← Chapters

မြှုပ်ကွက်

Vol. 17 Ch. 246

မြှုပ်ကွက်

Vol. 17 Ch. 246

သို့သော်ငြား ရွှီဖန်း ပြန်တွေးကြည့်မိသည်။ သူ့ဘဝသည် တိုးတက်ဆဲကာလတွင်သာ ရှိသေး၏။ ရိုးရိုးသားသားဆိုရလျှင် ထိုလိုအင်ဆန္ဒနှစ်ခုအား အပြည့်အဝ မသုံးချနိုင်သေးပေ။ 

ထို့ကြောင့် ရွှီဖန်း ခဏတာ စဥ်းစားကာ ဝူထျန်းကို ပြောခဲ့သည်။

"အာ...ဗိုလ်မှူး အဲဲ့ဒီလိုအင်ဆန္ဒနှစ်ခုဖြည့်ဆည်းပေးမယ့်ကတိကို သိမ်းထားပေးနိုင်မလား"

ရွှီဖန်း၏ အမူအရာကိုကြည့်ရင်း ဝူထျန်းသည် ချက်ချင်းထရယ်ကာ

"မင်းက ငါတို့စစ်တပ်ရဲ့ ဆေးဝါးပညာရှင် ဖြစ်ထိုက်ပါတယ်၊ မင်းရဲ့ဦးနှောက်က သွက်လက်ထက်မြက်တယ်၊ အကယ်၍ မင်းသာ ကြေးမြှင့်ပြီး ထပ်တောင်းဆိုခဲ့မယ်ဆို ငါ မင်းကို အထင်သေးမိသွားမှာပဲ၊ ဟားဟားဟား"

ရွှီဖန်း ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"ဒါဆို ကျွန်တော့်ကို အကောင်းဘက်က တွေးပေးလို့ ကျေးဇူးတင်ပါတယ် ဗိုလ်မှူး"

"ကောင်းပြီ တခြားဘာမှမရှိတော့ဘူးဆိုတော့ ငါ ပြန်တော့မယ်"

ဒီကိုလာရသည့် သူ၏ အဓိကရည်ရွယ်ချက်မှာ ရွှီဖန်းကို အခုလို အသိလာပေးရန်ဖြစ်ပြီး ရှမိသားစုကိုလည်း ပြောပြချင်ခဲ့တာဖြစ်သည်။ ရှမိသားစုအထောက်အထားများသည် စစ်တပ်၌ လေးစားခံရသည်။ ဥပမာအားဖြင့် အခုလို ရွှီဖန်း၌ ကိစ္စတစ်ခုခုဖြစ်ခဲ့သည့်အခါ ဗိုလ်မှူးကြီးအဖြစ်နှင့်တောင် လာရောက်ပေးသည်ဟူ၍ပင်။

ဗိုလ်မှူးကြီးထွက်သွားပြီးနောက်မှာ ရွှီဖန်းသည် ဝူမင်ကိုကြည့်ကာ အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။ ထို့နောက်...

"ကျွန်တော် ပြောဦးမယ် ခေါင်းဆောင်ဝူ၊ ဘာလို့များ ဒီကိစ္စကို ဇာချဲ့လိုက်တာလဲ၊ ခင်ဗျား ဘာမှ မသိထားတာတောင် ဘာလို့ ကျွန်တော့်ကို ရုပ်ချည်း ဖမ်းခိုင်းရတာလဲ"

ဝူမင်သည် သူ့ခေါင်းအား ရှက်ရွံ့မှုဖြင့် ကုတ်လိုက်ကာ

"အဲ့ဒါက အရင်က ဖြစ်ခဲ့တဲ့ မတော်တဆတစ်ခုကြောင့်ပါ...ဒါကြောင့်"

ရွှီဖန်းတစ်ယောက် ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းရင်း ထွက်ခွာရန် ပြင်လိုက်သည်။ မထွက်သွားခင်မှာ သူ ဝူမင်ကို လှည့်ပြောခဲ့သည်။

