← Chapters

ဆွဲသီး

Vol. 18 Ch. 256

ဆွဲသီး

Vol. 18 Ch. 256

ရွှီဖန်း အနည်းငယ်ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"အမှန်ပဲ၊ ငါအခု အကူခေါ်ထားတယ်၊ ငါ့ကို စိတ်မပူနဲ့တော့"

ရွှီဖန်း၏စကားကိုကြားသော် ရှောင်းချောင်သည် ဘေးမှာ တိတ်တိတ်လေးထိုင်နေခဲ့သည်။ ထို့နောက် အားလုံနှင့် တခြားလူအား တံခါးရှေ့တွင် သွားရပ်စောင့်ရန် အချက်ပြခဲ့သည်။

ရှောင်းချောင်သည် အမျိုးသမီးတစ်ဦးဖြစ်နေတုန်းပင်။ ယခုဆိုလျှင် သူမ၏ကနဦးမာနကြီးမှုမှသည် ရွှီဖန်းအပေါ်၌ နားမလည်နိုင်သော ယုံကြည်မှုတစ်ခု ရှိနေလေပြီ။ တစ်ဖက်က ကျော်ကြားသောစိမ်းမြရောင်

ဂိုဏ်းဖြစ်နေလျှင်တောင်မှ သူမ ရွှီဖန်း၏စကားကို အနည်းငယ်ယုံကြည်နေမိသည်။

အခုလိုစကားများကိုသာ တခြားလူများပြောလာပါက သူမ ရယ်မောပြီး ထိုလူအား အရူးငမိုက်ကဲ့သို့ ဆက်ဆံမိမည်မှာ သေချာသည်။ သို့သော် ထိုစကားများကို ပြောသူက ရွှီဖန်းဖြစ်နေလျှင်တော့ အကျိုးသက်ရောက်မှုသည် လုံးဝကွဲပြားသွားမည်ဖြစ်သည်။

"ဘယ်သူ့ကို ခေါ်ထားတာလဲ"

ရှောင်းချောင်သည် မျက်လုံးများဝိုင်းလျက် ရွှီဖန်းကို မေးသည်။

ရွှီဖန်း ညင်သာစွာ ခေါင်းခါလိုက်သည်။ ဤလျှို့ဝှက်ချက်အား ထုတ်ပြောဖို့ရန်မှာ အဆင်မပြေချေ။

"အတိုချုပ်ပြောရရင် ငါအဆင်ပြေသွားမှာပါ"

ရွှီဖန်း ပြုံးပြလိုက်သည်။

တိုက်ဆိုင်စွာပင် ဟွားမန်ရှင်းမှ စားပွဲထိုးများလည်း ရောက်လာကြလေသည်။ ချင်းလန်သည် အလွန်ပျူငှာပြီး စားပွဲထိုးငါးယောက်တောင် လွှတ်ပေးခဲ့သည်။ တစ်ကယ်တော့ ဤစားသောက်ဆိုင်အသေးလေးအတွက် စားပွဲထိုးသုံးယောက်လောက်နှင့်

လုံလောက်ပေသည်။

သူတို့ဝင်လာသည်နှင့် ဆိုင်သူဌေးကို ရှာချင်ခဲ့သော်ငြား ရွှီဖန်းကို တွေ့သည့်အခါ အကုန်လုံး နှုတ်ဆက်လာကြသည်။ ထိုလူများသည် ဟွားမန်ရှင်းရှိ လုပ်သက်ရှည်စားပွဲထိုးများဖြစ်ရာ ရွှီဖန်းတစ်

ယောက် မြို့ထဲ၌ ဘယ်လိုအင်အားကြီးလာလဲဆိုတာကို သူတို့ မြင်တွေ့ခဲ့ရသည်။

ရွှီဖန်းသည် သူတို့အား လက်ဝှေ့ယမ်းပြ၍ အရှေ့မှ စားသုံးသူများကို မဧည့်ခံခင် မီနူးပါဟင်းပွဲများနှင့် ရင်းနှီးအောင်လုပ်သွားရန် ညွှန်ကြားခဲ့သည်။

"အိုး ဟုတ်သား မီနူးထဲက ဈေးနှုန်းတွေအတွက်တော့ ခဏစောင့်"

ရွှီဖန်း မျက်မှောင်ကြုတ်လိုက်ပြီး ဘောပင်ကို ရှာကာ မီနူးပေါ်မှ ဈေးနှုန်းများကို ပြင်ရေးခဲ့သည်။

"မှတ်ထားပါ ဒီဈေးနဲ့ပဲ ရောင်းရမယ်၊ မင်းတို့ စားပွဲတွေဆီ သွားပြီး ဈေးနှုန်းတွေကို ပြောပြလိုက်ပါ၊ ဒီနေ့ကစပြီး ဒီဈေးနှုန်းနဲ့ပဲ ရောင်းချသွားမယ်ဆိုအကြောင်း ပြောပြလိုက်ပါ"

"ဟုတ်ကဲ့!"

