← Chapters

လာနေပြီ

Vol. 18 Ch. 269

လာနေပြီ

Vol. 18 Ch. 269

ထိုအချိန် ရွှီဖန်းနှင့် ချိုးဆုအာသည် အိပ်ရာပေါ်၌ အတူတကွ လဲလျောင်းနေကြသည်။ သူတို့၏မျက်နှာမှာ အနည်းငယ်နီမြန်းနေပြီး ပြင်းထန်စွာ မောဟိုက်နေခဲ့သည်။ ကောင်းမွန်သော တိုက်ပွဲတစ်ခု ကြုံခဲ့ရမှန်း သိသာပေ၏။

"ဆုအာ ကိုယ်မရှိတဲ့အတောအတွင်း ဘာတွေဖြစ်ခဲ့လဲ ပြောပြပါဦး"

ချိုးဆုအာကို ဖက်ထားရင်း ရွှီဖန်း နူးညံ့စွာ မေးခဲ့၏။ ချိုးဆုအာက ခေါင်းညိတ်လျက်...

"ကိစ္စကြီးတော့ မရှိပါဘူး၊ ကန်ဘေးနားက ဟွားမန်

ရှင်းဆိုင်ခွဲကတော့ ဆောက်ပြီးသွားပြီ၊ ရွှီဖန်း ပြန်လာရင် သူ့ကို ဆက်သွယ်ပေးပါလို့ ဟုန်ဖေး ပြောထားတယ်၊ မနက်ဖြန် ဆက်သွယ်လိုက်ဦး"

ရွှီဖန်း ခေါင်းညိတ်ခဲ့သည်။ ဒါကို ကြည့်ခြင်းအားဖြင့် ဟုန်ဖေး၏အရှိန်သည် သူ့ယုံကြည်မှုနှင့် ထိုက်တန်လေသည်။ 

ခဏကြာ တိတ်ဆိတ်ပြီးနောက်မှာ ချိုးဆုအာသည် ရုတ်တရက် သူမခေါင်းကို မော့၍ ရွှီဖန်းကို ပြောလာခဲ့သည်။ 

"ဟုတ်သားပဲ မင်းရဲ့ ခွေးလေးခုနစ်ကောင် ပျောက်သွားတယ်၊ အစ်မ သူတို့ကို ရှာဖို့ လူတွေလွှတ်ထားတာ အချိန်အကြာကြီး ရှိသွားပေမယ့် သူတို့ကို ရှာမတွေ့သေးဘူး"

ချိုးဆုအာ၏စကားကြောင့် ရွှီဖန်းသည် ခေတ္တအံ့သြသွားခဲ့ပြီးနောက် မျက်မှောင်ကြုတ်မိသည်။ ထိုခွေးခုနစ်ကောင်သည် ကောင်ကင်နတ်ခွေး၏ မျိုးဆက်များဖြစ်ရာ သူတို့၏ သစ္စာရှိမှုသည် မေးခွန်းထုတ်စရာပင် မလိုအပ်ချေ။ အခုလို ထွက်ပြေးသွားကြရန်မှာ မဖြစ်နိုင်ချေ။

"ဆုအာ သူတို့ ဘယ်အချိန်က ပျောက်သွားတာလဲ"

ဒါကိုတွေးရင်းဖြင့် ရွှီဖန်း သူမကို မေးမိသည်။ 

သူ ဒီအတိုင်း ထိုင်မနေနိုင်တော့ချေ။ ထိုခွေးလေးခုနစ်ကောင်သည် သူ့အနောက်သို့ လိုက်ခဲ့တာ ကြာလေပြီဖြစ်ရာ သူတို့အချင်းချင်း သံယောဇဥ် ခံစားချက်များ ရှိပေသည်။ ယခု ခွေးလေးများ ပျောက်သွားသည့်အခါ ရွှီဖန်းသည် ချက်ချင်းပင် စိုးရိပ်ပူပန်သွားခဲ့သည်။

"အချိန်အတိအကျကိုတော့ အစ်မ အာရုံမစိုက်ထားခဲ့မိဘူး၊ ပြီးတော့ သူတို့လေးတွေက တောင်ပေါ်မှာ ပြေးလွှားဆော့ကစားရတာ ကြိုက်တော့ သူတို့ကို ဘယ်သူမှ မထိန်းနိုင်ခဲ့ကြဘူး"

