လူသတ်သမားနှစ်ယောက်ကြား ပြိုင်ဆိုင်မှု
Vol. 19 Ch. 271
ခုန်ချမှုနှင့်အတူ ယန်ပင်းသည် သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သည်။ သူ့အား စောင့်ကြိုနေမည့်အရာမှာ အချိန်များစွာ ကုန်မည့် တိုက်ပွဲတစ်ခုပင်။
ထို့အပြင် ထိုတိုက်ပွဲ၌ ယန်ပင်းသည် ဆိုးကျိုးဘက်မှာ ရှိနေ၏။
ပုန်းကွက်နေသည့် လူသတ်သမားအပေါ်၌ သူ မျက်လုံး ရှင်ရှင်ထားရမှာဖြစ်ပြီး ရွှီဖန်းအား ဒုတိယအကြိမ် ပစ်သတ်နိုင်ရန် အခွင့်အရေးပေးလို့ မဖြစ်ချေ။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပိုင် လုံခြုံရေးအတွက်လည်း သေချာအောင် လုပ်ထားရဦးမည်။
ထို့ကြောင့် ယန်ပင်း၏ ပထမဆုံးအတွေးမှာ ရွှီဖန်း၏ ခန္ဓာကိုယ်အား ဘေးကင်းသော နေရာသို့ ရွှေ့ပြောင်းနိုင်ရန် အခွင့်အရေးကို ရှာခြင်းပင်။
သို့သော်လည်း သစ်ပင်ပေါ်မှ ခုန်ချပြီးနောက် သူ၏ လက်တွေ့မကျသော အကြံကို ရပ်တန့်ခဲ့ရသည်။
ရွှီဖန်း၏ ဒဏ်ရာက ဘယ်လောက်ထိ ပြင်းထန်လဲဆိုတာကို သူမသိပေ။ အကယ်၍ သူသာ အလျင်စလို လှုပ်ရှားမိပါက ဒဏ်ရာကို ပိုဆိုးသွားစေနိုင်သည်။
ထို့အပြင် လက်ရှိ ယန်ပင်းသည် ကျယ်လောင်စွာလည်း အော်လို့မရနေပေ။ ရွှီဖန်း ဘာတွေးနေသလဲဆိုတာကို သူ ရှင်းရှင်းလင်းလင်း သိပေသည်။ ရွှီဖန်းသည် ဤအခြေအနေအား အခွင့်ကောင်းယူ၍ ကျန်သည့် လူသတ်သမားကို ဖြေရှင်းချင်နေသည်။
သူသာ အော်ဟစ်ပြီး အကူအညီတောင်းခဲ့ပါက လူသတ်သမားသည် ထွက်ပြေးသွားမှာဖြစ်ပြီး ရွှီဖန်း၏ ဒဏ်ရာရမှုလည်း အလဟဿဖြစ်သွားလိမ့်မည်။
ထို့ကြောင့် ယန်ပင်းမှာ ကျားကို စီးနင်းနေသော်လည်း မဆင်းနိုင်သကဲ့သို့ ခံစားနေရ၏။
သူသာ စောစောသိထားမည်ဆိုလျှင် ရွှီဖန်းအား လုပ်ကြံမည့်အလုပ်ကို သူ လက်ခံခဲ့မည် မဟုတ်ပေ။
ယန်ပင်း ဒေါသတကြီး တွေးနေမိသည်။ သို့သော်လည်း အခု ထိုအကြောင်းအား တွေးရုံသာ တတ်နိုင်ပေသည်။
သစ်ပင်ပေါ်မှ မြေကြီးပေါ်သို့ ရောက်သည်နှင့် ရွှီဖန်းဆီသို့ သူ ချက်ချင်း ပြေးသွားခဲ့သည်။ လူသတ်သမားက တည်နေရာကို ရှာနေသေးကာ ဒီကို အာရုံမစိုက်နိုင်သေးမှန်း သူသိပေ၏။ ထိုအချိန်ကွာဟမှုအတွင်း သူ ရွှီဖန်း၏ အနားကို ပြေးသွားခဲ့သည်။
ရွှီဖန်း၏ အနားကို ရောက်သည်နှင့် ယန်ပင်းလည်း မြေပြင်ပေါ်မှာ လှဲချခဲ့သည်။ သူ့မျက်လုံးများသည် လူသတ်သမား၏ပုံရိပ်အား ရှာတွေ့ရန် မျှော်လင့်နေပြီး ပတ်ဝန်းကျင်ကို လျှင်မြန်စွာ စစ်ဆေးနေခဲ့သည်။
