ထပ်ပြီးတော့ ဆွေမျိုးတွေပဲ
Vol. 18 Ch. 264
ရွှီဖန်း မျက်မှောင်ကြုတ်မိသည်။ သူမရှိသည့် ဤရက်ပိုင်းအတွင်း လုပ်ငန်းလည်ပတ်မှု၌ ပြဿနာများ ရှိနေခဲ့သည့်ပုံပင်။
"ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ တာဝန်ရှိတဲ့လူကရော အရင် လူတွေပဲလား"
ခဏတာလောက် သေချာစဥ်းစားပြီးနောက် ရွှီဖန်း မျက်မှောင်ကြုတ်၍ မေးခဲ့သည်။
ချင်းလန်သည် ခဏတာလောက် ဗလာအကြည့်ဖြင့် ကြည့်နေခဲ့ပြီး ပြောလာသည်။
"ခဏစောင့် စားဖိုဆောင်တာဝန်ယူထားတဲ့လူကို ခေါ်လာခဲ့မယ်"
သူမပြောပြီးသည်နှင့် မတ်တပ်ရပ်ကာ အပြင်သို့ ထွက်သွားခဲ့သည်။
"မင်းတို့ ... ဘာတွေဖြစ်နေကြတာလဲ"
ရှောင်းချောင်သည် ဇဝေဇဝါအမူအရာဖြင့် မေးလာလေသည်။
ရွှီဖန်း သူမကို အပြုံးဖြင့်ကြည့်၍ ပြောလိုက်သည်။
"မင်း ဒါကို မထင်ထားခဲ့ဘူးမလား၊ အခု ဟွားမန်ရှင်းတစ်ဆိုင်လုံးရဲ့ စားသောက်ကုန်ပါဝင်ပစ္စည်းတွေကို ထောက်ပံ့ပေးတဲ့နေရာမှာ တာဝန်ယူထားတယ်၊ အများစုက ငါ ကိုယ်တိုင် ထုတ်လုပ်ထားတာ"
ရွှီဖန်း၏စကားကြောင့် ရှောင်းချောင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
"တစ်ကယ်လား၊ ငါ မှတ်မိသလောက် လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကပဲ မင်း သိန်းပေါင်းများစွာရဖို့တောင် စိတ်ပူနေခဲ့ရတာ၊ အခုကျ...."
ရွှီဖန်း ခေါင်းခါယမ်းလိုက်ကာ..
"ကောင်းပြီ၊ အခုဒီလိုဖြစ်သွားတယ်ဆိုပေမယ့် အသေးစိတ်တော့ ပြောပြလို့မရဘူး၊ အခု ပြဿနာက ငါထောက်ပံ့တဲ့အစားအစာနဲ့ ပတ်သက်နေတဲ့ပုံပဲ၊ ဟွားမန်ရှင်းက စားဖိုမှူးတွေလည်း မပြောင်းလဲထားဘူးဆိုတော့ ပြဿနာက ငါ့ကြောင့်ဖြစ်တာပဲ နေမှာ"
ရှောင်းချောင် ခေါင်းညိတ်၍ ဘာမှမပြောတော့ပေ။
လက်ရှိအချိန်တွင် ရွှီဖန်း ဒုက္ခရောက်နေမှန်းသိသာပေသည်။ ဘာတွေဖြစ်နေလဲ သူမ မသိသော်ငြား ရွှီဖန်း၏ အတွေးရထားကို မနှောက်ယှက်မိတာ ပိုကောင်းပေလိမ့်မည်။
မကြာလိုက်ပေ၊ ချင်းလန်သည် ဗိုက်ပူနေသည့်
အမျိုးသားတစ်ဦးနှင့်အတူ အခန်းထဲ ပြန်ဝင်လာသည်။
"ရွှီဖန်း သူက စားဖိုဆောင်ကို တာဝန်ယူထားတဲ့ မုန့်ယွီပဲ၊ တစ်ချိန်တည်းမှာပဲ သူက ဝယ်ယူပေးချေတဲ့နေရာမှာ တာဝန်ယူထားသေးတယ်"
ချင်းလန်သည် ထိုလူအား ညွန်ပြ၍ နူးညံ့စွာ ပြောလာခဲ့သည်။
မုန့်ယွီက အပြုံးဖြင့် ခေါင်းညိတ်လျက်...
