ချေမှုန်းသတ်ဖြတ်ချင်စိတ်
Vol. 18 Ch. 260
ရွှီဖန်း စကားပြောလိုက်သည့်တစ်ချိန်တည်းမှာပင် သူ့အရှေ့မှ အရာအားလုံး တောက်ပလာသည်ကို ခံစားခဲ့ရသည်။
တစ်ဖက်လူ၏ သတ်ဖြတ်ချင်စိတ်ပြင်းထန်လာသော အချက်ပြမှုမှန်း ရွှီဖန်း ရှင်းရှင်းလင်းလင်းသိပေသည်။
တစ်ချိန်တည်းမှာပင် ရွှီဖန်းသည် ရှောင်းချောင်၏လက်အား ဆုပ်ကိုင်၍ ဈေးဝယ်ထွက်လာသည့်အတွဲကဲ့သို့ ပစ္စည်းဝယ်နေသည့် လူသုံးယောက်ထံ လျှောက်သွားလိုက်သည်။
ထိုအချိန် ပတ်ဝန်းကျင်၏အလင်းရောင်များမှိန်ဖျော့သွားခဲ့ကာ လူသတ်သမားသည် သူ့ကို တစ်ချက်တည်းသတ်နိုင်မည့် အနေအထားကို ရှာမတွေ့နိုင်သေးမှန်း ရွှီဖန်း သိလိုက်သည်။ ထို့ကြောင့် သူ အနည်းငယ် စိတ်သက်သာရာရခဲ့ပေသည်။
ထိုအချိန်ကို အခွင့်ကောင်းယူ၍ ရွှီဖန်း ပတ်ဝန်းကျင်ကို ဖြည်းညှင်းစွာကြည့်လိုက်သည်။ သူလုပ်ရန်လိုအပ်သည်မှာ လူသတ်သမားကို ရှာဖွေရန်ဖြစ်ပြီး ထိုသူ၏ တည်နေရာအား တပ်သားများထံ ပေးပို့ရန်ဖြစ်သည်။
ရွှီဖန်းမျက်မှောင်ကြုတ်ကာ ရှော့ရသွားခဲ့သည်။
ထိုသတ်ဖြတ်ချင်စိတ်က ပျောက်ဆုံးသွားလေသည်။
"ဘာဖြစ်လို့လဲ"
ရွှီဖန်းမှ အံကြိတ်လိုက်တာကြောင့် ရှောင်းချောင်သည် သိလိုစိတ်ဖြင့် မေးခဲ့သည်။
ရွှီဖန်း သူ့ခေါင်းကိုနှိမ့်၍ ရှောင်းချောင်ကို ကြည့်လိုက်သည်။
"အခုလေးတင် သေနတ်သမားက ငါ့ကိုသတ်ချင်နေတာ၊ ငါ ခေါင်းလည်းမော့လိုက်ရော သူ့ရဲ့သတ်ဖြတ်ချင်စိတ်ကို ချုပ်တည်းလိုက်တယ်၊ အခု သူ ဘယ်မှာလည်းဆိုတာ ငါခံစားလို့မရတော့ဘူး"
ရှောင်းချောင် အံ့သြသွားခဲ့သည်။ လူသတ်သမားက တစ်ကယ် ရောက်နှင့်နေပြီလား။
ယခု ရွှီဖန်းတစ်ယောက် ဂရုမစိုက်ဘဲ မနေရဲတော့ချေ။ လူသတ်သမားက အနီးမှာတင် ရှိနေသေးမှန်း သူသိသည်။ သူသာ ထိုလူသတ်သမားအား ဒီနေ့မဖမ်းမိပါက သူ့ကို သတ်ရန်အခွင့်အရေး မရှာတွေ့မချင်း သူ့နောက်ကို လိုက်နေကြလိမ့်မည်။ ထို့ကြောင့် ဤတစ်ကြိမ်၌ ရွှီဖန်းနှလုံးသားမှာ ယောက်ယပ်ခတ်နေရသည်။
"ခေါင်းဆောင် ခင်ဗျားရှိလား"
ရွှီဖန်းသည် စောင့်ကြပ်မှုကို မလျှော့ရဲဘဲ ထိုဈေးဝယ်သူသုံးယောက်နောက်ကို ဆက်လိုက်သွားခဲ့သည်။
"ဟုတ်ကဲ့ ညွှန်ကြားစရာရှိပါသလား"
