← Chapters

စစ်တလင်းလက်နက်

Vol. 17 Ch. 248

စစ်တလင်းလက်နက်

Vol. 17 Ch. 248

"ကောင်းပြီ အခု ဘယ်အချိန်ရှိသွားပြီလဲ"

ရွှီဖန်း အပြုံးဖြင့် မေးလိုက်သည်။

"အင်း ၁၁နာရီလောက်ရှိပြီ၊ အနားယူဖို့ အချိန်တန်ပြီ"

ရှယန်ယွိသည် သူမ၏ နာရီကို ကြည့်၍ ရွှီဖန်းကို ပြောပြခဲ့သည်။

သူ သူမအား ကြည့်၍

"ကိုယ်တို့ ဘယ်မှာအိပ်မှာလဲ"

ရှယန်ယွိသည် အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလာသည်။

"အပေါ်ထပ်မှာ အိပ်ကြတာပေါ့၊ အပေါ်ထပ်က ကျွန်မအခန်းလေ"

ရွှီဖန်း ရယ်မော၍ ဒီည ဘာဖြစ်မလဲဆိုတာကို တွေးနေခဲ့သည်။ သို့သော် အပေါ်ဆုံးအထပ်သို့ ရောက်ပြီးနောက် သူ အံ့သြသွားခဲ့သည်။

"ဒါက...မင်းရဲ့သီးသန့်ခန်းဆိုတဲ့ဟာလား"

ရှယန်ယွိသည် ရွှီဖန်း၏ အမူအရာကိုကြည့်ပြီး ပြုံးရယ်လိုက်ကာ သူ့လက်ကို ဆွဲ၍ လျှောက်သွားလိုက်သည်။

"ဟုတ်တယ်၊ အခြေအနေတွေက ရုတ်တရက်ဖြစ်သွားတော့ စိုးရိမ်မိတယ်လေ၊ ဒါကြောင့် အပေါ်ထပ်ရဲ့အရွယ်အစားကို လျော့ချဖို့ အခန်းနှစ်ခန်းထပ်ထည့်ပေးပါဆိုပြီး ဒီဇိုင်နာကို အထူးတောင်းဆိုထားတာ"

"ဆိုတော့ ဒီညအတွက် ရှင် ဒီသုံးခန်းထဲက ဘယ်အခန်းယူမလဲ"

ရွှီဖန်း၏ စိတ်ဓာတ်ကျနေသော အမူအရာကိုကြည့်ပြီး ရှယန်ယွိ သူ့ကို စနောက်နေမိသည်။

ရွှီဖန်း ခေါင်းခါယမ်းလိုက်သည်။ မူလကတော့ ရှယန်ယွိနှင့် အတူထပ်ရှိရပြီဟု သူထင်ခဲ့သည်။ သို့သော် ဘယ်သူက ထင်ထားမည်နည်း။

"အလယ်ခန်းမှာ အိပ်မယ်"

ရွှီဖန်းကတော့ ထပ်ပြီးရွေးရန် ပျင်းလွန်းနေသည်။ ဒီအခန်းက အနာဂါတ်မှာ အခွင့်အရေးပိုရှိနိုင်သည်။ 

"ကောင်းပြီ အခန်းတိုင်းမှာ ရေချိုးခန်းရှိတယ်၊ ရှင် ဝင်လို့ရပြီ"

ရှယန်ယွိသည် ရွှီဖန်းအား အပြုံးလေးဖြင့်ပြောကာ ဘယ်ဘက်အခန်းထဲ ဝင်သွားလေသည်။ ရွှီဖန်းလည်း မျက်မှာကြီးမည်းမှောင်လျက် သူရွေးထားသည့်အခန်းထဲ ဝင်သွားလိုက်သည်။ ထို့နောက် ရေမိုးချိုးကာ မီးပိတ်၍ အိပ်ခဲ့သည်။

"ကလစ်!"

ရွှီဖန်း၏ မျက်လုံး ပွင့်လာသည်။ သူ ကြားခဲ့တာ မမှားလျှင် ထိုအသံသည် တံခါးလော့ခ်ဖွင့်သည့် အသံပင်။ သူ ရယ်မော၍ အိပ်ရာမှာထကာ ဘေးမှ မီးလုံးလေးကို ဖွင့်ရန်ပြင်လိုက်သည်။

"မီးတွေ မဖွင့်နဲ့"

ရှယန်ယွိသည် တံခါးပိတ်လိုက်ပြီး ပြတင်းပေါက်ရှိရာသို့ သွားကာ လိုက်ကာများကိုလည်း ဆွဲပိတ်ခဲ့သည်။ ထို့နောက် သူမ ရွှီဖန်းဘေးမှာ ထိုင်ချလာသည်။