"ခေါင်းဆောင်ဝူ ကျွန်တော့်ကို ကတိပေးထားတဲ့ဟာ မှတ်မိနေပေးပါ၊ ကျွန်တော် အဲ့ဒီရှယ်ယာတွေကို သေချာပေါက်ရမှဖြစ်မှာ၊ မနက်ဖြန်ကျရင် ခင်ဗျားကို ပိုက်ဆံလွှဲပေးလိုက်မယ်"

"အိုး ဟုတ်သား၊ အရောင်မဲ့၊ အရသာမဲ့တဲ့အဆိပ်မှုန်ကိုလည်း မနက်ဖြန်ပေးမယ်၊ အဲ့ဒီအခါကျ အဆိပ်မှုန့်ကို စစ်ဆေးဖို့ တစ်ယောက်ယောက်ကို ခေါ်လာခဲ့ပါ"

သို့နှင့် ဝူမင် ပြန်ပြောသည်ကို မစောင့်ဘဲ ရွှီဖန်း ထွက်လာခဲ့သည်။ သူ့မှာ လုပ်စရာအများကြီး ရှိနေတုန်းပင်။ ကျန်သည့်အရာများကို ဘေးဖယ်ထားခဲ့လျှင်တောင်မှ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးကဲ့သို့ ကြီးမားသော ကုမ္ပဏီကြီးတစ်ခုနှင့်တင် သူ ခေါင်းကိုက်ရန် လုံလောက်လေသည်။ ထို့ကြောင့် ရှယန်ယွိထံမှာ သင်ယူလေ့လာရန်အတွက် သူမဆီသွားရန် ပြင်ဆင်ထားခဲ့သည်။

ထိုအခိုက်အတန့်တွင် ရွှီဖန်းနှင့်ချန်းရုန်တို့ တိုက်ခိုက်ခဲ့သော လမ်းပေါ်၌ လူအနည်းငယ်သည် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေပြီး ညစ်ထေးမှုတစ်ခုခု ကောက်ယူလို့ရငြား တစ်ခါပြီးတစ်ခါ ထိုင်လိုက်ထလိုက်ဖြင့် စစ်ဆေးနေကြသည်။

"တွေ့ပြီ!"

လူတစ်ယောက်က ရုတ်တရက် ထအော်လာတာကြောင့် အားလုံး ထိုနေရာကို ဝိုင်းရံလာကြသည်။

"အဲ့ဒီဟာ ဖြစ်မယ်"

ထိုလူသည် မြေပြင်ပေါ်၌ တွေ့ခဲ့သည့်အရာကို ကောက်ယူနေသည်။ ၎င်းမှာ ဂုဏ်ပြုတံဆိပ်စာလုံးရေးထွင်းထားသည့် သံမဏိအမှတ်အသားဖြစ်သည်။

"ဒီလိုဂုဏ်ပြုတံဆိပ်ကို မြေကြီးပေါ် တိုက်ရိုက်ပစ်

ချထားတယ်၊ ဆိုလိုတာက ချန်းရုန်သေသွားတာ သေချာပြီ၊ မဟုတ်ရင် ဒီတံဆိပ်ကို သူ ကျည်ဖူးလက်နက်လို အသုံးပြုပြီး ပတ်ဝန်းကျင်က သစ်ပင်

ပင်စည်တစ်ခုခုမှာ ထည့်သွင်းထားမှာပဲ"

တခြားအမျိုးသားကလည်း ခေါင်းညိတ်၍ သံသယဖြင့် မေးလာသည်။

"ဒါပေမယ့် မြေကြီးပေါ် ပစ်ချခံထားရတယ်ဆိုရင်တောင် တိုက်ပွဲကြောင့် အားနဲ့ပစ်ချခံထားရတဲ့ပုံစံမျိုး ဖြစ်နေရမှာမလား၊ ဒါက ဘယ်လိုလုပ် မြေကြီးပေါ် ဒီအတိုင်း တင်ထားတာနဲ့တူနေတာလဲ၊ သူ လမ်းလျှောက်ရင်း ပြုတ်ကျသွားတာရော ဖြစ်နိုင်တယ် မဟုတ်လား"