သို့သော်ငြား ထိုလူသတ်သမား၏ ကျွမ်းကျင်မှုသည် ယန်ပင်း ယှဥ်လို့မရနိုင်မှန်း သိသာလှပေသည်။ အနည်းဆုံးတော့ ယန်ပင်းသည် သူ့ကို မမြင်နိုင်ခဲ့ပေ။
သိထားရမည်မှာ ယန်ပင်း၏လက်ရှိအနေအထားသည် ဆန့်ကျင်ဘက်မှ တောင်နှင့် အနည်းဆုံး မီတာ သုံးဆယ် ကွာဝေးပေသည်။ ဒါက ဘယ်လိုသဘောလဲ။
အနက်ရောင်အစက် အရွယ်အစားလေးကို သေသေချာချာ သတိထားကြည့်ရပေမည်။ မဟုတ်လျှင် ရှာတွေ့ရန် မဖြစ်နိုင်ချေ။
သူက အလင်း၌ ရှိနေစဥ် ရန်သူက ပုန်းနေခဲ့သည်။ အလွန် အန္တရာယ်များပေသည်။
ယန်ပင်းသည် သစ်ပင်ပေါ်ထိ သူနှင့်အတူ သယ်လာခဲ့သော အိတ်အား ရွှီဖန်း၏ ဘေးကို ပစ်လိုက်သည်။
"ဟေး မင်း လှုပ်နိုင်သေးလား"
ယန်ပင်းသည် ရွှီဖန်းကို ပုတ်၍ လေသံနက်ဖြင့် မေးခဲ့သည်။
ရွှီဖန်း သတိပြန်ဝင်လာပြီး အနည်းငယ်လှုပ်ရှားကာ ကွဲအက်သောအသံဖြင့် ပြန်ဖြေလာခဲ့သည်။
"အဲ့ဒါက ငါ့ရင်ဘက်ကိုပဲ ထိသွားခဲ့တာ၊ အတွင်းအင်္ဂါတွေကို မထိသွားဘူး၊ လှုပ်...အဟွတ် လှုပ်နိုင်တယ်"
ရွှီဖန်း၏ ပြန်ဖြေစကားကို ကြားသည့်အခါ ယန်ပင်း ခေါင်းညိတ်၍ ပြောလိုက်သည်။
"ကောင်းပြီ ငါ အခု မင်းကို ဖုံးကွယ်ပေးထားမယ်၊ မင်းရဲ့ခြံထဲ မြန်မြန်ပြန်ဝင်လိုက်...အဲ့ဒီနေရာက သူ့ဘက်ကနေ မမြင်ရတဲ့ နေရာပဲ၊ သူ မင်းကို တွေ့မှာ မဟုတ်ဘူး"
ရွှီဖန်း ကျေးဇူးတင်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ရွှေ့လိုက်သည်။
ထိုအချိန် လူသတ်သမားကလည်း မြက်တွေကြားထဲ ပုန်းကွယ်နေပြီး မြေပြင်ပေါ်မှာ လဲနေသည့် ယန်ပင်းအား သေနတ်ဖြင့် ချိန်ထားခဲ့သည်။
သူ မြေကြီးပေါ်မှ မြက်ကို အမြစ်ကနေ ဆွဲထုတ်ပြီး ကောင်းကင်သို့ ညင်သာစွာ ပစ်တင်ကြည့်ခဲ့သည်။ မြက်ပင်က ကောင်ကင်ကနေ ထောင်လိုက်ကျလာသည်ကို ကြည့်ပြီး သူ ရယ်မောကာ တီးတိုးရေရွတ်ခဲ့သည်။
"လေမတိုက်ဘူးဆိုတော့ ငါ့ကို အပြစ်မတင်လေနဲ့"
ပြောပြီးသည်နှင့် ခလုတ်အား ဖြည်းညှင်းစွာ ဖိလိုက်သည်။
ဒိုင်း!
သေနတ်သံထွက်လာပြီး ယန်ပင်း၏ နောက်ကျောမှ ရွှံ့ပုံကို ထိခတ်သွားခဲ့သည်။
"ဘာဖြစ်သွားတာလဲ!"
လူသတ်သမားသည် အံ့သြမှုကြောင့် မျက်လုံးပြူးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ယန်ပင်းတစ်ယောက် ပြုံးသွားလေသည်။ သူ တွေ့ပြီ!
