မတော်တဆစကားတစ်ခွန်း
Vol. 19 Ch. 280
ဆိုရိုးစကားအတိုင်း တစ်စုံတစ်ရာက မူမမှန်မှုတစ်ခုခုဖြစ်လာလျှင် နတ်ဆိုးပဲ ဖြစ်ရမည် ဟူ၍ပင်။ ၎င်း၏နောက်ကွယ်၌ လျှို့ဝှက်ချက်တစ်ခုခုရှိရပေလိမ့်မည်။
သူ မသိချင်ဘူးဟု ပြောထွက်ရန်မှာ မဖြစ်နိုင်ချေ။
သို့သော်လည်း ရွှီဖန်းသည် သူ လုံလုံလောက်လောက် မသန်မာသေးကြောင်း သိထားပြီး မြွေကြီးအနားသို့ အရူးအမူးမချဉ်းကပ်ဝံ့ပေ။ သူ့ခွန်အားတိုးတက်လာသည်နှင့်အမျှ ဒီနေရာကို လာပြီး ထပ်စုံစမ်းမည်ဟု သူစိတ်ထဲ မှတ်ထားပေသည်။
မကြာခင်မှာပဲ ရွှီဖန်းသည် ခွေးများနှင့်အတူ ကြက်ခြံသို့ ပြန်သွားခဲ့သည်။
ဧရိယာများအား ဘေးကင်းအောင် စောင့်ကြပ်ရန် ခွေးများကို အမိန့်ပေးပြီးနောက် ရွှီဖန်းသည် ချိုးဆုအာ၏ရုံးခန်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။
လက်ရှိအချိန်တွင် မြွေကြီးနှင့်ပတ်သက်သောအရာအားလုံးကို ခေတ္တပစ်ချလိုက်လေပြီ။ ရှယန်ယွိနှင့် ဝူမင်ကို ဦးစွာတွေ့ဆုံပြီး ရှမိသားစု၏ ပျောက်ဆုံးမှုနှင့် အခြားလျို့ဝှက်မိသားစုများ၏ သဲလွန်စများကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
ချိုးဆုအာ၏ရုံးခန်းကိုရောက်သည့်အခါ ရွှီဖန်းသည် တံခါးကိုတွန်းဖွင့်၍ အထဲ ဝင်သွားခဲ့သည်။
ရေတွက်ရင်း အလုပ်ရှုပ်နေသော ချိုးဆုအာလည်း အံ့သြသွားခဲ့သည်။ သို့သော် ရွှီဖန်းကို သူမမြင်လိုက်မှသာ ဖြည်းညှင်းစွာ သက်ပြင်းတစ်ချက် ချမိသည်။
"တံခါးကို ခေါက်ရကောင်းမှန်း မသိဘူးလား..အစ်မကို ကြောက်ပြီးသေအောင်လို့လား"
ရွှီဖန်း ပြုံးကာ ချိုးဆုအာ ကို အရိပ်တကြည့်ကြည့်ဖြင့် ကြည့်၍...
"ဆုအာ မြို့ထဲမှာ ကြီးကြီးမားမားတစ်ခုဖြစ်သွားတယ် ကိုယ်သွားပြီးတော့ ဂရုစိုက်ရဦးမယ်၊ နောက်ပြီးရင်
ဟုန်ဖေးကိုလည်း ပြောလိုက်မယ်၊ မင်း ရေကန်ဘေးက ဆိုင်ခွဲအတွက် အလှဆင်တာတွေ ကိုယ့်အတွက် ကူညီပေးဦးနော်"
ရွှီဖန်း၏စကားကိုကြားတော့ ချိုးဆုအာ အံ့ဩသွားခဲ့သည်။ ခဏကြာတော့ သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ကာ...
