← Chapters

ကယ်ဆယ်ရေး

Vol. 17 Ch. 255

ကယ်ဆယ်ရေး

Vol. 17 Ch. 255

ရွှီဖန်း၏စကားကို ကြားလျှင် ကျန်းဖန်းယင်သည် ခေါင်းအသာညိတ်၍ ပြောလိုက်သည်။

"အစ်ကိုကြီရွှီ ညီမသိပါပြီ၊ နောင်ကျရင် ညီမ အရမ်းပျော့ညံ့တော့မှာမဟုတ်ပါဘူး"

ရွှီဖန်းလည်း အနည်းငယ်ခေါင်းညိတ်၍ သူမကို ပြုံးပြလိုက်သည်။

"မင်းသိထားတာ ကောင်းပါတယ်၊ အနာဂါတ်မှာ မင်းရဲ့ဆွေမျိုးတွေကို လာခွင့်မပေးရဘူး၊ မင်းမှတ်ထားရမှာက မင်းအကူအညီလိုအပ်နေတဲ့အချိန်တုန်းက ကူညီပေးခဲ့တဲ့လူတွေကိုပဲ ပြန်ပေးဆပ်ရမှာ နားလည်လား"

ကျန်းဖန်းယင်သည် နာခံစွာဖြင့် ခေါင်းညိတ်လေသည်။

"အင်း မင်းသိထားရင်ရပြီ၊ မြန်မြန် အစ်ကို့အတွက် ချက်ပြုတ်ပေးပါဦး၊ မင်းရဲ့လက်ရှိဟင်းချက်စကေးကို မြည်းကြည့်ချင်နေပြီ"

ကျန်းဖန်းယင်မှ နားလည်ကြောင်းပြသည့်အခါ ရွှီဖန်းလည်း ဤအရေးကြီးသောအကြောင်းအရာကို ထပ်မပြောတော့ပေ။

ကျန်းဖန်းယင်သည် အားတက်သရော ခေါင်းညိတ်

ပြ၍

"ဟုတ် ညီမရဲ့ဟင်းချက်စကေးက အခုအများကြီးကို တိုးတက်လာပြီ၊ အထူးသဖြင့် အစ်ကိုကြီးယူလာတဲ့ ဟင်းချက်နည်းစာအုပ်ထဲကအတိုင်း ချက်ပြုတ်လိုက်ပြီဆိုရင် အရမ်းအရသာကောင်းတယ်"

"အင်း ဟုတ်သား အဲ့ဒီစားပွဲထိုးတွေက ထွက်သွားပြီပဲ၊ ဟွားမန်ရှင်းကို ဖုန်းဆက်ပြီး ဒီကို စားပွဲထိုး နည်းနည်းလွှတ်လိုက်ဖို့ ပြောလိုက်မယ်"

"ဟုတ် သိပါပြီ"

ကျန်းဖန်းယင်က ပြုံးသည်။ သူမ စကားပြောရင်းပြုံးလိုက်တာကြောင့် မျက်လုံးလေးများက မှေးသွားလေသည်။ 

"ဒါဆို အစ်ကိုကြီးရွှီ ညီမမီးဖိုချောင်ထဲသွားတော့မယ်နော်"

"အင်း သွားတော့"

ရွှီဖန်း သူမ၏ခေါင်းကိုပုတ်၍ ပြောလိုက်သည်။

ကျန်းဖန်းယင် မီးဖိုချောင်ထဲဝင်သွားသည့်အခါ ရွှီဖန်းသည် တစ်ဖက်ကိုလှည့်၍ ရှောင်းချောင်အား...

"ဘာလို့လဲ ထိုင်လေ"

ရှောင်းချောင်သည် သူ့အား တုံ့ဆိုင်းနေသောအမူအရာဖြင့်ကြည့်နေသည်။ ရွှီဖန်း အံ့သြသွားရပြီး မျက်မှောင်ကြုတ်ကာမေးလိုက်သည်။ 

"ဘာဖြစ်လို့လဲ၊ တစ်ခုခုပြောစရာရှိရင် ပြောလိုက်..မင်းရဲ့အရင်ပုံစံက ဒီလိုမဟုတ်ပါဘူး"

သို့သော် ရှောင်းချောင်၏စိုးရိမ်နေသာအမူအရာကြောင့် ရွှီဖန်း ထပ်ပြီးမမေးတော့ပေ။ 

ခဏအကြာမှာ ရှောင်းချောင်သည် အသက်ပြင်းပြင်းရှူသွင်း၍ ရွှီဖန်းအား တည်ငြိမ်စွာ ပြောပြလာသည်။

"အခုလေးတင် ငါလာတုန်းမှာ စွန်းဖုကျန်း သေသွားတယ်ဆိုတဲ့သတင်းကို ရခဲ့တယ်"

အချိန်အကြာကြီးစဥ်းစားပြီးတော့မှ ရွှီဖန်းသည် ရုတ်ချည်း မျက်လုံးဖွင့်ကာ မေးလိုက်သည်။