စားပွဲထိုးအကုန်လုံးသည် သူတို့အိတ်ကပ်ထဲမှ မှတ်စုစာအုပ်ကိုထုတ်၍ ရွှီဖန်းပြောသမျှကို မှတ်ထားကြလေသည်။

စားပွဲထိုးများထွက်သွားသည်နှင့် ကျန်းဖန်းယင်သည် စွပ်ပြုတ်အိုးအကြီးကြီးတစ်လုံးနှင့်အတူ ဟင်းပွဲတချို့တင်ထားသည့်လင်ဗန်းကြီးဖြင့် ထွက်လာသည်။

"ဟင်း ဒီလောက်အများကြီးကို လာသယ်ပေးဖို့ ဘာလို့ မပြောတာလဲ"

ဗန်းကိုကိုင်ထားရင်း လက်တုန်နေသော ကျန်းဖန်းယင်ကိုကြည့်ပြီး ရွှီဖန်း သူမကို ဆူလိုက်မိသည်။

ကျန်းဖန်းယင်သည် ဘာမှမဟုတ်သကဲ့သို့ ရယ်မော၍

"အစ်ကိုကြီးရွှီ ညီမ ဒီလောက်ကတော့ သယ်နိုင်ပါတယ်"

ရွှီဖန်း၏အရှေ့၌ လင်ဗန်းကို ကျန်းဖန်းယင်ချလိုက်သည့်အခါ ရှောင်းချောင်က ပန်းကန်များကို ကူချပေးလာသည်။

"ဟုတ်သားပဲ မင်းရဲ့အတန်းဖော်ရော၊ ဘာလို့ လာမကူပေးတာလဲ"

ရွှီဖန်း ရုတ်တရက်သတိရသွားခဲ့သည်။

ကျန်းဖန်းယင်ပြုံးလိုက်ပြီး

"အစ်ကိုကြီးရွှီ အခုမှ အောက်တိုဘာပဲရှိသေးတာလေ၊ သူမအားသေးဘူး"

ထိုအခါမှသာ သူမ၏အတန်းဖော်သည် ပိတ်ရက်တွေကျမှသာ လာကူပေးတာဖြစ်မှန်း သူသိခဲ့ရသည်။

"ကောင်းပြီ အရသာဘယ်လိုလဲဆိုတာ စားကြည့်ကြရအောင်"

ဟင်းပွဲများချပြီးသည်နှင့် ကျန်းဖန်းယင်သည် စားပွဲမှာ ဝင်ထိုင်ပြီး ရွှီဖန်းအား စိတ်လှုပ်ရှားစွာကြည့်လာသည်။

တစ်ကိုက်ကိုက်ပြီးနောက် ရွှီဖန်း၏မျက်လုံးများ မှေးကျဥ်းသွားသည်။ အချက်အပြုတ်နတ်ဘုရား၏တပည့်ပေးခဲ့သော ဟင်းချက်နည်းများက အရသာရှိလှသည်ဆိုတာကို သူဝန်ခံရပေမည်။

ရွှီဖန်းမှ သူ့မျက်လုံးကို မှိတ်လိုက်သည့်အခါ ကျန်းဖန်းယင်သည် မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။

"အရသာရှိလား"

"အင်း အရသာရှိတယ်"

ရွှီဖန်းမှ ခေါင်းညိတ်သည့်အခါ ကျန်းဖန်းယင်သည် ပြုံး၍

"ဒါဆိုရပြီ၊ အခုကစပြီး အစ်ကိုကြီးအတွက် ညီမချက်ပြုတ်ပေးမယ်"

သို့နှင့် ရွှီဖန်း၏ရင်ခွင်ထဲ သူမကိုယ်သူမပစ်ဝင်၍ ဖက်နမ်းသွားလေသည်။ ထို့နောက် မျက်နှာလေးနီမြန်းလျက် မီးဖိုချောင်ထဲသို့ ပြေးဝင်သွားခဲ့သည်။

