← Chapters

တိုက်ခိုက်ခြင်း

Vol. 17 Ch. 251

တိုက်ခိုက်ခြင်း

Vol. 17 Ch. 251

ရွှီဖန်းတစ်ယောက် လက်ရှိ ထိုငါးယောက်ကို ကိုင်တွယ်ဖြေရှင်းနေရသည်ဖြစ်ရာ ပျာယာခတ်နေခဲ့သည်။ ငါးယောက်လုံး၏ ပူးပေါင်းတိုက်ခိုက်မှုသည် အလွန်ကောင်းမွန်ပြီး သူတို့အား တစ်ယောက်စီ တိုက်ခိုက်နိုင်မည့်အခွင့်အရေးကို ရှာမတွေ့ဖြစ်နေခဲ့သည်။

ရွှီဖန်းလှုပ်ရှားတော့မည့်အချိန်တိုင်းမှာ တစ်ယောက်မဟုတ် တစ်ယောက်က သူ့ကို တားလာသည်။ သို့နှင့် ကျန်သည့်လေးယောက်မှာ သူ့နောက်ကျောကို တိုက်ရန် အခွင့်အရေးရခဲ့သည်။

တစ်ချိန်ပြီးတစ်ချိန်ကုန်လွန်လာပြီး ဆယ်မိနစ်ကျော် ကြာသွားခဲ့သည်။ ရွှီဖန်းသည် သူ့ခန္ဓာကိုယ်ထဲမှ လျှပ်စီးဆင့်ခေါ်အဆောင်၏စွမ်းအားများ ပျောက်ကွယ်တော့မလို ခံစားနေရသည်။

"စောက်ကျိုးနည်းကွာ"

ရွှီဖန်း အံတင်းတင်းကြိတ်ပြီး ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူ့ကို တိုက်ခိုက်နေသည့် ထိုလူငါးယောက်ကိုကြည့်ပြီး ဤလျှပ်စီးကြောင်းအား ဘယ်သူ့ကိုပေးရမလဲ တွက်ချက်လိုက်သည်။

ထိုအချိန်တွင် ရွှီဖန်း၏အမြင်မှာ ဝေဝါးသွားခဲ့ပြီး အနီရောင်ပုံရိပ်တစ်ခုသည် ရုတ်ချည်းပင် အရိပ်တစ်ခုကဲ့သို့ ပေါ်လာပြီး သူနှင့်တိုက်ခိုက်နေသည့် နှစ်

ယောက်ကို နောက်သို့ ကန်ထုတ်ခဲ့သည်။

ထို့နောက် ချက်ချင်းပင် နောက်ထပ် အနီရောင်ပုံရိပ်

တချို့ ထပ်ပေါ်လာပြီး မိနစ်ပိုင်းအတွင်းမှာ လုပ်ကြံသူငါးဦးစလုံးကို အနိုင်ပိုင်းခဲ့သည်။

ဒါတင်မကဘဲ ငါးယောက်စလုံးက သိသိသာသာဒဏ်ရာရသွားခဲ့ပြီး သူတို့၏လှုပ်ရှားမှုများကပင် စတင်၍ နှေးကွေးလာသည်။

"ဘာတွေဖြစ်နေတာလဲ"

သူ့ကိုသတ်ရန် ကြိုးစားသည့် လုပ်ကြံသမားငါးယောက်ကို တိုက်ခိုက်နေသည့် အနီရောင်ပုံရိပ်ငါးခုကိုကြည့်ပြီး ရွှီဖန်းတစ်ယောက် တီးတိုးရေရွတ်မိသည်။

ထိုအချိန် သူ့အနောက်ဘက်မှ အသံတစ်ခုထွက်လာသည်။ 

"ဟေး ကြည့်ရတာတော့ မင်းသူတို့ကို ကိုင်တွယ်ဖို့ နည်းနည်းခက်နေတဲ့ပုံပဲနော်၊ ဒါကြောင့် ငါ မနေနိုင်တော့ဘဲ သူတို့ကို ထွက်ကူညီခိုင်းလိုက်တာ"

ရွှီဖန်း အံ့သြသွားပြီး လှည့်ကြည့်လိုက်သည်။ ဝမ်ပင်းဖြစ်သည်။

"မင်းပဲကို"

အံ့သြနေသည့်လေသံဖြင့် ရွှီဖန်းပြောလိုက်မိသည်။ သူ ဝမ်ပင်းအား တစ်ယောက်တည်းလွှတ်ထားရန် ရှင်းရှင်းလင်းလင်းပြောခဲ့ပေသည်။ 

