← Chapters

လိုချင်သောအချက်

Vol. 17 Ch. 245

လိုချင်သောအချက်

Vol. 17 Ch. 245

ဝူမင်သည် လျို့ဝှက်မိသားစုအကြောင်း သူ ရှင်းလင်းစွာ မသိရသေးသော်လည်း အဖေဖြစ်သူ၏အသံအရ သူ ဒီတစ်ကြိမ် ဒုက္ခမွှေလိုက်ပြီးမှန်း သိလိုက်သည်။

အသက်ပြင်းပြင်းရှူသွင်းရင်း ဝူမင်သည် သူ့လက်အား ရှက်ရွံ့စွာ ပွတ်နေမိသည်။ ထို့နောက် ဖုန်းကောက်ကိုင်ကာ စစ်ဆေးမေးမြန်းခန်းကို ခေါ်ရန် ပြင်လိုက်သည်။ သို့သော် ခဏတာတွေးပြီးနောက် သူကိုယ်တိုင်သွားရန် ဆုံးဖြတ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဗိုက်မှူးဝူကလည်း သူ့ကိုယ်ပိုင်ကားဖြင့် ထွက်လာနေသည်။ ဝူမင်မှ ရှင်းရှင်း လင်းလင်းမသိထားသော်လည်း သူကတော့ သိထား၏။ ရှမိသားစုသည် လျို့ဝှက်မိသားစုထဲ လက်ရှိအားနည်းနေသော်လည်း သူတို့အင်အားက အလွန် သန်မာနေတုန်းပင်။

နှစ်တိုင်းနှစ်တိုင်း သူတို့သည် စစ်တပ်ကို တစ်ယောက်ယောက်လွှတ်ကာ ကိုယ်ခံပညာသင်ကြားပေးလေသည်။ သို့သော် ဒါတင်မကဘဲ ချန်ဟိုင်းစစ်တပ်ချုပ်ရုံး၏ ခက်ခဲသော မစ်ရှစ်များကိုလည်း ရှမိသားစုသည် ဆန္ဒအလျောက် ဆောက်ရွက်ပေးလေသည်။ ဒါ့အပြင် စစ်တပ်၏ ထိပ်တန်းဆေးဝါးတွေကိုလည်း ရွှီဖန်း ထောက်ပံ့ပေးထားသည်ဆိုတာကို သူမှတ်မိနေ၏။

ထိုအခိုက်အတန့်တွင် ရွှီဖန်းကတော့ စစ်ဆေးမေးမြန်းခန်းတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ စစ်သားနှစ်ယောက် သူ့ကို ဘာတွေပဲ မေးနေခဲ့ပါစေ သူနားမထောင်ခဲ့ပေ။

"ဟေး ငါ မင်းကိုပြောမယ်၊ မင်း ငါတို့နဲ့ အခု ရန်ဖြစ်ဖို့ ရွေးချယ်ချင်နေလည်း ရတယ်၊ ခေါင်းဆောင် လာပြီး စစ်ဆေးလို့ကတော့ မင်းသေမှာ"

နောက်ဆုံးမှာ ရွှီဖန်း၏ ဆန့်ကျင်ဘက်တွင်ထိုင်နေသော စစ်သားသည် သည်းမခံနိုင်တော့ဘဲ အော်လာသည်။

စစ်ဆေးမေးမြန်းခန်းထဲ၌ စောင့်ကြည့်ရေးစနစ်သာ မပါရှိပါက ထိုမထီလေးစားကောင်အား ရိုက်ပစ်ချင်မိသည်။

သို့သော် ရွှီဖန်းလည်း စိတ်ရှည်ရန် အသဲအသန်ကြိုးစားထိန်းနေရမှန်း သူမသိပေ။ အခုလို ရယ်စရာကောင်းသည့်အခြေအနေမျိုးအား သူ သည်းမခံနိုင်ပေ။

နှစ်ဖက်စလုံးတိတ်ဆိတ်နေသည့်အချိန် ဝူမင်က လျှောက်ဝင်လာသည်။ 

"ခေါင်းဆောင်ဝူ သူက ဘာမှပြောဖို့ ဆန္ဒမရှိဘူး"

ဝူမင် ဝင်လာသည့်အခါ ခုနလေးတင်မှ ရွှီဖန်းကိုပြောနေသည့် စစ်သားလည်း မတ်တပ်ရပ်၍ ပြောလိုက်သည်။ သို့သော် ထိုအချိန်၌ ဝူမင်၏စိတ်ထဲရှုပ်ထွေးနေကာ သူ့ကိုယ်သူသာ ဂရုစိုက်နိုင်သေး၏။