"မင်းကို အဲ့ဒီနေ့က အရက်သောက်ခိုင်းကြတဲ့ ဘဝင်

မြင့်သူဌေးသားသုံးယောက်ထဲက တစ်ယောက်လား"

ရှောင်းချောင် ခေါင်းအနည်းငယ်ညိတ်၍

"ငါ မင်းကို ပြောပြဖူးတဲ့ စိမ်းမြရောင်ဂိုဏ်းခေါင်​

ဆောင်ရဲ့သားပဲ"

ရွှီဖန်း မျက်မှောင်ကြုတ်၍ သံသယဖြင့် မေးလိုက်သည်။ 

"သူသေတာ ငါနဲ့ဘာဆိုင်လို့လဲ"

"ဆိုင်တယ် အကြီးကြီးကို ဆိုင်တာပေါ့"

ရှောင်းချောင်သည် ရွှီဖန်း၏ဘေးမှာထိုင်ချရင်း သေချာစွာပြောလာသည်။

ရွှီဖန်း အံ့သြသွားရကာ

"ငါနဲ့ ဘယ်လိုဆိုင်သွားတာလဲ"

"ငါ မင်းအကြောင်း ပြောနေတဲ့သတင်းကိုကြားခဲ့တာ၊ စွန်းဖုကျန်းက မင်းကို သတ်ဖို့ လူသတ်သမားလွှတ်လိုက်တာ သိတယ်မလား၊ သူက အာရှမှာ နံပါတ်တစ်လုပ်ကြံရေးသမားလေ"

ရှောင်းချောင်သည် ရွှီဖန်းအား စိုးရိမ်ပူပန်စွာဖြင့် ပြောပြလာသည်။

"ပြီးတော့ အဲ့ဒီလုပ်ကြံရေးသမားက ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားတယ်တဲ့လေ၊ ပြီးတာနဲ့ စွန်းဖုကျန်းသေသွားတဲ့သတင်းကြီးကြားလိုက်ရတာပဲ"

"ဒါဆိုလည်း ဘာလို့ ငါနဲ့ဆိုင်သွားတာလဲ"

ရွှီဖန်း အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။ ရှောင်းချောင်ပြောပြသွားသည့်ကိစ္စများသည် သူနှင့် ဘာမှမဆိုင်နေပေ။ 

ရှောင်းချောင်၏မျက်နှာက ကူကယ်ရာမဲ့နေ၏။

"ရွှီဖန်း မင်း ဘာလို့ အလျင်မလို ဖြစ်နေတာလဲ၊ နှစ်ယောက်မှာ တစ်ယောက်က ထူးထူးဆန်းဆန်းပျောက်သွားပြီး တစ်ယောက်က ထူးထူးဆန်းဆန်း အသတ်ခံလိုက်ရတာလေ၊ တရားခံကို အခုထိ ရှာမတွေ့သေးဘူး"

ရွှီဖန်း ခေါင်းညိတ်လိုက်ပြီး

"အိုး အဆင်ပြေပါတယ်၊ စိမ်းမြရောင်ဂိုဏ်းပဲမလား၊ သူတို့သေနတ်တွေဆွဲပြီး ငါ့ကို လာရှာကြမှာမို့လို့လား၊ ငါ သူတို့ကို မကြောက်ဘူး"

"ဒါက ငါစိုးရိမ်နေတဲ့အရာပဲ၊ တစ်ခုခုမမှားယွင်းထားရင် ဒီတစ်ကြိမ် မင်းကို လာသတ်မယ့်လူက လက်နက်ကိုင်ဆောင်ထားနိုင်တယ်"

ရှောင်းချောင်က လေးလေးနက်နက်ပြောနေခဲ့၏။

"ဒါ့အပြင် သူက ကျွမ်းကျင်သူတစ်ယောက်ပဲဖြစ်ပြီး စနိုက်ပါကိုင်လာတဲ့လူဆိုရင်ရော၊ အဆိုးဆိုးကတော့ မင်းလမ်းလျှောက်နေရင်ပဲဖြစ်ဖြစ် ကားမောင်းနေရင်ပဲဖြစ်ဖြစ် ခေါင်းကို ပစ်ခံရလိမ့်မယ်"

မတိုင်ခင်က ရွှီဖန်းသည် သူ့ခွန်အားကို ယုံကြည်တာကြောင့် ဂရုမစိုက်ခဲ့ပေ။ စိမ်းမြရောင်ဂိုဏ်းမှ ကျွမ်းကျင်သူများ လွှတ်ခဲ့လျှင် ထိုလူတို့ကို သူမရိုက်နိုင်လျှင်တောင်မှ ထွက်ပြေးနိုင်ပေသည်။ သို့သော် ယခုမှာ ကွာခြားပေသည်။ သူတို့သာ စနိုက်ပါသမားတစ်ယောက်ကို တစ်ကယ်ပို့လိုက်ပါက သူ့အခြေအနေက အလွန်အန္တရာယ်များသွားလေပြီ။

"မင်းပြောခဲ့တာတွေ ဖြစ်နိုင်ချေက ရာခိုင်နှုန်း ဘယ်လောက်ရှိလဲ"