"ရွှီဖန်း ဘာလို့ ပြန်တာလဲ၊အစ်မ မကိုင်တွယ်နိုင်မှာ ကြောက်မိတယ်"
ချိုးဆုအာ၏ ရှက်ရွံ့နေသော အကြည့်ကို ကြည့်ပြီး ရွှီဖန်း ခါးသက်စွာ ပြုံးလိုက်မိသည်။
"ကောင်းပြီ မင်း တစ်ခုခု မသိဘူးဆိုရင် ဟုန်ဖေးကို ကူညီပေးဖို့ ကိုယ်ပြောပေးမယ်...ဒါကြောင့် သတ္တိရှိရှိ လုပ်ကြည့်"
သူပြောပြီးသည်နှင့် ချိုးဆုအာသည် ရုတ်တရက် ထအော်ကာ ရွှီဖန်း၏ ရင်ဘတ်ကို စိုက်ကြည့်လာခဲ့သည်။
ရွှီဖန်း အံ့သြကာ ခေါင်းငုံကြည့်လိုက်မိသည်။ သေနတ်ဒဏ်ရာမှာ သက်သာသွားပြီဆိုသော်ငြား သက်သာသွားရုံသာဖြစ်သည်။ သေနတ်ပစ်ခတ်မှုကြောင့် အဝတ်အစားပေါ်မှ ကျည်ဆံအပေါက်က ကျန်ခဲ့ကာ သွေးစွန်းမှုများ ရှိနေသေးသည်။
ရွှီဖန်းက ခြောက်ကပ်စွာ ပြုံး၍...
"အတိုချုပ်အနေနဲ့ ကိုယ် မင်းကို ဒီကကိစ္စတွေနဲ့အတူ ထားခဲ့မယ်၊ ပြီးရင် အဲဒီခွေးလေးတွေကိုလည်း အာရုံစိုက်ပေးဖို့ မမေ့ပါနဲ့၊ သူတို့ အပြောင်းအလဲ တစ်ခုခုလုပ်ခဲ့ရင် မင်း ကိုယ်ကို အမြန်ဆုံး ဖုန်းဆက်ပေးရမယ် နားလည်ပြီလား"
ရွှီဖန်း၏စကားကိုကြားတော့ ချိုးဆုအာသည် နာခံမှုအပြည့်ဖြင့် ခေါင်းညိတ်ကာ အခြားဘာမှ ဆက်မပြောခဲ့ပေ။
အချိန်အတော်ကြာပြီးနောက် ချိုးဆုအာသည် သူမ၏ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီးရွှီဖန်းနောက်မဆုတ်ခင်မှာ နှုတ်ခမ်းကို အသာအယာနမ်းခဲ့လေသည်။
"သတိထားနေထိုင်ပါ။"
ချိုးဆုအာ၏ စိုးရိမ်သောကဖြစ်နေသော အမူအရာလေး ကိုကြည့်ရင်း ရွှီဖန်းသည် ပေါ့ပေါ့ပါးပါးရယ်မော၍ သူမအား စိတ်ချစေမည့်အကြည့်ကို ပေးခဲ့သည်။ ထို့နောက် အခန်းထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
ရွှီဖန်းသည် မူလက သူ၏ အသက်မွေးဝမ်းကြောင်းကိုသာ မြှင့်တင်ချင်ခဲ့သော်လည်း လက်ရှိမမျှော်လင့်ထားသောအဖြစ်အပျက်များက သူ့အား အံ့သြစေခဲ့သည်။
သူ့မှာ ဖြေရှင်းရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။
သူ ကြက်ခြံမှ ထွက်လာခဲ့သည့်အခိုက်အတန့်တွင် ရှောင်းချောင်ထံမှ ဖုန်းဝင်လာသည်။ စကား
ဝိုင်း၏ အကြောင်းအရာမှာ သဘာဝကျစွာပင် ရှောင်းမိသားစု ပျောက်ဆုံးသွားခြင်းနှင့် ပတ်သက်ပေသည်။
သို့သော် ထိုကိစ္စသည် ရှောင်းချောင်အတွက်တော့သက်ရောက်မှုမရှိခဲ့ပေ။ သူမသည် လက်ရှိတွင် ခရိုင်မြို့ငယ်လေးတစ်မြို့ကို လွှမ်းမိုးထားပြီး နှစ်ပေါင်းများစွာကြာအောင် သူမ၏ကိုယ်ပိုင်ကွန်ရက်နှင့် ဂုဏ်သိက္ခာတစ်ခုကို ဖန်တီးနေခဲ့သည် ဖြစ်တာကြောင့် သူမသည် ရှောင်းမိသားစု၏ ဂုဏ်ကို အသုံးပြုရန် မလိုအပ်တော့ပေ။