"မင်္ဂလာပါ သူဌေးရွှီ"
"ကျွန်တော်ထောက်ပံ့တဲ့ အစားအစာတွေမှာ ပြဿနာရှိနေလား ပြောပါဦး"
ရွှီဖန်း မျက်မှောင်ကြုတ်၍ မုန့်ယွီအားကြည့်ကာ လေးနက်စွာ မေးလိုက်သည်။
မုန့်ယွီသည် အံ့သြသွားပြီးနောက် မျက်မှောင်ကြုတ်သွားခဲ့သည်။ ခဏအကြာမှ သူ ပြောလိုက်သည်။
"အဲ့ဒါနဲ့ပတ်သက်ပြီး ကျွန်တော် ပြောသင့်ရဲ့လား မသိတဲ့ တစ်ခုတော့ ရှိပါတယ်"
ရွှီဖန်း မုန့်ယွီအားကြည့်၍ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။ ကြည့်ရတာ သူ့ဘက်မှာ တစ်ကယ်
ပြဿနာရှိနေသည့်ပုံပင်။
"ဆက်ပြောပါ"
မုန့်ယွီသည် ခေါင်းညိတ်လျက်
"ကျွန်တော့်အထင်တော့ အရင်က ပစ္စည်းလိုက်ပို့တဲ့လူက အတော်လေးကောင်းတဲ့လူပါ၊ အခု လိုက်ပို့တဲ့လူက သူဌေးရွှီရဲ့ အမျိုးဖြစ်သွားပြီဆိုပေမယ့် ဒီလိုအလုပ်မျိုးအတွက် သူက သင့်တော်တယ်လို့ ကျွန်တော် မထင်ဘူး"
ဒါကိုကြားသည့်အခါ ရွှီဖန်းတစ်ယောက် ရှော့ရစွာဖြင့် မုန့်ယွီကို ကြည့်လိုက်မိသည်။ အချိန်အတော်ကြာပြီးမှသာ သူနောက်ဆုံး ထုတ်မေးမိသည်။
"ကျွန်တော့်ဆွေမျိုးတဲ့လား"
"ဟင်း~ သူဌေးရွှီ ဒါကို မင်းကိုယ်တိုင် သွားကြည့်
သင့်ပါတယ်၊ ကျွန်တော့်အတွက် ထပ်ပြောဖို့ အဆင်မပြေလို့ပါ"
မုန့်ယွီသည် ပြောပြီးသည်နှင့် ဘာမှဆက်မပြောတော့ဘဲ ခြေတစ်လှမ်းဆုတ်သွားလေသည်။
တခြားအစားအစာထောက်ပံ့သူသာဆိုလျှင် သူ ဒီကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်လိမ့်မည်။ သို့သော် ထိုထောက်ပံ့သူမှာ ရွှီဖန်းဖြစ်နေသည့်အခါ သူ ဘာမှ ထပ်မပြောချင်တော့ပေ။
ကောင်းမွန်သည့်အမြင်အာရုံရှိသည့်လူတိုင်း ရွှီဖန်းနှင့် သူ့သူဌေးချင်းလန်ကြားမှ ဆက်ဆံရေးက သာမန်လုပ်ငန်းပါတနာများမဟုတ်သည်ကို သေချာပေါက်သိကြပေသည်။ ယခုအချိန် ချင်းလန်ကလည်း တစ်ခုခုပြောရန်ပင် ခက်ခဲနေကာ ဘာမှထပ်မေးချင်သည့်ပုံမပေါ်ပေ။
ချင်းလန်နှင့် ရွှီဖန်းတို့ ကိုယ်တိုင်ဆွေးနွေးဖို့ကိုသာ သူစောင့်ရန် တတ်နိုင်ပေသည်။ ရွှီဖန်း၏ဆွေမျိုးဟု သူ ထောက်ပြပြီးကတည်းက ဘာမှထပ်ပြောရန်မလိုအပ်တော့ပေ။
သဘာဝကျစွာပင် ရွှီဖန်းသည်လည်း မုန့်ယွီစကား၏ အဓိပ္ပာယ်ကို နားလည်ပေသည်။ ဘာမှမပြောတော့ဘဲ သူ ချက်ချင်းမတ်တပ်ရပ်ကာ ချင်းလန်ကို ပြောလိုက်သည်။