ရွှီဖန်းသည် ရှောင်းချောင်အား လေးနက်စွာစိုက်

ကြည့်ရင်း တစ်လုံးချင်းစီပြောခဲ့သည်။

ရှောင်းချောင်သည် ခေါင်းခါယမ်း၍

"မဖြစ်နိုင်ဘူးလို့တော့ မပြောနိုင်ဘူး၊ ဒါပေမယ့် သူတို့ လက်နက် မယူလာနိုင်ခြေက သုညနားကပ်နေတယ်လို့တော့ ငါခံစားနေရတယ်"

ရှောင်းချောင်၏စကားကိုကြားသော် ရွှီဖန်းသည် တန်ပြန်တိုက်နိုင်မည့်နည်းလမ်းအား စဥ်းစားတော့သည်။ 

သို့သော် အချိန်အတော်ကြာစဥ်းစားပြီးတာတောင် အဖြေမထွက်ခဲ့ပေ။ သူ့ထံ၌ အဆောင်များလုံလုံလောက်လောက်ရှိလျှင်တောင် သူ့စွမ်းအင်ကတော့ မလုံလောက်ပေ။ တစ်ကယ်တော့ ရွှီဖန်း၏စိတ်စွမ်းအင်မှာ အကန့်အသတ်ရှိပေသည်။ သူ့ကန့်သတ်ချက်သို့မရောက်မီ သူအများဆုံးအသုံးပြုနိုင်သောအဆောင်မှာ နှစ်ခုပင်။

ရုတ်တရက် ပုဂ္ဂိုလ်တစ်ယောက်၏ရုပ်သွင်က ရွှီဖန်း၏စိတ်ထဲပေါ်လာသည်။ နတ်ဘုရားတစ်ပါး၏ပုံရိပ်ပင်။

ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းမိသည်။ ထိုက်ရှန်းလောင်ကျွင်း၌ ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှိသည်ကို သူသိသည်။ 

ထိုအကြောင်းကိုတွေးရင်း ရွှီဖန်းသည် ဘေးမှာ စိတ်ပူစွာကြည့်နေသော ရှောင်းချောင်ကို လျစ်လျူရှု၍ ဖုန်းကို ထုတ်ကာ wechatကနေ ထိုက်ရှန်းလောင်ကျွင်းထံ စာပို့ခဲ့သည်။

"အရှင်လောင်ကျွင်း ရှိလား၊ ကျွန်တော့်အသက်က အန္တရာယ်ရှိနေပြီ၊ အရေးပေါ်မလို့ မြန်မြန်လေးပြန်ဖြေပေးပါ"

စာပို့ပြီးနောက် ရွှီဖန်း ဖုန်းချလိုက်သည်။ ကောင်းကင်ဘုံမှ နတ်ဘုရားများသည် တခြားလူများထက် ဉာဏ်ပိုကောင်းကြသည်ကို သူသိ၏။ ဒါကြောင့် သူ့ဒုက္ခကို လျစ်လျူရှုကြလိမ့်မည်မဟုတ်ပေ။

သို့သော် ဤထိုက်ရှန်းလောင်ကျွင်းသည် အရူးအမူးဆေးဖော်စပ်သူဖြစ်ရာ သူ ဆေးတစ်သုတ် ဖော်စပ်

လျှင် ရက်ပေါင်း ၉၀၀ကျော်လောက် ​စောင့်ရအောင်

လုပ်နိုင်သောသူဖြစ်သည်။

ထိုအချိန်မှဆိုလျှင် သူ့ကို ကယ်ဖို့နေသာသာ အလောင်းတောင် အစရှာမရဘဲနေလိမ့်မည်။ ဒါကြောင့် ဖုန်းကိုပြန်ထုတ်၍ အာ့လန်ရှန်းကို စာပို့လိုက်သည်။

"အရှင်အာ့လန်ရှိလား ကျွန်တော် အခု အသက်

အန္တရာယ်နားကပ်နေလို့ မြန်မြန်လာပေးပါ"

သိထားရမည်မှာ ရွှီဖန်းနှင့် အာ့လန်ရှန်းသည် ညီအစ်ကိုလို ဆက်ဆံရေးမျိုးရှိနေလေပြီဖြစ်သည်။ ထို့အပြင် အာ့လန်ရှန်းသည် စစ်နတ်ဘုရားတစ်ပါးလည်း ဖြစ်တာကြောင့် သူ့ကို ကူညီနိုင်လိမ့်မည်ဟု ယုံကြည်သည်။

ဒါတွေလုပ်ပြီးနောက် ရွှီဖန်း သက်ပြင်းချကာ ဖုန်းကိုချ၍ ပြန်စာကို စောင့်နေခဲ့သည်။

"ဘာလုပ်နေတာလဲ၊ စစ်ကူခေါ်တာလား"

ရှောင်းချောင်သည် ရွှီဖန်းအား ထူးဆန်းစွာကြည့်၍ မေးလေသည်။ အခုလေးတင် ရွှီဖန်း၏ လှုပ်ရှားမှုများအားလုံးကို သူ မြင်ခဲ့လေသည်။

*******************

All Chapters