့မှတ်ထား၊ လျို့ဝှက်ရှမိသားစုအကြောင်း သူအကုန် ရှင်းပြလာအောင် မင်းတို့လုပ်ရမယ်၊ ငါ ပြီးမှကြီးကြပ်ဖို့ လာခဲ့မယ်"

"ဟုတ်ကဲ့ ခေါင်းဆောင်"

စစ်သားနှစ်ယောက်သည် ဝူမင်အား စည်းစနစ်ကျစွာ ဖြေဆိုပြီး ရွှီဖန်းကို ချုပ်ကာ ထွက်ခွာလာခဲ့သည်။

လမ်းတစ်လျှောက်မှာ ဝူမင် ဘာတွေလုပ်နေတာလဲဆိုတာကို ရွှီဖန်း နားမလည်ခဲ့ပေ။ လျို့ဝှက်မိသားစုသည် စစ်တပ်နှင့်ချိတ်ဆက်ထားကြောင်း အဘိုးရှက ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။ ဝူမင် မသိတာ ဖြစ်နိုင်မလား။

"မင်းတို့နှစ်ယောက် အာရုံစိုက်ထားစမ်းပါ ငါ့ကို အရမ်းလာမတွန်းနဲ့!! မင်းတို့ ငါ့ကို အထင်သေးနေတာလား!!"

သူ့လက်အား လက်ထိပ်ခတ်ထားသည်ကို ခံစားမိကာ ရွှီဖန်းအေးစက်စွာ ပြောလိုက်သည်။ သူ့စကားကြောင့် စစ်သားနှစ်ယောက်သည် ပို၍ပင် သူ့အား တင်းကြပ်စွာ ညှစ်လာကြသည်။

"ငါ မင်းတို့ကို မျက်နှာသာပေးပြီးပြီ"

ရွှီဖန်း နှာမှုတ်လိုက်ကာ သူ့ခွန်အားကို တိတ်တဆိတ်စုရင်း စစ်သားနှစ်ယောက်၏လက်ကို ဆွဲလိုက်သည်။

"ကောင်းပြီ...ငါ့ကိုအခုလမ်းပြတော့"

စစ်သားနှစ်​ယောက်လုံးသည် နာကျင်မှုကို ခံစားခဲ့ရသည့်အခါ နှစ်ယောက်ထဲမှ တစ်ယောက်သည် ရွှီဖန်းအား လမ်းကို ညွှန်ပြလိုက်သည်။ ထိုလူက အတော်လေး ဉာဏ်ထက်သည်ဖြစ်ရာ ဝူမင်နှင့် ရွှီဖန်းတို့ စစချင်းမှာ ညီအစ်ကိုတွေဖြစ်ကြမှန်း သူသိပေသည်။ ဝူမင် စီရင်ချက်မချခင်အထိ သူ ရွှီဖန်းကို စိတ်အနှောင့်အယှက် သိပ်မပေးရဲချေ။

သို့သော်ငြား တစ်ခြားတစ်ယောက်က မတူပေ။ သူကတော့ ရွှီဖန်းအား စီရင်ချက်ချခံရပြီးသည့်လူလို ကြည့်နေသည်။

စစ်ဆေးမေးမြန်းခန်းသို့ သွားရာလမ်းဖြစ်သော ကော်ရစ်တာတွင် ဘယ်တခြားလူမှ ဤအဖြစ်အပျက်ကို မမြင်လိုက်သော်လည်း ထိုစစ်သားသည် ရှက်ရွံ့မှုကို ခံစားရဆဲဖြစ်ရာ ရွှီဖန်းကို အော်လိုက်သည်။

"သွားစမ်း...မင်း ကောင်းကောင်းမသွားရင် ငါပစ်လိုက်မှာ!"

ပြောပြီးသည်နှင့် ထိုစစ်သား၏လက်က သေနတ်ကို ကိုင်ထားပြီးလေပြီ။

ရွှီဖန်းက လုံးဝမကြောက်ပေ။ ထိုအစား သူ့ခေါင်းကို သေနတ်ရှိရာသို့ ဆန့်ထုတ်၍

"လာလေ ပစ်လိုက်!"

