← Chapters

ဆိုးရွားသောအရသာ

Vol. 18 Ch. 263

ဆိုးရွားသောအရသာ

Vol. 18 Ch. 263

ဝူမင်က အံ့သြသွားပြီးနောက် ရွှီဖန်းကို ပြောလာသည်။

"တပ်စုခေါင်းဆောင်ဆီကနေ သူတို့မဖမ်းမိခဲ့ဘူးလို့ ပြောတာ ကြားခဲ့သလားလို့"

ရွှီဖန်းသည် ရှင်းပြရန် အလွန်ပျင်းလွန်းတာကြောင့် တိုက်ရိုက်ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် အပြင်ကို သတင်းဖြန့်ပေးပါ၊ လျို့ဝှက်ချက်တစ်ခုလို မထိန်းသိမ်းထားဖို့ မှတ်ထားပါ၊ သူတို့ ကျွန်တော့်ရဲ့ တိုက်ခိုက်နိုင်တဲ့ခွန်အားအကြောင်းကို အတော်လေးသိကြတယ်ဆိုတာ ယုံတယ်၊ ဒီသတင်းက စိမ်းမြရောင်ဂိုဏ်းအတွက် ရည်ရွယ်တာမလို့"

ဝူမင် ခဏတာ အံ့သြသွားခဲ့သည်။ ရွှီဖန်း ဘာလုပ်မည်ဆိုတာကို သူ မသိသော်လည်း သူ့မိသားစုမှ လူအိုကြီးက ရွှီဖန်းနှင့် ချွင်းချက်မရှိ ပူးပေါင်းလုပ်ဆောင်ပေးရန် အမိန့်ပေးထားခဲ့သည်။ သူ ခဏလောက်စဥ်းစားပြီးနောက် ပြောလိုက်သည်။

"ကောင်းပြီ ငါ လုပ်ပေးမယ်"

ဖုန်းချပြီးနောက် ရွှီဖန်းသည် ပျော်ပျော်ရွှင်ရွှင်ဖြင့် ဖုန်းကိုသိမ်းကာ ဟွားမန်ရှင်းသို့ ထွက်လာခဲ့သည်။

ထိုအချိန်တွင် လူခုနစ်ဦး၊ ရှစ်ဦးခန့်သည် လျို့ဝှက်အခန်းတစ်ခု၌ ထိုင်နေကြသည်။

"ရေဗန်က နောက်ဆုံးဗီဒီယိုကို ပို့လိုက်တယ်၊ တူတူကြည့်ကြတာပေါ့"

မျက်နှာပေါ်၌ အနက်ရောင်တက်တူးထိုးထားသည့် လူတစ်ယောက်က ဖြည်းညင်းစွာ ပြောလာသည်။

ကျန်သူများက ဘာမှမပြောဘဲ ခေါင်းညိတ်လာကြသည်။

ထို့နောက် ထိုလူသည် သူ့လက်ကို မြှောက်၍ ရီမုကို ကောက်ယူကာ နှိပ်လိုက်ပြီး အရှေ့မှ ပရိုဂျက်တာကို ဖွင့်လိုက်သည်။

ထို့နောက် မျက်နှာပြင်က လင်းလာပြီး ရွှီဖန်းမှ ရှောင်းချောင်အား ပြေးသွားရန် တိုက်တွန်းနေသည့်မြင်ကွင်းပေါ်လာသည်။

ရွှီဖန်း၏ခန္ဓာကိုယ်သည် သူ၏နဂိုနေရာမှ  အဝေးသို့မခုန်ခင် ထူးဆန်းသည့်နည်းလမ်းဖြင့် ဘယ်ဘက်နှင့် ညာဘက်ကို ယိမ်းယိုင်နေခြင်းအား တွေ့လိုက်ရသည်။ ထိုအရာအားလုံး တစ်စက္ကန့်တောင်မလိုဘဲ ဖြစ်ပျက်သွားခဲ့တာပင်။

ထိုလူသည် စခရင်ကိုကြည့်၍ မျက်မှောင်ကြုတ်

နေသည်။ ထို့နောက် ၁၀ဆ အနှေးဖြင့် ပြန်ဖွင့်ခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူကြည့်နိုင်လေပြီ။ 

