← Chapters

ကိစ္စကို ရှောင်ခြင်း

Vol. 18 Ch. 267

ကိစ္စကို ရှောင်ခြင်း

Vol. 18 Ch. 267

ရွှီဖန်းဘက်မှ သူတို့ ကျေနပ်လောက်မည့် အဖြေမျိုး ပြန်ပေးလာရန် ဆွေမျိုးများက စောင့်နေကြသည်။ 

လူ့သဘာဝဆိုသည်မှာ အမြဲ ဒီလိုပင်။ လူများသည် သူတို့အတွက် အကျိုးအမြတ်ရှိမှသာ တစ်ယောက်ကို တစ်ယောက် အာရုံစိုက်ပေးကြလိမ့်မည်။ ရွှီဖန်းတစ်ယောက် ကာယလုပ်သားအဖြစ် ပိုက်ဆံများရှာနိုင်တုန်းက သူ့မိသားစုကို ထောက်ပံ့နိုင်ပါစေဟု လူတိုင်း မျှော်လင့်ကြလိမ့်မည်။ အခုအချိန် ရွှီဖန်းသည် သူဌေးကြီး ဖြစ်လာလေရာ သူတို့သည် အမြတ်ငွေကို မျှဝေပေးရန် စတင် မျှော်လင့်လာကြတော့သည်။

ထိုအချိန် ရွှီမိသားစု၏အသက်အကြီးဆုံး အဘိုးရွှီသည် ရှေ့ထွက်လာပြီး လူအုပ်ကြီးကို အော်ပြောလာလေသည်။ 

"အားလုံးပဲ စိတ်မပူကြပါနဲ့၊ အကုန်လုံး မျှတအောင် ငါ ဖြေရှင်းပေးမယ်"

သူ ရှေ့ထွက်လာသည်ကို မြင်သော် လူတိုင်း တိတ်ဆိတ်သွားကြသည်။ ပုံမှန်အားဖြင့် သူသည် ရွှီမိသားစု၏ ကိစ္စရပ်များကို စီမံရန်အတွက် တာဝန်ရှိသူ ဖြစ်ရာ ရွှီမိသားစု အမျိုးတွေကြားထဲ ဂုဏ်သိက္ခာကြီးသူဖြစ်သည်။ 

ထိုအဘိုးရွှီသည် ဤအခြေအနေအား ဘယ်လိုဖြေရှင်းမလဲသိချင်တာကြောင့် ရွှီဖန်းလည်း ဘာမှမပြောခဲ့ပေ။ 

ထိုအချိန် အဘိုးရွှီသည် အသာချောင်းဆိုး၍ ရွှီဖန်းကို ပြောလာလေသည်။

"ရွှီဖန်း ကျေးဇူးပြုပြီး ငါတို့ရဲ့ ဘိုးဘေးဘီဘင်တွေကို အောက်မေ့ပါ၊ မင်းရဲ့ အရှေ့မှာ အနာဂါတ်တစ်ခုရှိနေပေမယ့် ဒီအမျိုးအုပ်စုကိုတော့ မေ့လိုက်လို့မရဘူး၊ အခု ငါတို့ အများကြီး မတောင်းဆိုပါဘူး၊ မင်းရဲ့ နှစ်စဥ်ဝင်ငွေစာရင်းကိုသာ လုပ်ပေးပါ"

အဘိုးရွှီ၏ စကားများကို ကြားသည့်အခါ ရွှီဖန်း သရော်လိုက်သည်။

"ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူလို့ ထင်နေတာလဲ"

ရွှီဖန်း၏ စကားကြောင့် အဘိုးရွှီသည် စိတ်ဆိုးတကြီး စိုက်ကြည့်လာလေသည်။ ခဏအကြာမှာ သူ အသက်တစ်ချက်ရှူထုတ်၍ ရွှီဖန်းအား လက်ညှိုးထိုးကာ...

"ရွှီဖန်း မင်း အရှက်မမဲ့နဲ့!"

"ဘယ်သူက အရှက်မရှိတာလဲ!"

ရွှီဖန်း နှာမှုတ်၍ သူ့အဖေကို ညွှန်ပြကာ...

