← Chapters

လုံဝဥဿုံလိုက်လျောရမည်။

Vol. 18 Ch. 258

လုံဝဥဿုံလိုက်လျောရမည်။

Vol. 18 Ch. 258

ရှောင်းချောင်၏ စိတ်မချမ်းမသာဖြစ်နေသော အမူအရာကြောင့် ရွှီဖန်းသည် ပို၍ ပျော်ရွှင်စွာ ပြုံးနေမိသည်။

ရှောင်းချောင်၏အကြည့်က သူ့အားသတ်တော့မည်ဟု ခံစားရတော့မှသာ သူ ရယ်နေခြင်းကို ရပ်တန့်ခဲ့သည်။

သူ့အမူအရာအား ပြန်တည်လိုက်ရင်း သူမကို မေးလိုက်သည်။

"ကောင်းပြီ အလုပ်ကိစ္စပြန်သွားကြတာပေါ့၊ လူသတ်သမားတွေ ဒီကို ဘယ်တော့လောက် ရောက်လာမယ်လို့ မင်းထင်လဲ"

ခဏတာ အလေးအနက်တွေးပြီးနောက် သူမဖြေခဲ့သည်။

"စိမ်းမြရောင်ဂိုဏ်းရဲ့လုပ်နိုင်စွမ်းအရ သတင်းရပြီးတာနဲ့ လူသတ်သမားတွေကို လွှတ်ပေးသင့်နေပြီ၊ ဒါ့အပြင် ငါတို့ရှိနေတဲ့နေရာက သူတို့နဲ့နီးတယ်၊ ဒါကြောင့် လေယာဥ်နဲ့သာဆို ဒီကိုရောက်ဖို့ ၁နာရီ ၂နာရီလောက်ပဲ ကြာလိမ့်မယ်၊ ဒါကြောင့် အံ့သြစရာတစ်ခုခုများမဖြစ်ပျက်ခဲ့ရင် လူသတ်သမားက နေ့လည်လောက်ရောက်လာလိမ့်မယ်"

ရွှီဖန်းက ခေါင်းညိတ်သည်။ နေ့လည်က ရောက်တော့မည်ဖြစ်သည်။ သူ့အားသတ်ရန် သူ့ကိုယ်သူ အခွင့်အရေးပေးလိုက်တာက ဒီနေရာမှာတင် ပြဿနာကို အပြတ်ရှင်းရန် ကောင်းမွန်သော နည်းလမ်းဖြစ်သည်။

ရွှီဖန်းသည် သူ့ခန္ဓာကိုယ်အနေအထားအား ဖြောင့်ဖြောင့်ထား၍ ရှောင်းချောင်ကို မေးလိုက်သည်။

"မင်း ငါနဲ့တူတူ စွန့်စားရဲလား"

ရှောင်းချောင် အံ့သြသွားခဲ့သည်။ သူမ ရွှီဖန်းကို ကြည့်၍...

"စွန့်စားတာလား၊ ဘာကိုလဲ"

ရွှီဖန်း ပြုံးလိုက်ပြီး

"ဈေးဝယ်ထွက်ကြမယ်"

ရှောင်းချောင်၏မျက်လုံးများ ပြူးကျယ်သွားရကာ...

"ရွှီဖန်း ရူးသွားပြီလား! တစ်ကယ်လို့ တစ်ဖက်လူက စနိုက်ပါသမားဆိုရင် မင်း ဈေးဝယ်ထွက်နေမှတော့ လွယ်လွယ်ကူကူနဲ့ ပစ်မှတ်မဖြစ်သွားဘူးလား"

ရွှီဖန်းသည် ခေါင်းအသာခါယမ်း၍ ဘာမှမပြောခဲ့ပေ။ သူ ရှောင်းချောင်၏မျက်လုံးကို စိုက်ကြည့်လျက်...

"မင်း ငါနဲ့အတူ လိုက်ချင်လားဆိုတာပဲ ဖြေဖို့ လိုတယ်"

ရှောင်းချောင်၏စိတ်မှာ ရှုပ်ထွေးသွားခဲ့သည်။ ဘယ်အချိန်ကစခဲ့မှန်း မသိသော်ငြား သူမသည် ဤလူယုတ်မာ ရွှီဖန်းအား စွဲလမ်းမိခဲ့ပေသည်။ ယခု ရွှီဖန်းမှ စွန့်စားတော့မည်ဟု ဆိုသောအခါ သူမ သူ့ကို မစွန့်လွှတ်နိုင်ခဲ့ပေ။

