အရိပ်
Vol. 18 Ch. 268
အဘိုးကြီးရွှီနှင့် သူ့မိသားစု ထွက်သွားသည့်အခါကျမှသာ ရွှီဖန်းသည် သက်ပြင်းရှူထုတ်မိပြီး လူအုပ်ကြီးကို ပြောလိုက်သည်။
"ကောင်းပြီ၊ အကုန်လုံးလည်း ပြန်ပြီး စားသောက်သင့်ကြပြီ၊ မနက်ဖြန်ကြရင် သူတို့ကို ကျွန်တော့်ရဲ့ကြက်ခြံဆီ ပို့ပေးလိုက်ကြပါ"
ပြောပြီးသည်နှင့် ရွှီဖန်းသည် အရင်ဦးဆုံးပင် သူ့ထိုင်ခုံမှာ ပြန်ထိုင်ခဲ့သည်။ တခြားဆွေမျိုးများသည်လည်း ဒါကိုမြင်သည့်အခါ သဘာဝကျစွာပင် ဘာမှဆက်မပြောကြတော့ဘဲ ဆက်ပြီးစားသောက်ရန် ပြန်ထိုင်ခဲ့ကြသည်။
ထိုအပိုင်းကဏ္ဍပြီးသွားသောအခါ အထူးသဖြင့် ရွှီဖန်းရှိနေသည့်စားပွဲ၌ အစားအသောက်များသည် ထူးထူးခြားခြားပင် ငြီးငွေ့ဖွယ်ကောင်းသွားခဲ့သည်။
တိတ်ဆိတ်နေသော လူအုပ်ကြီးကို ကြည့်၍ ရွှီဖန်း နူးညံ့စွာ ပြောခဲ့သည်။
"ဒီလိုပြုမူနေဖို့ မလိုပါဘူး၊ ကျွန်တော်ဒေါသထွက်ခဲ့တယ်ဆိုတာက ရွှီကွမ်းတစ်ယောက်တည်းကြောင့်ပဲ"
ရွှီဖန်း၏စကားများကို ကြားမှသာ မြင်ကွင်းက သင်ဝင်လှုပ်ရှားလာတော့သည်။
လူငယ်တွေကြားမှာ စကားများစွာ ပြောတတ်သည့် လူတချို့ရှိနေသည်။ အထူးသဖြင့် ရွှီရှို့ရှို့ပင်။ သူမသည် အကြောင်းအရာတစ်ခုကို အမြန်ဆွဲခေါ်သွားခဲ့သည်။ ထိုစကားများသောလူအနည်းငယ်၏ ဦးဆောင်မှုနောက်ကို လိုက်ရင်း နောက်ဆုံးမှာတော့ လေထုက ပြန်လည် စိုပြေလာခဲ့သည်။
သို့သော်ငြား ရွှီဖန်း၏ တည်ရှိမှုကြောင့် သူတို့ လွန်လွန်ကဲကဲတော့ မနေရဲကြပေ။
မည့်သို့ပင်ဆိုစေ စားသောက်နေစဥ်၌ လေထုအနေအထားက အဆင်မပြေသေးဘူးဟု ရွှီဖန်း ခံစားနေရတုန်းပင်။
လူတိုင်းကို ထိုကဲ့သို့ မြင်လိုက်ရသည့်အခါ ရွှီဖန်းသည် ခေါင်းခါယမ်း၍ ခြောက်ကပ်ကပ်ပြုံးလိုက်မိသည်။ ထို့နောက် သူ့ပန်းကန်ကို ချလျက်...