ဒါကို တွေးလျက် ယန်ပင်းသည် သူ့သေနတ်ကို မြှောက်ကာ အရှေ့ဘယ်ဘက်ကို ချိန်ရွယ်လိုက်သည်။
သူ အကြံအစည်က အောင်မြင်ပြီမှန်း သူသိလိုက်သည်။
အကွာအဝေးက မီတာသုံးဆယ်၊ လေကလည်း ကြီးကြီးမားမား မတိုက်နေပေ။ စနိုက်ပါသမားက လေတိုက်နှုန်းကိုလည်း သတိထားရပေသည်။
ယန်ပင်း၏ လက်ရှိတည်နေရာသည် တံခါးပေါက်
နှစ်ပေါက်၏ အလယ်တည့်တည့်မှာ ရှိနေလေသည်။ သူ့အနီးတဝိုက်တွင်မူ လေက တိုက်ရိုက် တိုက်ခတ်နေခဲ့သည်။ ထိုလူသတ်သမားအတွက်မူ တောင်ပေါ်မှာရှိနေတာကြောင့် သူ့ ဦးတည်ရာလို့ လေမတိုးနေခဲ့ပေ။
"မင်းက ကျွမ်းကျင်သူဆိုပေမယ့် အတွေ့အကြုံကနည်းသေးတာပဲကို"
ယန်ပင်း၏ နှုတ်ခမ်းထောင့်က ကွေးညွတ်သွားခဲ့သည်။ သေနတ်သံ ထွက်လာသည့်နေရာသို့ သူ ချက်ချင်း ဦးတည်ကာ ပစ်ခတ်ခဲ့သည်။
နှစ်စက္ကန့်လောက်အကြာမှာ ထိုနေရာရှိ ချုံပုတ်
များသည် လျင်မြန်စွာ ရွေ့လျားသွားလေသည်။ တစ်စုံတစ်ယောက် လှုပ်ရှားနေသည်မှာ သိသာလှ၏။
ကျစ်! မထိသွားဘူး!
ယန်ပင်း နှုတ်ခမ်းကို ကွေးလိုက်ကာ ဘယ်၊ ညာ စလှုပ်ရှားခဲ့သည်။ ထိုအချိန် သူရော တစ်ဖက်လူရောက အချင်းချင်း၏တည်နေရာကို သိသွားကြလေပြီ။
သူတို့အား စောင့်ကြိုနေသည့်အရာမှာ စနိုက်ပါသမားနှစ်ယောက်ကြားမှ ယှဥ်ပြိုင်မှုပင်။ ထို့ပြင် ဤယှဥ်ပြိုင်မှုသည် နည်းပညာ ယှဥ်ပြိုင်ရမည်ဖြစ်သလို စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ပါဝင်လေသည်။
အခုဆိုလျှင် နှစ်ဖက်စလုံး၏ တည်နေရာမှာ ဖော်ထုတ်ခံရလိုက်လေပြီ။ သူတို့ နှစ်ဦးစလုံး လုပ်ရန် လိုအပ်သည့် အရာမှာ ဆက်၍ လှုပ်ရှားနေရန်ဖြစ်ပြီး ပစ်ခတ်ရန် အခွင့်အရေးအား ရှာဖွေရန် ဖြစ်သည်။
ထို့ကြောင့် ဒီတစ်ကြိမ်တွင် ဆန့်ကျင်ဘက်တောင်ပေါ်မှ ချုံပုတ်များတင်မဟုတ်ဘဲ ယန်ပင်းလည်း စတင်၍ အမြန်ပြေးလိုက်သည်။
သို့သော်ငြား လူသတ်သမားသည် ယန်ပင်းက သူ့ဆီသို့ ရည်ရွယ်ချက်ရှိရှိ ချဥ်းကပ်လာသည်ကို သတိထားမိခဲ့သည်။
သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ!
လူသတ်သမားသည် မျက်မှောင်ကြုတ်၍ ရွှီဖန်း၏ တည်နေရာကို ရှာဖွေလိုက်သည်။
ထိုအချိန် ရွှီဖန်းက သူ့ခြံအနား ရောက်နေလေပြီ။
ကံကောင်းစွာပင် ရွှီဖန်း၏ မိသားစုသည် နေ့လည်နေ့ခင်း တရေးတမော အိပ်နေသည်ဖြစ်ရာ ရွှီဖန်း ဒဏ်ရာရနေသည်ကို မမြင်နိုင်ခဲ့ကြပေ။
"ယန်ပင်း မင်း မသေလိုက်နဲ့!"
သူ့လက်ထဲမှ ဘလူးတုနားကြပ်ကို ကိုင်၍ ရွှီဖန်း အက်ကွဲစွာ ပြောခဲ့သည်။
ယန်ပင်း စူပုတ်သွားတော့သည်။ အဓိပ္ပာယ်မရှိတာ! ဘယ်သူက သေချင်မှာလဲ!
