← Chapters

သွေးပုတီးစေ့

Vol. 19 Ch. 276

သွေးပုတီးစေ့

Vol. 19 Ch. 276

ရွှီဖန်းသည် မတိုင်ခင်က ထိုကဲ့သို့သော သတ္တဝါမျိုးနှင့်  မတိုက်ခိုက်ခဲ့ဖူးသော်လည်း သစ်ကိုင်းပေါ်တွင်ရပ်နေရင်း ထိတ်လန့်မိသွားတုန်းပင်။ 

ထိုသတ္တဝါမှာ ဒဏ်ရာရထားတာတောင် ရွှီဖန်း လက်လှမ်းမမီနိုင်သော အဟုန်တစ်ခုဖြစ်နေတုန်းပင်။

ယခု ထိုသတ္တဝါ၏ ဒဏ်ရာမှ သွေးနံ့သည် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပျံ့နှံ့နေလေပြီ။ ထို့ကြောင့် ခွေးလေးခုနစ်ကောင်မှာလည်း ရွှီဖန်း ရောက်လာသည်ကို သတိမထားမိခဲ့ပေ။ 

သစ်ကိုင်းပေါ်မှာရပ်၍ အောက်တွင်ဖြစ်ပျက်နေသော ရန်ပွဲအား သူ ငုံ့ကြည့်လိုက်သည်။ 

ကြည့်လိုက်ရုံဖြင့် ခွေးလေးခုနစ်ကောင်သည် ကောင်းကင်နတ်ခွေး၏ မျိုးဆက်များ ဖြစ်ထိုက်ကြောင်း သိနိုင်ပေသည်။ အနည်းဆုံးတော့ သူတို့ တစ်ကောင်ကို တစ်ကောင် သတိထားကာ စောင့်ကြပ်နေကြသည်။

ဝံပုလွေအတွက်မူ ၎င်း၏အကြည့်သည် ခွေးလေးခုနစ်ကောင်၏ အနောက်မှ မြွေကြီးအပေါ်မှာသာ အဆက်မပြတ်ကြည့်နေလေသည်။ ကြည့်ရတာ မြွေကြီး၏ ကြီးမားသော ခန္ဓာကိုယ်ကို သွားရည်ကျနေပုံပင်။

ထိုကဲ့သို့ ရှေ့မတိုးသာအခြေအနေကို ကြည့်၍ ရွှီဖန်း တိတ်တဆိတ် မျက်မှောင်ကြုတ်မိသည်။ ယခု သူတို့သာ တိုက်ခိုက်နေမည်ဆိုလျှင် ရွှီဖန်းအတွက် ကူညီရန် အခွင့်အရေးရှာလို့ရနိုင်သည်။ သို့သော် လက်ရှိအခြေအနေအရတော့ သူ့အတွက် ထွက်ကူညီရန်မှာ ကောင်းမွန်သော အကြံမဟုတ်ပေ။

သူတို့ တိုက်ခိုက်အောင် နည်းလမ်းရှာရပေမည်။

ရွှီဖန်းသည် သစ်ပင်ပေါ်၌ တိတ်တဆိတ်တွေးနေခဲ့သည်။ 

မြွေကြီအော်ရာကလည်း အလွန်အမင်းနိမ့်နေလေပြီ။ သူသာ မြန်မြန်မလုပ်လျှင် မြွေကြီးသေသွားမည်ကို ကြောက်မိပေသည်။ 

သူ့အောက်မှ ဝံပုလွေကို ကြည့်၍ ရွှီဖန်း အံ့သြသွားခဲ့သည်။ ထို့နောက် သူ မျက်လုံးမှိတ်ကာ သိုလှောင်လက်စွပ်ထဲ၌ စ ရှာဖွေခဲ့သည်။

ရှာတွေ့ပြီ!