"ငါ အတွင်းခန်းမှာပဲ သွားစားတော့မယ်"
သို့နှင့် သူအတွင်းခန်းသို့ ဝင်လာခဲ့သည်။ ချိုးဆုအာသည်လည်း အတွင်းခန်းထဲ၌ သူ့မိဘများ၊ ဆွေမျိုးများနှင့်အတူ ထမင်းစားနေခဲ့သည်။
အဆုံး၌မူ လူကြီးများသည်လည်း အရွယ်ရောက်နေပြီဖြစ်ရာ သူတို့၏ မာနကို ဘယ်လိုလျှော့ရမလဲ သိကြပြီး သဘာဝကျစွာ တက်ကြွနေခဲ့သည်။
ထမင်းစားပြီးနောက်မှာ လူတိုင်း အိမ်ပြန်ရန် ပြင်ဆင်ကြသည်။ ရွှီဖန်းသည် ထွက်ခွာရန်ပြင်ဆင်နေသည့်လူအုပ်ကြီးကြားထဲ ညှပ်နေသည့် ချိုးဆုအာကို ကြည့်၍ သူမကို ခေါ်ကာ ခြံဝင်းထဲ၌ အတူတူရပ်လိုက်သည်။
"အားလုံးပဲ ကျွန်တော်ပြောတာ နားထောင်ပေးကြပါ"
ရွှီဖန်း အော်ပြောလိုက်သည်နှင့် လူအုပ်ကြီးသည် ချက်ချင်းတိတ်ဆိတ်သွားကြသည်။ လူတိုင်း၏အကြည့်များက သူ့အပေါ်မှာ ကျောက်ချလာကြသည်။
ရွှီဖန်းသည် သူ့ဘေးနားရှိ ချိုးဆုအာကို ညွှန်ပြ၍
"ကျွန်တော့်စက်ရုံမှာ အလုပ်လုပ်ဖို့လာတဲ့လူတိုင်း မှတ်ထားပေးကြပါ၊ ဒီလူက ကြက်ခြံရဲ့ တာဝန်ရှိသူပဲ၊ အနာဂါတ်မှာ သူမစကားကို ခင်ဗျားတို့အားလုံး နားထောင်ရပါမယ်၊ အကယ်၍ တစ်ယောက်ယောက်ကသာ ဆွေမျိုးဆိုတာကို အသုံးချပြီး စက်ရုံမှာ အနိုင်ကျင့်တာတွေဘာတွေ လုပ်လာလို့ကတော့ ရွှီကွမ်းလိုပဲ အဆုံးသတ်ရလိမ့်မယ်"
ရွှီဖန်း ဒီအကြောင်းကို ပြောခဲ့ရသည့် အကြောင်းအရင်းမှာ ချိုးဆုအာကို ဂုဏ်သိက္ခာတစ်ခု ပေးချင်
သောကြောင့်ပင်။ အကယ်၍ လူတိုင်းကသာ ချိုးဆုအာသည် သူနှင့် မသက်ဆိုင်ဘူးဟု မှတ်ယူပြီး အမိန့်မနာခံလာပါက ရွှီဖန်း သူတို့ကို အလုပ်ထဲ၌ အသုံးပြုတော့မည်မဟုတ်ပေ။
ထိုဆွေမျိုးများသည် ဆင်းရဲကြသော်လည်း အချိန်ကြာမြင့်စွာ ရှင်သန်လာခဲ့ကြသည်။ အကယ်၍ ရွှီဖန်းနှင့် ချိုးဆုအာကြားမှ အမည်မသိဆက်ဆံရေးကို သူတို့ မမြင်နိုင်ခဲ့လျှင် နေထိုင်ကျင်လည်ခဲ့သော နှစ်များမှာ အလဟဿဖြစ်သွားပေလိမ့်မည်။
ဒါကြောင့် အားလုံး ခေါင်းညိတ်ကာ သဘောတူခဲ့ကြသည်။ သူတို့အိမ်ပြန်ရောက်သည့်အခါ ထိုအမျိုးသမီးနှင့် သွားမရှုပ်ရန် သူတို့သားများ၊ သမီးများကို သတိပေးကြလိမ့်မည်ပင်။ ကောင်းစွာသိမြင်နိုင်သူတိုင်း ချိုးဆုအာသည် ရွှီဖန်းအား အကြီးအကျယ်
စိတ်ဆိုးစေမည့် အကြောင်းကဏ္ဍတွင် ပါဝင်လေသည်။
ဆွေမျိုးများ ထွက်ခွာသွားပြီးနောက် ရွှီဖန်းသည် သူ့အခန်းထဲသို့ ပြန်သွားရင်း ချိုးဆုအာကိုလည်း သူမိဘများ၊ ညီမလေးနှင့်အတူ ဝိုင်းရှင်းလင်းပေးပါရန် တောင်းဆိုခဲ့သည်။