ဝူမင်သည် ထိုစစ်သားအား လျစ်လျူရှု၍ အကာအရံဖြင့် ပိုင်းခြားထားသည့် ရွှီဖန်းရှိရာအခန်းသို့ လျှောက်ဝင်သွားလိုက်သည်။

"အာ...ညီအစ်ကိုရွှီ ဒီအစ်ကိုက အဆင်အခြင်မဲ့သွားပါတယ်၊ ဒါ ငါ့အမှားပါ၊ မင်းကို တောင်းပန်ဖို့ အခွင့်အရေးပေးနိုင်မလား"

ဝူမင်သည် အထဲဝင်ပြီးနောက် တစ်စုံတစ်ယောက်အား တောင်းပန်သကဲ့သို့ ချက်ချင်းပြုမူခဲ့သည်။ 

စစ်သားနှစ်ယောက်သည် မျက်လုံးများ ပြူးကျယ်စွာ ဖွင့်ရင်း ကြည့်မိလိုက်ကြသည်။ ဒါ အခု ဘယ်ကမ္ဘာကို ရောက်သွားတာလဲ။

"ခေါင်းဆောင်ဝူ ကိစ္စတွေကို စုံစမ်းစစ်ဆေးပြီးရင်

လည်း ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြန်လွှတ်ပေးပါ၊ ဖော်မြူလာတွေကိုတော့ ထပ်မတွေးပါနဲ့တော့၊ ဒီနေ့ကစပြီး ကျွန်တော် စစ်တပ်နဲ့ ပူးပေါင်းခဲ့တာကို ရပ်ဆိုင်းပါမယ်၊ ရှရှီက ခင်ဗျားတို့ကိုပေးထားတဲ့ ကုသဆေးအတွက်တော့ ကျွန်တော် မှတ်မိရသလောက် ပထမစာချုပ်က သုံးလသက်တမ်းထင်တယ်၊ သုံးလပြီးရင် ကျွန်တော်တို့ ထပ်ပြီး စာချုပ်ပြန်ချုပ်မှာ မဟုတ်ဘူး"

ရွှီဖန်း အေးစက်စွာ ပြောလိုက်သည်။ ရှယန်ယွိသည် အခု သူ့လူ ဖြစ်သွားပြီဖြစ်ရာ ရှရှီ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြောရေးဆိုခွင့်ရှိနေလေပြီ။

ရွှီဖန်း ထိုသို့ပြောလာသည့်အခါ ဝူမင်၏ခေါင်းမှာ တင်းကြပ်သွားတော့သည်။ မှန်ပေသည်။ သူ ဒါကို မေ့နေခဲ့တာပင်။ သူကတော့ သူ့ကိုယ်သူ ဒုက္ခရောက်အောင် လုပ်မိလေပြီ။

"အာ...ဒါက ရွှီဖန်း  မင်း စစ်တပ်အရင်းအမြစ်နောက်ခံကို မလိုချင်တော့ဘူးလား"

ဝူမင် ဂရုတစိုက်မေးမိသည်။ ဒီအရာက ရွှီဖန်း၏ခေါင်းကို ပြန်လှည့်စေလိမ့်မည်ဟု သူမျှော်လင့်ပေသည်။

"မလိုဘူး၊ ပြန်ရောက်ရင် ကျွန်တော် ရှရှီကိုတော့ ဆေးဝါးတွေထုတ်ဖို့ ကူညီပေးဦးမှာပဲ၊ ခင်ဗျားတို့ အသုံးပြုချင်ရင် လာဝယ်ပေါ့"

ရွှီဖန်း အပြုံးဖြင့်ပြောလိုက်သည်။ ဝူမင် မပျော်ရွှင်ရသေးခင်မှာပင် ရွှီဖန်း၏အမူအရာမှာ ထပ်ပြီးအေးစက်သွားခဲ့သည်။

"ငွေပေးချေမှုအတွက်ဆိုရင်တော့ စစ်တပ်က ပေါက်ဈေးရဲ့ ငါးဆ ပေးရမယ် ဘယ်လိုလဲ၊ အရမ်းကိုမှ တာဝန်သိတတ်ထားပေးတယ်မဟုတ်လား"

ဝူမင်သည် ခေတ္တအံ့သြခဲ့ပြီးနောက် သူ့ရင်ဘတ်ထဲမှ ဒေါသတဟုန်ထိုးထွက်လာသည်ကို ခံစားလိုက်ရသည်။ သူ ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီးကတည်းက ဘယ်သူမှ သူ့ကို ဒီလိုစကားမျိုး မပြောရဲကြပေ။

"ရွှီဖန်း မလွန်လာနဲ့၊ ချန်ဟိုင်းစစ်တပ်ချုပ်ရုံးကို စော်ကားရန်စဖို့ မင်းတတ်နိုင်တာ သေချာပြီလား! ဒီအဖေက ရှရှီဆေးဝါးစက်ရုံကို ချိတ်ပိတ်ပစ်မယ်ဆိုတာ မင်းယုံလား!"