သူမ အသက်ပြင်းပြင်းရှူသွင်း၍

"ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်"

ရွှီဖန်း ရယ်မောလိုက်သည်။ ရှောင်းချောင်မှ သူ့တောင်းဆိုမှုကို ငြင်းဆန်လိမ့်မည်မဟုတ်မှန်း သူသိပေသည်။ 

ရွှီဖန်း ထရပ်ကာ ကျန်းဖန်းယင်ကို နှုတ်ဆက်ရန်

အတွက် မီးဖိုချောင်ထဲ သွားလိုက်သည်။ သူ မီးဖိုချောင်အနောက်ဘက်ကို ရောက်သည့်အခါ ထိုင်ခုံပေါ်မှာထိုင်၍ လည်ပင်းလေးထောက်ကိုင်ကာ အိပ်ပျော်နေသည့် သူမအား တွေ့ခဲ့ရသည်။ ခုံပေါ်မှာ မှိန်းနေသည့် သူမအား ကြည့်၍ ရွှီဖန်းသည် နှလုံးသားနာကျင်စွာဖြင့် လျှောက်သွားကာ ပုတ်နှိုးခဲ့သည်။

"အာ အာ...စားသုံးသူက ဘာဟင်းပွဲမှာလိုက်တာလဲ"

ကျန်းဖန်းယင်သည် ထိုင်ခုံပေါ်မှ ရုတ်ချည်းထရပ်ကာ သူမအား နာကျင်နေသည့်အမူအရာဖြင့် ရပ်ကြည့်နေသော ရွှီဖန်းကိုမြင်လျှင် ရှက်သွားရပြီး လေသံတိုးတိုးဖြင့်ပြောလိုက်မိသည်။

"အစ် အစ်ကိုကြီးရွှီ ညီမက ဒီအတိုင်း အရမ်းပင်ပန်းသွားလို့ပါ"

ရွှီဖန်းသည် ကျန်းဖန်းယင်၏ခေါင်းလေးအား ပွတ်

သပ်၍ တီးတိုးပြောမိသည်။

"အရူးမလေး မင်း ပင်ပင်ပန်းပန်းလုပ်နေဖို့ မလိုပါဘူး"

"ညီမသိပါတယ်၊ ဒီအတိုင်း ဟင်းချက်နည်းကို ဘယ်သူ့ သင်ပေးရမလဲ မသိလို့ပါ၊ အစ်ကိုကြီးရွှီပြီးရင် ညီမယုံတာဆိုလို့ ညီမအတန်းဖော်ပဲရှိတာ၊ ဒါပေမယ့် သူက အခု ကျောင်းတက်တုန်းဖြစ်နေလို့"

ကျန်းဖန်းယင်က တီးတိုးပြော၏။

ရွှီဖန်း ခေါင်းညိတ်ခဲ့သည်။ ဒီအကြောင်းကို သူ သင့်လျော်စွာ မတွေးခဲ့ပေးမိသည့်ပုံပင်။

"ကောင်းပြီ ဆိုင်ပိတ်ချိန်တောင်ရောက်တော့မယ်၊ ဖောက်သည်တွေ စားပြီးတာနဲ့ ဆိုင်ထဲ သန့်ရှင်းဖို့ စားပွဲထိုးတွေလက်ထဲအပ်လိုက်ပါ၊ ပြီးရင် အိမ်ပြန်ပြီး ကောင်းကောင်းအိပ် နားလည်လား"

"ပြီးတော့ အနာဂါတ်မှာ ဒီလိုထပ်မလုပ်နဲ့၊ မနက်ဖြန်က ပိတ်ရက်ဆိုတော့ ငါ ဟွားမန်ရှင်းကိုသွားပြီး မင်းဆီကနေ သင်ယူဖို့ ယုံကြည်ရတဲ့စားဖိုမှူးတချို့ကို ရှာလာခဲ့မယ်၊ မနက်ဖြန်ကစပြီး မင်း သူတို့ကို သင်ပေးလိုက်ပေါ့၊ ဒါဆို မင်းလည်း အလုပ်အများကြီးလုပ်ရတော့မှာမဟုတ်ဘူး"

ဒါကိုကြားသည့်အခါ ကျန်းဖန်းယင်၏မျက်လုံးအရောင်မှာ တောက်ပသွားခဲ့သည်။ သူမ ရွှီဖန်းအား ကြည့်၍ စိတ်လှုပ်ရှားစွာမေးမိသည်။

"တစ်ကယ်လား!!"

