ဆင့်ကဲဖြစ်စဥ်အရှိန်
Vol. 19 Ch. 279
လမ်းတစ်လျှောက်၌ တောရိုင်းတိရစ္ဆာန်ကြီးများကို မတွေ့ခဲ့ရပေ။
မြွေကြီးသည် သူ၏နယ်မြေအတွက် ရှင်းထုတ်စဥ်က အနီးအနားရှိ အစွမ်းထက်သော တိရိစ္ဆာန်များအားလုံးကို မောင်းထုတ်ခြင်း သို့မဟုတ် ကိုက်သတ်လိုက်ခြင်းဖြစ်ကြောင်း ရွှီဖန်း သိပေသည်။
သူတို့ပြေးလာသည်နှင့်အမျှ ရွှီဖန်းသည် အခြေအနေက သိပ်မဟုတ်သေးမှန်း တဖြည်းဖြည်း ခံစားမိလာသည်။
သူ၏ လက်ရှိအရှိန်ဖြင့် သူသာ ကားတစ်စီးဆိုလျှင် အနည်းဆုံး ကိုက် ၅၀ အကွာတွင် ရောက်ရှိနေလိမ့်မည်ဖြစ်သည်။
သို့သော် လက်ရှိအရှိန်ဖြင့် ခွေးပေါက်လေးများနှင့်အတူ ဆယ်မိနစ်နီးပါး ပြေးနေခဲ့သော်လည်း ဦးတည်ရာကို မရောက်သေးပေ။
မြွေကြီးက ဘယ်အထဲမှာ ပုန်းနေတာလဲဟု ရွှီဖန်းတွေးလိုက်မိသည်။
သို့သော်လည်း ရွှီဖန်းသည် ခွေးပေါက်လေးများအားယုံကြည်သည်ဖြစ်ရာ လမ်းတစ်လျှောက်တွင် ဘာမှ မပြောခဲ့ပေ။ တိတ်တိတ်လေးပင် သူတို့၏အနောက်ကို လိုက်သွားခဲ့သည်။
မိနစ် ၄၀ လောက် ပြေးပြီးသည့်နောက်မှာတော့ ခွေးပေါက်လေးများ ရပ်တန့်သွားခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ ရွှီဖန်းသည် တောင်၏အလယ်ကို ရောက်လာခဲ့ခြင်းဖြစ်သည်။ သူသည် မြင့်မားသောတောင်တစ်ခုပေါ်၌ ရှိနေပြီး သူ့ရှေ့တွင် နက်ရှိုင်းသော ချောက်တစ်ခုရှိသည်။
ထိုအခိုက်အတန့်တွင် ခွေးပေါက်လေးများသည် ချောက်ကမ်းပါးဘေးတွင် ရပ်ကာ ရွှီဖန်းအား ပျော်
ရွှင်စွာ ဟောင်ပြလာကြသည်။ သေချာသည်မှာ မြွေကြီးသည် ချောက်ကမ်းပါး၏ အောက်ခြေတွင် ရှိနေပေသည်။
အောက်ခြေမမြင်နိုင်သော ချောက်ကမ်းပါးကိုကြည့်
ရင်း ရွှီဖန်း မျက်မှောင်ကြုတ်လိုက်မိသည်။ သို့သော် သူ့ခွန်အားက များစွာတိုးတက်လာသည်ဖြစ်ရာ အရမ်းမကြောက်မိပေ။
သူက ခွေးပေါက်လေးများထံ လှည့်ကြည့်လိုက်ပြီး
"မင်းတို့ ငါ့ကို ဒီမှာစောင့်နေ"
ထို့နောက် ရွှီဖန်းသည် ချောက်ကမ်းပါးနံရံကိုထိ၍ အောက်ဆင်းလာခဲ့သည်။