"မဖြစ်နိုင်ဘူး၊ အားရုန် ဘယ်လောက်ထိ သန်မာလဲဆိုတာ လူတိုင်းသိတာပဲမလား၊ သူ နမော်နမဲ့နိုင်တဲ့လူ မဟုတ်ဘူး၊ ငါ့အထင်တော့ သူ့အတွက်နဲ့ ဒုက္ခလိုက်မရှာဖို့ ငါတို့ကို အသိပေးဖို့ ရည်ရွယ်ခဲ့တာလည်း ဖြစ်နိုင်တယ်"

ပါးသိုင်းမွေးဖြင့် ခပ်တောင့်တောင့်လူက အသံနက်ကြီးဖြင့် ဝင်ပြောလာသည်။

"ဒါပေမယ့် ငါတို့ ညီအစ်ကိုက သေသွားတာလေ၊ ဘယ်လိုလုပ် လက်စားမချေပေးလို့ရမလဲ၊ သူနဲ့ ရွှီဖန်း တိုက်ခိုက်ထားတဲ့ မှတ်တမ်းကို ရေဗန်ဆီ သွားပို့လိုက်၊ 

ပြီးရင် သူ့အဆင့်က ဘယ်လောက်ထိရှိနေလဲဆိုတာကို အကဲဖြတ်ပြီးကြည့်ကြတာပေါ့"

"ဟုတ်ကဲ့"

ကျန်လူများသည် တစ်ညီတစ်ညွတ်တည်း ပြန်ဖြေကြသည်။ တစ်ယောက်ကသာ သံသယဖြင့် ထမေးလာသည်။

"ဒါဆို စွန်းဖုကျန်းကိုရော ဘယ်လိုလုပ်မလဲ၊ သူက စိမ်းမြရောင်ဂိုဏ်းခေါင်းဆောင်ရဲ့ သားအရင်းဆိုတော့"

"သူ ဘယ်သူလဲဆိုတာကို ဘယ်သူက ဂရုစိုက်နေရမှာလဲ၊ သူက အားရုန်ကို သတ်ခဲ့တာ...စိမ်းမြရောင်ဂိုဏ်းက ရုတ်ရုတ်ရုတ်ရုတ်လာရင် ငါ့ကိုသာ လာတွေ့ခိုင်းလိုက်"

"ဟုတ်ကဲ့"

မကြာခင်မှာပင် လူတိုင်းသည် ကားလမ်းဘေး၌ ရပ်ထားသည့် ကားပေါ်သို့ တက်လိုက်ကြသည်။ ထို့နောက် အရင်က ချန်းရုန် မောင်းခဲ့သည့် ကားသည် လမ်းတစ်လျှောက် အရှိန်ဖြင့် မောင်းလာတော့သည်။

ထိုအချိန် ရွှီဖန်းကတော့ ထိုအကြောင်းများကို မသိနေခဲ့ပေ။ သူသည် စစ်တပ်မှ ပို့ပေးလိုက်သည့် ကားပေါ်တွင် ထိုင်နေပြီး ရှရှီဆေးဝါးစက်ရုံသို့ သွားနေခဲ့သည်။

"ဒါရိုက်တာရှောင်း အခု ရွှီဖန်းက စစ်တပ်ကားကို စီးလာပြီး ရှရှီထဲ ဝင်သွားပါတယ်"

ရှရှီ၏ ဆန့်ကျင်ဘက် အဆောက်အဦးတွင် စောင့်

ကြည့်နေသော လူသည် အသံကို နှိမ့်၍ တင်ပြနေသည်။

"ကောင်းပြီ၊ သူ့ အမူအရာက ဘယ်လိုရှိလဲ"

