← Chapters

မြွေကြီးနောက်လိုက်ခြင်း

Vol. 19 Ch. 278

မြွေကြီးနောက်လိုက်ခြင်း

Vol. 19 Ch. 278

ဒီတစ်ကြိမ်တွင် ရွှီဖန်းသည် သူ၏ သိုင်းပညာအတက်အကျကို အမှန်တကယ်ပင် ခံစားခဲ့ရပေသည်။ ယခင်က သူ၏ သိုင်းပညာအဆင့် ပြောင်းလဲမှုများကို ယောင်ဝါးဝါး ခံစားနိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်မှာ လုံးဝကွဲပြားသွားလေပြီ။

သူ့ပါးစပ်ထဲမှ ပုတီးလုံးကနေတစ်ဆင့် သူ့ခန္ဓာကိုယ်

ထဲ၌ ဖြစ်ပျက်နေသမျှကို ရှင်းရှင်းလင်းလင်း ခံစားသိနေရသည်။ 

ဥပမာအားဖြင့် စစ်မှန်သော ချီစွမ်းအင်များသည် ရေစီးကြောင်းကဲ့သို့ ဖိသိပ်ခံရပြီးနောက် ရွှီဖန်းသည် သူ့ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောချီစွမ်းအင်များ တဟုန်ထိုး တိုးတက်လာသည်ကို ခံစားခဲ့ရသည်။ ထို စစ်မှန်သောချီစွမ်းအင်များအားလုံးသည် သူ့ပါးစပ်ရှိပုတီးလုံးထံမှ ရရှိခဲ့ခြင်းဖြစ်သည်။    

ရွှီဖန်း အကယ်၍ သာမာန်သိုင်းကျင့်စဥ်အတိုင်းသာလိုက်နာသွားပါက နောက်ဆုံးတွင် မိမိကိုယ်မိမိ အားကိုးခြင်းဖြင့် အောင်အောင်မြင်မြင်ချိုးဖြတ်နိုင်

လိမ့်မည်ကို သူသိပေသည်။ 

သူ့ခန္ဓာကိုယ်ရှိ နဂိုစစ်မှန်သောချီစွမ်းအင်ပမာဏများသည် ယခုအချိန်တွင် ဤအဆင့်ကို ထိန်းသိမ်းထားနိုင်လေသည်။ ၎င်းသည် သူ၏ စစ်မှန်သော ချီစွမ်းအင်အရည်အသွေးကိုသာ ပြောင်းလဲပေးခဲ့တာ ဖြစ်သည်။ 

သို့သော်ငြား အခု လုံးဝကွဲပြားသွားခဲ့သည်။ သွေးပုတီးစေ့သည် ရွှီဖန်း၏ ခန္ဓာကိုယ်အတွင်းရှိ စစ်

မှန်သောချီစွမ်းအင်ကို ဖိသိပ်နေချိန်တွင် ၎င်းသည် သူ့ခန္ဓာကိုယ်အတွင်းရှိ စိတ်စွမ်းအင်ကိုလည်း အရူးအမူးအားဖြည့်ပေးနေသည်။

သူ၏ လက်ရှိအခြေအနေအပေါ် အခြေခံကြည့်လျှင် မိုးပျံအိုးသိုင်းကျမ်း၏ တတိယအဆင့်၊ အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်သွားနိုင်သည့်ပုံပင်။ 

မိုးပျံအိုးသိုင်းကျမ်းတွင် စုစုပေါင်း အဆင့်ခြောက်ဆင့်ရှိပြီး အဆင့်တိုင်းသည် လူတစ်ယောက်၏ စွမ်းအားကို အလွန်တိုးမြင့်လာစေမည်ဖြစ်သည်။ 

ဥပမာ ရွှီဖန်းမှ စပြီး ကျင့်ခဲ့သည့် ပထမအဆင့်တွင် သူသည် လူတစ်ယောက်နှင့် ခွေးတစ်ကောင်ကို တိုက်ခိုက်နိုင်လိမ့်မည်။ 

ဒုတိယအဆင့်သို့ရောက်သောအခါ ရွှီဖန်းသည် ဓားကိုင်ဆောင်ထားသော လူတစ်စုကို သူကိုယ်တိုင် ရင်ဆိုင်နိုင်လိမ့်မည်ဖြစ်သည်။    