သူ့ဘေးမှာထိုင်နေသည့် ရှယန်ယွိကို ကြည့်ရင်း ရွှီဖန်း ပြုံးလိုက်သည်။

"ဘာလို့လဲ၊ ကိုယ်နဲ့ အခန်းတစ်ခုတည်း မမျှသုံးချင်လို့တောင် ကြိုးစားထားတာမဟုတ်ဘူးလား"

"မဟုတ်ပါဘူး ကျွန်မက ရှင့်အပိုင်လေ၊ အိပ်ယာခွဲအိပ်ရမယ့် အကြောင်းအရင်းက ဘာတုန်း၊ ဒီအတိုင်း ရှင့်ကို နည်းနည်းလောက် စချင်ခဲ့ရုံပါ...ဘာလဲ စိတ်ဆိုးလို့လား"

ရှယန်ယွိသည် ပြောပြီးသည်နှင့် အိပ်ရာထဲ ဝင်လာသည်။

သူမ လာကတည်းက ညအိပ်ဝတ်စုံ ဝတ်လာခဲ့ပြီးသားပင်။ ဒါကြောင့် ရွှီဖန်းသည် သူမအနောက်မှ ဇစ်ကို ပေါ့ပေါ့ပါးပါးဆွဲချကာ သူမ၏ ညအိပ်ဝတ်စုံကို ချွတ်လိုက်သည်။

"ဒီည ကိုယ့်ကို ပေးမှာလား"

ပြတင်းပေါက်များသည် လိုက်ကာများဖြင့် အပိတ်ခံထားရပြီး အခန်းထဲ၌ မှောင်မဲနေသော်လည်း သူမ၏နူးညံ့သောမျက်နှာလေးအား သူ ဝေဝါးစွာ မြင်တွေ့နိုင်တုန်းပင်။

ရှယန်ယွိက ခေါင်းခါယမ်း၍ ပြောလာသည်။

"အလျင်မလိုပါနဲ့၊ ရှင် ပြိုင်ပွဲမှာ အနိုင်ရတဲ့နေ့ကျရင် ကျွန်မပေးမယ်လေ"

သူမ စကားပြောပြီးအခါ ရွှီဖန်းကို ဖက်၍ သူမ၏ခြေထောက်ကို သူ့ခြေထောက်များနှင့် ရောထွေးခဲ့သည်။

"ဒီည အခုလိုပဲ အိပ်လို့ရမလား"

ရှယန်ယွိ၏ အေးချမ်းသောမျက်နှာလေးကို ကြည့်ရင်း ရွှီဖန်း ပြုံးလိုက်သည်။ သူမမျက်နှာကို သူ ဖွဖွလေး ကုတ်ကာ ပွတ်သပ်၍ ပြောလိုက်သည်။ 

"ကောင်းပြီ အိပ်ကြရအောင်"

ထို့နောက် ရွှီဖန်းသည် သူ့ခန္ဓာကိုယ်ကို စောင်း၍ ရှယန်ယွိအား သူ့အိပ်မက်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ 

နောက်တစ်နေ့ မွှေးရနံ့သင်းသင်းလေးကြောင့် သူ နိုးလာခဲ့သည်။

"အိပ်ချင်နေတုန်းပဲလား ရှစ်နာရီတောင်ထိုးနေပြီ၊ ထပြီး မနက်စာစားဖို့ အချိန်ရောက်နေပြီနော်"

ရှယန်ယွိသည် သာမန်အဝတ်အစားကို ဝတ်ဆင်ထားပြီး သူမ၏ပုခုံးတွင်လည်း အေပရွန်ကို ဝတ်ဆင်ထားကာ ရွှီဖန်းအခန်းရှိ တံခါးကို မှီထား၏။ သူမ၏ပုံစံမှာ ဇနီးကောင်း၊ အမေကောင်းတစ်ယောက်လိုပင် ဖြစ်နေ၏။ 

"မြန်မြန်ထတော့ အိပ်ရာပေါ်မှာ ကြက်သေသေသလို ထိုင်မနေနဲ့"

ရွှီဖန်း ရယ်မောမိတော့သည်။ အိပ်ရာမှထ၍ သန့်စင်ကာ အဝတ်အစားများ ဝတ်ဆင်ပြီးနောက် သူတို့နှစ်ယောက်သည် ဧည့်ခန်းထဲရှိ စားပွဲဝိုင်းအသေးလေး၌ တူတူထိုင်ကာ မနက်စာ စားသောက်ကြသည်။

