← Chapters

ငါ အကုန်ပုံအော်ရမယ်

Vol. 18 Ch. 270

ငါ အကုန်ပုံအော်ရမယ်

Vol. 18 Ch. 270

အပြင်သို့ ထွက်လာသည်နှင့် ရွှီဖန်း၏ ခြေလှမ်းများ စတင်နှေးကွေးသွားခဲ့သည်။ သို့သော် အလွန်သိသာသည်အထိတော့ မလုပ်ခဲ့ပေ။

ဖြည်းဖြည်းချင်း လျှောက်လှမ်းနေရသည့် ခံစားချက်မှာ လူအများအား အိမ်မှာ သောကကင်းဝေးစွာ နေထိုင်နေရသည့် အာရုံခံစားမှုမျိုး ပေးစွမ်းနေလေသည်။

သူတို့ သတ်ရန် ရောက်လာသည့် လူသတ်သမားမှ သာမန်မဟုတ်သည်ကို ခံစားရလိမ့်မည်မဟုတ်ပေ။

"အခု အခြေအနေ ဘယ်လိုလဲ"

ခြံအပြင်ကို လျှောက်ထွက်သွားပြီးနောက် သူ့နောက်ကျောကို ဆန့်ကာ ရွှီဖန်း မေးခဲ့သည်။

တစ်ဖက်မှာ ယန်ပင်းကလည်း ပြန်ဖြေလာသည်။

"လှုပ်ရှားမှုတစ်ခုရှိတယ်၊ မင်းအနောက်ကနေဆို ငါးနာရီထိုးတဲ့ နာရီလက်တံပုံစံအနေအထားလောက်က သစ်ပင်အောက်မှာ ရှိနေတဲ့ပုံပဲ၊ အဲ့ဒီနေရာအနေအထားကို ဂရုစိုက်ပါ"

ရွှီဖန်း ခေါင်းညိတ်ကာ ဘာမှ မပြောခဲ့ပေ။ ထိုအစား သူ နောက်ပြန်ဆုတ်ကာ ခြံတံခါးရှေ့သို့ ပြန်လျှောက်သွားခဲ့သည်။

ထို့နောက်တွင်မူ သူ့ပါးစပ်သည် အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး သူ ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်ပြခဲ့သော ဘလူးတုနားကြပ်နှင့် တွဲလိုက်ပါက အလုပ်ကိစ္စငြင်းခုန်နေသည့် ပုံစံ ပေါက်သွားခဲ့သည်။

ရွှီဖန်း ထိုကဲ့သို့ လုပ်ခဲ့ရသည့် အကြောင်းအရင်းမှာ သူ စီးပွားရေးကိစ္စပြောဆိုနေတာကြောင့် အချိန်ခဏတာအထိတော့ နေရာမှ ထွက်သွားသေးမည်မဟုတ်ဟု ထိုလူအား ခံစားစေချင်၍ဖြစ်သည်။ ထိုနည်းအားဖြင့် လူသတ်သမားက စပြီး လှုပ်ရှားလာနိုင်သည်။

မဟုတ်လျှင် လူသတ်သမားသာ  သူ့အား သတ်ရန် အခွင့်အရေး မရှာမတွေ့မချင်း ဤရွာ၌ ရက်အနည်းငယ်ခန့်နေနေပါက သူ တော်တော် ဒုက္ခရောက်ရပေလိမ့်မည်။

ရွှီဖန်း ထိုလူကို ဝိုင်းပြီးချေမှုန်းရန်အတွက် လူအများအပြားစေလွှတ်ရန် မစီစဥ်ထားပေ။ ယန်ပင်းမှ ထိုလူ့အရှိန် အလွန်မြန်သည်ဟု ပြောလာခဲ့သည်ဖြစ်ရာ ထိုလူသည် ကျွမ်းကျင်သူ ဖြစ်မည်မှန်း ရွှီဖန်း သိထားပြီးသားပင်။ အကယ်၍ သူသာ လူများကို မဆင်မခြင်

လွှတ်လိုက်ပါက သူ့ဘက်မှ များစွာ ဆုံးရှုံးရမည့်အပြင်  တစ်ချိန်တည်းမှာပင် သူ့ကိုယ်သူ ဖော်ထုတ်မိသွားလိမ့်မည်။ 

ထို့ကြောင့် ယနေ့မှာတင် လူသတ်သမားအား ယန်ပင်း ဖြေရှင်းနိုင်ရန် သူ ပြင်ဆင်ထားခဲ့သည်။ ဒါမှ တစ်ခါတည်း ကျော်လွှားနိုင်မှာပင်။