သူ၏ခွန်အားကို တော်တော်ကောင်းသည်ဟု ယူဆနိုင်သော်လည်း ဒီလို ချောက်ကမ်းပါးမျိုးကိုတော့ မခုန်ချဝံ့သေးပေ။ ချောက်ကမ်းပါးပေါ်ရှိ ငေါထွက်နေသော ကျောက်တုံးများကို ထိကာ ဖြည်းညှင်းစွာ
ဆင်းခဲ့သည်။
တစ်မိနစ်အကြာတွင် ရွှီဖန်းသည် ချောက်ကမ်းပါးအောက်ခြေသို့ ရောက်ရှိခဲ့သည်။
အကျယ်သုံးမီတာလောက်ရှိသော ကျောက်လမ်းကို အရင်မြင်ရသည်။ ရွှီဖန်းသည် မြေပြင်ပေါ်တွင် ရပ်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သို့သော် ဤနေရာသည် အလွန်နက်ရှိုင်းသောကြောင့် နေရောင်
ကပင် ဤနေရာသို့ မကျဆင်းပေးနိုင်ခဲ့ပေ။
ထို့ကြောင့် ရွှီဖန်းမှာ သူ၏ အံ့သြဖွယ်ရာ မျက်လုံးများဖြင့်ပင် ပတ်ဝန်းကျင်အား ငါးမီတာခန့်သာ မြင်
နိုင်ခဲ့ပေသည်။
"မြွေကြီး! မင်းဘယ်မှာလဲ"
ဤနေရာအကြောင်းကို သူဘာမှမသိသည်ဖြစ်ရာ ရွှီဖန်းသည် ရူးရူးမိုက်မိုက် မလုပ်ဝံ့ပေ။ ဒါကြောင့် နေရာမှာတင် ရပ်ပြီး အော်လိုက်ခဲ့သည်။
ထိုမြွေကြီးသည် သူ့ကိုကြားနိုင်သရွေ့ တုံ့ပြန်လာလိမ့်မည်ဟု ယုံကြည်သည်။
သို့သော်လည်း ရွှီဖန်း ပြန်ကြားနိုင်ခဲ့သည့် တစ်ခုတည်းသောအရာမှာ ချောက်ကမ်းပါးအောက်ခြေရှိ သူ့အသံ၏ ပဲ့တင်သံသာ ဖြစ်သည်။
အချိန်အတော်ကြာအောင် စောင့်ပြီးတာတောင်မှ ရွှီဖန်းသည် မြွေကြီး၏တုံ့ပြန်မှုကို မကြားခဲ့ရပေ။ သူအံကြိတ်၍ ဝမ်းဗိုက်အတွင်းပိုင်းသို့ စွမ်းအားထပ်ဖြည့်
လိုက်သည်။ ထို့နောက် သူ အစွမ်းကုန် အော်ခဲ့သည်။
"မြွေကြီး၊ မင်းဘယ်မှာလဲ"
ထိုအော်သံကြောင့် ဘေးနှစ်ဖက်စလုံးရှိ မတည်ငြိမ်သော ကျောက်တုံးအချို့ကပင် ချောက်ကမ်းပါးနံရံမှ ပြုတ်ကျလာခဲ့သည်။
ရွှီဖန်းသည် ခွေးပေါက်လေးများ၏ ခံစားသိမြင်မှုကို
ယုံကြည်လေရာ မြွေကြီးသည် သူ့ခေါ်သံကို ကြားလိမ့်မည်ဟု ယုံကြည်ခဲ့ပေသည်။
မျှော်လင့်ထားသည့်အတိုင်း ရွှီဖန်း၏အော်သံနှင့်အတူ မြေပြင်တစ်ခုလုံး တုန်ခါလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
မြွေကြီး လှုပ်သွားသည့် ခံစားချက်။