ဒီတစ်ကြိမ် ရွှီဖန်း၏လှုပ်ရှားမှုက သာမန်အနေအထားဖြစ်သွားခဲ့သည်။ ရွှီဖန်းသည် ချက်ချင်း ခေါင်းကိုမော့၍ ပတ်ဝန်းကျင်ကို နှစ်ကြိမ်ခန့် ကြည့်နေခဲ့သည်။ ထို့နောက် ခေါင်းကိုနှိမ့်ကာ သူ့ခန္ဓာကိုယ်ကို ဘေးသို့လှိမ့်ရင်း မူလနေရာမှ အဝေးသို့ ခုန်ကျော်သွားလေသည်။

"တွေ့လား အထူးသဖြင့် ဒီတစ်ကြိမ်မှာ သူ့ကို သတ်ဖို့ကြိုးစားတဲ့ လူသတ်သမားရှိနေခဲ့တယ်၊ ကျည်ဆံကို ရှောင်ဖို့ သူ စီစဥ်ထားပြီးတော့ ခုန်တာလည်း အရမ်းမြန်တယ်၊ သူက လူသတ်သမားရဲ့တည်နေရာကိုလည်း ရှာတွေ့သွားတဲ့ပုံပဲ"

ထိုလူက မြင်ကွင်းကိုကြည့်၍ တီးတိုးပြောဆိုလေသည်။

သူ့အနောက်တွင်ထိုင်နေသော အမျိုးသားက မျက်မှောင်ကြုတ်၍ ပြောသည်။

"သူ ဒါကို ဘယ်လိုတောင် အရမ်းမြန်မြန်လုပ်လိုက်တာလဲ"

"ဟုတ်တယ် သူ တုံ့ပြန်တဲ့အရှိန်နဲ့ဆို ငါတို့ သူ့ကို သတ်ဖို့ ခက်လိမ့်မယ်"

"ငါတို့ နှံ့နှံ့စပ်စပ်စစ်ဆေးပြီး နည်းလမ်းရှာနိုင်သရွေ့ ကိစ္စကြီးတော့မဟုတ်ပါဘူး၊ နောက်ဆုံးတစ်ကြိမ်မှာ သူ့အရှိန်က အဲ့ဒီလောက်မမြန်ဘူးလေ"

အနောက်မှ လူများ၏စကားပြောသံများကို ကြားပြီးနောက် ထိုလူသည်မျက်မှောင်ကြုတ်၍ လက်ဝှေ့ယမ်းလာသည်။

"ငါတို့ စောင့်ကြည့်ရမယ်၊ ဘာပဲဖြစ်ဖြစ် အားရုန်အတွက် သေချာပေါက် လက်စားပြန်ချေရမယ်"

ဟွားမန်ရှင်း၏ဝင်ပေါက်ရှေ့သို့ ရွှီဖန်းရောက်လာသည်။ လမ်းမှာကတည်းက ရှောင်းချောင်ကို ဘယ်အခန်းမှာလဲ မေးထားပြီးပြီဖြစ်တာကြောင့် ထိုအခန်းသို့ တိုက်ရိုက်လျှောက်လာခဲ့သည်။

ဧည့်သည်များစွာ ကျရောက်နေတာကြောင့် ဧည့်မန်နေဂျာလည်း ရွှီဖန်း ဖြတ်လျှောက်သွားသည်ကို သတိမထားမိခဲ့ပေ။ မကြာလိုက်ပေ၊ ရွှီဖန်း အခန်းထဲသို့ လျှောက်ဝင်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် ရှောင်းချောင်သည် စားပွဲအပြည့်ဟင်းများမှာထားပြီး သူ့ကို စောင့်နေသည်။ 

"နောက်ဆုံးတော့ ရောက်လာပြီပဲ၊ အဆင်ပြေရဲ့လား"

ရှောင်းချောင်သည် ရွှီဖန်းအားကြည့်၍ နူးညံ့စွာ မေးခဲ့သည်။ ရွှီဖန်းပြုံးကာ ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် သူမ၏ ဘေးမှာ ထိုင်ချလိုက်သည်။

"ဒီစားသောက်ဆိုင်က အတော်လေးနာမည်ကြီးတယ်၊ မြန်မြန်စားကြည့်၊ အထူးသဖြင့် နှုတ်မြိန်စာပဲ အရမ်းအရသာရှိတယ်"