ရွှီဖန်း၏ လက်ရှိအခြေအနေအရ သူသာ ကောင်းကောင်းပြင်ဆင်ထားလျှင် တတိယအဆင့်၌ သေနတ်ကိုင်ဆောင်ထားသည့်ပြိုင်ဘက်ကို ကိုင်တွယ်နိုင်လိမ့်မည်ဟု သူယုံကြည်နေမိသည်။     

ထို့အပြင် သူ၏ လက်ရှိအခြေအနေသည် ထိုမျှသာမကဘဲ ဆက်လက်၍ တိုးတက်နေခဲ့သည်။    

ယခုအချိန်တွင် ရွှီဖန်းသည် ဝမ်ပင်းပြောခဲ့သော သိုင်းပညာအဆင့်အား ကောင်းကင်အဆင့်၊ ကမ္ဘာမြေကြီးအဆင့်၊ နက်နဲခြင်းအဆင့်၊ အဝါရောင်အဆင့်ဟူ၍ ခွဲခြားထားသည့်အကြောင်းကို ပြန်လည် သတိရလာခဲ့သည်။ လက်ရှိအခြေအနေတွင် သူသည် နက်နဲခြင်းအဆင့်သို့ ဝင်ရောက်ခဲ့သည်မှာ သိသာပေသည်။    

ထို့အပြင် ရွှီဖန်းတစ်ယောက် နက်နဲသောအဆင့်၏ အစောပိုင်းအဆင့်တွင်သာ မရပ်တန့်ခဲ့ပေ။ သွေးပုတီးစေ့မှထောက်ပံ့ပေးနေသော စိတ်စွမ်းအင်အရ ရွှီဖန်းသည် သူ၏နက်နဲခြင်းအဆင့်မှာ နှောင်းပိုင်းအဆင့်သို့ တိုက်ရိုက်ရောက်ရှိနိုင်ကြောင်း အကြမ်းဖျင်းခန့်မှန်းမိပေသည်။ 

အရေးကြီးဆုံးအချက်မှာ လျို့ဝှက်မိသားစုများသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၍ သူ၏ သိုင်းပညာသည် လုံလောက်နေလေပြီ။

တစ်ချိန်တည်းမှာပင် ရွှီဖန်း၏ လေ့ကျင့်မှုသည် အရူးအမူး တိုးပွားလာပြီး ခွေးပေါက်လေး ခုနစ်ကောင်သည်လည်း ပတ်ဝန်းကျင်ကို ဂရုတစိုက် စောင့်ကြပ်နေခဲ့သည်။ သူတို့သည် Xu Fann ၏တိုးတက်မှုကို ရှင်းရှင်းလင်းလင်းခံစားနိုင်ခဲ့တာကြောင့် လက်ရှိအချိန်သည် သူတို့၏သခင်အတွက် အရေးကြီးဆုံးအချိန်ဖြစ်သည်ကို သဘာဝကျစွာ သိထားပေသည်။ 

အနားသို့ ရောက်လာပြီး တစ်ချက်ကြည့်ရန် ကြိုးစားခဲ့သော အရွယ်အစားခပ်သေးသေး မြွေကြီးတောင်မှ ခွေးပေါက်လေးအနည်းငယ်၏ တားဆီးခြင်းကို ခံခဲ့ရသည်။    

အလယ်မှာအဝိုင်းခံထားရသည့် ရွှီဖန်းကိုကြည့်၍ မြွေကြီး၏မျက်လုံးများ လှိမ့်သွားခဲ့သည်။ သူဘာတွေတွေးမိသွားမှန်း ဘယ်သူမှမသိနိုင်ခင် တောင်

အနက်ဆုံးအပိုင်းထဲသို့ မြန်မြန်ဆန်ဆန် ဦးတည်သွားလေသည်။ 

သူ အမြဲတမ်းလိုချင်တာ တစ်ခုရှိနေခဲ့သည်။ သို့သော် ဘာပဲဖြစ်ဖြစ် သူမရနိုင်ခဲ့ပေ။ 

ဒီလိုနှင့် အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ 

ရွှီဖန်းသည် ဒုတိယနေ့ မနက်ခင်းရောက်မှသာ သူ၏လေ့ကျင့်မှုကို တဖြည်းဖြည်း ရပ်တန့်ခဲ့ပေသည်။    

ရွှီဖန်း လေ့ကျင့်မှုကို ရပ်လိုက်သည်နှင့် ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်မိသည်။ လက်ရှိအချိန်မှာ သူ၏သိုင်းပညာအဆင့်သည် တတိယအဆင့်၏ အလယ်အဆင့်ကနေ နှောင်းပိုင်းအဆင့်အထိ ရောက်ထားလေသည်။ မူလက တတိယအဆင့်၏ အထွတ်အထိပ်အဆင့်သို့ ရောက်နိုင်မည်ဟု ထင်ခဲ့သော်လည်း ပုတီးစေ့သည် စွမ်းအင်များမရှိတော့ဘဲ မလှုပ်နိုင်တော့ပေ။    

