← Chapters

အကြီးအကျယ်ပြောင်းလဲခြင်းနှင့် ကျော်ဖြတ်နိုင်ခြင်း

Vol. 19 Ch. 277

အကြီးအကျယ်ပြောင်းလဲခြင်းနှင့် ကျော်ဖြတ်နိုင်ခြင်း

Vol. 19 Ch. 277

ရွှီဖန်း အံ့သြသွားကာ မြေပြင်ပေါ်မှ သွေးပုတီးကို ကောက်ယူကြည့်လိုက်သည်။ ပုတီးစေ့သည် လက်ဖဝါးအရွယ်ခန့် ရှိပြီး လက်တစ်ဖက်ထဲတွင် ကိုင်ထားနိုင်လေသည်။ 

ပုတီးစေ့ကို ကိုင်ထား၍ ရွှီဖန်းသည် သူ၏ သိုင်းပညာကို တိတ်တဆိတ်အသက်သွင်းကာ စစ်မှန်သောချီဖြင့် ခံစားကြည့်ရန် ကြိုးစားခဲ့သည်။

သို့သော်ငြား ရွှီဖန်း၏ စစ်မှန်သောချီမှ ပုတီးစေ့ကို ထိသွားသည့်အခိုက်အတန့် ၎င်းသည် နောက်ပြန်ခုန်သွားလေသည်။ 

ရွှီဖန်း အံ့သြမှုဖြင့် မျက်လုံးဖွင့်ကြည့်မိသည်။ ထို့နောက် သွေးပုတီးအားကြည့်၍ တီးတိုးရေရွတ်

မိသည်။ 

"ဒါ ဘာပစ္စည်းကြီးလဲ"

"တိရိစ္ဆာန်အမြုတေပဲ၊ အဲ့ဒီဝံပုလွေက အသွင်ပြောင်းနိုင်ဖို့ နီးနေပြီ၊ လျှပ်စီးကပ်ဘေးအတွက် သူ ငါ့ကို စားချင်ခဲ့တာ ဒါပေမယ့် သူတွက်ချက်တာ မှားသွားခဲ့တယ်"

ရွှီဖန်း ရှော့ရသွားတော့သည်။ သူ့အနောက်မှ မြွေကြီးငည် ရုတ်ချည်းပင် လူစကားစပြောလာလေသည်။ 

ရွှီဖန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး သူငယ်အိမ်မှာ ကျုံ့သွားခဲ့သည်။ သူ ချက်ချင်းပင် ခေါင်းကို လှည့်၍

"မင်း စကားပြောနိုင်တယ်ပေါ့လေ"

မြွေကြီးက အပြည့်အဝ ပြန်သက်သာလာသည့်ပုံပင်။ ၎င်း၏ ခေါင်းအား တိတ်တဆိတ်ရွှေ့၍ ရွှီဖန်းဆီ တွားသွားလာသည်။ 

"အဲ့ဒါနဲ့ ပတ်သက်လို့ ဘာထူးဆန်းတာမှမရှိပါဘူး ဟုတ်တယ်မလား"

"မြွေတစ်ကောင်က ငါ့ကို လူစကားနဲ့ ပြောလာတာ မထူးဆန်းဘူးလား"

ရွှီဖန်း၏ ပါးစပ်မှာ တွန့်သွားပြီး ချက်ချင်း ပြောလိုက်မိသည်။

မြွေကြီးက ရုတ်တရက် ထရယ်လာသည်။ ခဏအကြာမှသာ သူ ရွှီဖန်းအား ပြောလာသည်။

"မင်း ဒီအကြောင်းနဲ့ပတ်သက်လို့ စိတ်ရှုပ်ထွေးနေတာဆိုရင် ကောင်ကင်နတ်ခွေးရဲ့ မျိုးဆက်တွေနဲ့ပတ်သက်တာကျ ဘာလို့ မအံ့သြတာလဲ"

"မင်း ဘယ်လို သိတာလဲ"

ရွှီဖန်းသည် ပိုပိုအံ့သြသွားခဲ့ပြီး မြွေကြီး၏ ကျောပေါ်မှ မတ်တပ်ရပ်လိုက်မိသည်။ မြွေကြီးက တစ်ခုခု ထူးဆန်းနေပြီဟု သူခံစားရပေသည်။

မြွေကြီးသည် ရွှီဖန်း၏ ရည်ရွယ်ချက်အား မြင်နိုင်

သည့်ပုံပေါ်ပြီး သူ့ကို ပြောပြလာခဲ့သည်။

"သူတို့ ငါ့ကို ပြောပြခဲ့တုန်းကတော့ လူသားတွေကလွဲလို့ တိရိစ္ဆာန်တွေက သူတို့အချင်းချင်း ဆက်