တပ်စုခေါင်းဆောင်က ချက်ချင်းဖြေလာသည်။ သူ့တာဝန်သည် ရွှီဖန်းအား ကာကွယ်ရန်နှင့် ရွှီဖန်း၏ အမိန့်အား နာခံရန်ဖြစ်သည်။ ထို့ကြောင့် ရွှီဖန်းမှ ပစ်မှတ်ပျောက်သွားပြီဟု ပြောလာသည့်အခါ သူ အားလုံးကို သတိမပြတ်ကြရန် ချက်ချင်း အမိန့်ပေးခဲ့သည်။
ရွှီဖန်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် သူနှင့် ထိုသုံးယောက်ကြား အကွာအဝေးအနည်းငယ်ခြားကာ တီးတိုးပြောခဲ့သည်။
"တပ်စုခေါင်းဆောင် ကျွန်တော်ရင်ပြင်အပေါက်ဝကို ရောက်သွားပြီဆိုရင် တစ်စုံတစ်ယောက်က ကျွန်တော့်ကို ပစ်ဖို့ ကြိုးစားလာလိမ့်မယ်၊ ခင်ဗျားရဲ့စနိုက်ပါတွေက ကျွန်တော် ဘယ်နေရာမှာ အသတ်ခံရနိုင်လဲဆိုတာ ခန့်မှန်းနိုင်လား"
တပ်စုခေါင်းဆောင်သည် နားကြပ်ထဲသို့ မပြောခင်မှာ ချင့်ချိန်တွေးတောခဲ့သည်။
"ရန်သူက ဘယ်လိုလက်နက်အမျိုးအစားသုံးတာလဲ သိလား"
ရွှီဖန်း အံ့အားသင့်သွားပြီး နှေးကွေးစွာ ပြန်ပြောလိုက်သည်။
"ကျွန်တော် မသိဘူး"
"ဒါဆို ကျွန်တော်တို့လုပ်နိုင်တာ ဘာမှမရှိဘူး၊ အဲ့ဒီနေရာက ပွင့်လင်းဧရိယာဖြစ်တာမလို့ တစ်ဖက်လူရဲ့ သေနတ်အမျိုးအစားကို မသိဘူးဆိုရင် သူ ဘယ်မှာလဲ ခန့်မှန်းဖို့ ခက်ပါတယ်"
တပ်စုခေါင်းဆောင်သည် ကူကယ်ရာမဲ့စွာဖြင့် ပြောလာခဲ့သည်။
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ သူ ခဏတာ တွေးဆပြီးနောက် နားကြပ်ကိုထိ၍ ထပ်ပြောလိုက်သည်။
"ဒါဆို တစ်ဖက်လူက ရင်ပြင်ရဲ့ ဘယ်နေရာမှာလဲဆိုပြီး ခန့်မှန်းတွက်ချက်လို့ရတဲ့ နေရာတွေရောရှိလား"
ရွှီဖန်း၏ မေးခွန်းကို ကြားတော့ တပ်စုခေါင်းဆောင်သည် တိတ်ဆိတ်သွားခဲ့ပြီး သူ့နားကြပ်ကို တပ်စနိုက်ပါသမားထံ လွှဲပေးလိုက်
သည်။
"ဒေါက်တာရွှီ လူသတ်သမားရဲ့တည်နေရာကို တွက်ချက်လို့ရတဲ့နေရာတွေတော့ ရှိပါတယ်၊ ဒေါက်တာရွှီရဲ့အရှေ့ ၃၀မီတာလောက်က မိုးမခပင်၊ ဘယ်ဘက် ၁၄၀မီတာလောက်က ဆေးဆိုင်၊ ညာဘက်မှာတော့ ရေပန်းရှိပါတယ်"
စနိုက်ပါက ရိုးရိုးရှင်းရှင်းပြောပြလာသည်။
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက်ရှောင်းချောင်၏လက်ကို ကိုင်၍ မိုးမခပင်ရှိရာသို့ လျှောက်လာခဲ့သည်။
စက္ကန့်၃၀လောက်ရပ်ပြီးသော်လည်း သတ်ဖြတ်လိုစိတ်က ပေါ်လာခြင်းမရှိမှန်း ရွှီဖန်း ခံစားခဲ့ရသည်။ ဒီမှာ မနေသင့်တော့ပေ။