ရွှီဖန်း သူ့မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်ရာ မျက်လုံးထဲမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်သွားခဲ့သည်။ 

တခြားသူများ မပြောနှင့်၊ ရွှီဖန်းကိုယ်တိုင်ကတောင် သူ၏ သိုင်းပညာနဲ့ အော်ရာမှာ တိုးတက်လာသည်ဟုခံစားရပေသည်။

အာ့လန်ရှန်း လေ့ကျင့်သင်ကြားပေးခဲ့သော မိုးပျံအိုးကျမ်းသည် အစောပိုင်းအဆင့်တွင် ထိုမျှလောက် အစွမ်းထက်မည်မဟုတ်သော်လည်း ရွှီဖန်း၏သိုင်းပညာအဆင့်က တတိယအဆင့်သို့ရောက်ရှိသွားချိန်

တွင် သူ၏စွမ်းအားသည် လုံးဝမတူခြားနားသောအဆင့်သို့ရောက်နေပြီဟု ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်ပေသည်။    

အရေးကြီးဆုံးအချက်မှာ မိုးပျံအိုးသိုင်းကျမ်းတွင် မှတ်တမ်းတင်ထားသော လျို့ဝှက်ပညာ လေးခုရှိသည်။ တတိယအဆင့်မှစတင်၍ အဆင့်တစ်ခုစီကို တစ်ကြိမ်လျှင် တစ်ခါ လေ့ကျင့်နိုင်ပေသည်။    

ထိုလျို့ဝှက်ပညာကြောင့် ရွှီဖန်းသည် သူ၏ လက်ရှိအခြေအနေအတွက် လုံးဝစိတ်အေးသလို ခံစားနေရလေသည်။ ထိုလျို့ဝှက်ပညာကို သူ၏ ဝှက်ဖဲအဖြစ် အသုံးချနိုင်ပေသည်။

ရွှီဖန်းသည် မျက်လုံးများကို ဖွင့်ကြည့်မိရာ ကောင်းကင်ပေါ်တွင် ဖြည်းညှင်းစွာ တက်လာသော နေမင်းကြီးကို မြင်လိုက်ရပေသည်။ နေကိုကြည့်

ရင်း ရွှီဖန်း ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်သည်။

"တစ်ရက်တောင်ကုန်သွားပြီလား?"    

ထို့နောက် Xu Fann လှည့်ပတ်ကြည့်လိုက်ရာ သတိအပြည့်ရှိနေသည့် ခွေးအနည်းငယ်ကို တွေ့လိုက်ရသည်။ သူက ပြုံးလိုက်ကာ...

"ငါအဆင်ပြေတယ်၊ မင်းတို့တွေ သတိထားစရာ မလိုတော့ဘူး၊ ဒီကိုလာခဲ့"   

ရွှီဖန်း၏အမိန့်ကို နာခံရင်း ခွေးလေးများအားလုံးသည်  သူတို့၏ အမြှီးများကို အရူးအမူးခါယမ်း၍ သူ့ကို ဝိုင်းရံလာကြသည်။ 

ရွှီဖန်းသည် ခွေးတွေကိုကြည့်၍ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။ ထို့နောက် သူက လေးနက်သော အသံဖြင့်....

"အာ့လန်ရှန်း ဒီကို အရင်က ရောက်လာဖူးလား ဒါမှမဟုတ် တစ်ခုခု ပေးခဲ့လား"

ရွှီဖန်း၏မေးခွန်းကိုကြားတော့ ခွေးပေါက်လေးများသည် တစ်ကောင်ကိုတစ်ကောင် ကြည့်၍ တစ်

ချိန်တည်းမှာပင် ခေါင်းခါယမ်းခဲ့ကြသည်။

ခွေးလေးတွေ၏မျက်နှာပေါ်မှ ဇဝေဇဝါဖြစ်နေသောအကြည့်များကို မြင်လိုက်ရသည့်အခါ ရွှီဖန်းသည်

သက်ပြင်းတစ်ချက်ချ၍ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"မင်းတို့တွေ တစ်ကောင်ပြီးတစ်ကောင် ငါ့အနားလာခဲ့ကြ"

