← Chapters

လုံခြုံသည့်နေရာ

Vol. 19 Ch. 284

လုံခြုံသည့်နေရာ

Vol. 19 Ch. 284

အဆိပ်ပြင်းကောင်သည် ရွှီဖန်း၏ အကြည့်နောက် လိုက်ရင်း ဘာမှမရှိသည့်နေရာကို စိုက်ကြည့်ကာ ရယ်မောလိုက်သည်။ 

"ဘာလဲ ငါ ဒီကိစ္စကို ရှာမတွေ့နိုင်ဘူးလို့ မင်းတကယ်ထင်နေတာလား၊ မင်း ဝင်မပါတာ ပိုကောင်းလိမ့်မယ်လို့ ငါထင်တယ်၊ ဒါမှမဟုတ် မင်းရဲ့ဘဝက တိုတောင်းလွန်းတယ်လို့ မထင်ရင်ပေါ့"

ထိုစကားသည် အမှောင်ထဲတွင် ပုန်းနေသည့် ယန်ပင်းအား ရည်ရွယ်နေမှန်း သိသာပေသည်။

အမှောင်ထဲတွင် ပုန်းအောင်းနေသည့်နေရာကို တစ်ဖက်လူမှ မြင်သွားသော်လည်း ရွှီဖန်းကတော့ သိပ်စိတ်မပူပေ။ သူ၏မိုးပျံအိုးသိုင်းကို တတိယအဆင့်ထိ အဆင့်မြှင့်တင်ထားသောကြောင့် လျို့ဝှက်မိသားစုများကြားတွင်ပင် သူသည် ထိပ်တန်းကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်ခံရလိမ့်မည်

ဖြစ်ပြီး ဤလုပ်ကြံရေးအဖွဲ့အစည်းသည် မည်မျှပင် သန်မာသည်ဖြစ်စေ အများဆုံးအနေဖြင့် လျို့ဝှက်

မိသားစုများနှင့် တန်းတူအဆင့်မှာသာရှိလိမ့်မည်

ဖြစ်သည်။ ဤလူသည် အဆင့်သုံးဆယ်ခြောက်

တွင်ရှိသော လုပ်ကြံသတ်ဖြတ်သမားသာ ဖြစ်သည်။

ဒါကိုတွေးရင်းဖြင့် ရွှီဖန်း၏အမူအရာက ပြေလျော့သွားခဲ့သည်။ သူ အဆိပ်ပြင်းကောင်ကို ကြည့်၍

"ဟေ့ မင်းက လူသတ်သမားပဲ၊ ငါ့ရှေ့မှာ မင်းကိုယ်

မင်း ထုတ်ဖော်ပြတာက သိပ်ပြီး ပရော်ဖက်ရှင်နယ်

မဆန်ဘူး"

သူ၏လေသံက အရေးမကြီးသလိုမျိုး ဖြစ်နေခဲ့ပြီး ၎င်းသည် ရွှီဖန်း၏ စိတ်ထဲရှိ နည်းဗျူဟာပင်ဖြစ်သည်။

သေချာပေသည်။ အဆိပ်ပြင်းကောင်သည် ထိုစကားကိုကြားပြီးနောက်မှာ အထင်အမြင်သေးသောအကြည့်ဖြင့် ပြောလာလေသည်။

 "မင်းလို ကောင်စုတ်လေးကို သတ်ဖို့ အဖွဲ့အစည်းက 

ငါ့ကို ဘာလို့ စေလွှတ်ခဲ့လဲဆိုတာ မသိပေမယ့် မစ်

ရှင်တစ်ခုဆိုတော့လည်း လိုက်နာရတာပေါ့၊ လေးလေးနက်နက်ပြောရရင် မင်းက တကယ်

အရည်အချင်းမပြည့်ဝသေးဘူး”    

"အိုး! တကယ်လား ဒါဆို မင်းဘာလို့ မတိုက်သေးတာလဲ"

