အိမ်ပြန်လာပြီ
Vol. 19 Ch. 282
"ဘာမှမဟုတ်ပါဘူး...ကျွန်တော် အဖေတို့ကို နည်းနည်းလွမ်းသွားလို့ပါ"
ရွှီဖန်းသည် သူ့မိဘများကို စိတ်မပူစေချင်တာကြောင့် ကြုံရာဆင်ခြင်ကိုသာ ပြောခဲ့သည်။
ရွှီဖန်း၏စကားကိုကြားပြီးမှသာ အဖေရွှီလည်း စိတ်သက်သာရာ ရသွားခဲ့သည်။ ထို့နောက် သူ ရွှီဖန်းအား မကျေမနပ်ဖြင့် ပြောမိသည်။
"ဟေး သား အသက်ပဲ ဘယ်လောက်ရှိနေပြီလဲ၊ အဖေတို့အကြောင်း အမြဲပဲတွေးနေတာ၊ အမျိုးကောင်းသားတစ်ယောက်က ရည်မှန်းချက် ရှိရတယ်၊ သားရဲ့ တက်လမ်းအတွက်ပဲ တွေးပါ"
အမေရွှီသည် သူ့ယောကျ်ားမှ ရွှီဖန်းအား ဆူပူနေသည်ကို ကြားသောအခါ မကျေမနပ်ဖြင့် ဘောက်ဆတ်ဆတ် ချေပလာခဲ့သည်။
"သွားစမ်းပါ အဘိုးကြီးရွှီ ရှင် ဘယ်သူ့ကို ရည်မှန်းချက် မရှိဘူးလို့ ထင်နေတာလဲ၊ ကျွန်မသားက ရှင့်ထက် ပိုမကောင်းနေလို့လား ပြော! ကျွန်မသားကြောင့်သာ မဟုတ်ရင် ရှင် အခုထိ လယ်အလုပ်ဆက်လုပ်နေရမှာကိုပဲ ကျွန်မကြောက်မိပါတယ်"
အဖေရွှီသည် သားနှင့်ချွေးမရှေ့တွင် မျက်နှာမပျက်
ချင်တာကြောင့် အမေရွှီအား ခေါင်းမာမာဖြင့် ပြန်လည်ချေပနေသည်။
"သူက ငါ့သားရော မဟုတ်လို့လား၊ မမေ့နဲ့...ရွှီဖန်းရဲ့ မိသားစုနာမည်က 'ရွှီ'ဆိုတာကို"
အဖေဖြစ်သူမှ ပြောပြီးပြီးချင်း အမေဖြစ်သူကလည်း အားနည်းချက်ကို မပြဘဲ သရော်လာသည်။
"ဟမ့်! ကျွန်မသာ မမွေးပေးထားရင် ရှင်ကိုယ်တိုင်က သားကြီးကို မွေးနိုင်မှာတဲ့လား၊ သူ့ဘာသာသူ ဘာနာမည်ပဲဖြစ်ဖြစ် ကျွန်မသားဆိုတဲ့ အချက်ကတော့ မပြောင်းလဲသွားဘူး"
အမေရွှီနှင့် အဖေရွှီသည် ရွှီဖန်း၏စကားများကို စိတ်ထဲတွင် မထည့်ထားခဲ့ပေ။ နူးညံ့သိမ်မွေ့သော ချိုးဆုအာသာလျှင် ရွှီဖန်း၏ စိုးရိမ်သောကအမူအရာမှ တဆင့် ပုံမှန်မဟုတ်မှုကို သတိပြုမိခဲ့ပေသည်။ သူမ၏စိတ်ထဲတွင် ရွှီဖန်းသည် 'ထိုက်'တောင်တန်းကြီး မပြိုမချင်း အမြဲတည်ငြိမ်နေမည့်လူတစ်ဦးပင်။
သို့သော်ငြား ရွှီဖန်းတစ်ယောက် တံခါးကိုတွန်းဖွင့်ပြီး ဝင်လာသည့်အခိုက်အတန့်တွင် သူ့မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံ့မှုများ ရှိနေခဲ့ပြီး ချိုးဆုအာကို အလွန်စိုးရိမ်စေခဲ့သည်။ ငြင်းခုံနေကြသော စုံတွဲကိုလျစ်လျူရှုပြီး ရွှီဖန်း၏အရှေ့သို့ သူမ လျှောက်သွားခဲ့သည်။
"ဘာဖြစ်လို့လဲ ဘာလို့ဒီလောက်အလျင်လိုနေတာလဲ“
