ချုံခိုတိုက်ခိုက်ခြင်း
Vol. 17 Ch. 250
ရွှီဖန်းမှ သူ့ကို ဒီအတိုင်း ငြင်းချလိုက်တာကြောင့် ဝမ်
ပင်းလည်း အံ့အားသင့်သွားခဲ့သည်။
ဒါကိုကြည့်ရုံဖြင့် ရွှီဖန်းသည် သူ့အခြေအနေကို ရှင်းရှင်းလင်းလင်းမသိသေးမှန်း သိသာပေ၏။
ဝူမင်သည် ခါးသက်စွာပြုံး၍ ခေါင်းခါယမ်းကာ ပြောမိသည်။
"မင်း သေသေချာချာစဥ်းစားတာ ပိုကောင်းမယ်၊ သူတို့က အသေခံတပ်သားတွေ မင်း မကိုင်တွယ်နိုင်ဘူး"
ရွှီဖန်းသည် အပြုံးဖြင့် ခေါင်းခါယမ်းလျက်
"မင်းရဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်အတွက် ကျေးဇူးပါပဲ၊ ဒါပေမယ့် မလိုအပ်ဘူးလို့ ငါထင်တယ်"
ရွှီဖန်းသည် သူ့အပေါ်၌ ကျေးဇူးကြွေးများစွာ မတင်
ချင်ပေ။ ဒါကြောင့် ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
ရွှီဖန်း၏ မယုံကြည်မှုကြောင့် ဝမ်ပင်းမှာလည်း ခါးသပ်စွာ ပြုံးခဲ့ပြီး ဘာမှ ထပ်မပြောနိုင်တော့ပေ။ ကြည့်ရတာ သူသေချာစီစဥ်ထားခဲ့တဲ့ လူတွေတော့ ပြန်ဆုတ်ရတော့မည့်ပုံပင်။
"ကောင်းပြီလေ၊ မင်းက ဒီလိုပြောလာမှတော့ မေ့လိုက်ပါတော့"
ဝမ်ပင်းသည် ခေါင်းညိတ်၍ ရွှီဖန်းကို ပြောခဲ့သည်။
"ဒါပေမယ့် ငါ့ရဲ့တောင်းဆိုမှုကိုတော့ စောင့်ကြည့်ပေးပါ၊ အဲ့ဒီအကြောင်းကို နောက်ကျရင် ပြောပြမယ်၊ အဲ့ဒီအချိန်ကျ ဘာလုပ်ရမလဲဆုံးဖြတ်တာကတော့ မင်းသဘောပါပဲ"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ သူ့အမြင်အရဆိုလျှင် ဝမ်ပင်းလုပ်ချင်သည့်အရာက ကောင်းသည့်အရာတော့ မဖြစ်နိုင်ပေ။
ရွှီဖန်းက ခေါင်းညိတ်လိုက်သည်ကို မြင်မှ ဝမ်ပင်းလည်း ဘာမှထပ်မပြောတော့ဘဲ ကျေးဇူးတင်ကြောင်းပြောကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
တစ်ဖက်မှာ ရွှီဖန်းကတော့ လုံးဝစိတ်ရှုပ်ထွေးပြီး ကျန်ခဲ့သည်။
ဓာတ်ခွဲခန်းထဲ၌ သူ နာရီဝက်လောက် ထိုင်နေခဲ့ပြီးနောက် ရှယန်ယွိနှင့် ဝူမင်လည်း နောက်ဆုံးမှာ ပြန်
ရောက်လာကြသည်။ နှစ်ယောက်စလုံး၏မျက်နှာပေါ်မှ အပြုံးများအရ ဒီတစ်ခါ စာချုပ်ချုပ်ဆိုမှုသည် ပူပင်ကြောင့်ကြမှုကင်းမဲ့ခဲ့သည့်ပုံပင်။
"အာ..ဝမ်ပင်း ဘယ်ရောက်သွားလဲ"