"ငါပါ...ဒါပေမယ့် အခုက စကားပြောရမယ့်အချိန်မဟုတ်ဘူး"

ဝမ်ပင်းသည် ခေါင်းညိတ်၍ လေသံခပ်နက်နက်ဖြင့် ပြောလာသည်။

"ငါပြောခဲ့သလိုပဲ၊ လျို့ဝှက်အဖွဲ့ထဲက ဆယ်

ယောက်က မင်းကို သွားသတ်ဖို့ စေလွှတ်ခံထားရတာ၊ အခု ငါးယောက်ပဲရှိသေးတယ်၊ အမှောင်ထဲမှာ နောက်ထပ်ငါးယောက် ရှိနေဦးမှာ"

ရွှီဖန်း အံ့အားသင့်သွားခဲ့ပြီး မသိစိတ်မှအလိုလို ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။

"ငါတို့ဝမ်မိသားစုရဲ့ အပြင်ငါးယောက်အဖွဲ့က အရမ်း သန်မာတယ်၊ အခု သူတို့က လျို့ဝှက်သိုင်းပညာကို သုံးထားတဲ့အတွက်ကြောင့် သူတို့ခွန်အားက နက်ရှိုင်းအဆင့်ကို ရောက်လုနီးပါးဖြစ်နေပြီ၊ ဒါကြောင့် အဲ့ဒီငါးယောက်ကို ငါးမိနစ်အတွင်း ချုပ်ထားနိုင်လိမ့်မယ်၊ ဒါကြောင့် အဲ့ဒီငါးမိနစ်က ကျန်နေတဲ့ငါးယောက်အတွက်ပါ အကောင်းဆုံးအခွင့်အရေးလို့ပြောလို့ရတယ်"

ရွှီဖန်းကို မှီ၍ ဝမ်ပင်းသည် ဘေးပတ်ပတ်လည်ကို ကြည့်ကာ တည်ငြိမ်စွာပြော၏။

ရွှီဖန်းလည်း ခေါင်းညိတ်လိုက်သည်။ အခုပဲ တိုက်ခိုက်ပြီး ပညာဖလှယ်ထားတာကြောင့် ထိုလျို့ဝှက်အဖွဲ့၏ ခွန်အားကို သူ အကြမ်းဖျင်း နားလည်ထားခဲ့သည်။ ဝမ်ပင်းသည် သက်သက်ခြောက်လှန့်နေခြင်းမဟုတ်ပေ။ သူ့ခွန်အားနှင့်သာဆိုလျှင် ထိုငါးယောက်ကို ကိုက်တွယ်ရန် ခက်ခဲပေသည်။

လေထုမှာ တင်းမာနေပြီး နှစ်မိနစ်ကုန်လွန်လာသည်။ ရွှီဖန်းလည်း သက်သောင့်သက်သာမနေရဲပေ။ 

နောက်ဆုံးမှာ ကျန်ရှိသည့် ငါးယောက်ကလည်း မနေနိုင်တော့သည့်ပုံပင်။ ဘယ်နေရာကမှန်းမသိ ထွက်လာကာ ရွှီဖန်းနှင့် ဝမ်ပင်းကို တိုက်ခိုက်လာသည်။

ထိုလျို့ဝှက်အဖွဲ့၏ အဖွဲ့လိုက်တိုက်ခိုက်မှုသည် အလွန်အားကောင်းသည်ဟု ဆိုနိုင်သော်လည်း သူတို့၏ တစ်ယောက်စီ ခွန်အားသည် တခြားလူများနှင့် မယှဥ်နိုင်ပေ။ ဒါကြောင့် ရွှီဖန်းနှင့် ဝမ်ပင်းလည်း ဂရုတစိုက်တိုက်ခိုက်လေရာ အဆင်မပြေသည့် အခြေအနေမျိုး၌ မရှိနေခဲ့ပေ။

သို့သော် ရွှီဖန်းကတော့ စိတ်ဓာတ်ကျချင်နေသည်။ သူ့တန်ထျန်းထဲမှ လျှပ်စီးစွမ်းအားများသည် ပျောက်ကွယ်သွားတော့မည်ကို ခံစားမိနေသည်။

သို့သော် ဤနေရာ၌ ဝမ်ပင်းရှိနေတာကြောင့် သူ ထုတ်လွှတ်လိုက်လို့မရပေ။ ထိုလျှပ်စီးစွမ်းအားများ သူ့ခန္ဓာကိုယ်ထဲမှ တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို ခွင့်ပြုရန်သာ တတ်နိုင်ခဲ့သည်။ ​