ထို့အတွက်ကြောင့် ရွှီဖန်းသည် ဖုန်းမချခင်မှာ သူမအား အနည်းငယ်သာ နှစ်သိမ့်ပေးခဲ့ရသည်။
သူ ပြန်ထွက်သွားတော့မည်ဖြစ်ကြောင်း မိသားစုကို အကြောင်းကြားပြီးနောက် ရွှီဖန်းသည် သူ့ကားကိုစီး၍ ချန်ဟိုင်းသို့ ဦးတည်သွားခဲ့သည်။
ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးတွင် သူ ရှယ်ယာရနိုင်ရန် ဝူမင်သဘောတူထားခဲ့သည့် နောက်ဆုံးရက်ကလည်း နောက်ထပ် နှစ်ရက်တွင် ဖြစ်သည်။
ထိုကိစ္စများကိုလည်း ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပေသည်။
ရွှီဖန်း ထွက်ခွာပြီးပြီးချင်းမှာပင် ဖုန်းထပ်မြည်လာခဲ့သည်။ ဖုန်းခေါ်ဆိုသူမှာ ယန်ပင်း ဖြစ်သည်။
ထိုအချိန်တွင် ယန်ပင်းသည် ဟိုတယ်တွင် သက်
သောင့်သက်သာ လှဲလျောင်းနေပြီး တီဗီကြည့်
နေခဲ့သည်။ နောက်ဆုံးလုပ်ခဲ့ရသော တာဝန်၏ လွှမ်းမိုးမှုကြောင့် သူသည် ဘဝကိုပျော်မွေ့ရန်သာ လိုအပ်ကြောင်း နားလည်ခဲ့ပေသည်။
"ဟယ်လို ယန်ပင်း ဘာဖြစ်လို့လဲ"
ရွှီဖန်းသည် ဖုန်းကို ကောက်ကိုင်၍ မေးလိုက်သည်။
ယန်ပင်းသည် အကြောင်းပြချက်မရှိဘဲ သူ့ကိုခေါ်ရန် မဖြစ်နိုင်ကြောင်း သူသိပေသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ယန်ပင်းသည် ဖြည်းညှင်းစွာပြောလာခဲ့သည်။
"ရွှီဖန်း လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းက
လုံးလုံးပျောက်ကွယ်သွားတယ်"
ယန်ပင်းစကားကိုကြားသည့်အခါ ရွှီဖန်းမျက်မှောင်ကြုတ်မိသည်။
ဒီလုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းကရော ဘာလို့ပျောက်ကွယ်သွားတာလဲ။
ယန်ပင်းက ခြောက်ကပ်သော အပြုံးဖြင့် ဆက်လက်၍ ပြောလာသည်။
"တကယ်တော့ သူတို့လူတွေက ပျောက်ကွယ်သွားတာလို့ ပြောလို့ရတယ်၊ သူတို့ နိုင်ငံထဲကို ဝင်လာတာလေ ပြီးတာနဲ့ သူတို့ရဲ့ အချက်အလက်တွေ ပျောက်သွားတယ်"
ယန်ပင်းပြောတာကိုကြားသည့်အခါ ရွှီဖန်း အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ အကယ်၍ ၎င်းအဆင့်၌ရှိနေသော လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းကတောင် ပျောက်
ကွယ်သွားခဲ့သည်ဆိုလျှင် ထိုကိစ္စသည် အမှန်
တကယ်ပင် ကြီးမားသောကိစ္စဖြစ်သွားလိမ့်မည်။
သို့သော် မတိုင်ခင်က သူ့ကိုသတ်ရန်ရောက်လာခဲ့သူအားလုံးသည် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်း၏ အောက်ဆုံးအဆင့်တွင် သတ်မှတ်ခံထားရသောသူများဖြစ်ကြောင်းကို ရွှီဖန်းမသိခဲ့ပေ။