"အရင်တုန်းက ကျုပ်အဖေ အကြီးအကျယ် ဒဏ်ရာရပြီး အိပ်ရာပေါ်မှာ လဲခဲ့ရတယ်...ကုသဖို့ ဘာပိုက်ဆံမှ မရှိခဲ့ဘူး၊ ခင်ဗျားရဲ့ စောက်မြေးတွေ သားတွေ ဘယ်ရောက်နေလဲ! တရားမျှတမှု ရအောင် ဘာလို့ မထွက်ခိုင်းခဲ့လဲ! ဒီဆွေမျိုးတွေကို ကျုပ်အဖေအတွက် ကုသစရိတ်ပေးခဲ့ခိုင်းလား!"

အဘိုးရွှီသည် အချိန်အကြာကြီး တောင့်တင်းသွားခဲ့ကာ လေသံခပ်နိမ့်နိမ့်ဖြင့် ပြောလာလေသည်။

"ငါတို့အမျိုးတွေမှာက ပိုက်ဆံမရှိဘူးလေ၊ ဒါကြောင့် ဒီလို လုပ်ခဲ့ရတာပဲ"

ထိုအချိန် ရွှီဖန်း၏မိဘများနှင့် ညီမဖြစ်သူသည် တိတ်တဆိတ်ပင် ရွှီဖန်း၏ ဘေးမှာ ရပ်လာကြသည်။

အတိတ်မှာတုန်းက သူတို့သည် ဆွေမျိုးများ၏ ဂုဏ်သတင်းအကြောင်းကို အမြဲဂရုစိုက်နေခဲ့သည်။ အခု သူတို့သား၌ စွမ်းရည်ရှိနေပြီဖြစ်ရာ မိသားစုကိစ္စများအား သားဖြစ်သူမှ ဆုံးဖြတ်ပေးလိမ့်မည်။ 

ထို့အပြင် ရွှီဖန်းမိခင်သည် သူ့သား၏စကားများကို ကြားခဲ့သည့်အခါ ယောကျ်ားဖြစ်သူ အိပ်ရာပေါ်၌ လဲနေစဥ်က အမျိုးတစ်အုပ်လုံး၏ အေးစက်သောမျက်နှာများကို သူမ ပြန်၍ မှတ်မိလာခဲ့သည်။ သူမ ချက်ချင်းပင် ဘာစကားမှ ဝင်မပြောတော့ဘဲ သားဖြစ်သူကိုသာ ပြောခွင့်ပေးထားလိုက်တော့သည်။

ထိုအချိန် အသိတရားအနည်းငယ်ရှိသည့် တခြားဆွေမျိုးများသည်လည်း ချက်ချင်းပင် ပါးစပ်ပိတ်သွားကြကာ စကားမပြောကြတော့ပေ။ အဘိုးရွှီ၊ ရွှီကွမ်းနှင့် ရွှီကွမ်းမိသားစုကသာ ရွှီဖန်းကို စိုက်ကြည့်နေခဲ့သည်။

"ခင်ဗျားတို့သားကို သူ လာဘ်ယူထားတာမှန်သမျှပြန်ပေးဖို့ ပြောလိုက်တာ ကောင်းလိမ့်မယ်၊ မဟုတ်ရင် ကျုပ်မယဥ်ကျေးဘူးဆိုပြီး အပြစ်မတင်နဲ့"

ရွှီဖန်းသည် ရွှီကွမ်းနှင့် သူ့မိသားစုအား ပြောခဲ့သည်။

"ပြီးတော့ ခင်ဗျားတို့သားကို အလုပ်ထုတ်လိုက်ပြီ၊ ခဏနေရင် အိမ်ပြန်ခေါ်သွားလိုက်ကြ"

ဒါကို ကြားသည့်အခါ ရွှီကွမ်းအဖေသည် ချက်ချင်း မတ်တပ်ရပ်လာပြီး ရွှီဖန်းကို လက်ညှိုးထိုးကာ ပြောလာသည်။

"ရွှီဖန်း မလွန်လာနဲ့! ငါ့သားက မင်းအတွက် အလုပ်ကြိုးစားပေးခဲ့တာ!"

ရွှီဖန်း အသက်ပြင်းပြင်း ရှူသွင်းကာ

"အိုး ကောင်းပြီလေ၊ ခင်ဗျားတို့ လက်မခံချင်ရင် ဒီမှာ သူ့ကို အလုပ်ဆက်လုပ်ခိုင်းတာပေါ့၊ ဒါပေမယ့် ခင်ဗျားတို့သားက ဟွားမန်ရှင်းဆီ တစ်ဝက်ပဲရင့်