ရွှီဖန်းသည် မျက်နှာပေါ်၌ အေးဆေးတည်ငြိမ်သောအကြည့်ဖြင့် သူ့လက်နှစ်ဖက်ကို ဖြန့်ပြခဲ့သည်။ ထို့လုပ်ရပ်မှာ သူ၏ပျော့ကွက်ကို အဆိပ်ပြင်းကောင်အား ပြသပေးနေသကဲ့သို့ပင်။

အဆိပ်ပြင်းကောင်က ထိုအရာကိုမြင်သောအခါ ရွှီဖန်းသည် သာမန်လူတစ်ယောက်သာဖြစ်ကြောင်းကို 

ပို၍သေချာလာခဲ့သည်။ သူက ခေါင်းခါယမ်းလျက် တွေးမိသည်။

"ဒီလိုလူကို သတ်ဖို့အရေး အဖွဲ့အစည်းက ဘာတွေတွေးနေတာလဲဆိုတာ သိချင်လိုက်တာ"

သို့သော် ရုတ်တရက်ပင် အဆိပ်ပြင်းကောင်သည် တစ်ခုခုကို တွေးနေပုံရပြီး ယန်ပင်း ရှိနေသည့်နေရာသို့ စူးစူးစိုက်စိုက် ကြည့်လိုက်မိသည်။ အကယ်၍ ဤကောင်လေးသာ သာမန်လူတစ်ဦးဖြစ်ခဲ့ပါက အဖွဲ့အစည်းမှ လွှတ်ခဲ့သော ပထမအဆင့် ကျွမ်းကျင်

သူများအားလုံးသည် ကောင်စုတ်လေးကို ရှင်းနိုင်သင့်ပေသည်။

"အမှောင်ထဲမှာ ပုန်းနေတဲ့မိတ်ဆွေကို ငါပြောဦးမယ်၊ အားလုံးက လုပ်ကြံသတ်ဖြတ်သမားတွေဖြစ်မှတော့ မင်းငါ့ကိုတွေ့ရင်လည်း လက်မြှောက်အရှုံးပေးသင့်

တယ်"

အဆိပ်ပြင်းကောင်သည် ဒေါသတချို့ဖြင့် ယန်ပင်းအား ပြောလေသည်။ သို့သော် ရွှီဖန်းက ဝင်ဖြတ်ပြောကာ သူ့ကို နှောင့်ယှက်ခဲ့သည်။ 

ရွှီဖန်း စိတ်မရှည်စွာဖြင့်...

"မင်းငါ့ကိုသတ်မှာမဟုတ်ဘူးလား၊ မသတ်ရင်လည်း ငါရဲခေါ်လိုက်မယ်"    

"ဒါက..."

ရွှီဖန်း၏စကားကိုကြားတော့ ရွှီလင်မယားနှင့် ချိုးဆုအာသည် ရွှီဖန်းအား အံ့အားသင့်စွာ ကြည့်လာကြသည်။ 

ရွှီဖန်းက ဘာလို့ ဒီအချိန်မှာ လူသတ်သမားကို ဒေါသထွက်ပြနေရတာလဲ။

သို့သော်ငြား သူတို့ ရွှီဖန်း၏အကြောင်းကို နားလည်

သဘောပေါက်ပေသည်။ ရွှီဖန်းသည် မရူးမိုက်ဘဲ အလွန်ဉာဏ်ကောင်းသောသူဖြစ်၏။

အဆိပ်ပြင်းကောင်မှ လူအကောင်လိုက် ထွက်ပေါ်

လာရခြင်း၏ အကြောင်းအရင်းမှာ လူတစ်ဦး၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ထိန်းချုပ်ရာ၌ စိတ်လှုပ်ရှားစွာ ခံစားမိချင်သောကြောင့်ပင်။ လူတိုင်းကို သေခါနီးအထိ ရိုက်သတ်ပြီး ထိုလူ့ဆီမှ တောင်းပန်သံကိုကြားရပြီးမှသာ လူ့အသက်ကို အဆုံးသတ်လေ့ရှိသည့် အကျင့်က သူ့မှာရှိပေသည်။