ရွှီဖန်းသည် ချိုးဆုအာကို ကြည့်၍ သူမအား လက်မောင်းကြားထဲ ဆွဲသွင်းကာ သူမ၏နောက်ကျောကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ချိုးဆုအာကမူ ရွှီဖန်း၏ လုပ်ရပ်ကြောင့် အံ့အားသင့်သွားခဲ့ပြီး သူမ၏မျက်နှာလေးမှာလည်း ချက်ချင်း စိုးရိမ်မှုတို့ပေါ်လာကာ ရှက်ရွံ့သွားခဲ့သည်။ သူမ ရွှီဖန်း၏ ရင်ခွင်ထဲ၌ ခေါင်းကိုမြှုပ်၍ ဆူလိုက်သည်။
"ရွှီဖန်း ဘာလုပ်တာလဲ၊ ဦးလေးနဲ့ အန်တီက ဒီမှာရှိနေတုန်းပဲလေ၊ အစ်မတို့ ဒီလိုတွေ လုပ်ပြနေဖို့ မသင့်တော်ဘူးလားလို့"
ရွှီဖန်းသည် ချိုးဆုအာ ပြောတာကို ကြားသည့်အခါ စိတ်မချမ်းသာတော့ပေ။ သူ ချိုးဆုအာကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်၍ ချေပခဲ့သည်။
"ဘာကိုကြောက်နေတာလဲ၊ ကိုယ့်မိန်းမကိုယ် ဖက်တာ ဘာဖြစ်လဲ"
ရွှီဖန်း၏စကားကြောင့် ချိုးဆုအာ၏မျက်နှာက ပို၍နီရဲသွားခဲ့သည်။ သူမ ရွှီဖန်းအား ညင်သာစွာရိုက်၍...
"ဖက်! ဖက်! ဖက်! ဘယ်သူက မင်းမိန်းမတုန်း...အရှက်မရှိ!"
ချိုးဆုအာသည် ဘာခွန်အားကိုမျှ အသုံးမပြုခဲ့တာကြောင့် ရွှီဖန်းလည်း ၎င်းရိုက်နှက်မှုအား ဂရုမစိုက်ခဲ့ပေ။ ထိုအစား သူ့လက်ကို ချိုးဆုအာ၏ခါးအောက်သို့ ပို၍ ဆွဲချလိုက်ကာ သူမ၏နားထဲသို့ တိုးတိုးလေး ပြောလိုက်သည်။
"မဟုတ်လို့လား...ဟမ်"
ချိုးဆုအာ၏တင်ပါးမှာ ရွှီဖန်း၏လက်များဖြင့် ဖုံးအုပ်ခံထားရသည်။ ထိလွယ်ရှလွယ်သော ချိုးဆုအာသည် ထပ်ပြီး မထိန်းနိုင်တော့ဘဲ တိုးတိုးလေး ညည်းလာသည်။
"ဟင့်..."
သူတို့နှစ်ယောက်စလုံး ခဏတာမျှ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားကြသည်။ ချိုးဆုအာသည် ရွှီဖန်း၏ ပျာယာခတ်နေသော အမူအရာကို ပြန်သတိရကာ အမြန် မေးလိုက်သည်။
"ရွှီဖန်း အစ်မကို အမှန်အတိုင်းပြော၊ တစ်ခုခုဖြစ်ထားတာလား...မင်းစစချင်းဝင်လာတုန်းက ဘာလို့ အရမ်းထိတ်လန့်နေတာလဲ၊ အရင်က ဒီလိုမဟုတ်ပါဘူး"
ရွှီဖန်းသည် ချိုးဆုအာထံမှ ဖုံးကွယ်ရန် အစီအစဉ်မရှိပေ။ သူမသည် အကြမ်းဖျင်း အခြေအနေကို နားလည်
နိုင်သော အမျိုးသမီးတစ်ဦးဖြစ်သည် ။ ထို့ကြောင့် သူ့မိဘတွေကို ပြန်ပြောပြပြီး စိတ်ပူစေမှာ မဟုတ်ပေ။
သူ သူမကို ခေါင်းညိတ်၍ ရှင်းပြခဲ့သည်။
"ဟုတ်တယ် ယန်ပင်းဆီက ခုနကပဲဖုန်းဝင်လာတာ၊
နိုင်ငံရပ်ခြားလူသတ်သမားက ကိုယ့်ကို သတ်ဖို့ ရောက်လာတယ်၊ ဒါပေမဲ့ သူက ကိုယ်အနားမကပ်
နိုင်မှာကို ကြောက်ပြီး အမေတို့တွေဘက် အာရုံရောက်နေတယ်၊ အခု သူ ကိုယ်တို့အိမ်နားတစ်ဝိုက်မှာ ပုန်းနေတယ်လို့ ထင်မိတယ်"
ချိုးဆုအာသည် ချက်ချင်း ထိတ်လန့်သွားခဲ့သည်။ သူမ ရွှီဖန်း၏ ပွေ့ဖက်မှုကနေ ရုန်းထွက်လျက်...