အခန်းထဲ ဝင်ပြီးနောက် ယန်ပင်းကို ခေါ်လိုက်သည်။
"ဟေး မင်း အခု ဘယ်ရောက်နေပြီလဲ"
ခေါ်ဆိုမှု ချိတ်ဆက်သွားသည်နှင့် ရွှီဖန်း တစ်ခါတည်း မေးခဲ့သည်။
ဖုန်းတစ်ဖက်မှာတော့ ယန်ပင်းသည် အပြုံးဖြင့် ဖြေလာလေသည်။
"ငါ မင်းအိမ်နဲ့ ဆန့်ကျင်ဘက်က ညောင်ပင်ကြီးပေါ်မှာ ရှာတွေ့ထားတဲ့ နေရာက မဆိုးဘူး၊ ရွာတစ်ဝက်နီးပါးလောက်ကို ငါကြည့်နိုင်တယ်၊ ဒါပေမယ့် ငါ သေနတ်
ပစ်လိုက်တာနဲ့ တည်နေရာတော့ ဖော်ထုတ်ခံရလိမ့်မယ်"
ရွှီဖန်း ခေါင်းညိတ်ခဲ့သည်။ တစ်ကယ်ကိုပင် သူအိမ်၏ဆန့်ကျင်ဘက်အရပ်၌ ညောင်ပင်ကြီးသည် အနည်းဆုံး နှစ်၁၀၀သက်တမ်းရှိနေလေပြီ။ ထိုညောင်ပင်ပေါ်၌ ပုန်းအောင်းရန် သေချာပေါက် အဆင်ပြေလေသည်။
"ဒါဆို ဒီည မင်း ဘယ်မှာ အိပ်မှာလဲ"
ရွှီဖန်း သိချင်မိပေသည်။
မည်သို့ပင်ဆိုစေကာမူ ထိုနေရာ၌ အိပ်ခြင်းက မဖြစ်နိုင်ပေ။ ဆောင်းဦးကို ရောက်နေပြီဖြစ်ရာ ခြင်မရှိသော်လည်း အနည်းငယ်အေးလေသည်။
"အမ် ငါ ဒီမှာ သုံးရက်လောက် နေဖို့ စီစဥ်ထားတယ်၊ ငါ့ကို ဂရုမစိုက်နေနဲ့၊ တစ်ခုခုဖြစ်ရင် ငါ မင်းကို ပြောမယ်"
ယန်ပင်းက ဒီတစ်ကြိမ်မှာ အလေးအနက်ဖြစ်နေသည်။
ယန်ပင်း၏စကားကိုကြားတော့ ရွှီဖန်း ကျေးဇူးတင်လိုက်ကာ ဖုန်းချခဲ့သည်။ ထို့နောက် အခန်းထဲမှ ထွက်ကာ ခြံထဲသို့ လျှောက်သွားလိုက်သည်။
တစ်ကယ်ကိုပင် ဒီနေရာမှ ညောင်ပင်ကြီးသို့ လှမ်းကြည့်ပါက အထဲမှာ လူတစ်ယောက်ရှိသည့်အရိပ်အယောင်တစ်ခုကိုတောင် ရှာမတွေ့နိုင်ပေ။
"ဘာကြည့်နေတာလဲ"
ထိုအချိန် ချိုးဆုအာသည် ရွှီဖန်း၏မိဘများနှင့်အတူ သိမ်းဆည်းနေခဲ့ပြီး ရွှီဖန်းကို မေးမြန်းရန်ရောက်လာသည်။
ရွှီဖန်း ပြုံးလိုက်ပြီး ချိုးဆုအာ၏ခေါင်းကို ပုတ်ကာ
"လရောင်ရှုစားဖို့ ထွက်လာခဲ့တာလေ မရဘူးလား"
ချိုးဆုအာသည် မျက်လုံးများ လှိမ့်ကာဖြင့်
"ဒါဆိုလည်း အစ်မ အရင်ပြန်တော့မယ်"
သို့နှင့် ချိုးဆုအာသည် လှည့်ထွက်သွားခဲ့သည်။ ရွှီဖန်း ခဏတာအံ့သြသွားပြီးနောက် ခါးသက်စွာပြုံး၍ ချိုးဆုအာ၏လက်ကို လှမ်းဆွဲလိုက်သည်။
"ဘာဖြစ်လို့လဲ"
ထို့နောက် ချိုးဆုအာသည် ဘယ်နှင့်ညာကို ကြည့်၍ ရွှီဖန်း၏ နှာခေါင်းကို လက်ညှိုးထိုးကာ ပြောလာသည်။
"မင်း ဒီနေ့ ဆွေမျိုးတွေကို ပြောရမှာက အလုပ်ကို သေချာလုပ်ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းပဲလေ၊ ဘာလို့ အစ်မအကြောင်းကို ပြောခဲ့တာလဲ၊ အခု အစ်မကို ကြည့်တဲ့ သူတို့ရဲ့မျက်လုံးအကြည့်တွေက ပြောင်းလဲသွားပြီလို့ ခံစားနေရတယ်"