ချိုးဆုအာက အသံတိုးတိုးလေးဖြင့် ဖြေ၏။

"မင်းထွက်သွားပြီး နှစ်ရက်၊ သုံးရက်အကြာလောက်မှာ ပျောက်သွားကြတာပဲ"

ရွှီဖန်း ခေါင်းညိတ်ခဲ့သည်။ ကြည့်ရတာ သူ ခရီးထွက်သွားသည့်အခါ ပြဿနာတချို့ ရှိနေခဲ့သည့်ပုံပင်။ 

"နေရာတွေ အားလုံးကို ရှာပြီးပြီလား"

ရွှီဖန်း သူမကို စမေးခဲ့သည်။ 

ချိုးဆုအာသည် ခေါင်းညိတ်၍ ခဏတာမျှ ဂရုတစိုက် ပြန်တွေးနေခဲ့သည်။ ထို့နောက် သူမ ရွှီဖန်းအား...

"မင်း ဒီခွေးလေးတွေကို တစ်ကယ်သဘောကျတာ အစ်မသိထားတော့ လူတိုင်းကို အချိန်အကြာကြီး ရှာခိုင်းခဲ့တယ်၊ အစ်မအထင်တော့ တောအနက်ဆုံးအပိုင်းကလွဲလို့ ကျန်တဲ့နေရာတွေ အားလုံးမှာ ရှာထားပြီးပြီ"

ချိုးဆုအာ၏စကားကို ကြားသည့်အခါ ရွှီဖန်းသည် တောထဲ၌ သူနှင့် တိုက်ခိုက်ခဲ့သည့် မြွေကြီးရှိနေသေးမှန်း သတိရသွားခဲ့သည်။ သူတို့ အုပ်စုလိုက် ပျောက်ကွယ်သွားမှုသည် မြွေကြီးနှင့်လည်း တစ်ခုခု သက်ဆိုင်နေလိမ့်မည်။

တစ်ကယ်တော့ ခွေးများသည် သစ္စာအရှိဆုံးသတ္တဝါများထဲမှ အမျိုးအစားတစ်ခုဖြစ်သည်။ ရွှီဖန်းမှ မြွေကြီး၏ တည်ရှိမှုကို လက်ခံခဲ့သည့်အခါ ထိုခွေးပေါက်လေးများသည် မြွေကြီးအား သူတို့၏ အစ်ကိုကြီးကဲ့သို့ သဘာဝကျစွာပင် မှတ်ယူခဲ့ကြသည်။

ထို့ကြောင့် မြွေကြီးသာ တစ်ခုခု ဖြစ်သွားခဲ့ပါက သူတို့သည် မသိသလိုမျိုး လျစ်လျူရှုထားလိမ့်မည်မဟုတ်ပေ။

ထို့အပြင် ရွှီဖန်းသည် သူ့ခွေးများ၏ ခွန်အားကို ရှင်းရှင်းလင်းလင်း သိထားပေသည်။ ရွှီဖန်းတစ်ယောက်တည်းကို အသာထား၊ သူတို့သာ အစွမ်းကုန် တိုက်ခိုက်ပါက ရွှီဖန်း သုံး၊ လေးယောက်လောက် ရှိလျှင်တောင် ထွက်ပြေးရလိမ့်မည်။

ထို့အပြင် ခွေးများသည် ကောင်းကင်နတ်ခွေး၏ သွေးကို ဆက်ခံထားတာကြောင့် ကြီးထွားမှုမှာလည်း အလွန်မြန်ဆန်သည်။ 

ဒါကို တွေးမိတာကြောင့် ရွှီဖန်း၏ စိတ်အစဥ်မှာ ငြိမ်သက်သွားခဲ့သည်။

"အင်း ဒီကိစ္စကို ကိုယ်သိပြီ၊ မမျှော်လင့်ထားတာတွေသာ မရှိခဲ့ဘူးဆိုရင် မနက်ဖြန်ကျ ကိုယ် သူတို့ကို ရှာတွေ့ပြီး အိမ်ပြန်ခေါ်လာနိုင်လိမ့်မယ်"

