← Chapters

စနိုက်ပါတစ်ယောက်မဟုတ်ဘူး

Vol. 18 Ch. 261

စနိုက်ပါတစ်ယောက်မဟုတ်ဘူး

Vol. 18 Ch. 261

ရွှီဖန်း ပြောသည့်စကားကို ကြားပြီးနောက် ရှောင်းချောင်သည် အံကြိတ်၍ ထွက်လာခဲ့သည်။ 

ရွှီဖန်း ဒါကို လုပ်ရဲသည့် အကြောင်းအရင်းမှာ လူသတ်သမားသူ့ကိုတိုက်ခိုက်မည့် အခိုက်အတန့်တွင် အချိန်က နှေးကွေးသွားသောကြောင့်ဖြစ်သည်။ 

မျှော်လင့်ထားသကဲ့သို့ပင် ရှောင်းချောင် ထွက်ခွာသွားသည်နှင့် ရွှီဖန်း၏နှလုံးသားက တင်းကြပ်သွားခဲ့သည်။ ထိုအခိုက်အတန့် အချိန်ကလည်း နှေးကွေးလာကြောင်း သူခံစားမိသည်။ 

ချက်ချင်းပင် ရွှီဖန်း ပတ်ပတ်လည်ကို စတင်ရှာဖွေလိုက်သည်။ တိုက်ခိုက်မှုကို မရှောင်ခင်မှာ လူသတ်

သမားရှိသည့်နေရာကို ရှာရန်လိုအပ်သည်။ အကြောင်းအရင်းမှာ တိုက်ခိုက်မှုကို ရှောင်နိုင်ပြီးသည်နှင့် ဆွဲသီး၏အကျိုးသက်ရောက်မှုက ပျောက်သွားတော့မှာ ဖြစ်သောကြောင့်ပင်။

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သော်လည်း သူ ဘာကိုမှ မတွေ့ပေ။

သေစမ်းကွာ!

ရွှီဖန်းအံကိုကြိတ်၍ ပတ်ပတ်လည်ထပ်ရှာလိုက်သော်လည်း ရှာမတွေ့သေးပေ။

မဖြစ်နိုင်ပေ။ လူသတ်သမားက အနီးမှာတင် ရှိရပေလိမ့်မည်။ ဘာလို့ မမြင်နိုင်ရမည်နည်း။ 

အဲ့ဒီလူကို ရှာတွေ့ဖို့ ဆွဲသီးက အရမ်းဝေးနေလို့များလား။

ထို့နောက် ရွှီဖန်း ခေါင်းခါယမ်းလိုက်သည်။ ဤအချိန်သည် သူ၏စိတ်ကူးများကို လမ်းချော်သွားရမည့်အချိန်မဟုတ်ပေ။ 

ဒါကိုတွေး၍ သူ ထပ်ပြီး ပတ်ဝန်းကျင်ကို ရှာခဲ့သော်ငြား လူသတ်သမား၏ခြေရာကို ရှာမတွေ့ခဲ့ပေ။ သို့သော် နီးကပ်လာသော အန္တရာယ်ကို သူ ခံစားမိနေလေပြီ။ သူ အချိန်အများကြီးလည်း ဖြုန်းပြီးပြီဖြစ်တာကြောင့် ခန္ဓာကိုယ်နှိမ့်၍ ရှောင်ခဲ့သည်။

ရွှီဖန်း သူ့ခန္ဓာကိုယ်ကို နှိမ့်ချခံနီးတွင် ဆေးဆိုင်ရှေ့၌ တစ်ကိုယ်လုံးအနက်ရောင်ဝတ်ထားသည့်လူတစ်ယောက် ရပ်နေသည်ကို တွေ့ခဲ့ရသည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲရှိ ရုပ်ဖျက်ထားသော သေတ္တာပုံစံသေနတ်ကို မြင်ခဲ့ရသည်။ 

စနိုက်ပါသမား မဟုတ်ခဲ့ပေ။ 

ရွှီဖန်း သက်ပြင်းချမိသည်။ ဘာပဲဖြစ်ဖြစ် လူသတ်သမားကို တွေ့ခဲ့လေပြီ။

သူဘေးသို့လှိမ့်ကာ လုပ်ကြံသူထံမှကျည်ဆံကို ရှောင်ခဲ့သည်။ သူ တိုက်ခိုက်မှုကို ရှောင်ပြီးသည်နှင့် ဆွဲသီး၏အကျိုးသက်ရောက်မှုလည်း ပျောက်ကွယ်သွားလေသည်။