"သူဌေးချင်း ပြီးခဲ့တဲ့ရက်တွေမှာ ကျွန်တော် အိမ်ကိုမရောက်ခဲ့သေးတော့ ဘာတွေဖြစ်နေလဲ တိတိကျကျမသိဘူး၊ ပြန်ရောက်ရင် ဒီကိစ္စကို ဖြေရှင်းလိုက်ပါမယ်"
ရွှီဖန်း၏ဝင်ငွေသည် စားသောက်ဆိုင်၏ဝင်ငွေအပေါ်မှာ မူတည်နေတာကြောင့် သဘာဝကျစွာပင် သူ စားသောက်ဆိုင်ကို မကောင်းသဘောဆန့်ကျင်
လိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် ချင်းလန်သည် ညင်သာသောအပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒီကိစ္စအတွက် ဖြေရှင်းပေးဖို့ ရှင့်ကိုပဲ ဒုက္ခပေးရတော့မှာပဲ"
ရွှီဖန်း လက်ကိုဝေ့ယမ်း၍ ဘာမှမပြောတော့ပေ။ ရှောင်းချောင်ကို ဆွဲခေါ်ကာ ထွက်လာခဲ့သည်။
"ပြောမှပဲ မင်းရဲ့ နောက်လိုက်နှစ်ယောက်ရော ဘယ်မှာလဲ"
ကားထဲမှာထိုင်ပြီးသည်နှင့် ရွှီဖန်း မေးလိုက်သည်။
ရှောင်းချောင်က ပုခုံးတွန့်၍...
"သူတို့ကို အရင်ပြန်နှင့်ဖို့ ငါပြောလိုက်တာ၊ အတိုက်အခိုက်မှာ သူတို့ မင်းကိုတောင် မနိုင်တာ၊ ငါ မင်းနဲ့အတူရှိနေမှတော့ လုံခြုံမှာပဲလေ"
ရှောင်းချောင်၏စကားကိုကြားသော် ရွှီဖန်း ရယ်မောလိုက်သည်။ တစ်ကယ်ကို သူမပြောသည့်အရာက ခက်ခဲမှုမဟုတ်ပေ။
"ကောင်းပြီ ဒါဆိုလည်း အခုပြန်ကြတာပေါ့၊ မင်းကို ပြန်ပို့ပေးမယ်၊ ချန်ဟိုင်းမှာ လုပ်စရာရှိသေးတယ်ဆိုရင် အဲ့တာလုပ်ထားနှင့်လိုက်လေ"
ရွှီဖန်း ပြောခဲ့သည်။
ရှောင်းချောင်က ခေါင်းခါယမ်း၍...
"ငါ ဘာမှလုပ်စရာအများကြီးမရှိဘူး၊ ခရိုင်ကိုပဲ ပြန်ပို့ပေးပါ"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကားစက်နှိုးကာ အမြန်လမ်းသို့ဦးတည်လိုက်သည်။
"ငါပြောဦးမယ်၊ မင်းက လျို့ဝှက်ရှောင်းမိသားစုက လူ ဟုတ်တယ်မလား"
ကားမောင်းနေရင်း ရွှီဖန်းက ရုတ်တရက် ထပြောလေသည်။
ရှောင်းချောင်မှာ သူမခေါင်းကို လှည့်၍ အံ့သြစွာဖြင့်...
"ဘယ်လိုသိတာလဲ"
"ဟဲဟဲ မင်းမေးဖို့ မလိုပါဘူး၊ အဲ့ဒါသိနိုင်ဖို့ ငါ့မှာ နည်းလမ်းတွေရှိတယ်"
ရွှီဖန်း လက်ကိုဝှေ့ယမ်းကာ အတည်အတံ့ပြောလိုက်သည်။
"အခု ငါ မင်းကို ပြောမယ့်ကိစ္စက အရေးကြီးတဲ့ကိစ္စပဲ"
ရှောင်းချောင် အံ့သြသွားခဲ့သည်။ သူမ ခရီးသည်ခုံ၌ သက်သောင့်သက်သာထိုင်နေရင်းကနေ ခန္ဓာကိုယ်ကို မတ်လိုက်မိသည်။ သူမ ရွှီဖန်းကို ကြည့်၍ လေးနက်စွာဖြင့်...