ဝူမင် ပြန်ဆင်းလာသည့်အခိုက် ဓာတ်ခွဲခန်းထဲ၌ ရွှီဖန်းတစ်ယောက်တည်းပဲ ရှိနေတာကြောင့် သူ သံသယဖြင့် မေးလိုက်မိသည်။
ရွှီဖန်း ပြုံးလိုက်ကာ
"အာ...ဒီမှာ အလုပ်လည်းပြီးသွားပြီဆိုတော့ သူလည်း ကျွန်တော့်အတွက် ဘာမှလုပ်ပေးစရာမကျန်တော့ဘူးလေ၊ သူ ဒီမှာထိုင်နေရတာ ပျင်းနေတော့ သူ့ကို အရင်ဆုံး ကားဆီ ပြန်ခိုင်းလိုက်တာ"
"အမ် ကောင်းပြီ၊ ဒါဆို ငါလည်း သွားလိုက်ဦးမယ်"
ဝူမင်သည် ခေါင်းညိတ်၍ ထွက်ခွာရန်ပြင်သည်။
"ဟေး ခေါင်းဆောင်ဝူ ခင်ဗျားရဲ့ကတ်နံပါတ် ပေးသွားပါဦး၊ ကျွန်တော်အခုပဲ ရှယ်ယာဝယ်ဖို့ တစ်ဘီလီယမ်ကို လွှဲပေးလိုက်မယ်"
ရွှီဖန်းသည် ဝူမင်အား အမြန်ပြောလိုက်သည်။ ရှယန်ယွိသည် မနေ့ကတည်းက သူ့အကောင့်ထဲသို့ ပိုက်ဆံလွှဲပေးခဲ့ပြီးပြီဖြစ်ရာ ဝူမင်ကို လွှဲပေးရန်အတွက် သူ စိတ်စောနေခဲ့သည်။
ဝူမင် ခေါင်းညိတ်၍ ရှယန်ယွိကို ညွှန်ပြလိုက်သည်။
"မင်း ဥက္ကဌရှကို မေးလို့ရတယ်လေ၊ သူ့မှာ ရှိတယ်"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။
"ဒါဆိုလည်း ကောင်းပြီလေ၊ သူ့ကိုပဲ မေးလိုက်မယ်"
ဘာလုပ်စရာမှမကျန်တော့သည့်အခါ ဝူမင်လည်း လှည့်ထွက်၍ ပြန်သွားတော့သည်။
ဝူမင် အောက်ထပ်ကို ဆင်းသွားပြီးသည့်အခါကျမှ ရှယန်ယွိကို ရွှီဖန်း မေးလိုက်သည်။
"ဘယ်လိုဖြစ်သွားလဲ၊ စာချုပ်ချုပ်ခဲ့ရတယ်မလား"
"အင်း ခေါင်းဆောင်ဝူက တည့်တိုးသမားဆိုတော့ စာချုပ်ကို တစ်ချက်ပဲကြည့်ပြီး လက်မှတ်ထိုးလိုက်တာပဲ"
ရှယန်ယွိသည် ရွှီဖန်း၏အကြည့်ကို မြင်ပြီး ဈေးဘယ်လောက်နဲ့ရခဲ့လဲသိချင်နေမှန်း သူမ သိလိုက်သည်။
"ကျွန်မ သူတို့ကို ရောင်းခဲ့တဲ့ဈေးက ကုန်ကျစရိတ်ရဲ့အဆ၁၀၀နဲ့ပဲ၊ အများကြီး မရှာနိုင်ဘူးဆိုပေမယ့် ရေရှည်လုပ်ရမှာဆိုတော့ အဆင်ပြေပါတယ်"
ရွှီဖန်း တောင့်တင်းသွားခဲ့သည်။ ကုန်ကျစရိတ်ရဲ့အဆ၁၀၀...ဒါက မများသေးဘူးလား။
သူ ခေါင်းခါယမ်းမိသည်။ ကြည့်ရတာ စီးပွားရေးအမြင်၌ သူသည် ရှယန်ယွိ၏ အဝေးဆုံးနေရာမှာ ကျန်နေခဲ့သည့်ပုံပင်။
ကိစ္စများပြီးဆုံးသွားသည့်အခါ ရွှီဖန်း ဒီမှာ ထပ်မနေတော့ပေ။ ရှယန်ယွိနှင့် စကားတချို့ပြောပြီးနောက် ကားပါကင်မှ ကားကို မောင်းခဲ့ပြီး ဟွားမန်ရှင်းကို တစ်ချက်သွားကြည့်ရန် ပြင်ခဲ့သည်။