သူ့ထက်တောင် ပိုပြီး စိုးရိမ်နေပုံပေါ်သည့် ချိုးဆုအာ၏ အမူအရာကြောင့် ရွှီဖန်း ပြုံး၍ ပြောခဲ့ပေသည်။ 

ယခင်က ချိုးဆုအာသည် သန်မာသော အမျိုးသမီးဖြစ်ချင်တာကြောင့် သူမ၏ ခံစားချက်အစစ်အမှန်များကို ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။ အခု ရွှီဖန်း ဒီမှာ ရှိနေသည်ဖြစ်ရာ သူမ၏ အားနည်းသောအခြမ်းလေးက ထွက်ပေါ်လာခဲ့သည်။

မသိစိတ်မှအလိုလိုပင် သူမ၏ မျက်နှာအစစ်အမှန်ကို ဖော်ထုတ်ပြသနေမိမှန်း သတိထားမိသွားသည့်အခါ ချိုးဆုအာသည် ရှက်ကိုးရှက်ကန်း ပြုံးလိုက်မိသည်။ သူမကိုယ်သူမ ရွှီဖန်း၏ လက်မောင်းကြားထဲ ပစ်ဝင်ရင်း နူးနူးညံ့ညံ့ ပြောလိုက်သည်။

"ရွှီဖန်း အစ်မ မင်းကို စိတ်ပျက်စေမိပြီ"

ရွှီဖန်း အံ့သြသွားကာ

"ဘာဖြစ်လို့လဲ...ကိုယ်စိတ်ပျက်အောင် ဘာလုပ်ထားလို့လဲ"

"မင်းဖြစ်စေချင်တဲ့ပုံစံအတိုင်း အစ်မ မလုပ်နိုင်သေးဘူးဖြစ်နေတယ်၊ အဲ့ဒါက အရမ်းခက်တာပဲ"

ချိုးဆုအာ၏ မျက်နှာသည် ရှက်ရွံ့နေခဲ့ပြီး ကူကယ်ရာမဲ့မှုနှင့် အတူ ပြောခဲ့သည်။

ရွှီဖန်း ရယ်မောမိသည်။ ဘာများဖြစ်တာလဲလို့။

"ကောင်းပြီ ကိုယ် နားလည်ပါတယ်၊ ဒါက တစ်ညတည်းနဲ့ အပြီးပြောင်းလဲနိုင်မယ့် အရာလည်း မဟုတ်ဘူးလေ၊ ဖြည်းဖြည်းချင်းလုပ်သွားလို့ရတယ်၊ စိတ်မပူနဲ့...နားလည်ပြီလား"

ရွှီဖန်း သူမအား စတင်နှစ်သိမ့်ပေးခဲ့သည်။ ချိုးဆုအာ၏ မျက်နှာလေးမှာ ထိုမြင်ကွင်းကြောင့် နီမြန်းသွားခဲ့ပြီး ဘာမှမပြောတော့ဘဲ လေးလံစွာ ခေါင်းညိတ်ခဲ့လေသည်။

သို့နှင့် နှစ်ယောက်သား ပွေ့ဖက်ကာ အိပ်ပျော်သွားခဲ့ကြသည်။ 

နောက်တစ်နေ့။

ရွှီဖန်း နိုးလာသည့်အချိန်မှာ နေ့လည် ၁၂နာရီပင် ထိုးနေလေပြီ။ ဖုန်းမြည်သံကြောင့်သာ သူ နိုးလာခဲ့ခြင်းပင်။

ရွှီဖန်း ဖုန်းကို ကောက်ကိုင်ကြည့်လိုက်တော့ ယန်ပင်း၏ နာမည်ကို တွေ့ခဲ့ရသည်။ သူ အံ့သြသွားခဲ့ပြီး အမြန်ကိုင်လိုက်သည်။ 

"ဟယ်လို ဘာကိစ္စဖြစ်သွားလို့လဲ"

"တစ်ယောက်ယောက်လာနေပြီ"

ယန်ပင်းက အသံနက်ကြီးဖြင့် ပြောလာခဲ့သည်။

ထိုစကားများက ရွှီဖန်း၏လှုပ်ရှားမှုများအား ချက်ချင်း ရပ်တန့်သွားစေခဲ့သည်။ ကုတင်ပေါ်မှာ ထိုင်ရင်း သူ တည်ငြိမ်စွာ မေးလိုက်သည်။