"လူသတ်သမားဟုတ်လား! ဘာတွေဖြစ်နေတာလဲ၊ လူသတ်သမားက မင်းကို ဘာလို့သတ်မှာလဲ၊ ယန်ပင်းကရော ဘယ်သူလဲ၊ မင်း အရင်ကပြောတာမျိုး အစ်မ တစ်ခါမှ မကြားဖူးဘူးပါလား"
ရွှီဖန်းသည် သူပြောလိုက်သည့်အကြောင်းအရာအား ချိုးဆုအာကြားပြီးနောက် သူမ၏ တုံ့ပြန်မှုအား မအံ့သြမိပေ။ ချိုးဆုအာသည် သူ့အပေါ်၌ လုံးဝ အာရုံစိုက်သည်ဆိုတာကို သူသိပေသည်။ သူလုပ်ကြံခံရသည့်အကြောင်းသိလိုက်ရသောအခါ သူမ စိတ်မလှုပ်ရှားတာကမှ ထူးဆန်းနေပေလိမ့်မည်။
သို့သော်လည်း ချိုးဆုအာ သူ့အတွက် စိတ်ပူနေခြင်းမှ ရပ်တန့်သွားရန်အတွက် ရွှီဖန်းသည် သူမ၏ ပုခုံးကို
ပေါ့ပေါ့ပါးပါးပုတ်လိုက်ပြီး ရှင်းပြခဲ့သည်။
"ယန်ပင်းကလည်း လူသတ်သမားပဲ၊ ကိုယ့်ကို သူ သတ်ဖို့လာတုန်းက ကျရှုံးသွားပြီး ကိုယ်တိုက်တဲ့အဆိပ်ကို အတင်းအကြပ်သောက်ခဲ့ရတယ်၊ ဒါကြောင့် သူ ကိုယ့်အမိန့်တွေကို နာခံနေတာ"
ယန်ပင်းသည် လက်ရှိတွင် တံခါးအပြင်ဘက်ရှိ ထင်းရှူးပင်ပေါ်တွင် ပုန်းအောင်းနေသောကြောင့် ယန်
ပင်းမသိစေရန်အလို့ငှာ ရွှီဖန်းသည် ချိုးဆုအာကို အဖြူရောင်မုသားပြောဆိုခဲ့သည်။ သူမအား ရည်ရွယ်ချက်ရှိရှိ လိမ်ညာခဲ့ခြင်းမဟုတ်ပေ။ သူ ချိုးဆုအာအပေါ်၌ ယုံကြည်မှုများစွာရှိနေဆဲဖြစ်သည်။
မမျှော်လင့်ထားစွာပင် ရွှီဖန်းပြောတာကိုကြားသည့်
အခါ ချိုးဆုအာသည် ပို၍ပင် တုန်လှုပ်သွားခဲ့ပြီး ရွှီဖန်းအား ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် မေးလာခဲ့သည်။
"ဘာ! မင်းကိုလုပ်ကြံဖို့ကြိုးစားခဲ့တဲ့ လူကို ဘေးနားမှာ ထားထားတယ်ပေါ့လေ"
ချိုးဆုအာ ပြောတာကို ရွှီဖန်း ကြားသည့်အခါ သူပြုံးလိုက်ပြီး ခိုင်မာစွာ ဆိုလိုက်သည်။
"အဆင်ပြေပါတယ်၊ ကိုယ် သူ့ကို ယုံကြည်တယ်"
ရွှီဖန်းမှ ယန်ပင်းကို ယုံကြည်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြပြီးသော်လည်း ချိုးဆုအာသည် သဘောမတူနိုင်သေးပေ။ သူမလက်ကို ဝှေ့ယမ်းပြီး ရွှီဖန်းအား ယတိပြတ်ပြောလိုက်သည်။
"ဒါကမဟုတ်သေးပါဘူး ရွှီဖန်း မင်းသိရဲ့လား၊ အစ်မမင်းကို အရမ်းစိတ်ပူတယ်"