စိမ်းမြရောင်ဂိုဏ်းမှ သူ့အားသတ်ရန် လူဆက်တိုက် လွှတ်နိုင်လိမ့်မည်ဟု သူ မယုံပေ။

မျှော်လင့်ထားသကဲ့သို့ပင် ရွှီဖန်းသည် ၁၀မိနစ်ကြာ ငြင်းခုန်နေသည့် ပုံစံလုပ်ပြီးနောက် သူ ဒေါသထွက်သွားကာ အချိန်မခွာထွက်ခွာတော့မည့် ပုံစံမျိုး လုပ်ပြခဲ့သည့်အခါ လူသတ်သမားက စ၍ လှုပ်ရှားလာခဲ့သည်။ 

"သတိထားတော့ သူ သေနတ်ပြင်နေပြီ၊ မင်းကို ချိန်ရွယ်ဖို့ နေရာကောင်း ရှာနေတာဖြစ်မယ်"

ယန်ပင်းသည် နားကြပ်ထဲသို့ ပြောရင်း သူ့စနိုက်ပါကိုလည်း မြှောက်လိုက်သည်။ 

ထိုစနိုက်ပါသည် တစ်နေရာရာမှ ရရှိခဲ့ခြင်း သို့မဟုတ် ယန်ပင်း၏ ဘက်စုံသုံးသေတ္တာထဲမှ တပ်ဆင်ထားခြင်း ဖြစ်လိမ့်မည်။ သူ၏ စွမ်းအားသည် ပုံမှန်စနိုက်ပါထက် အားနည်းသော်လည်း ထိုအကွာအဝေးက တစ်စုံတစ်ယောက်ကို သတ်ရန် လုံလောက်ပေသည်။

ယန်ပင်း၏ စကားကို ကြားသော် ရွှီဖန်းသည် ခြံတံခါးရှေ့နှင့် နောက်သို့ မြန်မြန်လျှောက်နေခဲ့သည်။ လူသတ်သမားမှ သူ့အား သံသယမဝင်စေရန် အပြန်ပြန်အလှန်လှန်လျှောက်လှမ်းနေခြင်းဖြင့် စီးပွားရေးကိစ္စ အငြင်းအခုံဆက်ဖြစ်နေသကဲ့သို့ ဟန်ဆောင်ခဲ့သည်။

မျှော်လင့်ထားသကဲ့သို့ပင် ရွှီဖန်း၏ ကောင်းမွန်သောအမြင်အာရုံဖြင့် အနက်ရောင်သေနတ်ပြောင်းသည် ပုံမှန်မဟုတ်သော အကြည့်တချို့နှင့်အတူ သူ့ဦးတည်ရာကို လိုက်နေသည်ကို တွေ့လိုက်ရသည်။ ထိုအရာက ကောင်းမွန်သည့် ပစ်မှတ်ကို ရှာဖွေနေလေသည်။

အောင်မြင်ခြင်း၊ ကျရှုံးခြင်းက ဤနေရာမှာတင် ဆုံးဖြတ်ပေလိမ့်မည်။

ရွှီဖန်း အသက်ပြင်းပြင်း ရှူသွင်းကာ ရုတ်တရက် ထအော်လိုက်သည်။

"အလုပ်မဖြစ်ရင်လည်း အဲ့ဒီအကြောင်း လာမပြောနဲ့တော့!"

ထို့နောက် နားကြပ်ကို ချွတ်ကာ နေရာမှာတင် စိတ်ဆိုးတကြီး ရပ်နေခဲ့သည်။ 

ဤနေရာကို သူ သေသေချာချာ ရွေးချယ်ထားခဲ့ခြင်း ဖြစ်သည်။ ဤနေရာမှာ သူ ရပ်နေသ၍ လူသတ်သမားသာ သူ့ကို ချိန်ရွယ်နေပြီဆိုလျှင် သူ ခန္ဓာကိုယ်ကို အနည်းငယ် ရွှေ့လိုက်မည်ဖြစ်ပြီး ယန်ပင်းမှ ထိုလူ၏ခေါင်းအား ပစ်သတ်ရန် လုံလောက်ပေသည်။

ဆိုရိုးစကားအတိုင်းပင် အရေးကြီးသော အခိုက်အတန့်၌ လောင်းကြေးထပ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။ ယခု ရွှီဖန်းသည် ယန်ပင်းအား ယုံကြည်ရန်သာ ရွေးချယ်နိုင်လေသည်။ မဟုတ်လျှင် သူ့အနောက်လိုက်နေသည့်အမြီးများကို ဘယ်တော့မှ ဖယ်ရှားနိုင်တော့မည်မဟုတ်ပေ။ 

မျှော်လင့်ထားသကဲ့သို့ပင် ရွှီဖန်း မတ်တပ်ရပ်နေသည်နှင့် လူသတ်သမားက လှုပ်ရှားလာခဲ့သည်။

သူ့ခန္ဓာကိုယ်က ရှေ့ကို တရွေ့ရွေ့စောင်းလာပြီး ခေါင်းတစ်ဝက်လောက် ထွက်လာလေသည်။ ထို့နောက် သူ ရွှီဖန်းအား တိတ်တဆိတ်ချိန်ရွယ်လျက် တီးတိုးဆိုလိုက်သည်။

"နှုတ်ဆက်ပါတယ်"

ဒိုင်း! ဒိုင်း!