သွယ်ပြောဆိုလို့ရတယ်တဲ့၊ ငါက မင်းဆီမှာ အညံ့ခံလိုက်တော့ တခြားကန့်သတ်ချက်တွေ မရှိတော့ဘူးလေ"

ရွှီဖန်း ခေါင်းညိတ်လိုက်ပြီးနောက် မေးခဲ့သည်။

"မင်းရဲ့အတွင်းစွမ်းအား အသုံးပြုပုံက ဘာလဲ ပြောပြနိုင်မလား"

ရွှီဖန်း၏ စကားကို ကြားသော် မြွေကြီးက ပြောလာခဲ့သည်။

"ခဏစောင့်"

ချက်ချင်းပင် မြွေကြီး၏ ခန္ဓာကိုယ်က ကျုံ့သွားသည်ကို ရွှီဖန်း မြင်ခဲ့ရသည်။ မကြာလိုက်ပေ၊ ၎င်းသည် နှစ်မီတာလောက်သာ ရှည်တော့သည်။ ယခင်လောက် ခြိမ်းခြောက်နိုင်သည့်ပုံ မပေါ်တော့ချေ။

သို့သော် သာမန်လူများ၏ အမြင်အတွက်သာ ဖြစ်သည်။ ရွှီဖန်းအတွက်မူ ဤမြွေသည် ပြင်းထန်၍ အန္တရာယ်များသောအော်ရာများနှင့် ပြည့်နေသည်ကို သိ၏။

ကျုံ့သွားပြီးနောက် အပြာရောင်သို့ ပြောင်းသွားခဲ့သည် မြွေကြီးအား ကြည့်၍ မေးလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ"

မြွေကြီးသည် မတိုင်ခင်ကနှင့် ကွဲပြားသော အဆင့်သို့ လုံးဝဝင်ရောက်သွားပုံရကာ ရွှီဖန်းအား ရှင်းပြလာသည်။

"ပုံမှန်အားဖြင့်တော့ မြွေတွေက ကြီးသထက် ကြီးလာလိမ့်မှာဖြစ်ပြီး သေဆုံးမှတ်ကိုသာ ရောက်သွားရင် ရောက်သွားမယ် သူတို့မှာ တိုးတက်ဖို့ ဒါမှမဟုတ် အသွင်ပြောင်းဖို့ ဖြစ်နိုင်ခြေမရှိဘူး၊ ဒါပေမယ့် သူတို့မှာ မရှိတာက အခွင့်အရေးပဲ၊ အသွင်ပြောင်းလုနီးပါးဖြစ်နေတဲ့ ဝံပုလွေက ငါ့အတွက် အခွင့်အရေးပဲ၊ အဲ့ဒါကို စားပြီးတာနဲ့ ငါ နေနဲ့လဆီက အနှစ်သာရတွေကို ဖြည်းဖြည်းချင်း စုပ်ယူနိုင်ပြီ၊ နှစ်ပေါင်း ၁၀၀၀ကြာရင် ငါ နဂါးအဖြစ် ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး"

သူ့စကားကို ကြားသည့်အခါ ရွှီဖန်းမှာ သွေးများအန်ထုတ်လုနီးပါးပင်။ သူက တစ်ကယ်ကို မွန်းစတားဟု ခေါ်ထိုက်ပေသည်။ နှစ်၁၀၀၀ကျော်ကိုတောင် နေစိမ့်ရဲသည်။

"ကောင်းပြီ...ငါတော့ ဘာပဲဖြစ်ဖြစ် အဲ့ဒီမြင်ကွင်းကို မြင်နိုင်မှာ မဟုတ်ဘူး၊ ဒီပုတီးလုံးက ဘာအတွက်လဲဆိုတာ ပြောဦး"

ရွှီဖန်းသည် ခြောက်ကပ်သော အပြုံးဖြင့် ပြောမိသည်။ 

မြွေကြီးက ခေါင်းညိတ်လျက်...