သူမ၏ စိုးရိမ်နေသော မျက်နှာကို ကြည့်ပြီး ရွှီဖန်းတစ်ယောက် အပြစ်ရှိသလို ခံစားလိုက်ရသည်။
"သိပါတယ် ကိုယ်သိပါတယ် ဒါပေမယ့် စိတ်မပူပါနဲ့၊ ယန်ပင်းက ယုံကြည်စိတ်ချရတဲ့လူပါ၊ တံခါးအပြင်
ဘက်က ထင်းရှူးပင်ကို တွေ့တယ်မလား၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်ထဲက သူ ထင်းရူးပင်ရဲ့ထိပ်မှာ ပုန်းအောင်းနေပြီးတော့ ကိုယ့်မိဘတွေနဲ့ မင်းကို ကာကွယ်ပေးနေခဲ့တာ"
ရွှီဖန်းပြောပြတာကို ချိုးဆုအာ ကြားသည့်အခါ ခေါင်းငုံ့ပြီး ခဏတာလောက် စဉ်းစားနေခဲ့သည်။ ထို့နောက် သူမ ရုတ်တရက် ရိပ်မိသွားရာ...
"တစ်စုံတစ်ယောက်က အစ်မတို့ကို လွန်ခဲ့တဲ့ ရက်
အနည်းငယ်ကတည်းက စောင့်ကြည့်နေခဲ့တယ်လို့ ဆိုလိုတာပေါ့ ၊ အဒေါ်နဲ့ ဦးလေးဆီ သွားလည်တိုင်း ထူးဆန်းသလိုကြီး ခံစားနေရတာ မအံ့သြတော့ပါဘူး၊ တစ်ယောက်ယောက်က အစ်မကို စိုက်ကြည့်နေသလိုမျိုးကြီး တစ်ကိုယ်လုံး စိတ်မသက်မသာဖြစ်နေခဲ့တာ"
ရွှီဖန်းလည်း ထိုအရာကိုကြားသောအခါ ငြင်းဆိုခြင်းမရှိဘဲ အတည်ပြုပေးခဲ့သည်။
"ဟုတ်တယ် အမှန်ပဲ အဲ့ဒါ သူပဲပေါ့၊ မင်းက ကိုယ်နဲ့ အချိန်အကြာကြီးအတူနေခဲ့တာမလို့ မင်းလည်း စိတ်စွမ်းအင်နည်းနည်းကို ခံစားနိုင်တယ်၊ ဒါကြောင့် မင်းရဲ့ ဆဋ္ဌမအာရုံနဲ့ ခံစားနိုင်ခဲ့တာ ဟုတ်မယ်"
သူပြောပြီးသည့်နောက်တွင် သူမကို အနည်းငယ် စနောက်ခဲ့သည်။
သို့သော် ချိုးဆုအာသည် ရွှီဖန်း၏ နောက်ပြောင်ခြင်းကို နားမလည်ကြောင်း သိသာပေသည်။ ထိုအစား သူမက အံ့ဩသည့် အမူအရာဖြင့် မေးလာခဲ့သည်။
"အစ်မတို့ အတူတူနေတာကြာပြီဆိုတာ ဘာကိုဆိုလိုတာလဲ"
ရွှီဖန်းသည် သူမ၏ စိတ်ရှုပ်ထွေးနေသောမျက်နှာကို ကြည့်ပြီး ဆွံ့အသွားကာ ကိုယ့်နဖူးကိုယ် ပုတ်ရုံကလွဲပြီး မတတ်နိုင်ခဲ့ပေ။ ထို့နောက် သူ ချိုးဆုအာ၏ တင်ပါးကို ဆိတ်လိုက်ကာ
"ဒီတစ်ခုလေ ဟဲဟဲ"
ချိုးဆုအာသည် သူမ၏တင်ပါးတွင် အနည်းငယ်သော နာကျင်မှုကို ခံစားလိုက်ရသည်။ ရွှီဖန်း၏ အရိပ်အမြွက်စကားကို နားထောင်ပြီးနောက်မှာ သူ့ဆိုလိုရင်းကို သူမ နားလည်သွားခဲ့သည်။ သူမ၏အမူအရာက ချက်ချင်းပြောင်းသွားကာ ရွှီဖန်းအား အေးစက်စွာဖြင့် ဘောက်ဆတ်ဆတ်ပြောလိုက်သည်။