"သူ ဘယ်မှာလဲ"

"သူက မင်းအိမ်ရဲ့ အနောက်ဘက်တောင်ပေါ်ကနေ ချုံခိုပြီး ချောင်းနေတယ်"

ယန်ပင်းသည် အတွေ့အကြုံများစွာ ရှိခဲ့တာကြောင့် သူ့လေသံက အနည်းငယ် တည်ငြိမ်နေလေသည်။ သို့သော် ရွှီဖန်းကတော့ ကွဲပြားသည်။ တစ်ဖက်ရန်သူက သေနတ်ကိုင်ထားတာကြောင့် စက်ဆုပ်ရွံရှာသလို မခံစားရဘူးဟု ပြော၍ မရချေ။

ဒါကြောင့် ရွှီဖန်းမှာ ကူကယ်ရာမဲ့စွာ မေးမိသည်။ 

"မင်း သူ့ကို အခုတွေ့လိုက်တာပဲ ဘာလို့ ဘာမှမလုပ်တာလဲ"

ရွှီဖန်း၏စကားများကြောင့် ယန်ပင်းမှာလည်း အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရပေသည်။

"ငါလည်း တိုက်ချင်ပါတယ်ကွာ...ဒါပေမယ့် သူ့အရှိန်က အရမ်းမြန်လွန်းတယ်၊ ငါ ချိန်လို့ကိုမရခဲ့ဘူး"

"အခုရော ဘယ်လိုလဲ"

ရွှီဖန်း တည်တည်ငြိမ်ငြိမ်ပင် မေးခဲ့သည်။

ယန်ပင်းသည် အသက်ပြင်းပြင်းရှူသွင်း၍ အချိန်ခဏတာလောက် ဘာမှပြန်မပြောခဲ့ပေ။ တစ်စုံတစ်ရာကို သူ ချိန်ရွယ်နေသည့်ပုံပင်။

"သူ အခု ဘယ်မှာလဲဆိုတာ ငါ မမြင်နိုင်ဘူး၊ ဒါပေမယ့် မင်းအိမ်နောက်က တောင်ပေါ်မှာဆိုတာတော့ အတော်လေး သေချာတယ်"

ယန်ပင်းက ပြန်ဖြေခဲ့၏။

"မင်း ခဏနေလို့ ထွက်လာလို့ရှိရင် တစ်ခုမှတ်ထားပါ၊ သူ့ဆီကနေ ပုန်းကွယ်ဖို့ နေရာတစ်ခု ရှာရမယ်၊ အဲ့ဒီအချိန် သူသာ မင်းကို ချိန်ရွယ်လာရင် သူ့မျက်နှာကို သေချာပေါက် ပြရမှာပဲ၊ အဲ့ဒီအခါကျရင် ငါ သူ့ကို တိုက်ခိုက်လိုက်မယ်"

ယန်ပင်း၏စကားများကို ကြားသော် ရွှီဖန်း ခေါင်းညိတ်ခဲ့သည်။ တစ်ကယ်ကို ကောင်းသည့် စိတ်ကူးပင်။ 

"ဒါဆို သူ ခဏနေလို့ ငါ့ကို ချိန်လာပြီဆို ချက်ချင်းပြောဖို့ သတိရပါ"

"စိတ်မပူနဲ့ မင်းရဲ့ ဘလူးတုနားကြပ်ကိုသာ တပ်ထား၊ ငါတို့ ခဏနေ ဆက်သွယ်ပြောဆိုနိုင်လိမ့်မယ်"

ရွှီဖန်း အဖြေပြန်ပြောပြီးနောက် ဖုန်းချခဲ့သည်။ အခု 

ထိုကိစ္စကို တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းရမည်။ ထိုကဲ့သို့သော ကိစ္စများနှင့် ဆက်ပြီး ရှုပ်ထွေးနေပါက သူ၏ ကြီးကျယ်သော အစီအစဥ်များ စတင်မှုမှာ နှေးကွေးသွားလိမ့်မည်။ 

ထို့ကြောင့် ရွှီဖန်းသည် ဘလူးတုနားကြပ်ကို တပ်၍ သူ့မိသားစုအား နှုတ်ဆက်ကာ ခြံအပြင်သို့ လျှောက်ထွက်လာခဲ့သည်။

**********************

All Chapters