ရွှီဖန်း ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာ ဆေးခန်းအဝင်ပေါက်နှင့် ရေပန်း၏ဘေး၌ လူများစွာ ရှိပြီး သူတို့ဘေး၌မူ ဖြတ်သွားဖြတ်လာများမရှိပေ။ ဒီအတိုင်း လျှောက်သွားရန်က အန္တရာယ်များလွန်းသည်။
အာ့လန်ရှန်းသည် သူ့အတွက် ဆွဲသီးအသုံးပြုရာ၌ အကာအကွယ်သုံးလွှာချန်ထားပေးခဲ့သည်။ သူ နှစ်
ကြိမ်အသုံးပြုပြီးပြီဖြစ်ရာ တစ်ကြိမ်သာ ကျန်
တော့သည်။ နောက်တစ်ကြိမ်၌ ရှာမတွေ့ခဲ့ပါက ဆွဲသီး၏ ဘေးထွက်ဆိုးကြိုးကို ခံရလိမ့်မည်။
သူသာ စောစောသိခဲ့လျှင် ရှောင်းချောင်အား စမ်းသပ်ခိုင်းခဲ့မည်မဟုတ်ပေ။
ရွှီဖန်းသည် အံတင်းတင်းကြိတ်၍ အတွဲတစ်တွဲ သူ့တို့ဘေးမှ မဖြတ်လျှောက်သွားခင်အထိ မိုးမခင်ပင်အောက်၌ ဆယ်မိနစ်လောက် ရပ်စောင့်နေခဲ့သည်။
ရွှီဖန်းသည် ရှောင်းချောင်အား အဓိပ္ပာယ်ပါသော အကြည့်ပေးခဲ့ပြီး ထိုအတွဲနောက်သို့ နှစ်ယောက်စလုံးလိုက်လျှောက်ခဲ့သည်။ သူတို့နှစ်ယောက် လက်ချင်းတွဲထားခဲ့ပြီး လူသတ်သမားမှ သူတို့အား သတ်နိုင်ဖို့သင့်လျော်သောအခွင့်အရေးမရရှိသွားစေရန်အလို့ငှာ ထိုအတွဲနှင့်အတူ လျှောက်လှမ်းလာခဲ့သည်။
ဒီတစ်ကြိမ် ရှောင်းချောင်ကလည်း အလွန် ပူးပေါင်းပေးလေသည်။ ရွှီဖန်း သူမအား ဘာပဲလုပ်စေချင်ပါစေ သူမသည်လည်း အကြောင်းမရှိ ရိုးရှင်းစွာ လိုက်
လုပ်ပေးလိမ့်မည်။
အကြာကြီးမလျှောက်လိုက်ရဘဲ ထိုအတွဲက ဦးတည်ရာပြောင်းသွားခဲ့သည်။ ကြည့်ရတာ အလယ်ရှိ ဈေးဝယ်စင်တာကြီး၏ဝင်ပေါက်သို့ ဦးတည်နေသည့်ပုံပင်။
ရွှီဖန်း၏ နှလုံးသား တင်းကြပ်သွားခဲ့သည်။ ဒီတစ်
ကြိမ်မှာတော့ ဘာပဲဖြစ်လာဖြစ်လာ လုံးဝလွဲချော်လို့မရပေ။
ချက်ချင်းပင် ထိုအတွဲဆီသို့ လျှောက်သွားကာ သူမေးလိုက်သည်။
"ညီလေးတို့နှစ်ယောက် ဈေးဝယ်စင်တာထဲသွားမလို့လား"
အမျိုးသားဖြစ်သူက ရွှီဖန်းအား သတိအနေအထားဖြင့်ကြည့်ကာ ခေါင်းညိတ်၍ မေးလာသည်။
"ဟုတ်ပါတယ် ဘာဖြစ်လို့လဲ"
ထိုအမျိုးသား၏မျက်လုံးအကြည့်ကြောင့် ရွှီဖန်း၏စိတ်ထဲ တင်းကြပ်သွားခဲ့သည်။ သူ စွမ်းအင်
ထပ်ဖြုန်းလို့မဖြစ်တော့ချေ။ လူသတ်သမားသာ သာမန်မဟုတ်သည်ကို သတိထားမိသွားပါက သူ့အစီအစဥ်တစ်ခုလုံး ပျက်စီးသွားလိမ့်မည်။
"ကျွန်တော်တို့နဲ့တူတူ ဆေးဆိုင်ကို လိုက်ခဲ့ပေးလို့ရမလားဗျ"