ဝူမင်၏ ဒေါသထွက်နေသော လေသံကို နားထောင်ရင်း ရွှီဖန်း ပြုံးလိုက်သည်။ ရှမိသားစု၏ခွန်အားကို သူ သေချာမသိသော်လည်း ဝူမင်သည် ဒီကိစ္စအား အထက်အရာရှိထံ တင်ပြပြီးတာ သိသာလှပေသည်။ ဒါကြောင့်လည်း အမြန် လာတောင်းပန်ခြင်းပင်။ ဒါကြောင့် ရှမိသားစုတွင် စစ်တပ်ကို ကန့်သတ်ထားနိုင်သည့် တစ်စုံတစ်ရာရှိနေတာတော့ ကျိန်းသေပေသည်။

"ကောင်းပြီလေ ဒါဆိုလည်း လာ ချိတ်ပိတ်ဖို့ မနက်ဖြန် လူတွေ ခေါ်လာနိုင်တယ်၊ ခင်ဗျားကို တားမှာမဟုတ်ဘူး"

ရွှီဖန်းသည် လက်ကိုဝေ့ယမ်း၍ ထွက်ခွာရန် ပြင်လိုက်သည်။

"ဟေး ဟေး ဟေး ရွှီဖန်း ညီလေးရွှီ၊ ကျေးဇူးပြုပြီး မသွားပါနဲ့ဦး၊ မင်းရဲ့အစ်ကို တောင်းပန်တာ နားထောင်သွားဦး၊ မင်းမှာ လိုချင်တာရှိရင် ပြောလိုက်...ဒီလိုတွေ မလုပ်ပါနဲ့!"

ရွှီဖန်း ထွက်သွားတော့မည်ကို မြင်သည့်အခါ ဝူမင် စိုးရိမ်လာသည်။ သူ့အဖေအကြောင်းကို သူ ကောင်းစွာသိပေသည်။ ပြောရင် ပြောသည့်အတိုင်း လုပ်တတ်

သည့်လူမျိုးပင်။ ရွှီဖန်းသာ ထွက်သွားလျှင် သူ တပ်ရင်းကို ပို့ခံရလိမ့်မည်။

ရွှီဖန်း ကြိတ်ပြုံးလိုက်သည်။ ဒါက သူ့စောင့်နေသည့်အရာနှင့် ကွက်တိပင်။ သို့သော် သူ မျက်နှာပေါ်မှာတော့ မထုတ်ပြပေ။ သူ လှည့်၍ အေးစက်စွာ ပြောလိုက်သည်။

"ကျွန်တော် လိုချင်တာ တစ်ခုပဲရှိတယ်၊ တစ်ဘီလီယံနဲ့ လျိုကျင်းရဲ့ရှယ်ယာကို မဝယ်နိုင်ခဲ့ရင် မေ့လိုက်တော့"

ဝူမင် အံ့အားသင့်သွားခဲ့သည်။ လျိုကျင်းကို ဖမ်းခဲ့သည့် အချိန်တုန်းက သူ့အကြောင်းသိခဲ့ရသည်။ သူပိုင်ဆိုင်သည့်ရှယ်ယာများသည် နှစ်ဘီလီယံလောက် ဈေးပေါက်ပေသည်။

ရွှီဖန်းသည် ဒီတစ်ကြိမ်၌ တစ်ကယ် ရက်စက်ပေသည်။ စာကြောင်းတစ်ကြောင်းတည်းဖြင့် တစ်ဝက်

ခန့်ကို ဖိနှိပ်ခဲ့သည်။ သို့သော် ဝူမင်အတွက် ကျည်ဆံကိုကိုက်၍ ရှေ့သို့ပြေးတက်ရန်သာ တတ်နိုင်ခဲ့သည်။ သူ ဘာများထပ်လုပ်နိုင်ဦးမည်နည်း။

"ကောင်းပြီ! ငါ မင်းအတွက် တစ်ပတ်အတွင်း ဖြေရှင်းပေးမယ်!"