"ဟမ့် လူဆိုးကောင်! ဒီလို အရှက်မဲ့တဲ့အရာတွေကို ဘယ်လိုမျိုးတွေးရမလဲဆိုတာပဲ သိတယ် ဟုတ်လား၊နေ့ခင်းကြောင်တောင်ကြီး မရှက်ဘူးလား"
ရွှီဖန်းသည် ချိုးဆုအာ၏ စိတ်နေစိတ်ထားကို သိထားကာ သူမထံ၌ ရိုးရှင်းသော စိတ်ထားရှိကြောင်း သူသိပေသည်။ သူမကို သူ အချိန်အကြာကြီး သင်ကြားပေးခဲ့ရသော်လည်း သူမကတော့ ဖြူစင်နေတုန်းပင်။
ရွှီဖန်း သူမ၏စကားများကို အလေးအနက်မထားပေ။ ထိုအစား သူ အနည်းငယ် ရယ်မောခဲ့ပြီး ဆက်စနေခဲ့သည်။
"ဟားဟား ယောက်ျားလေးရော မိန်းကလေးရော ကောင်းမွန်တဲ့စိတ်ဆန္ဒတွေ ရှိတာက ပုံမှန်ပဲလေ၊ ဘာရှက်စရာရှိလို့လဲ"
ရွှီဖန်းမှ အဓိပ္ပါယ်မရှိသည့် အရာများကို ပြောနေသေးသည့်အခါ ချိုးဆုအာသည် မကျေမနပ်ဖြင့် ပြောမိသည်။
"အဲ့ဒီမှာ အဓိပ္ပာယ်မရှိတာတွေ လေပန်းနေလိုက်"
ရွှီဖန်းသည် ကျီစယ်စွာ ပြုံးနေဆဲဖြစ်ကာ ဆက်ပြီး စနောက်နေခဲ့သည်။
"ကိုယ် အဓိပ္ပာယ်မရှိတဲ့စကားတွေ မပြောပါဘူး၊ ဒီစကားတွေကို ကွန်ဖြူးရှပ်ပညာရှိကြီးက ပြောထားတာ"
ချိုးဆုအာသည် ရွှီဖန်း လိမ်နေသလား မသိသော်လည်း သူ ပြောတာကိုတော့ သူမ မကြိုက်ပေ။ ထို့ကြောင့် ခေါင်းမာမာဖြင့် သူမခေါင်းကို ရွှီဖန်း၏အဝေးသို့ လှည့်ကာ သူမနောက်ကျောကိုသာ သူ့အား မျက်နှာချင်ဆိုင်စေခဲ့သည်။
"ကွန်ဖြူးရှပ်ပညာရှိကြီးက အဲ့ဒီလိုအရှက်ကင်းမဲ့တဲ့စကားတွေကို ပြောခဲ့မယ်လို့ အစ်မ မယုံဘူး"
ရွှီဖန်းသည် ချိုးဆုအာ၏ လှပသောကျောပြင်ကိုကြည့်ကာ စိတ်ပျက်သလို ဟန်ဆောင်၍ သက်ပြင်းချလိုက်သည်။
"ဟေး ကိုယ်တော့ ကွန်ဖြူးရှပ်ပညာရှိကြီးအတွက် စိတ်မကောင်းဖြစ်သွားရပြီ၊ သူသေသွားတာ အနှစ် ၂၀၀၀တောင် ကျော်ပြီကို ခင်ဗျားလေးက သူ့နဲ့ပတ်သက်ပြီး မဟုတ်မမှန်ယိုးစွပ်ချင်နေသေးတယ်"
ချိုးဆုအာသည် ရွှီဖန်း၏ သဘောထားကို သိထားသူဖြစ်ရာ သူမအနောက်မှနေ၍ သူ လိုက်ရှုပ်နေမှန်း သိပေသည်။ သူ ပြန်လှည့်၍ အေးစက်စွာ နှာမှုတ်လိုက်သည်။
"ဟမ့်!"