ရွှီဖန်း၏ မျက်လုံးများ လင်းလက်သွားသော်ငြား ခဏအကြာတွင် သူ့စိတ်ထဲ မသာယာတော့ပေ။ မြွေကြီး၏ ခန္ဓာကိုယ်က ကျုံ့သွားခဲ့သည်ကို အခုမှ သတိရမိပေသည်။
သူတွားသွားတာလောက်နဲ့ ဒီလောက်ထိ တုန်လှုပ်နေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ရွှီဖန်း တွေးနေစဉ်တွင် ကြီးမားသော အသွင်အပြင်
တစ်ခုသည် သူ၏မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
သူ့ရှေ့မှ အရာကို ကြည့်ရင်း ရွှီဖန်းတစ်ယောက် တံတွေးကို တိတ်တဆိတ် မျိုချလိုက်မိသည် ။ ထိုအရာမှာ မြွေတစ်ကောင်ဖြစ်ပြီး၊ အဲ့ဒါက မြွေကြီးဖြစ်ကြောင်းလည်း ၁၀၀%သေချာပေသည်။
သို့သော် အခုမြွေကြီးသည် အလွန်ကြီးပေသည်။
၎င်းကိုယ်ထည်အကျယ်ကပင် နှစ်မီတာနီးပါးကျယ်
သည်။ ပြောစရာမလိုအောင်ပင် ၎င်းအပေါ်က ကြေးခွံတစ်ခုကပင် ရွှီဖန်း၏ အရွယ်အစားတစ်ဝက်လောက် ရှိနေလေသည်။
"ဒီနေ့လည်လေးတင် ဘာတွေဖြစ်ကုန်တာလဲ…"
သူ့ရှေ့မှ တွားသွားနေသည့် မြွေကြီးအား ကြည့်ရင်း ရွှီဖန်း တီးတိုးဆိုမိသည်။
လက်ရှိအချိန်တွင် သူ့ရှေ့၌ မြွေကြီးရှိနေသော်လည်း ၎င်းမှာ ပို၍ကြီးနေခဲ့သည်။ သူ့ရှေ့၌မူ ရွှီဖန်း၏ပုံရိပ်သည် ကျောက်တုံးသေးသေးလေးအတိုင်းပင်။ ရွှီဖန်း၏ တစ်ကိုယ်လုံးသည် မြွေကြီးမျက်လုံးတစ်လုံး၏ အရွယ်အစားနှင့် ကိုက်ညီပေသည်။
ထို့အပြင် ၎င်းသည် အရေးကြီးဆုံးအရာ မဟုတ်ပေ။ အရေးကြီးဆုံးအချက်မှာ ရွှီဖန်းသည် ၎င်း၏ခေါင်းပေါ်တွင် အလုံးသေးသေးလေးနှစ်ခုကို တွေ့လိုက်ရခြင်းဖြစ်သည်။ ၎င်းတို့သည် နဂါးဦးချိုနှစ်ချောင်းနှင့်ဆင်တူ၏။
"သေမျိုး မင်းငါ့ကိုဘာလို့ရှာနေတာလဲ"
မြွေကြီးသည် ရွှီဖန်းအား စိုက်ကြည့်၍ အေးစက်စွာပြောလာသည်။
ဤမြွေကြီးသည် သူသိသောမြွေမဟုတ်တော့ဘူးဆိုတာကို မြွေကြီး၏လေသံကနေတဆင့် သူ သိသွားခဲ့သည်။ ကြည့်ရတာ သူ့ခံစားချက်တွေအကုန်လုံးက လုံးဝပျောက်ကွယ်သွားသည့်ပုံပင်။
သို့သော်လည်း မြွေကြီးသည် သူ့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိနေသည့်ပုံပေ။
ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ...