"ပြော"
"အင်း ရှောင်းပုချီက ငါ့ကို ဖြေရှင်းဖို့ ရှောင်းမိသားစုအင်အားကို သုံးချင်နေတယ်၊ ငါ ရှောင်းမိသားစုရဲ့အချက်အလက်တချို့ကို သိဖို့လိုအပ်တယ်၊ ဥပမာ ဘယ်သူတွေက ဘယ်အချိန်မှာ တိုက်ခိုက်ဖို့ စုရုံးနေပြီဆိုတာတွေပေါ့၊ မဟုတ်ရင် ငါ သူတို့ပြုသမျှနုနေရမယ်"
ရွှီဖန်းသည် ကားမောင်းနေရင်းဖြင့် ပြောပြခဲ့သည်။
ရှောင်းချောင် မျက်မှောင်ကြုတ်လိုက်သည်။ ယခင် ရှောင်းပုချီကို ရွှီဖန်း လှည့်စားရန် သွားခဲ့သည့်ကိစ္စကို သူမ သိထားခဲ့သည်။ အကြောင်းမှာ သူမကိုယ်တိုင်ကလည်း ထောက်ပံ့ပေးခဲ့သောကြောင့်ပင်။ သို့သော် အခုမှာတော့...
ဒါကိုကြည့်ခြင်းအားဖြင့် ရွှီဖန်းက ရှောင်းပုချီကို ဒေါသထွက်နေသည့်ပုံပင်။
"သူက မင်းကို ဖြေရှင်းဖို့ တစ်ယောက်ယောက်
လွှတ်လိုက်ပြီးပြီလား"
အကယ်၍ ရှောင်းပုချီသာ ရွှီဖန်းကို ကိုင်တွယ်ရန် တစ်ခုခုမလုပ်ခဲ့ပါက သဘာဝကျစွာပင် ရွှီဖန်းကလည်း ရှောင်းပုချီ၏ အခြေအနေကို သိမည်မဟုတ်ပေ။
တစ်ဖက်မှာ ရွှီဖန်းကတော့ အံ့သြသည့်ပုံမပေါ်ပေ။ သူက သာမန်အမူအရာဖြင့်ပြောလာသည်။
"မင်း ခန့်မှန်းတာ မှန်တယ်၊ သူက မင်းတို့ရှောင်းမိသားစုမှာ ခေါ်တဲ့ လျို့ဝှက်အဖွဲ့က ဆယ်ယောက်ကို ငါ့ဆီ ပို့ခဲ့တယ်၊ ပြောစရာမလိုအောင် သူတို့က ကိုင်တွယ်ရတာ ခက်ခဲ့တယ်"
ရွှီဖန်း ပြောတာကို ကြားပြီးနောက် ရှောင်းချောင် လုံးဝ ရှော့ရသွားခဲ့သည်။ သူမသည် တရားမဝင်သမီးတစ်ယောက်ဆိုသော်လည်း ရှောင်းမိသားစု၊ လျို့ဝှက်အဖွဲ့၏ ခွန်အားကို ရှင်းရှင်းလင်းလင်းသိထားပေသည်။
ဆယ်ယောက်အုပ်စုအား ရွှီဖန်းက ဖြေရှင်းခဲ့သည်။ ဒါ့အပြင် သူ့လေသံအရ ထိုဆယ်ယောက်ထံ၌ မကောင်းသည့်အရာတစ်ခုခု ဖြစ်သွားခဲ့မှန်း ခံစားလို့ရပေသည်။
အရမ်းပြင်းလွန်းတယ်!
ရှောင်းချောင် စိတ်ထဲ၌ အော်လိုက်မိသော်လည်း အပြင်မှာတော့ တိုက်ရိုက်မထုတ်ပြခဲ့ပေ။
"ကောင်းပြီ၊ နောက်တစ်ကြိမ် ရှောင်းမိသားစုက မင်းကို ရည်ရွယ်ပြီး တစ်ခုခုလုပ်တော့မယ်ဆို ငါ မင်းကိုပြောပြမယ်"
****************