ထို့နောက်သူမ၏သွယ်လျသောလက်များကို ရွှီဖန်း၏ခါးပေါ်မှာ တင်၍ ခါးထက်မှ ပျော့ပျောင်းသောအသားတစ်စိတ်တစ်ပိုင်းကိုဆွဲယူကာ အားအနည်းငယ်ဖြင့် ၃၆၀ ဒီဂရီ လှည့်လိုက်လေသည်။
"အားယိုး!!!!"
ချိုးဆုအာသည် ရွှီဖန်းအား ခပ်ဖျော့ဖျော့အပြုံးဖြင့် ကြည့်လျက်...
"ဘယ်လိုလဲ၊ မင်း ပေါ့ပေါ့ဆဆ မပြောဝံ့တော့ဘူးမလား"
ရွှီဖန်းခါးပေါ်ရှိ အသားကို ချိုးဆုအာက တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။ သူ ချိုးဆုအာဘက်သို့ အမြန်
လှည့်၍ ကတိပေးရသည်။
"ကိုယ်မဝံ့ရဲတော့ပါဘူး မဝံ့ရဲတော့ပါဘူး"
တကယ်တော့ ရွှီဖန်း၏ခါးသည် လုံးဝမနာပေ။ ပထမဆုံးအချက်မှာ ချိုးဆုအာထံ၌ ဆွဲလိမ်ရန် အားအင်မရှိသောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ အာ့လန်ရှန်း၏ အင်မော်တယ်ဆေးဝါးဖြင့် သူ့ခန္ဓာကိုယ်ကို အဆင့်
မြှင့်တင်ထားသောကြောင့်ပင်။ ဓားနှင့်လှံတို့ကို ခုခံနိုင်စွမ်းမရှိဟု ဆိုနိုင်သော်လည်း သာမန်လူများ၏ ခွန်အားကတော့ သူ့ကို မနှိုင်းယှဉ်နိုင်သေးပေ။ ကရုဏာနှင့် နာကျင်မှုအတွက် သူ အော်ဟစ်ခဲ့ရသည့် အကြောင်းအရင်းမှာ ချိုးဆုအာကို ပျော်ရွှင်စေလိုသောကြောင့် ဖြစ်သည်။
ရွှီဖန်းနှင့် ချိုးဆုအာတို့ ကစားနေစဉ်တွင် အမေရွှီနှင့် အဖေရွှီတို့လည်း စကားများရန်ဖြစ်ရာမှ ရပ်တန့်သွားခဲ့သည်။ အဝေးမှ စနောက်နေကြသော စုံတွဲအားရယ်ချင်နေသည့်အကြည့်ဖြင့် ကြည့်နေကြကာ ရံဖန်ရံခါပင် ထရယ်မောကြလေသည်။
ရွှီဖန်း၏အော်သံသည် ရွှီလင်မယားနှစ်ယောက်၏ အာရုံကို ဖမ်းစားသွားနိုင်ကြောင်း ထင်ရှားပေသည်။ ထိုအခိုက်အတန့်တွင် ရွှီလင်မယားနှစ်ယောက်ကလည်း သူတို့ကို ကြည့်နေကြောင်း ချိုးဆုအာ သိသွားခဲ့သည်။ သူမက ချက်ချင်းပင် 'အား!'ဟု အော်ကာ မျက်နှာတစ်ခုလုံးသည်လည်း နီရဲသောပန်းသီးကဲ့သို့ နီမြန်းသွားခဲ့သည်။
ရွှီလင်မယား၏အကြည့်အောက်မှာ ချိုးဆုအာသည် ရှက်ရွံ့စွာ ခံစားနေရသည်။ ချက်ချင်းဆိုသလိုပင် ရွှီဖန်း၏ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်၍ ငှက်ကုလားအုတ်
လေးလို ပုန်းနေခဲ့သည်။
ခဏလောက် ပုန်းနေပြီးနောက် ချိုးဆုအာသည် ရွှီဖန်းအား ဘောက်ဆတ်ဆတ်ပြောလာလေသည်။
"ဒါတွေက မင်းအပြစ်ပဲ၊ မင်း အဓိပ္ပာယ်မရှိတဲ့ စကားတွေ မပြောရင် အစ်မက မင်းကို ဘယ်လိုလုပ်
ဆွဲလိမ်မှာလဲ၊ ပြီးတော့ ဦးလေးနဲ့အဒေါ်က အစ်မတို့ကို ဘာလို့ အဲ့ဒီလိုကြီး စိုက်ကြည့်နေရတာလဲလို့"
**********************