"အဲ့ဒီပုတီးလုံးက သေမျိုးတွေ သိုင်းကျင့်စဥ်တစ်လျှောက် ချိုးဖျက်ဖို့ အသုံးပြုတဲ့အရာပဲ၊ မင်း အခု ချိုးဖျက်ဖို့ အရေးကြီးအခိုက်အတန့်ကို ရောက်နေတယ်မဟုတ်ဘူးလား၊ ငါ့ရဲ့သိုင်းပညာက နည်းနည်းနိမ့်တုန်းပဲဆိုတော့ ဒီလို ကောင်းမွန်တဲ့ပစ္စည်းကို သုံးပစ်တာက ဖြုန်းတီးတာနဲ့ အတူတူပဲ"

မြွေကြီးက နောက်ဆုံးစကားအား တီးတိုးဆိုလာခဲ့သည်။

ထိုစကားများကို ကြားသည့်အခါ ရွှီဖန်းသည် ခဏတာ အံ့သြသွားခဲ့သည်။ 

တစ်ကယ်ကိုပင် သူသည် အချိန်တခုအထိ မိုးပျံအိုးကျမ်း၊ ဒုတိယအဆင့်မှာ တန့်နေပြီး မတိုးတက်နိုင်ခဲ့ပေ။ ထို့ကြောင့် လက်ရှိအခြေအနေများနှင့် ရင်ဆိုင်ခဲ့ရသည့်အခါ သူ့ခွန်အားသည် မလုံလောက်ဘူးဟု အမြဲ ခံစားခဲ့ရသည်။

သူ့အရှေ့မှ ပစ္စည်းသည် သိုင်းပညာကို ချိုးဖျက်ရန် အသုံးပြုနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ 

မြွေကြီးမှ ဤပုတီးလုံးအား ပိုပြီးမြင့်သည့်အဆင့်ကို ချိုးဖျက်နိုင်သည်ဟု ပြောလာသောအခါ ရှင်းလင်းစွာပင် ရွှီဖန်းတစ်ယောက် ကြာကြာမစောင့်နိုင်တော့ပေ။

ယခုဆိုလျှင် ပြောင်းလဲမှုများစွာ ဖြစ်နေတာကြောင့် ရွှီဖန်းသည် သူ၏ ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ရပေမည်။ ထို့အပြင် ဤပုတီးလုံးအား လက်ထဲမှာကိုင်ထားရင်း အသုံးမဝင်စွာ ပြုမူနေမည့်အစား သူ၏ ကိုယ်ပိုင်ခွန်အားအဖြစ် ပြောင်းလဲလိုက်တာက သူ့ကိုလည်း သက်သာရာရစေလိမ့်မည်။

ဤနည်းလမ်းအား တွေး၍ ရွှီဖန်း အသက်ပြင်းပြင်းရှူလိုက်ကာ မြွေကြီးအား မေးလိုက်သည်။

"ကောင်းပြီ ငါ့ကို ပြောပြပါ၊ ဒါကို ဘယ်လို သုံးသင့်လဲ"

"မင်းပါးစပ်ထဲထည့်ပြီး မင်းရဲ့သိုင်းပညာနဲ့ လှည့်ပတ်လိုက်"

မြွေကြီးသည် ရွှီဖန်းအား ပြောပြပြီးနောက် တစ်ဖက်ကို လှည့်ကာ ခွေးပေါက်များထံမှ အရိုးပါမကျန် အစားခံထားရသော ဝံပုလွေအကြောင်း တွေးနေခဲ့သည်။

ရွှီဖန်း အသက်ပြင်းပြင်း ရှူသွင်း၍ လက်ထဲရှိ ပုတီးလုံးကို ကြည့်ကာ အံတင်းတင်းကြိတ်လိုက်မိသည်။ 

ဘေးထွက်ဆိုးကျိုးရှိမရှိသူမသိသော်ငြား အနည်းဆုံးတော့ သူ့ခွန်အားကို မြှင့်တင်ရန် လိုအပ်နေလေသည်။ ဒါ သူလိုအပ်နေသည့်အရာပင်!

ထိုသို့တွေး၍ သူ့နှလုံးသားကို ကြံ့ကြံ့ခံထားကာ ခွေးပေါက်များကို အော်ပြောလိုက်သည်။

"ငါ့ကို ကောင်းကောင်းကာကွယ်ကြ၊ ဘယ်သူမှ အနား မကပ်လာစေနဲ့"

ထိုခွေးများသည် အသားများကို ပါးစပ်ထဲမှ ထုတ်

ကာ ရွှီဖန်း၏အနားတွင် ထိုင်၍ စောင့်ကြပ်ပေးလာကြသည်။ 

ဒါကိုမြင်တော့ ရွှီဖန်းလည်း ပုတီးလုံးအား ပါးစပ်ထဲ ထည့်ကာ သူ၏သိုင်းပညာကို လှည့်ပတ်လိုက်သည်။ 

အစပိုင်းတွင် ရွှီဖန်းသည် ထိုအရာနှင့်ပတ်သက်၍ အထူးတလည် မခံစားခဲ့ရပေ။ သူ၏ သိုင်းပညာသည် ဒုတိယအလွှာ၏ အရေးကြီးသောနေရာတွင် ပိတ်မိနေတာကြောင့် သူ စုဆောင်းထားသော ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောစွမ်းအင်ပမာဏသည်လည်း များပြားနေခဲ့သည်။