ကျန်းဖန်းယင်၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်၍ ရွှီဖန်း အပြုံးဖြင့် ခေါင်းညိတ်ခဲ့သည်။

"တစ်ကယ်ပေါ့ ငါက မင်းကို ဘာလို့ လိမ်မှာလဲ"

"အမ် ဒါဆို ညီမ သွားပြီး ကြိုပြင်ဆင်ထားတော့မယ်"

သူမ ပြောပြီးသည်နှင့် ရွှီဖန်းအား ဖက်ခဲ့သည်။ 

"အစ်ကိုကြီးရွှီက အကောင်းဆုံးပဲ!"

သူ့ရင်အုပ်ရှေ့မှ အသားလုံးနှစ်လုံးလှုပ်နေတာကို ခံစားမိတာကြောင့် ရွှီဖန်းမှာ ကူကယ်ရာမဲ့စွာဖြင့် ပုခုံးတွန့်၍...

~ဒီကောင်မလေး ကောင်းကောင်းဖွံ့ဖြိုးလာပြီလို့ ငါ ဘာလို့ ခံစားမိနေတာပါလိမ့်~

"ကောင်းပြီ အရမ်းမပင်ပန်းစေနဲ့၊ ငါ့မှာ လုပ်စရာကိစ္စတွေရှိသေးလို့ အရင်ပြန်နှင့်မယ်၊ မနက်ဖြန် တွေ့ကြတာပေါ့"

နောက်ဆုံး ကျန်းဖန်းယင်မှ သူ့အား လွှတ်ပေးခဲ့သည့်အချိန် သူ အမြန် ပြောခဲ့ရသည်။ ဘယ်သူက သိနိုင်လိမ့်မည်နည်း။ သူပြောပြီးသည်နှင့် ထိုကောင်မလေးသည် သူ့အား ချက်ချင်း ထပ်ဖက်၍ ပြောလာသည်။ 

"ဂွတ်ဘိုင် အစ်ကိုကြီးရွှီ မနက်ဖြန်တွေ့ကြမယ်"

ရှောင်းချောင်သည် နေရာမှာသာ ခဏတာထိုင်

စောင့်နေခဲ့ပြီး ရွှီဖန်းတစ်ယောက် မီးဖိုချောင်မှ ကျောပြင်ကုန်း၍ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူမ မသိစိတ်မှအလိုလိုပင် အောက်ကိုကြည့်မိရာ ရွှီဖန်း၏ ခြေထောက်အောက်၌ တဲတစ်လုံးဖြစ်နေသည်ကို တွေ့ခဲ့ရသည်။

"ယိုး ကလေးဆန်တဲ့ရုပ်လေးနဲ့ ရင်သားကြီးကြီးရှိတဲ့ ကောင်မလေးကို မင်း အထဲမှာ ဘာလုပ်ခဲ့တာလဲ"

ရှောင်းချောင်သည် နောက်ကျောကိုကွေးလျက် လမ်းလျှောက်လာသော ရွှီဖန်းကို ယုတ်မာစွာကြည့်၍ မေးခဲ့သည်။

ထိုအချိန် ရွှီဖန်းမှာတော့ ရှက်ရွံ့သွားကာ ရှောင်းချောင်ကို ကြည့်၍...

"ငါ ဘာမှမလုပ်ခဲ့တာကို ယုံမလား"

"မယုံဘူး"

ရှောင်းချောင်က ပြတ်သားစွာ ခေါင်းခါယမ်း၏။

ရွှီဖန်း ပုခုံးတွန့်၍...

"ဒါဆို ပြီးပြီလေ၊ မင်းတွေးချင်သလို တွေးလိုက်"

ထို့နောက် ရှောင်းချောင်သည် အပြုံးတစ်ခုဖြင့် ရွှီဖန်းအနောက်ကို လိုက်လာခဲ့သည်။ နောက်လိုက်နှစ်

ယောက်ကို ပြန်လွှတ်ပြီးနောက်မှာ သူမ သူ့လက်အား သဘာဝကျစွာ ဆုပ်ကိုင်၍ ထွက်လာခဲ့သည်။ 

"ဟေး မင်းဘာဖြစ်နေတာလဲ၊ ဂိုဏ်းခေါင်းဆောင်လို ပြုမူနေသင့်တာ မဟုတ်ဘူးလား"

ရွှီဖန်းမှာ သူမကို ကြည့်၍ ကူကယ်ရာမဲ့စွာ ပြောမိသည်။ သို့သော် သူ့လက်ထဲမှ သူမ၏လက်အား မဆွဲထုတ်နိုင်ခဲ့ပေ။