ကျန်းဖန်းယင်ပြန်ဆုတ်သွားတာကို ကြည့်ပြီး ရှောင်းချောင်တစ်ယောက် အရွှန်းဖောက်လိုက်သည်။

"ယိုး ငါတို့ရဲ့ခန့်ညားလှပါသောအစ်ကိုရွှီက အမျိုးသမီးတွေကြား ရေပန်းစားတာပဲ"

ဒါကိုကြားတော့ ရွှီဖန်း၏မျက်နှာလည်း နီရဲသွားခဲ့ပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

"မ မဟုတ်ပါဘူး..ငါ သူ့ကို ကူညီပေးခဲ့လို့ပါ ငါ့ကို ကျေးဇူးရှင်လိုမျိုး ဆက်ဆံနေတာ"

ရှောင်းချောင်သည် သူမ၏ပါးစပ်ထောင့်ကိုအုပ်၍ ရယ်လိုက်မိသည်။ သူမ တစ်ခုခုပြောခါနီးတွင် ရွှီဖန်း၏ဖုန်းက တုန်ယင်သွားခဲ့သည်။

ရွှီဖန်းလည်း အမြန်ထုတ်ကြည့်လိုက်သည်။

အာ့လန်ရှန်းမှ

"ညီလေး မင်းဘာလုပ်ချင်လဲ အရင်ပြောပါ၊ ငါ နည်းလမ်းစဥ်းစားပေးမယ်"

အာ့လန်ရှန်း၏စာကိုမြင်တော့ ရွှီဖန်း ပြုံးလိုက်သည်။ အာ့လန်ရှန်းသည် သစ္စာရှိသောသူမှန်း သူသိပေသည်။

"တစ်ယောက်ယောက်က ကျွန်တော့်ကိုသတ်ဖို့ လက်နက်ကိုင်လုပ်ကြံရေးသမားကိုပို့လိုက်တယ်၊ ဒါပေမယ့် ကျွန်တော့်ကို ဘယ်သူသတ်ချင်နေတာလဲဆိုတာ တွေးလို့မရလို့ ဒီအသက်အန္တရာယ်ကနေ လွတ်မြောက်ဖို့ ခက်ခဲနေတယ်"

လက်နက်က ဘာလဲဆိုတာကို အာ့လန်ရှန်းအား ရွှီဖန်း ထပ်မရှင်းပြခဲ့ပေ။ ပြောပြလည်း ထိုလက်နက်ကို သူ သိမှာမဟုတ်ပေ။

"စိတ်မပူနဲ့ ညီလေး၊ သတ်ဖြတ်ဖို့ရည်ရွယ်တဲ့လူကို ထောက်လှမ်းနိုင်တဲ့ပစ္စည်းတစ်ခု ငါ့မှာရှိတယ်၊ အခုပဲ ပေးလိုက်မယ်"

မူလကတော့ ရွှီဖန်းသည် အာ့လန်ရှန်းမှ တစ်ခုခုပြောလာဦးမည်ဟု ထင်ခဲ့သည်။ အခုလို ချက်ချင်းတိုက်ရိုက်ပေးလာလိမ့်မည်ဟု မထင်ခဲ့ပေ။

ချက်ချင်းပင် အာ့လန်ရှန်းသည် ရွှီဖန်းအား စာအိတ်နီ

ပို့ပေးလာသည်။

ရွှီဖန်း အသက်ပြင်းပြင်းရှူ၍ ရှောင်းချောင်အား အပြုံးဖြင့် ပြောလိုက်သည်။

"ငါ သန့်စင်ခန်းသွားဦးမယ်"

ထို့နောက် သန့်စင်ခန်းသို့ သူ တန်းထွက်လာခဲ့သည်။

သူ စာအိတ်နီကို ဖွင့်လိုက်ရာ ခေါင်းလောင်းလေးပုံစံ ဆွဲသီးလေးတစ်ခုက ရွှီဖန်း၏ လက်ထဲ ကျလာသည်။

ဆွဲသီးလေးအားယူ၍ သူဂရုတစိုက်ကြည့်လိုက်သည်။ ၎င်းနှင့်ပတ်သက်၍ ဘာမှထူးခြားတာမျိုး သူမတွေ့ပေ။ သာမန်ငွေရောင်ဆွဲသီးအလားပင်။