ရွှီဖန်း၏ မျက်နှာတောက်ပသွားခဲ့သည်။ သူ့ သိုလှောင်လက်စွပ်ထဲ၌ အသုံးမပြုရသေးသော ကောင်းကင်ဘုံစွမ်းအားအဆောင်ခုနစ်ခု ကျန်နေသေး၏။ 

အဆောင်ဆိုသည့်အရာမှာ အသုံးပြုသူ၌ ဉာဏ်ရည်

ဉာဏ်သွေးရှိသ၍ မတူညီသော ဘဝမျိုးစုံ၌ အသုံးပြုနိုင်သော ပစ္စည်းဖြစ်သည်။ 

ချက်ချင်းပင် ရွှီဖန်း မတုံ့ဆိုင်းနေတော့ပေ။ သူ မတ်တပ်ရပ်၍ 'အပိုင်းပိုင်းဖြစ်အောင်ကိုက်လိုက်'ဟု အော်လိုက်သည်။

သို့နှင့် သူ့လက်ထဲရှိ အဆောင်များကို ခွေးလေးခုနစ်ကောင်ဆီ ပစ်ချပေးခဲ့သည်။ 

ခွေးလေးခုနစ်ကောင်သည် ထိတ်လန့်သွားကြပြီး အလိုလို နောက်သို့ ဆုတ်သွားကြသည်။ သို့သော် သစ်ပင်ပေါ်တွင် ရပ်နေသည့် ရွှီဖန်းကို မြင်သောအခါ စိတ်ဓာတ်တက်ကြွသွားကြသည်။

သူတို့တစ်ကောင်စီတိုင်းသည် ရှင်းလင်းသော နားလည်မှုဖြင့် ကောင်းကင်ဘုံစွမ်းအားအဆောင်များကို ကိုက်ဖြတ်ခဲ့ကြသည်။

သူတို့ ကောင်းကင်ဘုံစွမ်းအားအဆောင်များကို 

ကိုက်လိုက်သည်နှင့် ကျိုးနေသော အဆောင်များမှ ထွက်လာသော အနီရောင်အလင်းတန်းများသည် သူတို့၏ ခန္ဓာကိုယ်ထဲဝင်သွားသည်ကို ရွှီဖန်း ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။

ထိုအနီရောင်အလင်းတန်းဝင်သွားသည်နှင့် ခွေးလေးခုနစ်ကောင်သည် ခေါင်းမော့၍ ကျယ်လောင်စွာ အော်ဟိန်းလာကြသည်။ ထို့ကြောင့် စောင့်ကြပ်နေသော ဝံပုလွေကို လျင်မြန်စွာ ဝိုင်းရံထားကြသည်။

တစ်ဖက်တွင်မူ ဝံပုလွေကလည်း မကြောက်ရွံ့ပေ။ ခွေးလေးများ တိုက်ခိုက်တော့မည်ကို မြင်သည့်အခါ ၎င်းကလည်း အူလာသည်။ ထို့နောက် အလွန်လျင်မြန်သော အရှိန်ဖြင့် အရှေ့ဆုံးမှ ခွေးလေးဆီ ခုန်အုပ်လိုက်လေသည်။

၎င်း၏အရှိန်သည် ရွှီဖန်းမှ မီးခိုးရောင်အလင်းသာ မြင်နိုင်သည်အထိ အလွန် မြန်ဆန်ပေသည်။ ထို့နောက် ၎င်းသည် ခွေးလေးတစ်ကောင်နှင့် အပြင်းအထန် တိုက်မိသွားလေသည်။

သို့သော်ငြား ဒီတစ်ကြိမ်မှာ ၎င်း၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်သွားလေသည်။

ခွေးလေးနှင့် တိုက်မိချိန်တွင် မလွင့်ထွက်သွားသော်လည်း ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် တခြားခွေးများလည်း ဝိုင်းရံလာကြသည်။

ယခင်က ခွေးလေးများသည် ရှေ့မတိုးနောက်မဆုတ်သာ အနေအထား၌ ရှိနေခဲ့သည်။ တိုက်ခိုက်လိုက်တိုင်းမှာ အနည်းဆုံး သုံးကောင်စီ အတူတူစုနေခဲ့ကြသည်။ သို့သော် ဒီတစ်ကြိမ်မှာတော့ ကွဲပြားသွားလေသည်။ 