နောက်ဆုံးတွင် သနားစရာကောင်းသော အော်ဟစ်သံတစ်ခုနှင့်အတူ အနီရောင်ပုံရိပ်ငါးခုသည် လျို့ဝှက်အဖွဲ့ထဲမှ တစ်ယောက်ကို အောင်မြင်စွာ သတ်နိုင်ခဲ့သည်။

ထိုလူသေဆုံးပြီးနောက် ကျန်သည့်လေးယောက်ကလည်း အနီရောင်ပုံရိပ်ငါးခုကို မနိုင်တော့ပေ။ ဆယ်

စက္ကန့်အတွင်းမှာပင် တစ်ယောက်ပြီးတစ်ယောက် မြေကြီးပေါ်သို့လဲကျကာ တစ်ယောက်ချင်းစီသည် ရိုက်ချက်တစ်ချက်နှင့်တင် သေလုနီးပါး ဒဏ်ရာရကုန်ကြသည်။ 

အပြတ်ရှင်း၍သတ်ဖြတ်သည့်နည်းလမ်းကို ကြည့်ပြီး ရွှီဖန်း အသက်တစ်ချက်ရှူသွင်းမိကာ ဘာမှမပြောခဲ့ပေ။

အနီရောင်ပုံရိပ်ငါးခုသည် သူတို့အရှေ့ရှိ လူများကို သတ်ဖြတ်ပြီးနောက် တစ်ဖက်ကိုလှည့်ကာ ရွှီဖန်းဆီသို့ လျှောက်လာကြသည်။ 

ရွှီဖန်း၏ အမူအရာလည်း ပြေလျော့သွားခဲ့သည်။ သူနှင့်တိုက်ခိုက်နေသည့် လူနှစ်ယောက်ကို အနီရောင်ပုံရိပ်က ပိတ်ဆို့ပေးလာသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့ အချိန်မီရောက်လာကြသည်။

အကြောင်းမှာ လက်ရှိအချိန်၌ ရွှီဖန်း၏ခန္ဓာကိုယ်ထဲတွင် လျှပ်စီးဆင့်ခေါ်အဆောင်၏ စွမ်းအားများ မရှိသလောက်ဖြစ်နေသည်ကို သူ ခံစားမိသောကြောင့်ပင်။ 

ရွှီဖန်းသာ သူ့ကို လုပ်ကြံသည့် လူငါးယောက်လက်ထဲမှ သူ့ကိုယ်သူ မကာကွယ်နိုင်ခဲ့လျှင် ဝူမင် သူ့ကိုလုပ်စေချင်သည့်အရာကလည်း သာမန်ကိစ္စမဟုတ်နိုင်ပေ။ 

မကြာလိုက်ပေ၊ ဝမ်ပင်းအရှေ့မှ လူများကိုလည်း အနီရောင်ပုံရိပ်များက ကြားဖြတ်တိုက်ခိုက်လာခဲ့သည်။

"ဘယ်လိုလဲ ငါ မင်းကို လှည့်စားဖို့ ကြိုးစားနေတာမဟုတ်မှန်း ယုံသင့်ပြီမလား"

ဝမ်ပင်းသည် ကူကယ်ရာမဲ့စွာဖြင့် ပြောမိသည်။ ဒီရွှီဖန်းသည် အလွန်သတိထားလွန်းသည်။

ရွှီဖန်း ပုခုံးတွန့်၍ ပြောလိုက်သည်။

"အင်း တစ်ဖက်အဖွဲ့က အရမ်းသန်မာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

"သန်မာတယ်လား၊ ဒါကို သန်မာတယ်လို့မခေါ်ဘူး၊ ခွန်အားအဆင့်အရဆို သူတို့ရဲ့အဆင့်က အောက်ဆုံးအဆင့်ပဲရှိသေးတယ်"

တစ်ဖက်မှာ ဝမ်ပင်းသည် ရွှီဖန်း၏ ယုံကြည်ချက်အား အလျင်မလိုဘဲ ရိုက်ချခဲ့ပေသည်။

အောက်ဆုံးအဆင့်ကတောင် ဒီလောက်ခွန်အား ရှိတာလား။

ရွှီဖန်း မယုံကြည်နိုင်ခဲ့ပေ။ သူ အမြဲတမ်း ဂုဏ်ယူခဲ့ရသည့်ခွန်အားမှာ အောက်ဆုံးအဆင့်တွင်သာ ရှိနေခဲ့သည်။