ရွှီဖန်းတစ်ယောက် ချက်ချင်း ဖုန်းကောက်ကိုင်၍ မေးလိုက်သည်။

"အရှင်အာ့လန် ဒီဆွဲသီးကို ဘယ်လိုသုံးရမှာလဲ"

တစ်ဖက်တွင်မူ ခဏတာတိတ်ဆိတ်နေပြီးမှ ပြန်ဖြေလာသည်။

"ဆွဲသီးကို မင်းရဲ့ရင်ဘတ်မှာ ဆွဲထား၊ ပတ်ဝန်းကျင်မှာ မင်းကို သတ်ချင်တဲ့လူရှိလာရင် အဲ့ဒါဝတ်ဆင်ထားတဲ့လူကို ချက်ချင်း ခံစားသိရှိစေတယ်၊ တစ်ချိန်တည်းမှာပဲ ဆွဲသီးက လူသတ်သမားရဲ့တည်နေရာကိုပါ မင်းရဲ့စိတ်ထဲ ပို့ပေးလိမ့်မယ်"

ရွှီဖန်း ခေါင်းညိတ်မိသည်။ ဒါကိုကြည့်ခြင်းဖြင့် ဤပစ္စည်းသည် တစ်ကယ်ကို နတ်ဘုရားပစ္စည်းမှန်း သိနိုင်ပေသည်။

"ကျေးဇူးအများကြီးတင်ပါတယ်"

ရွှီဖန်းသည် ဖုန်းကို ကောက်ကိုင်ပြီးနောက် ဘာပြောရမှန်းမသိခဲ့ပေ။ ခဏတာတုံ့နှေးပြီးနောက်မှာ သူ ထိုစာကိုပို့ခဲ့သည်။

တစ်ဖက်တွင် အာ့လန်ရှန်းသည် ရွှီဖန်းအပေါ်၌ အလွန်အကောင်းမြင်သည်ဖြစ်ရာ တိုက်ရိုက်ပြန်ပြောခဲ့သည်။

"မင်းနဲ့ငါက ညီအစ်ကိုတွေဖြစ်နေပြီပဲ၊ ယဥ်ကျေးနေဖို့ မလိုပါဘူး၊ ငါ့မှာ အရင်လုပ်စရာတွေရှိသေးတယ်၊ တစ်ကယ်လို့ ငါ့မှာ ဘာပူပန်စရာမှမရှိတော့ဘူးဆိုရင် မင်းကိုတွေ့ဖို့ လာခဲ့ဦးမယ်"

စာကိုကြည့်၍ ရွှီဖန်း၏နှလုံးသားမှာ မနွေးထွေးဘဲ မနေနိုင်ခဲ့ပေ။ ဤအာ့လန်ရှန်းသည် လူတွေကို ခံစားရအောင် လွယ်လွယ်ကူကူလုပ်နိုင်လေသည်။

အာ့လန်ရှန်းအား ပြန်စာပို့ပြီးနောက် ရွှီဖန်းသည် ဆွဲသီးအား ရင်ဘတ်တစ်ဝိုက်မှာ ဆွဲလိုက်သည်။

စားပွဲသို့ ပြန်ရောက်သည့်အခိုက်အတန့်၊ ရှောင်းချောင် ဘာစကားမှ မပြောရသေးခင်မှာပင် ရွှီဖန်းသည် သူမ၏နားထဲသို့ တီးတိုးပြောလာသည်။

"တံခါးကိုသွားပြီး မင်းရဲ့လူတွေထဲက တစ်

ယောက်ကို ငါ့ကို တိတ်တဆိတ်သတ်ဖို့ ပြောပေးပါ"

ရှောင်းချောင်အံ့အားသင့်သွားသည်။ သူမ ရွှီဖန်းအားကြည့်၍

"ဘာတွေလျှောက်လုပ်နေတာလဲ"

ရွှီဖန်းသည် လျို့ဝှက်ဆန်းကြယ်စွာ ခေါင်းခါယမ်း၍ အာ့လန်ရှန်း ဆွဲသီး၏ အကျိုးသက်ရောက်မှုကို စစ်ဆေးလိမ့်မည်ဆိုသည့်အချက်ကို ရှောင်းချောင်အား မပြောပြခဲ့ပေ။

**********************

All Chapters