"တစ်ကယ်တော့ ကျွန်မတို့နှစ်ယောက်လုံး ဒီလိုပဲ ဆက်ပြီး နေထိုင်သွားလို့ရတယ်လို့ ခံစားမိတယ်၊ ဒါ တော်တော်လေးကောင်းတယ်လေ ဟုတ်တယ်မလား"

စားနေရင်းဖြင့် ရှယန်ယွိက ပြောလာသည်။

"ဝမ်းနည်းစရာပဲ ကျွန်မက ရှမိသားစုမှာ မွေးဖွားလာတဲ့လူ ဖြစ်နေတယ်"

ရွှီဖန်း ပြုံးလိုက်ပြီး သူမခေါင်းကိုပုတ်၍ တစ်ခုခုပြောတော့မည့်အချိန် ဖုန်းဝင်လာသည်။

"ဒီခေါင်းဆောင်ဝူက အလျင်လိုနေတာပဲ"

ခေါ်ဆိုသူနာမည်ကိုကြည့်ပြီး ရွှီဖန်း အပြုံးဖြင့် ကိုင်လိုက်သည်။

"ဟေး ရွှီဖန်း အာ...အဆိပ်က ဘယ်လိုအခြေအနေရှိလဲ"

ဖုန်းကိုင်ပြီးပြီးချင်းမှာပင် ဝူမင်၏ စိုးရိမ်နေသော အသံကို ကြားလိုက်ရသည်။

"စိတ်မပူပါနဲ့၊ ထုတ်လုပ်မှုက ပြီးဆုံးသွားပါပြီ၊ ခဏနေရင်သာ တစ်ယောက်ယောက်ခေါ်လာပြီး ရှရှီကို လာခဲ့ပါ၊ ကျွန်တော် ပြောရဦးမယ်၊ ခင်ဗျား သန်မာတောင့်တင်းတဲ့လက်အောက်ငယ်သားကို ခေါ်လာဖို့လိုတယ်၊ မဟုတ်ရင် အဆိပ်ရဲ့အာနိသင်ကို ခင်ဗျားရှေ့မှာ  ပြည့်ပြည့်ဝဝပြပေးလို့ ရမှာမဟုတ်ဘူး"

ရွှီဖန်း ပြောလိုက်သည်။ သိသာစွာပင် သုံးနာရီလောက်သာအချိန်ပေးခဲ့ရသည့် သူ့အဆိပ်ကို လုံးဝယုံကြည်ချက်ရှိနေလေသည်။

"ကောင်းတယ်! တစ်နာရီအတွင်း အဲ့ဒီကို လာခဲ့မယ်"

ဝူမင်သည် အပြုံးဖြင့် ဖုန်းချသွားခဲ့သည်။

တစ်ဖက်မှ ဖုန်းချသွားသည့်အခါ ရွှီဖန်းလည်း သူ့ဖုန်းကို ပြန်သိမ်း၍ ရှယန်ယွိကို ပြောလိုက်သည်။ 

"လက်ရှိမင်းကို ကိုယ် သဘောကျတယ်လေ၊ အများကြီးစိတ်ထဲထားမနေနဲ့၊ ဒီကိစ္စတွေကတော့ ရင်ဆိုင်ရမှာပဲ"

ရွှီဖန်း၏စကားကိုကြားသည့်အခါ ရှယန်ယွိသည်ခေါင်းညိတ်၍ ဘာမှ ထပ်မပြောတော့ပေ။ 

မနက်စာစားပြီးနောက် နှစ်ယောက်သား ဓာတ်ခွဲခန်းသို့သွားကာ အဆိပ်နှင့်ဖြေဆေးကို သွားယူကြသည်။ 

မူလကတော့ ရှယန်ယွိသည် ဝူမင်အား စက်ရုံထဲသို့သောင်းသောင်းဖြဖြခေါ်လာရန် ရည်ရွယ်ထားခဲ့သည်။ 

သို့သော် ဝူမင်သည် ရွှီဖန်းနှင့် ကတောင့်ကဆဖြစ်ထားခဲ့သည်။ ဒါ့အပြင် စစ်တပ်ကလည်း သူ့ကို တောင်းပန်ထားသေးသည်။ ဒါကြောင့် ရှယန်ယွိ၏အကြံကို ရွှီဖန်းကို ငြင်းဆိုခဲ့သည်။ ရွှီဖန်းပြောသည်နှင့် ရှယန်ယွိလည်း ယုံကြည်ချက်ကို မြှင့်