မူလကတော့ ရွှီဖန်းသည် ဤစစ်သားများအပေါ် လေးစားမှုရှိပြီး လွယ်ကူစွာ ပေါင်းသင်းဆက်ဆံပေးခဲ့သည်။ သို့သော် ဝူမင်သည် အဓိပ္ပာယ်ကင်းမဲ့စွာဖြင့် စစ်သားများအား သူ့ကို ဖမ်းခိုင်းခဲ့သည်။ မည်သူမဆို ပျော်ရွှင်မည်မဟုတ်ပေ။ 

ရွှီဖန်းမှ ခေါင်းဆန့်ထုတ်လာသည့်အခါ ထိုစစ်သားက ရပ်တန့်သွားသည်။ အားလုံးသိကြသည့်အတိုင်း သူတို့ဟာ စစ်တပ်အဆောက်အဦးတွင် ရှိနေခဲ့သည်။ သူသာ ခွင့်ပြုမိန့်မရဘဲ ပစ်ခဲ့ပါက သူ့ဘဝတစ်လျှောက်လုံး တရားရုံးတွင်သာ ဖြတ်သန်းရလိမ့်မည်။

ထိုစစ်သားမှ စကားပြောတာရပ်ပြီး ရှက်ရွံ့နေသည်ကို မြင်သည့်အခါ သူ့ဘေးမှ ရွှီဖန်းကို လမ်းညွှန်ပြခဲ့သည့် စစ်သားသည် အလျှင်စလိုပြောလိုက်သည်။

"မေ့လိုက်တော့ မေ့လိုက်တော့ စစ်ဆေးမေးမြန်းခန်းကိုပဲ ခေါ်သွားလိုက်တော့"

လှေကားကို မြင်သည့်အခါ ထိုစစ်သားသည် ထပ်ပြီး မတိုက်ခိုက်တော့ပေ။ သူ မကျေမနပ်အကြည့်ဖြင့် ပြောလိုက်သည်။

"စစ်ဆေးမေးမြန်းခန်းထဲကို ငါတို့ရောက်မှ မင်း အဆိုးကြုံရမယ်မှတ်"

ရွှီဖန်း ဂရုမစိုက်စွာ ပုခုံးတွန့်လိုက်သည်။ မကြာခင် ဒီကိစ္စ ပြီးဆုံးသွားလိမ့်မည်။

ထိုအခိုက်အတန့်မှာ ဝူမင်သည် သူ့ရုံးခန်းထဲ၌ အဖေဖြစ်သူကို ဖုန်းခေါ်နေသည်။ 

သူ့မျက်လုံးထဲတွင်မူ သူလျှိုဖြစ်သော ရွှီဖန်းအား လွယ်လွယ်ကူကူ ဖမ်းဆီး၍ မရချေ။ ထို့ကြောင့် သဘာဝကျစွာပင် အဖေဖြစ်သူထံမှ ခွင့်ပြုချက်တောင်းခံရမည်။

"ဟယ်လို ဘာကိစ္စလဲ"

သူ့အဖေလူအိုကြီး၏ အသံကိုကြားသည့်အခါ ဝူမင်

ရယ်၍ ပြောလိုက်သည်။

"အဖေ အိုး မဟုတ်...ဗိုလ်မှူး ကျွန်တော် ဒီနေ့ သူလျှိုအကြီးစားကို ဖမ်းမိထားတယ်၊ ကျွန်တော် တစ်ခုခု မှတ်ထားရမှာ ရှိလား"

"အိုး သူလျှိုလား၊ ငါသိတဲ့လူလား...ဘယ်အဖွဲ့ကလဲ"

သားဖြစ်သူပြောပြသည်ကိုကြားသောအခါ ဗိုလ်မှူးသည် ချက်ချင်း စိတ်ဝင်စားသွားပြီး မေးလိုက်သည်။ သူ့သားသည် ကောင်းမွန်သည့်မစ်ရှစ်များ လုပ်နေခဲ့တာ ကြာပြီဖြစ်သော်လည်း ရာထူးတိုးပေးနိုင်မည့် အကြောင်းအရင်းကြီးကြီးမားမားတော့ မရှိသေးပေ။ ဒါကြောင့် သူ အလွန် စိတ်လှုပ်ရှားခဲ့သည်။ 

"ကျွန်တော်တို့စစ်တပ်နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိခဲ့တဲ့ ရွှီဖန်းကို မှတ်မိတယ်မလား"