ဒီတစ်ကြိမ်သူထွက်လာတာ ၁၀ရက်နီးပါးလောက် ရှိနေလေပြီ။ သူ ချိုးဆုအာမှတဆင့် တခြားလူများအား သူ့ကို မဆက်သွယ်ရန် မှာထားခဲ့သည့်အတွက်ကြောင့် စားသောက်ဆိုင်များနှင့် ကြက်ခြံ၏အခြေအနေကို သူများစွာမသိခဲ့ရပေ။
ရှရှီမှ သိပ်မဝေးသေးသည့် နေရာပဲရောက်သေး၏။ ရွှီဖန်းသည် တစ်ယောက်ယောက်က သူ့ကို ကြည့်
နေသည်ဟု ခံစားမိကာ နှလုံးသားက တင်းကျပ်သွားခဲ့သည်။
"အဲ့ဒီလူက ဝမ်ပင်းပြောပြခဲ့တဲ့ အသေခံတပ်သားဖြစ်နေမလား"
ရွှီဖန်း မျက်မှောင်ကြုတ်၍ သိုလှောင်လက်စွပ်ထဲမှ မြင်ကွင်းထိုးဖောက်အဆောင်ကို ထုတ်ယူလိုက်သည်။ ၎င်းအား ချိုးချေပြီးနောက် ကား၏အရှိန်ကို လျှော့ကာ ပတ်ဝန်းကျင်ကို စတင်စူးစမ်းခဲ့သည်။
သို့သော် ထူးဆန်းသည်မှာ သူ အချိန်အတော်ကြာစူးစမ်းခဲ့သော်လည်း သာမန်မဟုတ်သည့်အရာများကို သူ မတွေ့ရှိခဲ့ပေ။
သို့သော်ငြား တစ်ဖက်အဖွဲ့က သူ့အပေါ် စောင့်
ကြည့်နေမှန်းတော့ သေချာလေသည်။ သူ စောစော အာရုံစိုက်ထားသ၍ အဆင်ပြေလောက်ပေမည်။
သို့နှင့် သူ့ကားကိုကွေ့ကာ မြို့ကိုဦးတည်နေသည့် လမ်းငယ်လေးတစ်လျှောက် မောင်းသွားခဲ့သည်။ ခဏလောက် မောင်းနှင်ပြီးနောက် ရွှီဖန်း ကားရပ်လိုက်သည်။ ထို့နောက် ကားပေါ်မှဆင်း၍ တံခါးကိုမှီကာ ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်လိုက်သည်။
အချိန်အတော်ကြာ လိုက်ရှာပြီးတာတောင်မှ ရွှီဖန်းသည် သူ့ကို စောင့်ကြည့်နေသည့် လူများ၏ အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။ ထိုသို့ဖြစ်နေသော်ငြား ရွှီဖန်းစိတ်ထဲရှိ စိုးရိမ်ပူပန်မှုသည် မလျော့ကျသွားခဲ့ပေ။ ထိုအစား ပို၍ပင် တိုးလာခဲ့သည်။
ရုတ်တရက် သူ့ခေါင်းထက်၌ လေပြင်းတိုက်သွားသည်ကို ခံစားလိုက်ရသည်။
ကန်ချက်တစ်ခုအား ရှောင်တိမ်းရန်အတွက် ရွှီဖန်း ခန္ဓာကိုယ်ကို ကွေးလိုက်သည်။ သူ ထိုလူအား ကောင်းကောင်းမမြင်ရသေးခင်မှာပင် နောက်ထပ်ပုံရိပ်တစ်ခု ထွက်လာပြီး ရွှီဖန်းဆီသို့ ပြင်းထန်သည့်ကန်ချက်တစ်ခု ပစ်သွင်းလာသည်။
ရွှီဖန်း ရှောင်ချိန်မရှိလိုက်တာကြောင့် လက်ကိုမြှောက်၍ ပိတ်ဆို့ရန်သာ တတ်နိုင်ခဲ့သည်။
ဘုန်း!!
အသားချင်းရိုက်ခတ်သည့် မသဲမကွဲအသံတစ်ခု ထွက်လာသည်။
ပြင်းလိုက်တဲ့ခွန်အား!!!!