"သူ့မျက်နှာကို ကြည့်ရတာတော့ အပြုံးတွေ ပြည့်နေတာပဲ"

တူ တူ တူ

ဖုန်းချပြီးနောက် ရှောင်းပုချီ၏ အမူအရာသည် အလွန်မဲမှောင်လာခဲ့သည်။ 

ရွှီဖန်း သူ့ကို ရောင်းခဲ့သည့် ဖော်မြူလာများသည် အတော်လေးကောင်းသော်လည်း သူ လှည့်စားထားသေးသည်ဆိုတာ သိသာပေသည်။

ဒါကိုတွေး၍ ရှောင်းပုချီ ဓာတ်ခွဲခန်းကို ဖုန်းခေါ်

လိုက်သည်။ 

"အဲ့ဒီဖော်မြူလာတွေ အကုန်လုံးကို စစ်ဆေးတာ အောင်မြင်လား"

ရှောင်းပုချီသည် မည်းမှောင်သော မျက်နှာထားဖြင့် အေးစက်စွာ မေးလိုက်သည်။

"အာ...ကျွန်တော် အဲ့ဒါတွေ အကုန်လုံးကို စမ်းသပ်ပြီးပြီ၊ အကုန်လုံးက လူ့ခန္ဓာကိုယ်ကို အန္တရာယ်မရှိစေဘဲ အာနိသင်တွေကလည်း အရမ်းတည်ငြိမ်တယ်"

"ကောင်းပြီ၊ ငါသိပြီ"

ဖုန်းချပြီးနောက် ရှောင်းပုချီ၏မျက်နှာမှာ မဲမှောင်သွားပြန်သည်။ လက်ရှိ အခြေအနေအရ ရွှီဖန်းသည် သူ့ထံမှ ယွမ်သန်း၄၀၀အလစ်သုတ်ရန် အကောင်းဆုံးမဟုတ်သေးသည့် ဖော်မြူလာတချို့ကို ပေးခဲ့မှန်း သိသာလှပေသည်။

"ရွှီဖန်း ငါ့ပိုက်ဆံတွေကို ဒီလောက်လွယ်လွယ်ကူကူနဲ့ ယူလို့ရမယ်ထင်နေလား"

ရှောင်းပုချီသည် မှုန်ကုပ်ကုပ်ဖြင့် သူ့ကိုယ်သူ တီးတိုးပြောနေခဲ့သည်။ ထို့နောက် ရင်ဘတ်အိတ်ကပ်ထဲ၌ ဘလူးတုနားကြပ်ကိုထုတ်၍ နားမှာကပ်လိုက်သည်။

"သခင်လေး ညွှန်ကြားစရာရှိပါသလား"

"မြေအောက်အဖွဲ့ကို အကြောင်းကြားလိုက်၊ အခွင့်အရေးရတာနဲ့ ရွှီဖန်းကို တိုက်ခိုက်ပါ၊ အရှင်

လတ်လတ်ဖမ်းနိုင်ခဲ့ရင် အကောင်းဆုံးဆိုပေမယ့် မရရင် တစ်ခါတည်းသတ်ခဲ့လိုက်"

ပြောပြီးသည်နှင့် နားကြပ်ကို ဖြုတ်ကာ အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။ ရှောင်းပုချီသည် ပြတင်းပေါက်အပြင်ဘက်ရှိ အပြာရောင်ကောင်းကင်ကြီးကိုကြည့်ကာ တီးတိုးပြောနေခဲ့သည်။

"ရွှီဖန်း မင်းက အကြင်နာကင်းမဲ့မှတော့ ငါ့ကို မတရားဘူးဆိုပြီး အပြစ်မတင်နဲ့"

ရှောင်းပုချီမှ အမိန့်ပေးပြီး မကြာလိုက်ပေ။

စစ်တပ်အဆောင်အိပ်ခန်း၌...