ရှောင်းချောင်သည် ကိုယ်တိုင်တောင် သတိမထားမိဘဲ ပြောလာခဲ့သည်။

"မိန်းကလေးနဲ့ယောကျ်ားလေး ဈေးဝယ်ထွက်တာလေ ဒီလိုပဲ ဖြစ်သင့်တာ မဟုတ်ဘူးလား"

ရွှီဖန်းမှာ ကူကယ်ရာမဲ့စွာခေါင်းညိတ်ပြီး ဘာမှထပ်မပြောနိုင်တော့ပေ။

ခဏကြာတော့ သူတို့နှစ်ယောက် ကားပါကင်ကို ရောက်လာခဲ့သည်။ ကားပေါ်ရောက်သည်နှင့် ရွှီဖန်းသည် ဖုန်းထုတ်၍ ဝူမင်၏နံပါတ်ကို ခေါ်ခဲ့သည်။ 

"ဟယ်လို ရွှီဖန်း ဘာကိစ္စရှိလို့လဲ"

ဖုန်း၏အခြားတစ်ဖက်တွင် ဝူမင်သည် စိတ်ရှုပ်ထွေးမှုဖြင့် မေးလာလေသည်။ ရွှီဖန်း ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။ 

"ဗိုလ်မှူးဝူကို ဖုန်းခေါ်ပေးဖို့ ပြောပေးပါဦး၊ ကျွန်တော် သူနဲ့ ဆွေးနွေးစရာရှိတယ်"

ဝူမင်သည် ခေတ္တအံ့သြခဲ့သော်ငြား...

"ကောင်းပြီ ခဏပဲစောင့်"

ကြည့်ရုံဖြင့် ရွှီဖန်းသည် ဝူထျန်းပေးခဲ့သော အခြေအနေနှစ်ခုကို သုံးရန်ပြင်ဆင်နေမှန်း သူ သိပေသည်။ 

ခဏကြာတော့ ရွှီဖန်း ဖုန်းကောက်ကိုင်ခဲ့သည်။

"ဟေး ရွှီဖန်း ငါ ဘာလုပ်ပေးစရာရှိလို့လဲ"

ဖုန်းတစ်ဖက်၌ ဝူထျန်း၏ အသံနက်ကြီးထွက်လာသည်။ ရွှီဖန်းလည်း သူ့လည်ချောင်းကို ရှင်း၍ မေးခဲ့သည်။

"ဗိုလ်မှူးဝူ အရင်က ကျွန်တော်နဲ့သဘောတူထားတဲ့ အခြေအနေနှစ်ရပ်က သေချာတယ်မဟုတ်လား"

"ဟုတ်တယ် ငါ့ရဲ့စကားတွေကို ပြန်မရုတ်သိမ်းပါဘူး၊ ပြောပါ မင်း ဘာလိုချင်လဲ"

ဝူထျန်း၏အသံသည် အပြုသဘောဆောင်နေပေသည်။

ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်း၍ 

"ကျွန်တော့်ကို တိုက်ခိုက်ရေးသမားတပ်စုတစ်စု ပို့ပေးပါ၊ သူတို့မှာ လက်နက်အပြည့်အစုံပါထားရမှာဖြစ်ပြီး စနိုက်ပါသမားနှစ်ယောက်ပါ ထည့်ပေးပါ၊ သူတို့ကို အရပ်ဝတ်နဲ့ ကျင်းရှရင်ပြင်မှာ စောင့်ခိုင်းပေးပါ၊ စနိုက်ပါသမားနှစ်ယောက်က အမြင်ကျယ်ကျယ်နဲ့ နေရာနှစ်ခုလုံးကို ရှာနိုင်ဖို့ လိုပါတယ်၊ သူတို့ တစ်ယောက်ကိုတစ်ယောက်လည်း မြင်နိုင်ဖို့ လိုအပ်တယ်"

ရွှီဖန်းသည် ၎င်းအကြောင်းကို တွေး၍ တည်ငြိမ်သည့်အသံဖြင့် ပြောခဲ့သည်။ 

ဝူထျန်းသည်လည်း ခေတ္တအံ့သြသွားခဲ့သည်။ ရွှီဖန်း ဘာလုပ်ချင်နေမှန်း သူ မတွေးနိုင်သော်ငြား စစ်သားတစ်ယောက်အနေနှင့်ရော ယောကျ်ားတစ်ယောက်

အနေနှင့်ပါ သူပြောခဲ့သည့်စကားများကို လုံးဝဥဿုံလိုက်လျောရပေလိမ့်မည်။

"ကောင်းပြီ"

********************

All Chapters