ရွှီဖန်းသည် သိပ်မဝေးသည့်နေရာမှ ဆေးဆိုင်ကို ညွှန်ပြခဲ့သည်။
ဤလူ့အဖွဲ့အစည်း၌ မရေမတွက်နိုင်သော လူလိမ်များစွာ ရှိပေသည်။ ဒါကြောင့် ထိုလူကလည်း တိုက်ရိုက်ခေါင်းခါလာလေသည်။
တစ်ဖက်တွင် အမျိုးသမီးသည် ရွှီဖန်းအား ရဲရဲကြည့်၍ တိုးညှင်းစွာမေးလာသည်။
"ရှင်တို့က ဘာလို့ ကျွန်မတို့ကို လိုက်စေချင်တာလဲ၊ ဆိုင်က နီးနေတာပဲ မဟုတ်လား"
ရွှီဖန်း စိတ်ညစ်စွာ ခေါင်းခါယမ်း၍ နားကြပ်ဖြင့် ပြောလိုက်သည်။
"ခေါင်းဆောင် တပ်သားနှစ်ယောက်ကိုလွှတ်ပေးပါ၊ ဖြတ်သွားဖြတ်လာလို ဟန်ဆောင်ပြီး ဆေးဆိုင်သွားတဲ့တစ်လျှောက် ကျွန်တော်တို့ကို ကာကွယ်ပေးပါ"
"ကောင်းပြီ"
တပ်စုခေါင်းဆောင်က ပြန်ဖြေသည်။
စုံတွဲသည် ခဏတာ ထိတ်လန့်သွားကြပြီး ရွှီဖန်းကို ကြည့်ကာ ထွက်သွားရန်ပြင်သည်။
"ညီမတို့နှစ်ယောက် ခဏလောက်စောင့်ပေးပါဦး"
ရှောင်းချောင်တစ်ယောက် စိုးရိမ်တကြီးဖြင့် ပြောမိသည်။
သို့သော် ထိုကဲ့သို့တားလာလေ စုံတွဲမှာ ကြောက်ရွံ့လေဖြစ်သည်။ ထို့နောက် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ပြေးသွားကြလေသည်။
ရွှီဖန်း အံ့အားသင့်ခဲ့ရသည်မှာ ထိုအခိုက်အတန့်တွင် ဆွဲသီးသည် နောက်ထပ်သက်ရောက်မှုရှိလာခဲ့သည်။
ဟာကွာ!
ကံကောင်းစွာဖြင့် ရှောင်းချောင်၏ ကာကွယ်မှုကြောင့် သူ့ကို တိုက်ခိုက်ရန် သင့်လျော်သော အနေအထား ရှာနေရတုန်းပင်။
"ခေါင်းဆောင် ခင်ဗျားရဲ့လူတွေ ရောက်ပြီလား"
"လမ်းပေါ်မှာပါ၊ လက်ရှည်အပြာရောင်
အင်္ကျီဝတ်ထားတဲ့အမျိုးသားနှစ်ယောက် အနောက်မှာ ရောက်နေပါပြီ"
တပ်စုခေါင်းဆောင်က ရွှီဖန်းကို ပြန်ဖြေခဲ့သည်။
ရွှီဖန်း သူ့ခေါင်းကို လှည့်ကာ လူသတ်သမား၏ သတ်ဖြတ်လိုစိတ်ကို ထိန်းထားနိုင်မည့် နည်းလမ်းကို အမြန်တွေးခဲ့သည်။ မဟုတ်လျှင် ဆွဲသီး၏သက်ရောက်မှု ထပ်ပျောက်သွားပါက သူ ဒုက္ခအကြီးအကျယ်ရောက်လိမ့်မည်။
ရွှီဖန်း အံကိုကြိတ်၍ ရှောင်းချောင်ကို ပြောလိုက်သည်။
"မြန်မြန် အဲ့ဒီတပ်သားနှစ်ယောက်ဆီ ပြေးသွား"
ရှောင်းချောင် အံ့အားသင့်သွားရကာ ရွှီဖန်းအားကြည့်၍...
"ဒါဆို မင်းကရော"
"ငါ့ကို စိတ်မပူနဲ့၊ ငါ ဘာလုပ်နေလဲဆိုတာ ငါသိပါတယ်"
ရွှီဖန်း သူမအား မျက်လုံးမှိတ်ပြခဲ့သည်။
******************