တင်လျက် သူနှင့်အတူ ဓာတ်ခွဲခန်း၌သာ စောင့်နေလိုက်သည်။ 

တစ်ဖက်တွင် ဝူမင်၏ကားကလည်း ရှရှီအတွင်းသို့ ဝင်လာပြီး ကားပါကင်ကို ဦးတည်နေ၏။ ရှယန်ယွိမှ သတိပေးထားခြင်းမရှိသော်လည်း ကားပေါ်တွင်

ချိတ်ထားသော စစ်တပ်တံဆိပ်ကြောင့် အစောင့်သည် လိမ္မာပါးနပ်စွာဖြင့် တံခါးဖွင့်ပေးခဲ့သည်။

ကားထဲမှ ဆင်းပြီးသည်နှင့် ဝူမင်သည် သူ့အနောက်မှ လူထွားကြီးကို ကြည့်လိုက်သည်။

"ဟေး ဝမ်ပင်း ငါ့ကို အရှက်ရအောင်မလုပ်နဲ့၊ မင်း သူ့အဆိပ်ကို တတ်နိုင်သလောက် ကြာကြာ ခံနိုင်ရည်ရှိအောင်ကြိုးစား"

လူထွားကြီးသည် ပြုံး၍ သူ့ခေါင်းကိုပွတ်နေသည်။

ထိုလူသည် သူ့ခွန်အားကို ဖုံးကွယ်ပြီး ရွှီဖန်းကို အာရုံစိုက်နေခဲ့သည့် ထိုခပ်ထွားထွားလူဖြစ်သည်။ 

ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံကို ကြားသည့်အခါ တံခါးကို ဖွင့်ပေးရန်အတွက် ရွှီဖန်းနှင့် ရှယန်ယွိ နှစ်ယောက်စလုံး မတ်

တပ်ရပ်လိုက်ကြသည်။

"အိုး ဝေါင်း!!! မင်းတို့နှစ်ယောက်က ပြတင်းပေါက်မရှိတဲ့ အခန်းလေးထဲမှာ ငါတို့ကို စောင့်နေတယ်ပေါ့"

ဝူမင်သည် ရွှီဖန်း၏ ဘေးမှာရပ်နေသော ရှယန်ယွိအား စနောက်ခဲ့သည်။

ရွှီဖန်းက ဂရုမစိုက်သော်လည်း ရှယန်ယွိကတော့မတူပေ။ သူမသည် သန်မာသောအမျိုးသမီးဟူသော အမည်ကို ရထားသော်လည်း ရွှီဖန်းနှင့် အတူရှိနေချိန်၌ မရှက်မိအောင်ထိန်းနိုင်သည်က ရှားပေသည်။

ထို့နောက် ဝူမင်သည် သူ့အနောက်ကို ညွှန်ပြ၍ ပြောလာသည်။

"ဒီနေ့ အဆိပ်ကို စမ်းသပ်မှာက သူပဲ၊ ဒီကလေးနာမည်က ဝမ်ပင်းလို့ ခေါ်တယ်၊ မင်းတို့ အဆင်သင့်ဖြစ်ပြီလား"

ဝူမင်အနောက်မှ ဝမ်ပင်းကိုကြည့်ပြီး ရွှီဖန်းသည် မျက်လုံးကျဥ်းမြောင်းလိုက်မိသည်။ သူ ဖြစ်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ရွှီဖန်း ငါမင်းနဲ့နှစ်ယောက်တည်းရှိမယ့် အခွင့်အရေးရလာရင် ငါ့မှာ မင်းကို ပြောပြစရာအရေးကြီးတဲ့ကိစ္စရှိတယ်"

ရှယန်ယွိမှ ဝူမင်အား ဆေးပစ္စည်းတွေ ရှင်းပြနေသည့်အချိန် ဝမ်ပင်းသည် ရွှီဖန်း၏ နားထဲသို့ ခပ်

တိုးတိုးပြောလာခဲ့သည်။ ရွှီဖန်း အံ့အားသင့်သွားခဲ့သည်။ ဤဝမ်ပင်းဟာ သူမြင်ရသလောက် မရိုးရှင်းပေ။ 

သို့သော်ငြား ရွှီဖန်းသည် တည်ငြိမ်မှုကို ထိန်းထားဆဲဖြစ်ကာ ဝမ်ပင်းကို ခေါင်းညိတ်ပြ၍ ဝူမင်ဆီ သွားလိုက်သည်။ 

"ကြည်လင်နေတဲ့သဲတွေကိုပဲ မကြည့်နေနဲ့၊ ဒါပေမယ့် ကျွန်တော် ပြောပြမယ် ဒါတွေက တစ်ကယ်ကို စစ်တလင်းလက်နက်နော်"

*******************

All Chapters