ရွှီဖန်း၏စကားက အဆိပ်ပြင်းကောင်အား လွန်စွာ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ သူ့မျက်နှာပေါ်တွင်လည်း ဒေါသထွက်နေသောအမူအရာ ပေါ်လာခဲ့သည်။ ထို့နောက် ဓားတိုတစ်ချောင်းကို ထုတ်၍ လက်ထဲမှာကိုင်ထားခဲ့သည်။   

သို့သော် ထိုအချိန်တွင် တံခါးဝမှနေ၍ "ဝုတ် ဝုတ် ဝုတ်' အသံက ထွက်ပေါ်လာလေသည်။

ထိုအသံကိုကြားသည့်အခါ ရွှီဖန်း၏ မျက်လုံးများ တဆတ်ဆတ်လှုပ်သွားရသည်။

"ကြည့်စမ်း! ငါ မင်းကို မြန်မြန်သတ်လို့ ပြောသားပဲ၊ အခု မင်း သတ်ချင်ရင်တောင် မရတော့ဘူး"

"ဟမ့်! မင်းက သေဖို့ တောင်းဆိုနေတာပဲ"

အဆိပ်ပြင်းကောင်သည် မထိန်းထားနိုင်တော့ပေ။ သူ့လက်ထဲက ဓားဖြင့် ရွှီဖန်း၏နှလုံးတည့်တည့်သို့ ဦးတည်လာခဲ့သည်။ 

သို့သော် ရွှီဖန်းကိုယ်တိုင်၌မူ ခံစားမိခဲ့သည်။ အကြောင်းတစ်ခုခုကြောင့် အဆိပ်ပြင်းကောင် လှုပ်ရှားလာခြင်းကို သူ မြင်သည့်အခါ သူ၏စိတ်

စွမ်းအင်ဖြင့် အာရုံစူးစိုက်လိုက်မိသည်။ ထိုအချိန် အဆိပ်ပြင်းကောင်သည် နွံထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားခဲ့ရသည်။ သူ၏ လှုပ်ရှားမှုများသည်

လည်း အလွန်နှေးကွေးသွားခဲ့သည်။    

ဒါကိုမြင်တော့ ရွှီဖန်းလည်း ခွေးလေးခုနစ်ကောင်ကို မလှုပ်ရှားရန် လက်ကို ချက်ချင်းဝှေ့ယမ်း၍ အချက်ပြခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်သည် အနည်းငယ် စောင်းသွားကာ အဆိပ်ပြင်းကောင် လက်ထဲမှ ဓားကို ဆံပင်တစ်မွေးအလွတ်ဖြင့် ​ရှောင်လိုက်သည်။    

"ဘာ!"

အဆိပ်ပြင်းကောင်က သူ၏တိုက်ခိုက်မှု လွဲချော်သွားသည်ကို မြင်သောအခါ အံ့အားသင့်စွာဖြင့် အော်လာလေသည်။ အနီးကပ်တိုက်ခိုက်ခြင်းဆိုသည်မှာ အဆိပ်ပြင်းကောင်၏ အကျွမ်းကျင်ဆုံးအရာဆိုတာ သိထားရပေမည်။ အကယ်၍ လူသတ်သမားများသည် အားသန်ရာဖြင့် သတ်ဖြတ်ရခြင်းမဟုတ်ဘဲ အနီးကပ်တိုက်ခိုက်ခြင်းဖြင့်သာ ဆိုလျှင် အဆိပ်ပြင်းကောင်သည် အဆင့်၃၆ ထက် ပို၍အဆင့်သတ်မှတ်ခံရလိမ့်မည်ဖြစ်သည်။    

သို့သော် အမှန်တရားက သူ့မျက်စိရှေ့တွင် ဖြစ်သွားခဲ့သည်။ ဤမျှနီးကပ်နေသောအကွာအဝေးနှင့် အဆိပ်

ပြင်းကောင်၏အစွမ်းဖြင့်သာဆိုလျှင် လုံးဝသတ်ခံရတော့မည်ဖြစ်သော်ငြား ရွှီဖန်းမှ အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။    