ရွှီဖန်းနှင့် ဝမ်ပင်းစကားပြောနေစဥ်မှာ သူတို့၏ မီတာဒါဇင်လောက် အကွာခန့်၌ လူတစ်ယောက်သည် သူ့လက်ထဲမှ ကင်မရာဖြင့် ရွှီဖန်းကို မှတ်တမ်းတင်နေခဲ့သည်ကို ဘယ်သူကမှ သတိမထားမိခဲ့ပေ။

ရုတ်တရက် သူ့အိတ်ကပ်မှာ တုန်ယင်သွားခဲ့သည်။ ဖုန်းကောတစ်ခုဖြစ်လေရာ သူ ချက်ချင်းကောက်ကိုင်ခဲ့သည်။

"ဟေး ရေဗန် ရခဲ့ပြီလား"

ကြမ်းကြမ်းတမ်းတမ်းအသံတစ်ခုက ဖုန်းထဲမှ ထွက်ပေါ်လာသည်။ 

"ကျွန်တော် တစ်ခုတော့ စီစဥ်ထားခဲ့တယ်၊ ဒါပေမယ့် ရွှီဖန်းက ဘာမှတိုက်ခိုက်စရာမလိုတော့တဲ့ပုံပဲ...ရိုက်ကူးတာရပ်လိုက်ရမလား၊ ကျွန်တော် ရွှီဖန်းရဲ့ ကိုယ်ခံပညာစစ်စစ်ကိုပဲ အသေးစိတ် စိစစ်ချင်တာ"

ဖုန်းတစ်ဖက်မှ လူသည် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။

"ကောင်းပြီလေ၊ မင်း ဆက်ပြီးရိုက်ကူးဖို့ မလိုတော့ဘူး၊ ဒါပေမယ့် မင်း ရိုက်ထားပြီးတဲ့ဗီဒီယိုကိုတော့ ပြန်ပို့ဖို့ မမေ့နဲ့"

"ကောင်းပါပြီ"

ထိုအချိန် ကျန်ရှိသည့် လျို့ဝှက်အဖွဲ့မှ လူငါးယောက်ကိုလည်း ဖြေရှင်းပြီးလေပြီ။

ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မြေပြင်ပေါ်မှ အလောင်းဆယ်လောင်းကိုကြည့်၍ မေးလိုက်သည်။

"ဒီအလောင်းတွေကို မင်း ရှင်းမှာမလား"

"စိတ်မပူနဲ့ ငါတို့ရှင်းပေးမှာ၊ ဘယ်သူမှ မသိစေရဘူးလို့ ကတိပေးတယ်"

ဝမ်ပင်းသည် ပြုံးလိုက်ပြီး အပြင်ငါးယောက်အဖွဲ့ကို အကြည့်တစ်ချက်ပေးလိုက်သည်။

ငါးယောက်စလုံးက အလိုလိုနားလည်ကြပြီး တစ်

ယောက်ကို အလောင်းနှစ်လောင်းစီသယ်၍ ထွက်သွားကြသည်။ 

မြေပြင်ပေါ်မှ သွေးကွက်များကိုကြည့်၍ ဝမ်ပင်းရယ်မောလိုက်သည်။ သူ့အိတ်ကပ်ထဲမှ အဖြူရောင်

အမှုန့်တစ်ထုတ်ကို ထုတ်ယူပြီး မြေပြင်ပေါ်မှ သွေးကွက်များအပေါ်တွင် ဖြူးလိုက်သည်။ 

အဖြူရောင်အမှုန့်များသည် သွေးနှင့်ထိတွေ့ပြီးသည်

နှင့် အမည်းရောင်အမှုန့်အဖြစ်သို့ပြောင်းလဲသွားကာ သွေးများက ရွှံ့များဖြစ်သွားသည်ကို ရွှီဖန်းမြင်လိုက်ရသည်။ 

"အခုတော့ အဆင်ပြေသွားပြီ၊ ဘယ်ဖြတ်သွားဖြတ်လာမှ မမြင်သွားစေရဘူးလို့ ငါအာမခံတယ်၊ သူတို့မြင်သွားရင်တောင်မှ မိုးရွာလို့ ရွှံ့တွေထွက်လာတယ်လို့ပဲ ထင်ကြမှာ"

ဝမ်ပင်းက အပြုံးဖြင့် ရွှီဖန်းကို ပြောပြလာသည်။

"ကောင်းပြီ ဒီကိစ္စကို ထားခဲ့ပြီး ငါတို့ကြားက ကိစ္စအကြောင်း ပြောကြရအောင်"

ရွှီဖန်း၏ အမူအရာမှာ လေးနက်သွားခဲ့ပြီး တစ်ဖက်လူပြောလာမည်ကို စောင့်နေခဲ့သည်။

**********************

All Chapters