ရွှီဖန်း၏ စကားကိုကြားပြီးလျှင် ခွေးများသည်

အရွယ်အစားအလိုက် တန်းစီပြီး သူဆီသို့ လျှောက်လာကြသည်။    

ခွေးကလေးတစ်ကောင် ရောက်လာတာကိုမြင်သည့်

အခါ ရွှီဖန်းသည် သူ့လက်ကို ခွေး၏ခေါင်းပေါ် တိုက်ရိုက်တင်လိုက်ပြီး ခန္ဓာကိုယ်ထဲရှိ အပြောင်းအလဲများကို ခံစားခဲ့သည်။ 

သို့သော် မူမမှန်သည့် တစ်စုံတစ်ရာကို မခံစားခဲ့ရပေ။    

"နောက်တစ်ကောင်လာ"

ရွှီဖန်းသည် သူ့ရှေ့က ခွေးလေးကို ခေါင်းခါပြလိုက်ပြီး နောက်တစ်ကောင်ကို ခေါ်လိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ မကြာခင်တွင် ရွှီဖန်းသည် ခွေးပေါက်ခုနစ်ကောင်စလုံးကို တစ်ကြိမ်စီ စစ်ဆေးပြီးခဲ့သည်။ 

သို့သော် ဘာမှထူးထူးခြားခြား မခံစားခဲ့ရပေ။    

ခွေးပေါက်များ၏ မျက်နှာပေါ်ရှိ စိတ်ရှုပ်ထွေးနေသော အကြည့်ကို မြင်လိုက်ရသည့်အခါ ရွှီဖန်းသည် မျက်မှောင်ကြုတ်မိပြီး သူ့ကိုယ်သူ ရေရွတ်မိသည်။

"အဲဒီလို မဖြစ်သင့်ဘူးလေ...အာ့လန်ရှန်းက ငါ့ကို အထူးတလည် မှာထားခဲ့တာဆိုတော့ အမှားအယွင်းမရှိသင့်ဘူး၊ တစ်ခုခု လွဲချော်နေတာများ ဖြစ်နိုင်မလား"    

ရုတ်တရက် မြွေကြီးသည် ဤနေရာတွင် မရှိတော့ကြောင်း ရွှီဖန်း သတိပြုမိခဲ့သည်။     

ဒီကာလအတွင်း ခွေးပေါက်လေးများ၌ တစ်ခုခုဖြစ်ခဲ့လျှင် တခြားသူများနှင့် ဆက်သွယ်ပြောဆိုနိုင်သည့် မြွေကြီးက ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို သိကောင်းသိနိုင်လိမ့်မည်။

ထို့ကြောင့် ရွှီဖန်း မေးမိသည်။

"မြွေကြီး ဘယ်မှာလဲ ဘယ်ရောက်သွားတာလဲ"    

ရွှီဖန်း၏စကားကိုကြားသည့်အခါ ခွေးပေါက်

များသည် သူ့ကို ဟောင်ပြပြီး တောင်အနက်ပိုင်းသို့ပြေးကာ အမြီးများ ယမ်းပြလာခဲ့သည်။ တစ်ချိန်

တည်းမှာပင် သူတို့သည် ရွှီဖန်းဘက်သို့ လှည့်ကြည့်၍ ဟောင်လာကြသည်။    

ဒါကိုမြင်သည့်အခါ ရွှီဖန်း တောင်ထဲသို့ ဝင်ရတော့မည်မှန်း သိခဲ့ပေသည်။ ချက်ချင်းပင် သူ၏ သိုင်းပညာကို စတင်လှည့်ပတ်ပြီး ခွေးများ၏ အနောက်သို့ လိုက်သွားခဲ့သည်။ 

ထိုအခါမှသာ ရွှီဖန်းလည်း သူ၏ ကိုယ်ပိုင်ခွန်အားကို မြှင့်တင်နိုင်ခဲ့သည့်အကျိုးကျေးဇူးအား ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။    

ကျန်တာအားလုံးကို အသာထား၊ သူ၏အမြန်နှုန်းတစ်ခုတည်းကပင် ယခင်က လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်ကိုသုံး၍ အရှိန်မြှင့်တင့်ခဲ့ရသည့် နှုန်းနှင့် ယှဉ်နိုင်ပေသည်။ 

ဤခွေးပေါက်များနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ညံ့နေသေးသော်လည်း တောင်အတွင်းဘက်သို့ လျင်မြန်စွာ ပြေးလိုက်နိုင်ခဲ့သည်။

************************

All Chapters