ထို့နောက် ချက်ချင်းပင် ရင်ဘတ်ပေါ်မှ ဆွဲသီးကို ဆွဲဖြုတ်လိုက်သည်။ နောက်တစ်ခေါက် ပြန်အသက်

ဝင်လာလျှင် ဘယ်လိုဆိုးကျိုးတွေ ခံရနိုင်လဲမသိပေ။

"ပစ်မှတ်ရောက်နေပြီ၊ ဆေးဆိုင်ဝင်ပေါက်က အနက်ရောင်ဝတ်စုံ၊ သေတ္တာနဲ့လူပဲ၊ မြန်မြန်ချုပ်ပေးကြပါ"

ဆွဲသီးကို ဖြုတ်ပြီးသည်နှင့် နားကြပ်ထဲသို့ ချက်ချင်း ပြောခဲ့သည်။

ရွှီဖန်း၏အသံနှင့်အတူ ရင်ပြင်ပေါ်ရှိ လူတစ်ဝက်လောက်က ဆေးဆိုင်ကို ပြေးသွားကြသည်။

တိုက်ခိုက်မှုလွဲချော်သွားသည်နှင့် ပြေးရမည်။ ဒါဟာ ယန်ပင်း၏ ဘဝခံယူချက်ပင်။ 

ရွှီဖန်းအတွက် သူ ဒီမှာစစောင့်နေကတည်းက နမိတ်မကောင်းသလိုမျိုး ကြိုတင်ခံစားမိနေခဲ့သည်။ ရွှီဖန်းက အနည်းငယ်ထူးဆန်းနေသည်ဟူ၍လည်း သူခံစားခဲ့ရသည်။

မျှော်လင့်ထားသကဲ့သို့ပင် ရွှီဖန်းအား သူ ပထမဆုံးအကြိမ် လုပ်ကြံရာ၌ သူသည် လူအုပ်ထဲသို့ တိုးဝင်သွားကာ ပထမဆုံးလုပ်ကြံမှုကို ကျော်ဖြတ်နိုင်သွားခဲ့သည်။

ထိုအချိန်၌ တစ်ခုခုမှားယွင်းနေပြီဟု သူခံစားခဲ့ရကာ ချက်ချင်း သူ့သေနတ်ကို သိမ်းလိုက်ရသည်။ နောက်ဆုံးတွင်မူ သူ အခွင့်အရေးထပ်ရသည်နှင့်သေနတ်ကို ထပ်ဖွင့်ခဲ့သည်။ သို့သော် ရွှီဖန်းသည် သာမန်မျက်စိနှင့် မမြင်နိုင်လောက်အောင် အလွန်လျင်မြန်သော အရှိန်ဖြင့် ရှောင်တိမ်းသွားခဲ့သည်။

မကြာခဲ့ပေ။ သူ ရင်ပြင်ကို ကြည့်လိုက်သည်။ မူလက ပတ်ပတ်လည် လည့်ပတ်လျှောက်လှမ်းနေကြသော လူတစ်ဝက်လောက်က သူရှိရာသို့ ဦးတည်ပြီးလာနေကြသည်။

ယန်ပင်းသည် သူ့အနောက်မှဆေးဆိုင်သို့ အရှိန်အဟုန်ဖြင့်ပြေးဝင်လာခဲ့သည်။

"သူဌေး မင်းမှာ သန့်စင်ခန်းရှိလား၊ ငှားသုံးချင်လို့"

ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ယန်ပင်းသည် ဆိုင်

ပိုင်ရှင်ကို တိုက်ရိုက်ပြောခဲ့သည်။

ဆိုင်ပိုင်ရှင်သည် ခဏတာ အံ့သြသွားခဲ့ပြီးနောက် မနီးမဝေးမှ တံခါးလေးကို ညွှန်ပြခဲ့သည်။