ကောင်းကင်ဘုံစွမ်းအားအဆောင်၏ ပံ့ပိုးမှုနှင့်အတူ ခွေးများနှင့် ဝံပုလွေကြား ကွာခြားမှုတချို့ ရှိနေသေးသော်လည်း ခွေးအရေအတွက်ကြောင့် ကြောက်စရာမရှိတော့ပေ။ 

ဝံပုလွေမှ ပြန်ဆုတ်သွားသည်ကို မြင်သည့်အခါ ရွှီဖန်းလည်း နောက်ဆုံး၌ သစ်ကိုင်းပေါ်မှ ခုန်ဆင်းလာပြီး မြွေကြီးဆီကို လျှောက်သွားခဲ့သည်။ သေလုမြောပါးမြွေကြီး၏ ဦးခေါင်းပေါ်သို့ သူ့လက်ကို တင်၍ ၎င်း၏ရောင်ဝါကို ခံစားလိုက်သည်။ လက်ရှိအချိန်တွင် မြွေကြီးသည် တစ်ကယ် သေလုနီးပါးဖြစ်နေလေပြီ။

မြွေကြီးသည် ယခုအချိန်ထိ ခံနိုင်ရည်ရှိရန် ၎င်း၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကိုသာ အားကိုးခဲ့ရသည်။

ထိုမြင်ကွင်းကို မြင်တော့ ရွှီဖန်း မျက်မှောင်ကြုတ်မိသည်။ အကယ်၍ တခြားလူသာဆိုလျှင် သူ ကယ်တင်ပြီးတာ ကြာပြီဖြစ်သော်လည်း မြွေများကတော့ မတူပေ။ စိမ်းပြာရောင်အိတ်ထဲ၌ ၎င်းတို့ကို ဘယ်လိုကုသရမလဲဆိုတာ မပြောပြထားပေ။

"မင်း လှုပ်နိုင်သေးလား၊ ငါ မင်းကို ဘယ်လိုကယ်တင်ရမလဲဆိုတာ နားလည်အောင်လုပ်နိုင်ဖို့ ကြိုးစားလို့ရလား"

သေလုမြောပါးမြွေကြီးကိုကြည့်၍ ရွှီဖန်း မေးလိုက်သည်။

မြွေကြီးမျက်လုံးများက ရွှီဖန်းကို ကြည့်နေသကဲ့သို့ ရွေ့လျားသွားလေသည်။ ထို့နောက် အမြီးကို ပြင်းပြင်းထန်ထန် အားထုတ်၍ ဝိုင်းရံမှုကြောင့် မြေပြင်ပေါ် လဲနေသည့် ဝံပုလွေအား ညွှန်ပြခဲ့သည်။

ရွှီဖန်းသည် ခဏတာ အံ့သြသွားခဲ့ပြီးနောက် မေးလိုက်သည်။

"မင်းဆိုလိုတာက သူ့အသားကိုစားလိုက်ရင် မင်းအသက်ကို ကယ်တင်နိုင်တယ်လား"

မြွေကြီးက သူ့ခေါင်းကိုညိတ်လာသည်။ ကြည့်ရတာ ထိုကဲ့သို့ ရည်ရွယ်ပုံပင်။

ရွှီဖန်း အသက်ပြင်းပြင်း ရှူသွင်း၍ ဝံပုလွေအား အနိုင်ကျင့်နေဆဲဖြစ်သည့် ခွေးလေးများအား ကြည့်ကာ အမိန့်ပေးလိုက်သည်။

"ဟိတ် ကောင်လေးတွေ တော်တော့၊ သတ်ပြီးရင် ဒီကို ဆွဲခဲ့"

ရွှီဖန်း၏အမိန့်ကို ကြားပြီးနောက် ခွေးလေးခုနစ်ကောင်သည် ဆော့ကစားနေခြင်းကိုရပ်ပြီး ဝံပုလွေ၏လည်ပင်းကို ကိုက်လိုက်ကြသည်။ မကြာလိုက်ပေ၊ အကြီးဆုံးလေးသည် အလောင်းကို ဆွဲ၍ ခေါ်လာခဲ့သည်။