ရှောင်းချောင်သည် ရွှီဖန်းအား အပြုံးဖြင့်ပြောကာ သူ့အရှေ့၌ နှုတ်မြိန်စာကို ချပေးလာသည်။

ရွှီဖန်း တိတ်တဆိတ်ပင် သဘောကျစွာ ပြုံးရယ်လိုက်သည်။ သူနှင့်ဟွားမန်ရှင်းကြားမှ အခြေအနေကို ရှောင်းချောင်တစ်ယောက် နက်နက်နဲနဲ မသိသေးသည့်ပုံပင်။

သို့သော်ငြား နှစ်လုပ်ခန့်စားပြီးနောက် ရွှီဖန်း မျက်မှောင်ကြုတ်မိသည်။ နှုတ်မြိန်စာ၏အရသာက အနည်းငယ် ပြောင်းလဲသွားသည်ဟု သူခံစားရသည်။

ထို့နောက် သူ မျက်မှောင်ကြုတ်လျက်ပင် တခြားဟင်းပွဲများကို မြည်းစမ်းလိုက်သည်။ အရသာမှာ မပြောင်းလဲသွားသော်လည်း ပေါ့သွားသလို ခံစားရပေသည်။ 

ဘာဖြစ်သွားတာလဲ။

ရွှီဖန်း ခဏလောက်စဥ်းစားပြီးနောက် ရှောင်းချောင်အား 

"အရင်က ဒီမှာစားဖူးလား"

ရှောင်းချောင် အံ့သြသွားသော်လည်း ခေါင်းညိတ်၍

"ငါ ဒီကို နှစ်ခါလောက် လာစားဖူးတယ်၊ ဘာဖြစ်လို့လဲ"

ရွှီဖန်း သူ့အရှေ့မှ ဟင်းပွဲများကို ညွှန်ပြ၍

"အရသာ ပေါ့သွားတယ်လို့ ခံစားရလား"

ရှောင်းချောင် ခေါင်းညိတ်ပြီး ဘာမှမပြောပေ။ သူမ၏တူကို ကောက်ကိုင်၍ တစ်လုပ်မြည်းကြည့်လိုက်သည်။ ထို့နောက် သူမ မျက်မှောင်ကြုတ်ကာ...

"တစ်ကယ်ပဲ အရသာက ပိုပေါ့သွားပေမယ့် အများကြီးတော့မဟုတ်ဘူး၊ ခဏခဏ လာမစားဖူးတဲ့လူသာဆိုရင် ခံစားမိမှာမဟုတ်လောက်ဘူး"

ရှောင်းချောင်သည် ပြောပြီးနောက် ရွှီဖန်းကို ကြည့်လာသည်။

ရွှီဖန်းလည်း သူမထံမှ အမှန်တရားကို ဖုံးကွယ်ထားရန် ခံစားချက်မရှိတော့ပေ။ မှီတင်းထားသည့် ပါဝင်

ပစ္စည်း၌ ပြဿနာရှိနေသည်ဆိုပါက ရွှီဖန်း၏ တာဝန်ဖြစ်လေသည်။

ဒါကိုတွေး၍ ဖုန်းကိုထုတ်ကာ ချင်းလန်ကို ခေါ်

လိုက်သည်။ 

"ယိုး ရွှီဖန်း ဘာဖြစ်လို့ ဆက်သွယ်တာလဲ"

ဆက်သွယ်မှုချိတ်ဆက်သွားသည်နှင့် ချင်းလန်၏ သွက်လက်သောရယ်သံလေး ထွက်လာသည်။

ရွှီဖန်းသည် ထိုအကြောင်းစကားပြောရန် ခံစားချက်မရှိတာကြောင့် တိုက်ရိုက်ပြောခဲ့သည်။

"ငါ အခု ဟွားမန်ရှင်းက အခန်း302မှာ၊ ဒီကို လာခဲ့ဦး၊ ပြောစရာရှိတယ်"

ရွှီဖန်းမှ တည့်တိုးပြောလာတာကြောင့် တစ်ခုခုဖြစ်နေပြီးမှန်း ချင်းလန်သိလိုက်သည်။ သူမ ချက်ချင်းပင်

"အိုခေ ခဏစောင့် အခုပဲ လာခဲ့မယ်"

သို့နှင့် ချင်းလန်က ဖုန်းချသွားခဲ့သည်။

"ဘယ်သူလဲ"