ချိုးဆုအာ၏စကားကိုကြားတော့ ရွှီဖန်း ပြုံးလိုက်
မိသည်။
သူမ ငါ့ကို စိတ်ဆိုးနေရတဲ့ အကြောင်းအရင်းက ဒါကြောင့်ပေါ့လေ။
"ဟေး ဒါတွေအားလုံးက မင်းအတွက်ပဲမဟုတ်လား၊ မင်းကို အရမ်းလှနေရမယ်လို့ ဘယ်သူပြောထားလို့လဲ၊ အချိန်ကျလာရင် သူတို့ နားမလည်ဘဲ မင်းကို ရန်စမှာကို ကိုယ်က မစိုးရိမ်ရတော့ဘူးလား"
ရွှီဖန်း အပြုံးဖြင့် ပြောခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမ၏လက်ကို ဆွဲကာ သူ့လက်မောင်းထဲ ဆွဲသွင်းခဲ့သည်။
ချက်ချင်းပင် ချိုးဆုအာသည် ဘေးပတ်ဝန်းကျင်ကို ကြည့်ရင်း မျက်နှာနီရဲသွားခဲ့သည်။ ရွှီဖန်း၏မိဘနှင့် ညီမလေးသည် နောက်ဖေးတွင် ကျန်သည့်အသုတ်ကို ရှင်းလင်းနေကြသည်။ မဟုတ်လျှင် ရွှီဖန်း၏မိဘများသာ မြင်သွားပါက သူမပုန်းအောင်းရန် တွင်းတစ်တွင်း ရှာရပေလိမ့်မည်။
"အစ် အစ်မတို့ အခန်းထဲ သွားရအောင်"
ချိုးဆုအာ ရှက်ရွံ့စွာဖြင့် ပြောခဲ့၏။
ချိုးဆုအာ၏နီမြန်းနေသော မျက်နှာကို မြင်ပြီးနောက်မှာ ရွှီဖန်း ပြုံးနေခဲ့သည်။ ထို့နောက်တွင်မူ မနီးအဝေးမှ ညောင်ပင်ကို မျှော်ကြည့်၍ သတိပေးသည့်
အကြည့်မျိုးပေးခဲ့ကာ ချိုးဆုအာကို အခန်းထဲ ခေါ်သွားခဲ့သည်။
သိပ်မဝေးလှသော ညောင်ပင်ပေါ်မှ ယန်ပင်းသည် ခါးသက်သက် ရယ်မောမိတော့သည်။ တော်တော်ကောင်းမည့်မြင်ကွင်းကို သူကြည့်ရတော့မည်ဖြစ်သော်လည်း ရွှီဖန်းက သူ့အား သတိပေးကာ အခန်းထဲ ဝင်သွားခဲ့သည်။
ထို့နောက် ယန်ပင်း၏ အကြည့်သည့် ရွှီဖန်းအခန်း၏ ပြတင်းပေါက်ပေါ်တွင် ကျရောက်သွားလေသည်။ သူ့ကိုယ်သူ ဂုဏ်ယူစွာ ခံစားနေရသည့်အချိန် ရွှီဖန်းသည် ပြတင်းပေါက်သို့ လျှောက်လာပြီး လိုက်ကာကို ဆွဲကာ သူ့အား စိုက်ကြည့်လာလေသည်။
ဒါကို မြင်သည့်အခါ ယန်ပင်းသည် ခါးသက်စွာ ထရယ်မိပြီး သစ်ပင်ပေါ်မှာသာ တိတ်တဆိတ်ထိုင်ခဲ့ရသည်။ ဒီညအတွက်တော့ ဘာမှဖြစ်လာသေးမညမဟုတ်လောက်ပေ။ ဒါကိုတွေးလျက်ပင် ယန်
ပင်းသည် သစ်ပင်ပင်စည်ကို မှီကာ အိပ်ပျော်သွားခဲ့သည်။
သို့သော်ငြား ယန်ပင်း အိပ်မောကျသွားပြီးနောက် အနက်ရောင်အရိပ်သည် အလွန်လျင်မြန်သောအရှိန်ဖြင့် သစ်ပင်အောက်မှ ဖြတ်သွားကာ မနီးမဝေးမှ တောင်ငယ်လေးဆီသို့ ဦးတည်သွားနေလေသည်။
*******************