ဒါကိုတွေးမိပြီး အဆိပ်ပြင်းကောင်သည် ချက်ချင်းပင် ချွေးအေးများ ထွက်လာလေသည်။ ဒီနေ့ သူ၏ပြိုင်ဘက်ကို လျှော့တွက်ခဲ့မှန်း သူ ရှင်းရှင်းလင်းလင်း သိလိုက်ရပေသည်။ ဤရွှီဖန်းသည် ထင်ထားသလောက် မရိုးရှင်းဘဲ အလွန်ကျွမ်းကျင်သူတစ်ဦး ဖြစ်နိုင်သည်။    

အဆိပ်ပြင်းကောင်သည် ချက်ချင်းပင် သူ့ခေါင်းကို လှည့်လိုက်ပြီး ဆက်မလှုပ်တော့ဘဲ ရွှီဖန်းအား သတိဖြင့်ကြည့်လိုက်မိသည်။    

"ကြည့်...သူမသတ်နိုင်ဘူးလို့ ကျွန်တော်ပြောခဲ့သားပဲ၊ မကြာသေးခင်က ကျွမ်းကျင်ဆရာကြီးတစ်ယောက်ဆီ မှာ နည်းနည်းလေ့ကျင့်ထားခဲ့တယ်"

ရွှီဖန်းသည် အဆိပ်ပြင်းကောင်အား ဂရုမစိုက်ပေ။ သူတစ်ဖက်ကို လှည့်ကြည့်ပြီး သူ့မိဘများနှင့် ချိုးဆုအာကို ပြောပြကာ သူတို့၏စိုးရိမ်ပူပန်မှုများကို ဖြေလျှော့ပေးခဲ့သည်။

ရွှီဖန်းက အလွန်လျင်မြန်နေသည်ကိုမြင်သည့်အခါ ရွှီလင်မယားလည်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ချိုးဆုအာကလည်း ရယ်မော၍...

"မင်းကတော့လေ အစ်မတို့ကို သေအောင်ကြောက်စေတာပဲ"

သို့သော်လည်း အဆိပ်ပြင်းကောင်၏ မျက်လုံးထဲတွင်မူ ထိုမြင်ကွင်းသည် သူ့အား အလွန်အရှက်ခွဲနေခြင်းဖြစ်သည်။ သူသည် အဆင့်၃၆လုပ်ကြံသတ်ဖြတ်သူဖြစ်သော်လည်း ယခု လျစ်လျူရှုခံနေရသည်။    

"ငါ မင်းကို သတ်မယ်"

အဆိပ်ပြင်းကောင်သည် ဒေါသအမျက်လုံးလုံးထွက်ကာ မျက်လုံးများ နီရဲလာလေ၏။

ရွှီဖန်းသည် အဆိပ်ပြင်းကောင်အား လှည့်ကြည့်၍ ခေါင်းမခါယမ်းဘဲမနေနိုင်ခဲ့ပေ။ လူသတ်သမားတစ်ယောက် စိတ်ဆိုးဒေါသထွက်သွားခဲ့သည့်

အခိုက်အတန့်သည် ထိုသူ၏ မစ်ရှင်ကျဆုံးရန်

လမ်းသာဖြစ်သည်။ မူလက အဆိပ်ပြင်းကောင်ကို အသုံးချ၍ သူ၏ လက်ရှိခွန်အားနှင့် ရင်းနှီးစေဖို့လေ့ကျင့်ရန် အလိုရှိသော်လည်း အခု မလိုအပ်တော့ပုံ

ရသည်။ 

ရွှီဖန်းသည် ဆုံးဖြတ်ချက်ချလိုက်ပြီး ခွေးလေး ခုနစ်ကောင်အား လက် ဝှေ့ယမ်းပြလိုက်သည်။ ချက်ချင်းဆိုသလိုပင် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသော ခွေးခုနစ်ကောင်သည် အဆိပ်ပြင်းကောင်ထံသို့ ခုန်အုပ်ကြတော့သည်။    

အဆိပ်ပြင်းကောင်သည် ကောင်းကင်နတ်ခွေး၊ ဒုတိယမျိုးဆက်ဖြစ်သော ခွေးခုနစ်ကောင်၏ ပြိုင်ဘက်