ယန်ပင်းကလည်း ရွှီဖန်းသိတယ်ထင်ပြီး ဘာမှ ထပ်မပြောပြခဲ့ပေ။
"ဒီတစ်ခေါက် သူတို့ နိုင်ငံထဲကို ဝင်လာတုန်းက အထူးသတင်းတချို့ ရခဲ့တယ် ဆိုပြီး ကောလဟာလတွေ ရှိတယ်။"
ရွှီဖန်း မျက်မှောင်ကြုတ်မိပြီး မေးလိုက်သည်။
"ဘာသတင်းလဲ"
"ငါ သေချာမသိသေးဘူး ဒါပေမယ့် ဆက်ပြီး စုံစမ်းပေးပါ့မယ်၊ သူတို့ ပေါ်လာတာနဲ့ မင်းကို သတင်းပို့မယ်"
ယန်ပင်းက ဖြည်းညှင်းစွာပြောလာခဲ့သည်။
ရွှီဖန်း ခေါင်းညိတ်ပြီးနောက်
"ကောင်းပြီ၊ တခြားဘာမှ ပြောစရာမရှိတော့ဘူးဆိုရင် ဖုန်းချလိုက်တော့"
ယန်ပင်း ဖုန်းချခံနီးတွင် ပထမလူသတ်သမား၏ အလောင်းကို ရှင်းရန် သွားခဲ့စဥ်က ရွှီဖန်း၏ အိမ်
နောက်ဘက်တွင်ရှိသော မြင်ကွင်းကို ပြန်သတိရသွားခဲ့သည်။ သူ မနေနိုင်ဘဲ ရွှီဖန်းကို အပြစ်တင်မိတော့သည်။
"ပြောစရာတော့ ကုန်သွားပါပြီ၊ ဒါပေမယ့် မင်းအိမ်
အနောက်က တောင်ပေါ်မှာ တော်တော်ညစ်ပတ်တာပဲ"
ယန်ပင်း၏ စကားကိုကြားသည့်အခါ ရွှီဖန်းသည် ရုတ်တရက် အေးခဲသွားခဲ့သည်။
အနောက်တောင်တန်း...
ခွေးပေါက်လေး ခုနစ်ကောင်ကို ပထမဆုံးအကြိမ် သူ လက်ခံခဲ့စဥ်က အနောက်တောင်မှာ ဖြစ်သည်။ ဒါကိုစဉ်းစားရင်းဖြင့် ရွှီဖန်းသည် ဖုန်းချပြီး ယာဉ်
စည်းကမ်းကိုပင် လျစ်လျူရှုကာ ပြန်လှည့်လာခဲ့သည်။
ကောင်းကင်နတ်ခွေးနှင့် သူ၏ ကံကြမ္မာအစမှာ ထိုခွေးပေါက်လေးများဟု အမြဲတွေးခဲ့ဖူးသည်။ သို့သော်လည်း ယန်ပင်း၏ သာမန်လျှံကာစကားများအပြီးတွင် ရွှီဖန်းသည် ကောင်းကင်နတ်ခွေးနှင့် သူ၏ ကံကြမ္မာအစမှာ သူ့အိမ်အနောက်ဘက်တောင်တန်းရှိ အက်ကွဲကြောင်း၏ အောက်တွင် စတင်ခဲ့သည်ကို သတိရသွားခဲ့သည်။
ယန်ပင်းအား တောင်ပေါ်ရှိ လူသတ်သမား၏ အလောင်းကို ကိုင်တွယ်ဖြေရှင်းခိုင်းခဲ့သည့် ထိုနေရာသည် အက်ကွဲကြောင်းနှင့် နီးနီးနားနားမှာ ရှိပေသည်။
ဆိုရိုးစကားအတိုင်း မျှော်လင့်မထားသည့် သုံးသပ်မှုဟာ အမှောင်ထဲမှ ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့သည်။ ယန်ပင်းသည် ထိုအမှိုက်ပုံကို တွေ့ခဲ့ခြင်းကြောင့်သာ ၎င်းကို ထုတ်ပြောခဲ့ခြင်း ဖြစ်သည်။
အာ့လန်ရှန်းက တစ်ကယ်ပဲ သူ့အတွက် ဘာချန်ပေးခဲ့တာလဲ။
ထိုအကြောင်းကိုတွေးရင်းဖြင့် ရွှီဖန်း၏ပါးစပ်
ထောင့်က အရှိန်ပြင်းပြင်းဖြင့် မြင့်တက်သွားခဲ့လေသည်။
***********************