တစ်ချိန်တည်းမှာပင် သေနတ်သံနှစ်ချက်ထွက်ပေါ်လာခဲ့သည်။

ယန်ပင်၏မျက်လုံးများကတော့ ခေါင်းလောင်းကဲ့သို့ ပြူးကျယ်သွားလေသည်။

အပိုပစ်ခတ်မှုမှာ သူ့ကို ပစ်ခြင်း မဟုတ်ခဲ့ပေ။ သို့သော် သူ့ဘက်ကတော့ လူသတ်သမား၏ခေါင်းကို အောင်မြင်စွာ ပစ်နိုင်ခဲ့သည်မဟုတ်ပါလေား။

နောက်ထပ်ပစ်လိုက်သည့် သေနတ်ပစ်သံတစ်ခု ရှိသေး၏။ ဘယ်သူ့ကို ပစ်လိုက်တာလဲဟ!

ယန်ပင်းသည် ချက်ချင်းပင် သေနတ်ပြောင်းကို အောက်ချကာ ရွှီဖန်း ရှိနေသည့် နေရာကို ငုံကြည့်လိုက်သည်။

ထိုအချိန် ရွှီဖန်းသည် မြေပြင်ပေါ်၌ လဲကျနေလေပြီ။ သွေးများသည် စီးကျနေပြီး ရွှီဖန်း၏ ဦးခေါင်းကတော့ မဟုတ်ခဲ့ပေ။ သို့သော် သူ့ ရင်ဘတ်ကပင်။

စောက်ကျိုးနည်း!!

ယန်ပင်း ကူကယ်ရာမဲ့သွားသည်။ လက်ရှိအချိန်တွင် လူသတ်သမား၏ တည်နေရာကို သူမတွေ့နိုင်တော့ပေ။ သူသာ မဆင်မခြင် အောက်ဆင်းသွားခဲ့ပါက လူသတ်သမားက ပစ်သတ်သွားလိမ့်မည်။

ရွှီဖန်းအား ပစ်ခတ်သည့် လူသတ်သမားလည်း ထိုကဲ့သို့ပင်။ ပထမဆုံးအကြိမ် ပစ်ပြီးသည်နှင့် သူ့တည်နေရာကို အမြန်ပြောင်းသွားခဲ့သည်။ ရွှီဖန်း အခင်းဖြစ်ပွားရာနေရာ၌ နောက်ထပ် လူသတ်သမား တစ်ယောက်ရှိနေသည်ကို သူသိထားပြီးသားပင်။ ဒါကြောင့် သူသာ နေရာချက်ချင်း မပြောင်းခဲ့လျှင် ပစ်

သတ်ခံရလိမ့်မည်။

မနေ့ညက သူ အရင်ဆုံး ရောက်လာခဲ့တာ ကောင်းသွားသည်။ မဟုတ်လျှင် သူတို့လုပ်ကြံရေးသမားနှစ်ယောက် ပူးပေါင်းလုပ်ဆောင်ပါက သူတို့နှစ်ဦးစလုံး သေသွားနိုင်၏။

လူသတ်သမားက ထိုကဲ့သို့ တိတ်တိတ်ကလေး တွေးနေခဲ့သည်။ သူ့မျက်နှာကို တစ်ယောက်ယောက် မြင်

နိုင်ပါက သူသည် ထိုနေ့က ရွှီဖန်း၏ ဗီဒီယိုကိုကြည့်ရန် အခန်းတွင်း၌ ထိုင်နေသော လက်ထောက်နေရာမှ လူမှန်း သိကြပေလိမ့်မည်။

ထိုအချိန် ယန်ပင်းကတော့ အနည်းငယ် ထိတ်လန့်နေခဲ့သည်။ သူ အောက်ကို ငုံ့ကြည့်လိုက်ရာ ရွှီဖန်း၏ရင်ဘတ်သည် အထက်အောက်လှုပ်နေဆဲကို တွေ့လိုက်ရသည်။ သူ အသက်ရှင်နေသေးသည်မှာ သေချာပေ၏။