မဟုတ်သည်ကို ဘေးဖယ်ထားလျှင်တောင်မှ ရွှီဖန်းမှ သူ့ကို လုံးဝ ဒေါသထွက်စေရန် ဆွထားသည်ဖြစ်ရာ သူ၏လက်ရှိစိတ်အခြေအနေဖြင့် ယန်ပင်းကိုပင် အနိုင်ယူနိုင်မည် မဟုတ်ပေ။ ခဏလေးအတွင်းမှာပင် ခွေးခုနစ်ကောင်သည် အဆိပ်ပြင်းကောင်အား ပြန်လည်ခုခံရန်ပင် ခွန်အားမရှိတော့သည်အထိ ကိုက်ခဲ့ကြပြီး ထိုလူမှာ မြေပြင်ပေါ်မှာ လူးလိမ့်နေခဲ့သည်။

"ဆုအာ ကိုယ့်ကိုပြော၊ ဒီခေတ်ကြီးမှာ လူတွေက သူတို့ကိုယ်သူတို့ မိမိုက်သလိုတွေ ဘယ်လိုများ ပြုမူနိုင်ကြတာလဲ၊ ခွေးလေးခုနစ်ကောင်ကိုတောင် သူတို့ မရိုက်

နိုင်ကြဘူး၊ ပြီးတော့ သူတို့ကိုယ်သူတို့ လူသတ်သမားလို့ ခေါ်နေသေးတယ်၊ ကောင်းပြီ...သွားကြရအောင်...ကြည့်မနေနဲ့တော့ သနားစရာပဲ" 

ရွှီဖန်းက ချိုးဆုအာကိုကြည့်၍ ပြောလာလေသည်။

ရွှီလင်မယားနှင့် ချိုးဆုအာတို့သည် ခွေးပေါက်လေးခုနစ်ကောင်ထံမှ အကိုက်ခံရတာကြောင့် မြေပြင်ပေါ်တွင် ရုန်းကန်နေသော အဆိပ်ပြင်းကောင်ကို ကြည့်ကာ ဘာစကားမှ မပြောတော့ဘဲ ရွှီဖန်း၏ စကားကိုသာ နားထောင်၍ ထွက်လာခဲ့ကြသည်။    

"ထွက်လာတော့"

ရွှီဖန်း အမှောင်ထဲကို ပြောလိုက်သည် ။    

ယန်ပင်းသည် ရွှီဖန်းကို ကြည့်လိုက်သော်လည်း သူ့အား ဖောက်ထွင်း၍ မမြင်နိုင်ပေ။ ရွှီဖန်း၏စွမ်းအားက ဒီလောက်အထိ ကြောက်စရာကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ရွှီဖန်းရှောင်

လိုက်သော တိုက်ခိုက်မှုကို သာမန်လူများမှ မမြင်၊ မသိ

နိုင်သော်လည်း ယန်ပင်းကတော့ အပြည့်အဝ နားလည်နိုင်သေးသည်။ ကြည့်ရတာ ရွှီဖန်းတစ်

ယောက် ခွန်အား များစွာ ထပ်တိုးလာသည့်ပုံပင်။

ထိုအတွေးနှင့်အတူ ယန်ပင်သည် ရွှီဖန်း၏ နောက်လိုက်ဖြစ်ချင်ကြောင်း ပို၍သေချာသွားခဲ့သည်။    

"သွားတော့ သူ ဆက်ရှင်းပေးလိမ့်မယ်"

ရွှီဖန်းသည် ခွေးများအကိုက်ခံရပြီး သေလုဆဲဆဲ အနေအထားတွင် ရှိနေသော အဆိပ်ပြင်းကောင်ကို ကြည့်ကာ ယန်ပင်းကို အမိန့်ပေးလိုက်သည်။    

"ဟုတ်ကဲ့"

ယန်ပင်းကလည်း ခေါင်းညိတ်၍ အဆိပ်ပြင်းကောင်

နှင့်အတူ ထွက်သွားခဲ့သည်။    

ရွှီဖန်းတစ်ယောက်တည်း ကျန်နေခဲ့ချိန်မှာ လေးလေးနက်နက် တွေးတောမိ၏။ ဒီတစ်ကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် သူ ကြောက်ရွံ့မှုကို ခံစားခဲ့ခြင်းဖြစ်သည်။