"အာ အဲ့ဒါက သန့်စင်ခန်းပါ၊ စိတ်ကြိုက်အသုံးပြုလို့ ရပါတယ်"

ယန်ပင်း ခေါင်းညိတ်၍ သန့်စင်ခန်းထဲဝင်လိုက်သည်။

အခု သူကိုယ်တိုင်လုပ်ထားသည့် အဝတ်ကို ဝတ်ဆင်ထားခဲ့သော်လည်း ဘယ်သူ့ကိုမှ မပြောပြခဲ့ပေ။ 

သန့်စင်ခန်းထဲရောက်ပြီးနောက် သူ အင်္ကျီကို လှန်

လိုက်ရာ ခရမ်းရောင်လက်ရှည်အင်္ကျီဖြစ်သွားခဲ့သည်။ ထို့နောက် လက်ထဲမှ သေတ္တာကို ဖွင့်၍ တစ်ဖက်သို့ လှန်လိုက်သည်။ ထို့နောက် သေတ္တာသည် စကိတ်

ဘုတ်အဖြစ်ပြောင်းသွားကာ သေနတ်ရှိနေခဲ့မှန်း ပြောရခက်သွားလေပြီ။

ထို့နောက် သူ့မျက်နှာပေါ်မှ လူ့အရေပြားကို ဆွဲဆုတ်ခဲ့သည်။ အောင်မြင်သောလုပ်ငန်းရှင်ပုံစံမှသည် ငယ်ရွယ်သော အားကစားတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဒါတွေအားလုံးလုပ်ပြီးနောက်မှာ သန့်စင်ခန်းတံခါးကို ဖွင့်၍ အပြင်သို့ ထွက်လာခဲ့သည်။ 

ထိုအချိန် လူအုပ်စုကလည်း အထဲပြေးဝင်လာကြသည်။ သူ ဆေးခန်းထဲ၌ ပတ်လျှောက်နေပြီး ကောင်းမွန်သောလူတစ်ဦးကဲ့သို့ ဟန်ဆောင်နေခဲ့သည်။

ဆိုင်ရှင်အား အမေးအမြန်းပြု၍ သန့်စင်ခန်းထဲ ဝင်သွားကြသောလူများကို ကြည့်ပြီး ယန်ပင်း ပြုံးလိုက်တာ အဟန့်အတားမရှိဘဲ ဆိုင်ထဲမှ ထွက်လာခဲ့သည်။

သို့သော် သူလုပ်ခဲ့သမျှ အရာအားလုံးကို မြင်ကွင်းထိုးဖောက်အဆောင်အသုံးပြုထားသော ရွှီဖန်းတစ်

ယောက် မြင်သွားသည်အား သူမသိခဲ့ပေ။ 

ရွှီဖန်း၏နှုတ်ခမ်းထောင့်မှာကွေးတက်သွားပြီး သူ့ဘေးမှ ရှောင်းချောင်ကို ပြောလိုက်သည်။

"ဟွားမန်ရှင်းကိုသွားပြီး ငါ့အတွက် ဟင်းပွဲတွေမှာထားပေးပါ၊ ငါ အရင်သွားစရာရှိလို့"

ရှောင်းချောင်တွေ့ဆုံနေရသည့် အန္တရာယ်မှာ ဖြေရှင်းပြီးသွားပြီဖြစ်ရာ သူမ ခေါင်းညိတ်လိုက်သည်။

လူသတ်သမား ဖမ်းမိခြင်း၊ မဖမ်းမိခြင်းကတော့ သူမ စိတ်ပူစရာကိစ္စမဟုတ်တော့ပေ။ 

"တပ်စုခေါင်းဆောင် သူက ထွက်ပြေးသွားပြီ၊ ခင်ဗျားတို့ ပြန်လို့ရပါပြီ၊ ဒီနေ့အတွက် အရေးကြီးတာ ဘာမှလုပ်စရာ မကျန်တော့ဘူး၊ ဒါကြောင့် သူ့နောက်ကို မလိုက်နဲ့တော့"

တပ်စုခေါင်းဆောင်သည် သန့်စင်ခန်းထဲတွင်ရပ်ရင်း လူ့အရေပြားကိုကြည့်ကာ သူ့ကိုယ်သူ အပြစ်တင်နေခဲ့သည်။