ဝူမင်သည် အံကိုကြိတ်၍ ပြောလိုက်သည်။ ထိုအချိန် ဗိုလ်မှူးဝူလည်း အထဲကို ဝင်လာသည်။

စစ်သားနှစ်ယောက်မှာ အံ့သြသွားခဲ့သည်။ ဤရွှီဖန်း၌ မျက်နှာ ဘယ်နှစ်ခု ထပ်ရှိနေဦးမလဲ မသိနိုင်ပေ။

သူ့သားက ရွှီဖန်းနှင့် စကားပြောနေသည်ကို မြင်

သည့်အခါ ဗိုလ်မှူးဝူသည် ကျေနပ်စွာ ခေါင်းညိတ်

လိုက်သည်။ သို့သော် သူ့စိတ်မှာ တည့်တိုးဆန်ပေသည်။ ရွှီဖန်းကို အရင်ဆုံး ကောင်းသည့်နေရာကို ခေါ်သွားသင့်သည် မဟုတ်ပါလော။

ဗိုလ်မှူးဝူသည် အထဲသို့ဝင်လိုက်ကာ ဝူမင်ကို လျစ်လျူရှုပြီး ရွှီဖန်းကို ပြောလိုက်သည်။ 

"ညီလေးရွှီဖန်းမလား..ငါက ချန်ဟိုင်းစစ်တပ်ချုပ်ရုံးရဲ့ ဗိုလ်မှူးကြီး ဝူထျန်းပါ"

ထို့နောက် ရွှီဖန်းနှင့် လက်ဆွဲနှုတ်ဆက်ရန်အတွက် လက်ကို ဆန့်ထုတ်လိုက်သည်။

ထိုအချိန် ရွှီဖန်းလည်း အံ့အားသင့်နေခဲ့သည်။ ရှမိသားစုက ဒီလောက် အင်အားကြီးတယ်လား။

သို့သော် ဗိုလ်မှူးဝူသည် သူ၏ ဆေးထုတ်လုပ်ပေးနိုင်သည့် စွမ်းရည်ကို ပိုပြီး တန်ဖိုးထားနေခဲ့သည်ဆိုတာကို ရွှီဖန်း မသိခဲ့ပေ။

"အာ..သွားပြီး စကားပြောကြရအောင်ပါ၊ ဒီနေရာက စကားထိုင်ပြောဖို့ မသင့်တော်ဘူး"

ဝူထျန်း ပြောပြီးသည်နှင့် ထွက်လာခဲ့သည်။

ရွှီဖန်းလည်း ထပ်ပြီး ဒေါသမထွက်ပြရဲတော့ပေ။ ထိုလူဟာ ဗိုလ်မှူးကြီးဖြစ်နေသည်ပင်။

သူ ဝူမင်နှင့်အတူ ဗိုလ်မှူးနောက်ကို လိုက်သွားခဲ့သည်။

တစ်ကယ်တော့ ဝူထျန်းသည် ဝူမင်နှင့်ပတ်သက်၍ အလေးထားမှုတော့ရှိပေသည်။ သူ ဒီကို တစ်ကြိမ်သာ ရောက်ထားဖူးသော်လည်း ဝူမင်၏ရုံးခန်းကို မှတ်မိနေခဲ့သည်။

ရုံးခန်းထဲ ဝင်ပြီးပြီးချင်းမှာ ဝူထျန်းသည် ပင်မထိုင်ခုံ၌ ဝင်ထိုင်ရင်း သဘာဝကျစွာပင် ရွှီဖန်းနှင့် ဝူမင်လည်း သူနှင့် ဆန့်ကျင်ဘက်ခုံမှာ ဝင်ထိုင်ခဲ့သည်။

"မင်း နားလည်ပေးဖို့ မျှော်လင့်ပါတယ်၊ ဒါပေမယ့် ငါတို့ ချန်ဟိုင်းစပ်တပ်ချုပ်ရုံးက မင်းနဲ့ ရှမိသားစုကို မရိုးဖြောင့်တဲ့ အပြုအမူနဲ့ မဆက်ဆံချင်ခဲ့ပါဘူး၊ အလွန်အကျွံမဖြစ်သ၍ မင်းလိုချင်တာ နှစ်ခုကို လုပ်ပေးမယ်လို့ကတိပေးပါတယ်၊ ဒါက တောင်းပန်တာပါ"

ဝူမင်သည် ရွှီဖန်းအား စိတ်ရင်းဖြစ်သော လေသံဖြင့် ပြောခဲ့သည်။ 

လိုချင်တာနှစ်ခုလား။

ရွှီဖန်း အံ့အားသင့်သွားခဲ့သည်။ ဒီလူသည် ဗိုလ်မှူးကြီးတစ်ဦးဖြစ်၏။

***********************

All Chapters