ဝံပုလွေအသေကောင် ဆွဲခေါ်ခံခဲ့ရသည့်အခါ ခွေးပေါက်လေးများသည် ဝံပုလွေအသေကောင်အား စိတ်ဆန္ဒအပြည့်ဖြင့် စိုက်ကြည့်နေကြသည်ကို ရွှီဖန်း သတိထားမိခဲ့သည်။

"မင်းတို့အားလုံး...မင်းတို့လည်း စားချင်တာလား"

ရွှီဖန်း အံ့သြသွားကာ အစမ်းသဘော မေးကြည့်မိသည်။

ထိုမေးခွန်းအားမေးလိုက်သည့်အခါ ခွေးပေါက်လေးများသည် ရွှီဖန်းအား တစ်ချိန်တည်း ထိုးဟောင်ပြလာကြသည်။ 

ရွှီဖန်း ခါးသက်စွာပြုံးလိုက်မိပြီး မြေပြင်ပေါ်မှ မြွေကြီးကို လက်ညှိုးထိုးကာ...

"တော်တော့၊ မြွေကြီးက မြေကြီးပေါ်မှာ လဲနေတုန်းကို မင်းတို့အားလုံး လက်လျှော့လိုက်သင့်တယ်"

ရွှီဖန်း ပြောတာကို ကြားသည့်အခါ ခွေးလေးများသည်  တအီအီပြုလျက် သူ့စကားကို သိသိသာသာလက်ခံသကဲ့သို့ တစ်ချိန်တည်းနောက်ဆုတ်သွားကြလေသည်။ 

မြွေကြီးလည်း နောက်ဆုံးမှာတော့ အနည်းငယ်ပို၍ စိတ်အားထက်သန်လာပြီး အနည်းငယ်လှုပ်ရှားကာ ဝံပုလွေ၏ဘေးသို့ သူ့ခေါင်းကို ဆန့်ထုတ်ခဲ့သည်။ ထို့နောက် ဝံပုလွေ၏ ခန္ဓာကိုယ်တစ်ဝက်ကို ကိုက်၍ ခွေးပေါက်လေးများကို အကြည့်တစ်ချက်ပေးလိုက်လေသည်။ 

ခွေးပေါက်လေးများသည် ပျော်ရွှင်စွာဖြင့် ခုန်ပေါက်ရင်း ဝံပုလွေ၏ ခန္ဓာကိုယ်ကို စတင်၍ ကိုက်ဖြတ် စားသောက်ကျတော့သည်။

တခြားတစ်ဖက်မှာ ရွှီဖန်းသည် မြွေကြီးပေါ်၌ သက်သောင့်သက်သာရှိစွာ ထိုင်နေပြီး ခွေးပေါက်လေးများအား တိတ်တဆိတ် စူးစမ်းနေခဲ့သည်။ အာ့လန်ရှန်း သူ့ကို ပေးခဲ့သည့် တစ်စုံတစ်ခုကို စောင့်မျှော်နေခြင်းပင်။

သို့သော် ရွှီဖန်း ဘယ်လောက်ပဲကြည့်ပါစေ ဘာတစ်ခုကိုမှ မမြင်နိုင်ခဲ့ပေ။ ထို့အပြင် ခွေးပေါက်လေးများကလည်း ဘာမှအထူးတလည် ပြောင်းလဲသွားခဲ့ခြင်းမရှိပေ။ အာ့လန်ရှန်းသာ ခွေးလေးများအတွက် ချန်ထားပေးခဲ့သည်ဆိုလျှင်လည်း ဝံပုလွေအား လွယ်လွယ်ကူကူသတ်နိုင်ခဲ့ပေလိမ့်မည်။

ဒါကိုတွေးလိုက်သည့်အခါ ရွှီဖန်းပို၍ စိတ်ရှုပ်ထွေးသွားခဲ့သည်။ ထိုအခိုက်အတန့်တွင် မြွေကြီးသည် သူ့ခေါင်းကို ရွှီဖန်းဘက်သို့ လှည့်၍ ပါးစပ်ကိုဖွင့်ကာ သွေးပုတီးလုံးတစ်လုံးကို ထွေးထုတ်ပေးလာခဲ့သည်။

****************

All Chapters