မှည့်သေးတဲ့ ပါဝင်ပစ္စည်းတွေ ပေးပို့ခဲ့တဲ့ ကိစ္စအတွက်တော့ ကျုပ် သင့်တော်သလို တွက်ချက်စီမံရလိမ့်မယ်၊ ဟွားမန်ရှင်းရဲ့ အနုတ်အသိမ်းအရ ဖောက်သည်တွေပေါ်မှာ အဲ့ဒီပါဝင်ပစ္စည်းတွေရဲ့ အကျိုးသက်ရောက်မှုက ကျုပ်ခန့်မှန်းရရင် နှစ်သန်းထက် ပိုတယ်၊ ခင်ဗျားတို့ ထုတ်ပေးနိုင်ရင် ကျုပ်မှာ ဘာပြောစရာမှမရှိဘူး"

ရွှီဖန်း၏ စကားများကိုကြားသော် ရွှီကွမ်း၏ မိဘများသည် အံ့အားသင့်သွားကြသည်။ သူတို့ ခေါင်းကို ငုံ့ကာ နှာမှုတ်နေသည့် ရွှီကွမ်းအား မေးကြလေသည်။

"သား မင်းတစ်ကယ်ပဲ ဟွားမန်ရှင်းရဲ့ပိုင်ရှင်ဆီကို တစ်ဝက်ပဲ ရင့်မှည့်သေးတဲ့ ပါဝင်ပစ္စည်းတွေ ပို့လိုက်တာလား"

ရွှီကွမ်းက ခေါင်းညိတ်၍...

"ကျွန်တော် သူတို့ကို သင်ခန်းစာ သင်ပေးချင်လို့ လုပ်ခဲ့တာ၊ ကျွန်တော်တို့ရဲ့ ကောင်းကျိုးအတွက်ပဲလေ"

ရွှီကွမ်း၏မိဘတွေကတော့ သူတို့သားလောက် အသိပညာ မကင်းမဲ့ပေ။ သူတို့မိသားစုမှာလည်း ကုန်စုံဆိုင်တစ်ဆိုင်ရှိရာ မကောင်းသည့် ပစ္စည်းများက သူတို့၏စီးပွားရေးကို ဘယ်လောက်ထိ သက်ရောက်

နိုင်သလဲဆိုသည်ကို အကြမ်းဖျင်း နားလည်ပေသည်။ ချက်ချင်းပင် သူတို့ စကားပြော ရပ်သွားကြလေသည်။ 

ရွှီကွမ်း၏မိဘများ တိတ်ဆိတ်သွားကြသည်ကို မြင်သည့်အခါ ရွှီဖန်းသည် ခေါင်းညိတ်၍ အဘိုးရွှီကို ပြောလိုက်သည်။ 

"ဘာလို့ ဒီမှာ ရပ်နေသေးတာလဲ၊ အမြတ်တွေ ခွဲဝေယူဖို့ စဥ်းစားနေတုန်းလား"

အဘိုးရွှီသည် ရွှီဖန်းအား ခဏတာမျှ စိုက်ကြည့်၍...

"မင်း တစ်ကယ် လုပ်တော့မလို့လား"

"ခင်ဗျားက ကျုပ်ထင်ထားတဲ့အတိုင်း အတော်ဆုံးလူပဲ ဟုတ်တယ်မလား၊ အရင်က ကျုပ်မိသားစု ဆင်းရဲနေတုန်းက ခင်ဗျား သူတို့ကို ကြည့်တောင်မကြည့်ခဲ့ဘူး၊ အခု ကျုပ် ချမ်းလည်းချမ်းသာလာရော ခင်ဗျားက အမြတ်ရဖို့မျက်နှာပြောင်တိုက်တယ်၊ ဘာလဲ...ခင်ဗျားက အသက်ကြီးနေပြီဆိုတော့ ခင်ဗျားရဲ့မျက်နှာကို ထပ်ပြီး မလိုချင်တော့လို့လား"

ရွှီဖန်းသည် မထိန်းထားတော့ဘဲ အဘိုးရွှီကို ကြည့်၍ ပြောခဲ့သည်။

အခုအချိန်သည် သံယောဇဥ်တွယ်တာနေရမည့်အချိန်မဟုတ်ပေ။ အကယ်၍ သူသာ သံယောဇဥ်ကို ထောက်ငဲ့နေပါက အချိန်ဖြုန်းသည်နှင့် တူမှန်း သူသိပေသည်။ အဘိုးရွှီ၏ အရှက်မဲ့သော သဘောထားနှင့်သာ ဆိုလျှင် အနာဂါတ်မှာ မငြိမ်းချမ်းတော့မည်ကို သူ ကြောက်မိပေသည်။