ပြောရလျှင် ဒီနေ့ သူ ဘာမှ မကူညီပေးခဲ့ရပေ။ သူနှင့်အတူ တပ်သားအများအပြားနှင့် စနိုက်ပါနှစ်

ယောက်ကို ခေါ်ခဲ့သည်မှာ ခရီးထွက်နေခြင်းနှင့်တူလှသည်။ ဒါက သူ့အား စိတ်မသက်မသာဖြစ်စေခဲ့၏။

"ဒေါက်တာရွှီ ကျွန်တော်တို့"

"အဆင်ပြေပါတယ် အရင်ပြန်ဆုတ်လိုက်ကြပါ၊ ဝူမင်ကိုလည်း ခင်ဗျားတို့ ကူညီပေးခဲ့တယ်လို့ ပြောပေးမှာပါ၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေစရာမလိုပါဘူး"

တပ်စုခေါင်းဆောင်လေသံထဲမှ နောင်တတရားကို ခံစားမိတာကြောင့် ရွှီဖန်း အပြုံးဖြင့် ပြောခဲ့ပေသည်။

တပ်စုခေါင်းဆောင်သည် ခဏတာအံ့သြသွားပြီးနောက် သတိဝင်သွားခဲ့သည်။ ဒီနေ့ ဘာမှမလုပ်ပေးနိုင်ခဲ့လျှင် အပြစ်ပေးခံရမည့်လူက သူတစ်ယောက်တည်းမဟုတ်ချေ။ သူနှင့်အတူ ပါလာသည့် တပ်ဖွဲ့တစ်ခုလုံး အပြစ်ပေးခံရမည်ဖြစ်သည်။ ဒါကိုတွေး၍ တပ်စုခေါင်းဆောင်သည် နားကြပ်ထဲ တီးတိုးပြောခဲ့သည်။

"ဒေါက်တာရွှီရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"

ထို့နောက် သူ့လက်ကိုမြှောက်၍ ဝေ့ယမ်းလိုက်သည်။

"ပြန်ဆုတ်!"

တစ်ဖက်မှာ ရွှီဖန်းကတော့ ယန်ပင်းနောက်သို့ ၂၀၀မီတာအကွာမှ လိုက်လာခဲ့သည်။

သူ့အနောက်ကိုလိုက်နေတုန်းဖြစ်သည့် ရွှီဖန်းအား ယန်ပင်းကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူမနေနိုင်တော့ဘဲ ခေါင်းကိုလှည့်ကာ မေးခဲ့သည်။

"ဘာလို့ ငါ့နောက်ကို လိုက်နေတာလဲ"

ယန်ပင်း၏စိုးရိမ်နေသောအမူအရာကိုကြည့်ပြီး ရွှီဖန်း မရယ်ဘဲ မနေနိုင်ခဲ့ချေ။ 

"ဘာလဲ မင်းအနောက်ကို လိုက်လို့မရဘူးလား၊ ငါ မင်းအနောက်ကို လိုက်လို့မရဘူးဆိုပြီး နိုင်ငံက စည်းမျဥ်းထုတ်ထားလို့လား"

"မင်း မင်း ငါ့အနောက်ကို လိုက်နေတာက ပြစ်မှုကျူးလွန်နေတာပဲ သိရဲ့လား"

ရွှီဖန်း၏ သက်သောင့်သက်သာဖြစ်နေသော အမူအရာကြောင့် ယန်ပင်းသည် ထိုစကားလုံးများအား ကျယ်လောင်စွာ မပြောဘဲ မနေနိုင်ခဲ့ချေ။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်မှ အကြည့်တချို့ကို ဆွဲဆောင်လိုက်မိပေသည်။

ရွှီဖန်းသည် လုံးဝ မထိတ်လန့်နေခဲ့ပေ။ သူ ယန်ပင်းအား ညင်သာစွာ တိုက်ရိုက်ပြောခဲ့သည်။

"ဒါဆို မင်းအလိုရှိရင် အဲ့ဒီစစ်သားတွေကို ပြန်ခေါ်

လိုက်မယ်၊ မင်းကို ထောင်ထဲ ပို့လို့ရအောင်လို့"

********************

All Chapters