ရုတ်ချည်းပင် ရွှီဖန်းသည် သူ့ပါးစပ်ထဲ၌ အေးစိမ့်မှုကို ခံစားခဲ့ရပြီး ထို့နောက် အေးစိမ့်သော ခံစားချက်သည် ပါးစပ်ထဲမှ တိုက်ရိုက်ကျဆင်းသွားခဲ့ပြီး သူ၏ မယ်ရီဒီယန်ထဲ စီးဆင်းသွားခဲ့သည်။

သိထားရမည်မှာ အခုလက်ရှိ ရွှီဖန်း၏မယ်ရီဒီယန်ထဲတွင် များစွာသော ချီစွမ်းအင်များကို သိုလှောင်ထားပြီးပြီဖြစ်သည်။ အကယ်၍ အနည်းငယ်မျှ ပိုရှိလျှင်ပဲဖြစ်ဖြစ် သူ ကိုင်တွယ်နိုင်မည် မဟုတ်တော့ပေ။ 

ယခု ရုတ်ချည်းပင် သူ့ဆီဖြတ်သွားသည့် စစ်မှန်သော ချီစွမ်းအင်များစွာကြောင့် ရွှီဖန်းတစ်ယောက် စိတ်ချလက်ချ မနေနိုင်တော့ပေ။ 

ပြောရလျှင် သူ တုန်လှုပ်ခြောက်ခြားပြီး လေ့ကျင့်နေမှုကို ရပ်ချင်သော်ငြား ယခု သူ၏ လေ့ကျင့်မှုသည် အကူအညီမလိုဘဲ အလိုလိုပင် စတင်ကျင့်ကြံနေသည်။

သေစမ်း!

ရွှီဖန်း တိတ်တဆိတ်ဆဲရေးကာ သူ့ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို တိတ်တဆိတ်ခံစားရုံသာ တတ်နိုင်ခဲ့သည်။ သူ ထပ်ပြီး ဘာလှုပ်ရှားမှုမှ မလုပ်ရဲတော့ချေ။

ထိုချီစွမ်းအင်များ သူ၏ကိုယ်ပိုင် မယ်ရီဒီယန်ထဲသို့ စီးဆင်းသွားပြီးနောက်မှာ သူ စိတ်ကူးထားသကဲ့သို့ ချီစွမ်းအင်များ ပြည့်လျှံလာခြင်း မရှိခဲ့ပေ။

၎င်းသည် ချီစွမ်းအင်များ ဖြတ်ကျော်သွားသည့်နေရာပင် ဖြစ်သည်။ ထိုချီစွမ်းအင်အားလုံးသည် အတူတကွ ပေါင်းစပ်ကာ လက်ရှိ ရှိနေသော စစ်မှန်သော ချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ပမာဏမှာ လျော့သွားသည်ဆိုသော်လည်း ယခင်ကထက် အနည်းဆုံး ဆယ်ဆအစွမ်းထက်သော စစ်မှန်သည့်ချီစွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲတွင် ရှင်းရှင်းလင်းလင်း ခံစားနိုင်ပေသည်။

ဒါဆို ဒီလိုပေါ့။

သိုင်းပညာအား သူကိုယ်တိုင် ရှာဖွေဖော်ထုတ်ရမှာပဲဟူ၍ ရွှီဖန်း စိတ်ထဲ၌ တွေးခဲ့မိသည်။ မိုးပျံအိုးသိုင်းကျမ်းတွင် သိုင်းကျင့်နည်းသာ ရှိပြီး ဘယ်လို ချိုးဖျက်ရမလဲဆိုသည့် အကြောင်းအရာများကိုတော့ မသင်ပြထားပေ။ ထို့ကြောင့် ရွှီဖန်းသည် ချီကို ဖိနှိပ်၍ချုံ့ရမည်မှန်း မသိဘဲ အရူးအမူး ယခင်အတိုင်း လေ့ကျင့်နေခဲ့သည်။

လက်ရှိအချိန်တွင် ရွှီဖန်းသည် သူ၏ သိုင်းပညာလေ့ကျင့်မှု၌ လုံးဝနှစ်မြုပ်သွားခဲ့သည်။ ထို့အပြင် ပထမဆုံးအနေဖြင့် သူ၏ မယ်ရီဒီယန်နှင့် တန်ထျန်းအား ဂရုတစိုက်ပင် ခံစားမိခဲ့လေသည်။

*******************

All Chapters