ထို့ကြောင့် ရွှီဖန်းသည် ဤကိစ္စအား ချက်ချင်းအဆုံးသတ်လိုပေသည်။ 

ထို့နောက် အဘိုးရွှီသည် သူ့ဘေးပတ်ပတ်လည်မှ တခြားဆွေမျိုးများကို ကြည့်လိုက်သည်။ ရွှီဖန်းအား ဖိနှိပ်ရန်အတွက် လက်ရှိအခွင့်ကောင်းကို အသုံးချချင်သည်မှာ ထင်ရှားလှပေသည်။

"လူတိုင်းပဲ မင်းတို့ မြင်ကြတဲ့အတိုင်း ရွှီဖန်းက ပိုက်ဆံလည်း ရှိလာရော သူ့ရဲ့ဆွေမျိုးတွေကို အဖတ်မလုပ်တော့ဘူး၊ ဒီလိုကိစ္စမျိုးကို မင်းတို့လက်ခံနိုင်လား"

အခုဆိုလျှင် ဤဆက်ဆံရေးအား ရွှီဖန်းမှ လုံးဝဂရုမစိုက်တော့သည်ကို သူတို့ မြင်နိုင်ပေသည်။ အဆုံး၌မူ ရွှီဖန်းအဖေ ဖျားနာခဲ့တုန်းက သူတို့ ပါဝင်ပတ်သက်ရမှာ ကြောက်ရွံ့ခဲ့ကြသည်။ အခု သူတို့ကလေးများအတွက် အလုပ်ရရန် ရွှီဖန်းဆီ လာတောင်းဆိုသည်မှာ အရှက်မဲ့ရာကျပေသည်။

ယခု အဘိုးရွှီကလည်း ရွှီဖန်း၏ အစုပေါ်အမြတ်များ

ကို မျက်စိကျနေသည်။ 

အစပိုင်းမှာ လူတိုင်း ရန်ရှာချင်ခဲ့သော်လည်း ရွှီကွမ်းနှင့်သူမိသားစု၏ ကံကြမ္မာကို မြင်တွေ့ပြီးနောက်မှာ ချက်ချင်းပင် သူတို့ကိုယ်သူတို့ ကာကွယ်ရန် ဆုံးဖြတ်ခဲ့သည်။ 

"ဒီမိသားစုသုံးစုအတွက်တော့ ကျုပ် အလုပ်စီစဥ်ပေးမှာပါ၊ တခြားကျန်တဲ့လူတွေကိုလည်း အလုပ်ပေးမှာပါ၊ ဒါပေမယ့် သူတို့ကတော့ နှစ်လအစမ်းခန့်ကာလကို ကျော်ဖြတ်ရမယ်၊ မင်းတို့ အစမ်းခန့်ကာလအတွင်း အလုပ်ကောင်းကောင်းမလုပ်လို့ကတော့ ကျုပ် တစ်ခါတည်း အလုပ်ထုတ်ပစ်ရလိမ့်မယ်"

ရွှီဖန်းသည် အမျိုးသုံးစုအား ညွှန်ပြ၍ ပြောခဲ့သည်။ ထိုမိသားစုသုံးခုသည် တစ်ချိန်လုံးစူးစမ်းနေပြီး စကားတစ်ခွန်းမှ ဝင်မပြောခဲ့ပေ။ ထို့အပြင် ထိုမိသားစုသုံးစုသည် တစ်ကယ်ဆင်းရဲကြသည်။ သို့သော် အရင်တုန်းက အဖေနေမကောင်းဖြစ်စဥ်၌ သူတို့ အိမ်ကို သစ်သီးများ ယူလာပေးကာ သတင်းလာမေးပေးခဲ့သည်။

ဘာမှတန်ဖိုးမရှိသောအရာဖြစ်သော်လည်း သူတို့ထံ၌ ဆွေမျိုးဆိုသည့် ခံစားချက်မျိုး ရှိနေခဲ့မှန်း သက်သေပြနေလေသည်။

ထိုအကြောင်းကြားသည့်အခါ အားလုံးလည်း ပျော်ရွှင်သွားကြသည်။ သူတို့သည် အဘိုးရွှီ၏အကြံကို ချက်ချင်း ငြင်းပယ်ခဲ့ကြသည်။ 

အဘိုးရွှီမှာ အံ့အားသင့်သွားခဲ့ပြီး သူ့မိသားစုနှင့်အတူ ထွက်သွားရန်သာ တတ်နိုင်ခဲ့လေသည်။

********************

All Chapters