ဝူမင် အပြုံးဖြင့် ပြောလိုက်သည်။

ထိုနာမည်ကို ကြားသည့်အခါ ဗိုလ်မှူးဝူ အံ့သြသွားခဲ့သည်။ ဒါ မဖြစ်သင့်ပေ။ ရွှီဖန်းသာ သူလျှိုဆိုလျှင် ဘာကြောင့် စစ်တပ်ကို ကောင်းမွန်သည့်ဆေးဝါးများ ထောက်ပံ့ပေးမည်နည်း။

ထို့နောက် ဗိုလ်မှူးဝူသည် သူသား၏ မဆင်မခြင်

လုပ်တတ်သော စိတ်နေစိတ်ထားကို သတိရမိပြီး ချက်ချင်းမေးလိုက်သည်။

"ငါ ရွှီဖန်းကို သိတယ်၊ သူက ဘယ်လိုလုပ်ပြီး သူလျှိုဖြစ်လာတာလဲ၊ သက်သေရှိရဲ့လား"

သူ့အဖေမှ ထိုမေးခွန်းမေးလာသည်ကို ဝူမင်ကြားသည့်အခါ ဂုဏ်ယူစွာ ပြောလိုက်သည်။

"သက်သေက သူကိုယ်တိုင် ကျွန်တော့်ဆီဝန်ခံသွားတာ"

"ကိုယ်တိုင်ဝန်ခံတာလား၊ ဘယ်အဖွဲ့အစည်းကလဲ၊ သူ့ရည်ရွယ်ချက်က ဘာလဲ"

ဗိုလ်မှူးအိုကြီး အံ့သြသွားခဲ့သည်။ သူလျှိုက သူကိုယ်သူ သူလျှိုဆိုပြီး ဝန်ခံခဲ့တယ်ပေါ့လေ။

"အမ်...ဗိုလ်မှူး လျို့ဝှက်မိသားစုကို မှတ်မိသေးတယ်မလား၊ ကျွန်တော် လျို့ဝှက်မိသားစုစစ်ပွဲမှာ ပါဝင်ခဲ့သေးတယ်၊ ဒီရွှီဖန်းက လျို့ဝှက်ရှမိသားစုထဲကပဲ"

ဝူမင် စကားပြောလို့မပြီးခင်မှာ ဗိုက်မှူးဝူ၏ မျက်လုံးများ ပြူးကျယ်လာပြီး ဟိန်းဟောက်တော့သည်။

"လျို့ဝှက်မိသားစုလား၊ မင်း လျို့ဝှက်ရှမိသားစုကလူကို ဒီလိုပဲဖမ်းလိုက်တယ်ပေါ့လေ!!"

"အာ ဟုတ်ပါတယ်၊ လျို့ဝှက်မိသားစုတွေက သစ္စာဖောက်သူတွေဆိုပြီး အဖေ မပြောခဲ့ဘူးလား"

ဝူမင် ကသိကအောင့် ပြောလိုက်မိသည်။

"ငါက သောက် ယန်ကျင်းကိုပဲ ပြောတာကွ!! မြန်မြန် မြန်မြန် မြန်မြန် သူကို တောင်းပန်လိုက်၊ ငါ အခုပဲ လာခဲ့မယ်၊ သူ မင်းကို ခွင့်မလွှတ်ဘူးဆိုရင် တပ်သားစုဆောင်းရေး ခေါင်းဆောင်လုပ်မနေနဲ့တော့! ငါ မင်းကို တပ်ရင်းကိုပဲ ပြန်ပို့ပစ်မယ်!!!"

ဗိုလ်မှူးဝူသည် ဒေါသဖြင့် ဟိန်းဟောက်လာကာ သူ၏ရိုင်းပျသောအမူအရာပင် ပေါ်ထွက်လာခဲ့သည်။

ဝူမင်လည်း အမြန်ဖုန်းချလိုက်သည်။ သူ့အဖေ၏စကားများနှင့် ရွှီဖန်း၏ စိတ်ဆိုးနေသော မျက်နှာကို ပြန်တွေးမိကာ သူတော့ အခု အမှားလုပ်မိပြီမှန်း သိသွားခဲ့သည်။

******************

All Chapters