လူသတ်သမားသည် လျှင်မြန်စွာ ပြေးနေရင်းမှ ရုတ်
ချည်းရပ်၍ လက်ထဲရှိ စနိုက်ပါကို မြှောက်ကာ ယန်ပင်းကို ပစ်ခတ်လိုက်သည်။
သို့သော် ကံကောင်းသွားသည့်အရာမှာ ယန်ပင်းသည် ပုံမှန်အနေအထားအတိုင်း ပြေးနေခြင်းမဟုတ်ဘဲ ဘယ်မှ ညာသို့ ညာမှ ဘယ်သို့ ပြေးနေခြင်းပင်။ ဒါ့အပြင် လူသတ်သမားကလည်း သူ့ကို သေချာမချိန်
ရွယ်နိုင်ဘဲ သာမန်ကာလျှံကာ အမြန်ပစ်ရသည်ဖြစ်ရာ ယန်ပင်းကို ဒဏ်ရာ မရစေခဲ့ပေ။
ယန်ပင်း၏ နှုတ်ခမ်းထောင့်က ကွေးတက်သွားခဲ့သည်။ သူနှင့် ဆန့်ကျင်ဘက်မှ လူသတ်သမားသည် စိုးရိမ်ပူပန်နေမည်မှန်း သူသိပေသည်။
ယခင်ပစ်ချက်တွေအရ လူသတ်သမားသည် သုံးချက် ပစ်ထားပြီးလေပြီ။ သေနတ်ပစ်ခတ်မှုကို ကြည့်ခြင်းအားဖြင့် ၎င်းသည် semi-automatic စနိုက်ပါအမျိုးအစားဖြစ်နိုင်သည်။
မော်ဒယ်အတိအကျကို သူ မသိသော်လည်း ထိုလက်နက်များ၌ အများဆုံး ကျည်ဆံ၁၀ခုသာ လက်ခံမှန်း ယန်ပင်းသိထားသည်။ သုံးချက်ပစ်ပြီးပြီဖြစ်ရာ
တစ်ဖက်ရန်သူ၌ ခုနစ်ချက်သာ ကျန်တော့လေသည်။
သူသာ ကျည်ပြန်ဖြည့်ရမည်ဆိုလျှင် အချိန်အတော်
အသင့်တော့ ယူရလိမ့်မည်။
ယန်ပင်း မျက်လုံးများကို ကျဥ်းမြောင်းကာ ဖြည်းဖြည်းချင်း ရှေ့သို့ ဆက်လှုပ်ရှားနေခဲ့သည်။ ဒီတစ်ကြိမ် သူ ဘာမှ မလုပ်ဘဲ မနေခဲ့ချေ။ ဆယ်စက္ကန့်အကြာမှာ သူ ပစ်ခတ်ခဲ့သည်။
သူ၏ရည်မှန်းချက်သည် ရန်သူအား ပြန်လည်တုံ့ပြန်
ရန် လှုံ့ဆော်ပေးလိုခြင်းပင်။ တစ်ချိန်တည်းမှာပင် သူသည် ရန်သူအား ကျည်ပြန်ဖြည့်ရန် အခွင့်အရေး မပေးခဲ့ချေ။
ငါးချက်! ခုနစ်ချက်! ကိုးချက်!
တစ်ချက် ပစ်ရန်သာ လိုတော့သည်။
ကျည်ဆံအရေအတွက်ကို တွက်နေခဲ့သည့် ယန်ပင်း၏မျက်လုံးများက တောက်ပသွားခဲ့သည်။ အနိုင်ရခြင်းက သူ့အရှေ့သို့ ရောက်လာပြီမှန်း သူသိလိုက်သည်။
ထိုအခိုက်အတန့်တွင် ယန်ပင်းနှင့် လူသတ်သမားကြားမှ အကွာအဝေးကလည်း ၁၀မီတာသာ ကျန်ရှိတော့သည်။
ဆယ်မီတာ၊ ဤအကွာအဝေး၊ လေတိုက်ခတ်နှုန်းနှင့် တခြားသော အချက်များသည် အခြေခံအားဖြင့် မပြောပလောက်တော့ပေ။ သူ့ဘက်က မှန်ကန်စွာ ချိန်နိုင်ခဲ့သည်နှင့် ပစ်မှတ်ကို ထိနိုင်ပေသည်။
တစ်ချိန်တည်းမှာပင် တစ်ဖက်လူ၏ သေနတ်ပစ်လေ့ပစ်ထရှိသည့် အကျင့်ကို သိလိုက်ပြီဖြစ်ရာ ယန်ပင်း၏ နှုတ်ခမ်းမှာ အနည်းငယ် ကော့တက်သွားခဲ့သည်။ ထို့နောက် နေရာမှာတွင် ရပ်၍ တစ်ဖက်လူနှင့် အတူတူ သေနတ်ကို မတင်လိုက်တော့သည်။
********************