ရှောင်းချောင်သည် သိချင်တာကြောင့် မေးခဲ့သည်။

"ချင်းလန်"

ရွှီဖန်း ပေါ့ပေါ့ပါးပါးဖြေ၍ ပြဿနာကို ရှာတွေ့နိုင်ရန် ထပ်ပြီး စားသုံးခဲ့သည်။ သို့သော် သူ့ပါးစပ်တစ်ခုတည်းဖြင့် ဘယ်အရာမှ ရှာတွေ့နိုင်မည် မဟုတ်

သည်မှာ သိသာပေ၏။

ဘေးမှာထိုင်နေသည့် ရှောင်းချောင်ကတော့ အံ့သြနေသည်။ 

ချင်းလန်လား...ဟွားမန်ရှင်းရဲ့ သူဌေးမဟုတ်လား။  ရွှီဖန်းမှာ ဒီလို ကျယ်ပြန့်တဲ့ အဆက်အသွယ်တွေ ဘယ်အချိန်က ရှိသွားတာလဲ။

သေချာပေသည်။ အကယ်၍ ရွှီဖန်းသာ ဟွားမန်

ရှင်း၏ ရှယ်ယာရှင်မှန်း သူမ သိခဲ့ပါက သေလုနီးပါး တုန်လှုပ်သွားပေလိမ့်မည်။

ခဏကြာတော့ ချင်းလန်သည် အခန်းထဲ လျှောက်ဝင်လာပြီး ထိုင်ချလာသည်။

"ဘာဖြစ်လို့လဲ ပြော"

ရွှီဖန်း ခေါင်းခါယမ်း၍ ဘာမှမပြောခဲ့ပေ။ တူကို ညွှန်ပြ၍ စားသုံးကြည့်ရန်သာ အချက်ပြခဲ့သည်။

ချင်းလန် အံ့အားသင့်သွားပြီးနောက် နှလုံးခုန်မှားသွားခဲ့သည်။ ရွှီဖန်း၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ဟင်းပွဲများ၏ အရသာမှာ တစ်ခုခုမှားယွင်းနေမည့်ပုံပင်။

ထိုအချိန် ချင်းလန်သည် ထပ်ပြီး အချိန်မဖြုန်းတော့ဘဲ နှုတ်မြိန်စာကို စားကြည့်ခဲ့သည်။ ရွှီဖန်းနှင့် တူလုနီးပါးပင် သူမ ပထမတစ်လုပ်ကို စားပြီးနောက် မျက်မှောင်ကြုတ်သွားခဲ့သည်။ တခြားဟင်းပွဲများကိုလည်း စားသုံးပြီးနောက်မှာ သူမ၏မျက်နှာတစ်ခုလုံး မည်းမှောင်လာတော့သည်။

"ဘယ်လိုလဲ အရသာပိုပေါ့သွားတယ်မလား"

ရွှီဖန်း ချင်းလန်ကို ကြည့်၍ မေးခဲ့သည်။ 

ချင်းလန်ကလည်း ခေါင်းညိတ်၍ ပြောလာလေသည်။ 

"ဟုတ်တယ်၊ အရသာက အနည်းဆုံး၂၀ရာခိုင်နှုန်းလောက် ပေါ့သွားတာကို ကျွန်မခံစားမိတယ်"

ရွှီဖန်း အသက်ပြင်းပြင်းရှူ၍ ဖြည်းညင်းစွာမေးလိုက်သည်။

"လတ်တလောမှာ ဟွားမန်ရှင်းက ပြဿနာကြုံတွေ့ခဲ့သေးလား၊ ပါဝင်ပစ္စည်းထောက်ပံ့မှုကရော ပုံမှန်ပဲလား"

ရွှီဖန်း မေးချင်သည့် အကြောင်းအရာကို ချင်းလန် အလိုလိုသိပေသည်။ သူမ ခေါင်းကို ညိတ်၍...

"အင်း အဲ့ဒါတွေနဲ့ ပတ်သက်ပြီး ဘာပြဿနာမှမရှိဘူး၊ ပြီးတော့ ကျွန်မ စားဖိုမှူးတွေကိုလည်း မပြောင်းလဲထားဘူး၊ ဒီနေရာမှာ ပြဿနာ ရှိမနေသင့်ဘူးလေ"

**********************

All Chapters