ထိုအရာက ရွှီဖန်း၏ အတွေးပင်။ ထိုအခိုက်အတန့်၌ ရွှီဖန်းသည် နောက်ကျောကိုကွေးညွတ်ရင်း ကားကို မှီထားခဲ့သည်။ သူ ဘာမှမလုပ်ရသေးခင်မှာပင် ကျောပြင်မှ နာကျင်မှုကို ခံစားခဲ့ရသည်။ ဒီတစ်ကြိမ် သူ မပြင်ဆင်ထားသည်ဖြစ်ရာ မြေပြင်ပေါ်သို့ ကန်ချခံခဲ့ရသည်။
ရွှီဖန်းတစ်ယောက် ခါးသက်သက် ပြုံးလိုက်မိသည်။ သူ့နှလုံးသားတစ်ခုလုံး ရှော့ရနေခဲ့သော်လည်း အမြန်တုံ့ပြန်ခဲ့ပြီး တစ်ဖက်လူမှ သူ့ကိုထပ်ပြီး တိုက်ခိုက်နိုင်ရန် အခွင့်အရေးမပေးရဲခဲ့ပေ။
မြေကြီးပေါ်မှာ လှိမ့်ရင်း ရွှီဖန်း သူ့လက်ချောင်းကို လှုပ်ရှားခဲ့သည်။ ငွေရောင်အဆောင်လေးတစ်ခုသည် ငွေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ရွှီဖန်းလက်ထဲ၌ ပျောက်ကွယ်သွားခဲ့သည်။
လျှပ်စီးဆင့်ခေါ်အဆောင်!
ရွှီဖန်းသည် သူ့ကိုယ်သူ တွန်းအားပေး၍ ရှေ့သုံးမီတာ၊ လေးမီတာလောက် ခုန်လွှားကာ တိုက်ခိုက်မှုနှစ်ခုကို အောင်အောင်မြင်မြင် ရှောင်တိမ်းခဲ့သည်။ ထို့နောက် သူ့လက်ချောင်းကို ထပ်၍ လှုပ်ရှားကာ သိုလှောင်
လက်စွပ်ထဲမှ ထုတ်ထားခဲ့သည့် ကောင်းကင်ဘုံအဆောင်ကို ချိုးပစ်ခဲ့သည်။
ထိုအချိန် ရွှီဖန်း၌ အဆောင်နှစ်ခု၏ပံ့ပိုးမှုရှိနေပြီဖြစ်ရာ ဂရုတမဲ့နေလို့မရတော့ပေ။ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် သူ့ကား၏ညာဘက်ဘေးတွင် ရှိသော ထိုလူထံသို့ လျှပ်စီးအလား သွားလိုက်သည်။
ထိုလူက သိသိသာသာမတုံ့ပြန်ပေ။ သို့သော် ရွှီဖန်း၏လက်သီးက ထိုလူကို ထိတော့မည့်
အခိုက်အတန့်၌ သူ့မြင်ကွင်းဝေဝါးသွားသလိုခံစားရကာ သူ့အရှေ့တွင် ဓားတစ်ချောင်းပေါ်လာလေသည်။
ဒင်!
ထိုအသံမှာ ရွှီဖန်း၏လက်နှင့် ဓားတို့ ထိခတ်ရာမှ ထွက်လာသောအသံပင်။
ထိုအခိုက်အတန့်တွင် ရွှီဖန်းသည် သူ့အရှေ့၌ လူငါးယောက်ရှိနေသည်ကို နောက်ဆုံးမှာ သတိထားမိခဲ့သည်။ နှစ်ယောက်က သူ့ကား၏တံခါးဘေးတွင်
ရပ်နေပြီး တစ်ယောက်က ဘယ်ဘက်တံခါး၊ နောက်တစ်ယောက် ညာဘက်တံခါးတွင်ဖြစ်သည်။ နောက်ထပ်နှစ်ယောက်က ကားခေါင်မိုးပေါ်မှာ ဆောင့်ကြောင့်ထိုင်နေကြသည်။
နောက်ထပ် တစ်ယောက်ကျန်သေး၏။ သူ့အနောက်မှာ!
ရွှီဖန်း ဆောင့်ကြောင့်ထိုင်ချ၍ သူ့အနောက်မှလူ ထိုးသွင်းလာသော ဓားကို ကပ်သီလေးရှောင်တိမ်းနိုင်ခဲ့သည်။
ရွှီဖန်းမှ ထိုတိုက်ခိုက်မှုအား ရှောင်တိမ်းသွားနိုင်ခဲ့သည်ကို လူလေးယောက် မြင်သည့်အခါ သူတို့လည်း ရှေ့ထွက်လာကြသည်။
ငါးယောက်ကို တိုက်ခိုက်ရသည်က အနည်းငယ်တော့ ခက်ခဲလိမ့်မည်။ ရွှီဖန်း သက်ပြင်းချမိတော့သည်။
*********************