စွမ်းအားများကို ဖုံးကွယ်ထားသော ခန္ဓာကိုယ်ခပ်ကြီးကြီးနှင့် လူတစ်ယောက်သည် မိန်းမောစွာဖြင့် အိပ်ရာပေါ်၌ လှဲနေလေသည်။ ရုတ်တရက်ပင် သူ့ရင်ဘတ်ထဲမှ တုန်ခါမှုကို ခံစားလိုက်ရသည်။

သူ အဆောင်ထဲမှ တခြားလူများကို ကြည့်ပြီး တိတ်တဆိတ်ထွက်လာခဲ့သည်။ အဆောင်၏ အပေါ်ဆုံးအထပ်ကို ရောက်သည့်အခါ ဆဲလ်ဖုန်းကို ထုတ်၍ ခေါ်ဆိုသူကို ပြန်ဖြေခဲ့သည်။ 

"အန်ကယ်လီ ဘာကိစ္စရှိလို့လဲ"

"သခင်လေး ရှောင်းမိသားစုရဲ့ လျို့ဝှက်အဖွဲ့တစ်ခုက စလှုပ်ရှားလာပြီ၊ အတွင်းလူပြောပုံအရဆို ဒီတစ်ကြိမ် သူတို့ပစ်မှတ်က ရွှီဖန်းတဲ့"

အိုနေသော အသံတစ်ခုက ဖုန်းတစ်ဖက်မှ ထွက်လာသည်။

သခင်လေးဆိုသူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့်အတူ ရုတ်ချည်း ကျဥ်းမြောင်းသွားခဲ့သည်။

"ငါးယောက်အဖွဲ့ကို အပြင်ထွက်ခိုင်းလို့ ရလား"

"ရပါတယ်၊ သခင်ကြီးက သူတို့ကို တာဝန်ပေးထားတာ မရှိသေးဘူး"

"ကောင်းတယ် ဒါကောင်းတယ်! ရွှီဖန်းကို ကာကွယ်ဖို့ ငါးယောက်အဖွဲ့ကို စေလွှတ်လိုက်ပါ၊ သူနဲ့ပတ်

သက်ပြီး တစ်ခုခု ဖြစ်သွားခွင့် မပေးနိုင်ဘူး၊ သူတို့လှုပ်ရှားပြီဆိုတာနဲ့ ကျွန်တော့်ကို အသိပေးပါ"

"အမိန့်အတိုင်းပါ"

ထိုအချိန် ကိစ္စများ၏ အဓိကတရားခံ ရွှီဖန်းကတော့ ရှယန်ယွိ၏ ထိုင်ခုံပေါ်မှာ ထိုင်၍ သူမကို ပွေ့ဖက်ထားကာ တစ်ခုခုကို စနောက်၍ ရယ်မောနေသည်။

"ဟုတ်ပြီ၊ အမှန်အတိုင်းပြော...ရှင် တစ်ကယ်ပဲ ချန်

ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးကို သိမ်းမလို့လား"

ရှယန်ယွိသည် သူမမျက်လုံးကို ကျဥ်းမြောင်းလျက် ပေါ့ပေါ့ပါးပါးပြုံးကာ မေးလိုက်သည်။ 

"ဒါပေါ့ ကိုယ့်လုပ်ငန်းကို ချဲ့ထွင်ချင်ရင် အဲ့ဒီကုမ္ပဏီကို သိမ်းမှရမှာ"

ရွှီဖန်းလည်း ပြုံး၍ ဖြေလိုက်သည်။

"ဒါကြောင့် ကုမ္ပဏီတစ်ခုလည်ပတ်ဖို့ နည်းလမ်းတွေကို မင်း သင်ပေးဖို့ ကိုယ်လိုအပ်နေတယ်"

*******************

All Chapters