လူသတ်သမားက မသေမချင်း နောက်တစ်ကြိမ် ထပ်

ပစ်လောက်သည်။

ထို့အပြင် ရွာထဲရှိ တောင်များအပေါ်၌ တောရိုင်းတိရိ

စ္ဆာန်များ ရှိပေသည်။ ထို့ကြောင့် အနီးအနားရှိ တောင်များတွင် အမဲလိုက်သည့် တောမုဆိုးများ ရှိတတ်သည်။ သို့ဖြစ်ရာ သေနတ်ပစ်သံနှစ်ချက်သည် ရွာသားများ၏ အာရုံစူးစိုက်မှုကို မရရှိခဲ့ချေ။

ထို့အပြင် ယခု ထမင်းစားချိန်ကလည်း ရောက်နေလေပြီ။ မိသားစုများသည် နေ့လည်စာစားပြီးနောက် ပန်းကန်ဆေး၊ အချင်းချင်းစကားပြောနှင့် သူတို့ထွက်လာရန် အနည်းဆုံးတစ်နာရီလောက်တော့ ကြာဦးမည်။

ထိုအချိန် ရွှီဖန်းသည် သူ့ခန္ဓာကိုယ်ထဲ၌ ဘာခွန်အားမှ မကျန်တော့ဘဲ မြေကြီးပေါ် လဲနေသည်။ သူ့ညာဘက်ရင်အုံကတော့ ကျည်ဆံဖြင့် ထိုးဖောက်

ခံထားရသည်။ အကယ်၍ ရွှီဖန်းသာ မြန်မြန်မတုံ့ပြန်ဘဲ ရှေ့သို့ မတိုးလိုက်ပါက ရင်ဘတ်မဟုတ်ဘဲ ခေါင်းကို ပစ်သတ်ခံရလိမ့်မည်။

"ယန်ပင်း မင်း ကောင်စုတ်လေး...မင်း ဒီအဖေကို ကောင်းကောင်း စောင့်ရှောက်ရမယ်"

ရွှီဖန်းသည် နောက်ဆုံးကျန်သော ခွန်အားဖြင့် ဘေးမှ နားကြပ်ထဲသို့ ပြောခဲ့သည်။ ထို့နောက် သူ သတိလစ်သွားခဲ့သည်။ 

ယန်ပင်းသည်လည်း သူ့စိတ်ထဲ၌ အန္တရာယ်ကို တွက်ချက်နေခဲ့သည်။ ဤသစ်ပင်အား သူ ရွေးချယ်ခဲ့ သည့် အကြောင်းအရင်းမှာ ၎င်း၌ များစွာသော အကိုင်းအခတ်များနှင့် သစ်ရွက်များ ရှိတာကြောင့်

ပင်။ ရွှီဖန်း၏ အိမ်ရှေ့မှ ကြည့်လျှင် ရှင်းရှင်းလင်းလင်းမြင်ရသော်လည်း ရွှီဖန်းအိမ်၏ အနောက်တောင်ပေါ်မှဆိုလျှင် ဆန့်ကျင်ဘက်ပင်။

ကျန်နေသေးသည့် တစ်ဦးတည်းသော လူသတ်သမားက ထိုနေရာ၌ ရှိနေ၏။ ဒါကြောင့် သူ ဘေးကျပ်နံကျပ်ထဲ ရောက်နေရခြင်းဖြစ်သည်။

သစ်ပင်ပေါ်ကနေ ခုန်ဆင်း၍ သူ့ကိုယ်သူ ပစ်မှတ်အဖြစ် အသုံးပြုကာ အခွင့်အရေးတစ်ခုကို အမြန်ရှာမည်လား သို့မဟုတ် သစ်ပင်ပေါ်မှာပင် ပုန်းကွယ်ရင်း ရွှီဖန်း သေသွားတာကို ထိုင်ကြည့်နေမလား။

ယန်ပင်း၏ အမြင်ရဆိုလျှင် ရွှီဖန်း သေသွားသည်နှင့် သူ့ကို အဆိပ်ဖြေဆေး ပေးမည့်လူမရှိတော့ပေ။ ဒါဆိုလျှင် ရွှီဖန်း သေသွားသည်နှင့် သူလည်း လိုက်သေရလိမ့်မည်။

ီးပဲကွာ! အကုန်ပုံအောလိုက်တော့မယ်!

ယန်ပင်းသည် စိတ်ထဲ၌ ကြွေးကြော်ရင်း အကိုင်းပေါ်ကနေ ချက်ချင်း ခုန်ချလိုက်တော့သည်။

*********************

All Chapters