"မင်းကို လာရှာရတဲ့ အကြောင်းရင်းက မင်းနဲ့ ဝံပုလွေတိုက်ခိုက်ခဲ့တုန်းက ခွေးပေါက်လေးတွေ မင်းကို လာကူတဲ့အချိန် တစ်ခုခုပြောင်းလဲသွားသေးလားလို့ မေးချင်လို့ပါ"
ရွှီဖန်း၏ မေးခွန်းကိုကြားသည့်အခါ မြွေကြီးသည် ခဏတာ အံ့အားသင့်သွားခဲ့ပြီး တစ်စုံတစ်ရာကို
သေသေချာချာ ပြန်မှတ်မိသွားပုံရသည်။
ခဏကြာတော့ သူက ဖြည်းညှင်းစွာ ပြောလာခဲ့သည်။
"ဟင့်အင်း ငါ မသိတာသေချာတယ်၊ တခြားမေးခွန်း ထပ်မရှိရင် မင်းထွက်သွားလို့ရပြီ"
ရွှီဖန်းသည် မြွေကြီး၏ စကားကိုကြားပြီးနောက် အသက်ပြင်းပြင်းရှူကာ ၎င်း၏ ကြောက်မက်
ဖွယ်ကောင်းသော ရောင်ဝါကို ကြည့်လိုက်သည်။ ထို့နောက် သူသည် မြွေကြီးဆီသို့ ဦးညွှတ်ကာ
"အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်"
ထိုစကားကိုပြောပြီးနောက် ရွှီဖန်းသည် ချောက်ကမ်းပါးပေါ်သို့ ပြန်တက်ခဲ့ပြန်သည်။
ညအချိန်တိုလေးအတွင်းမှာ ဒီလောက်ကြောက်စရာကောင်းသည့် အသွင်အပြင်ဖြစ်လာအောင် မြွေကြီးထံ၌ ဘာတွေဖြစ်သွားခဲ့မှန်း သူ မသိချင်ခဲ့တာ မဟုတ်ပေ။ သို့သော်လည်း မြွေကြီးသည် အေးစက်သွားပြီဖြစ်ကြောင်း ၎င်း၏လေသံအရ ပြောနိုင်ပေသည်။
ထို့အပြင် ရွှီဖန်းမှ အပိုမေးခွန်းများမေးမိပြီး မြွေကြီးကို စိတ်မချမ်းသာအောင် လုပ်မိပါက ယနေ့တင် သေသွားလိမ့်မည်ကို စိုးမိပေသည်။
ထို့ကြောင့် ရွှီဖန်း ဘာမှ မပြောဘဲ လှည့်ထွက်လာခဲ့ခြင်းဖြစ်သည်။
ဒီတစ်ကြိမ် ချောက်ကမ်းပါးအစွန်းသို့ရောက်ရန် ဆယ်မိနစ်နီးပါးကြာခဲ့ပေသည်။
သူရောက်လာချိန်တွင် အားလုံးအတူတကွ အော်ဟစ်နေသော ခွေးခုနစ်ကောင်ကို ရွှီဖန်း တွေ့လိုက်ရသည်။
ဤခွေးပေါက်လေးအုပ်စုသည် ချောက်ကမ်းပါးအောက်ခြေရှိ မြွေကြီး၏ အရှိန်အဝါကို သူနှင့်အတူ ခံစားမိလိမ့်မည်မှန်း သူသိ၏။
ရွှီဖန်း ခါးသက်စွာပြုံး၍ သူ့လက်ကို ဝှေ့ယမ်းကာ
"သွားရအောင်"
လက်ရှိအချိန် သူ ထိုချောက်ကမ်းပါးအနားကိုတောင် မသွားချင်တော့ပေ။
အာ့လန်ရှန်း သူ့အတွက် ချန်ထားခဲ့သော အရာများကို ဖြည်းညှင်းစွာ တူးဖော်ရှာဖွေနိုင်သည်အထိ စောင့်ရန်သာ တတ်နိုင်တော့သည်။
ခွေးပေါက်လေးများနှင့်အတူ အပြန်လမ်းတွင် ရွှီဖန်း၏စိတ်သည် မနေ့က မြင်တွေ့ခဲ့ရသော အချိန်ကနေ အခုအချိန် မြွေကြီး၏ လက်ရှိအခြေအနေထိကို တွေးနေမိသည်။
အရမ်းမြန်လွန်း၏။
ရွှီဖန်း စိတ်ထဲ၌ သက်ပြင်းချမိသည်။ ဤကမ္ဘာ၌ ထူးဆန်းသော အရာများ ရှိသည်ဆိုတာကို သူသိသော်ငြား ထိုမြွေကြီး၏ ဆင့်ကဲဖြစ်စဉ်အရှိန်သည် အလွန်မြန်လွန်းပေသည်။
***********************