သူ ခေါင်းကိုက်သလို ခံစားနေရသည်။ မိုးပျံအိုးကျမ်းကိုရရှိပြီးကတည်းက သူ့ကိုယ်သူ ကာကွယ်နိုင်ခဲ့သော်လည်း နောက်ဆုံးမှာ သူ့မိဘများနှင့် သူ၏အမျိုးသမီးများသည် သာမန်လူများဖြစ်သည်။

သိသာစွာပင် ရွှီဖန်း ခုခံနေရသည့် လူများသည် အ

ရင်ကလို အဆင့်မျိုးမဟုတ်တော့ပေ။ ဤကဲ့သို့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းသည် သူ့ကိုသတ်

ရန် လက်လျှော့လိမ့်မည်ဟု ရွှီဖန်း မထင်ပေ။ ယခု သူ့မိဘများပါ ပါ၀င်လာပြီဖြစ်သောကြောင့် သူ သတိထားရလိမ့်မည်။

"ငါ့မိဘတွေကို ကာကွယ်ဖို့လိုတယ်"

စိတ်ဆုံးဖြတ်ပြီး​နောက်​ သူ အိမ်​ပြင်သို့ ထွက်လာခဲ့သည်​။    

"အဲ့ဒီလူရော ဘယ်မှာလဲ?"    

"အိုး.. သူဘာသာသူပဲ ထွက်သွားတာ၊ ဘာပဲဖြစ်ဖြစ် သူက ကျွန်တော့်ကို ဘာဒုက္ခမှ မပေးနိုင်ဘူးလေ၊ သူ့ကို လွှတ်ပေးသင့်တယ် ထင်လို့"

ရွှီဖန်း သူ့အဖေ၏အမေးကို ပြန်ဖြေလိုက်သည်။    

ဖခင်ဖြစ်သူကလည်း သဘောတူကြောင်း ခေါင်းညိတ်သည်။ သူ့အဖေသည် ရိုးရိုးသားသားလူဖြစ်ပြီး သူတပါးကို ထိခိုက်လိုစိတ်မရှိပေ။ သူ့ကို လာထိလျှင်တောင်မှ သူ့အကြောင်းနှင့်သူ သွားပါစေဆိုပြီး လွှတ်ထားမည့်လူပင်။

"မင်း ခုနက ဘယ်လိုတောင် အံ့သြစရာကောင်းနေတာလဲ၊ အဲဒီလူရဲ့ဓားကြောင့် အစ်မ သေအောင် ကြောက်နေခဲ့တာ၊ မင်း ဘယ်လို ရှောင်လိုက်မှန်းတောင် အစ်မ မမြင်လိုက်ဘူး" 

အခုထိတောင် ချိုးဆုအာသည် ထိတ်လန့်တုန်လှုပ်နေဆဲပင်။ သူမ၏လက်သည် ရင်ဘတ်ကို ညင်သာစွာ ဖိထားတာကြောင့် သူမရင်ဘတ်ပေါ်ရှိ တောင်ထိပ်လေးနှစ်ခုသည် ရွှီဖန်း၏ မျက်လုံးများအား လှုပ်ခါသွားစေခဲ့သည်။    

သို့သော် သူ့မိဘများ ရှိနေသောကြောင့် အလွန်အကျွံ မလုပ်ဝံ့ပေ။ သူ ချိုးဆုအာ၏အနားတွင် ထိုင်ပြီး သူ့မိဘများ မမြင်နိုင်တဲ့ ထောင့်ကနေ သူမ

ခါးအောက်ကို သူ့လက်အား ရွှေ့ခဲ့သည်။

"တကယ်တော့ ကိုယ် အလိုအလျောက် တုံ့ပြန်တာ မဟုတ်ခဲ့ပါဘူး၊ မကြာသေးခင်ကမှ ကိုယ်ခံပညာကျွမ်းကျင်တဲ့ သိုင်းပညာကို သင်ယူခဲ့လို့သာ"

ရွှီဖန်းမှ ပေါ့ပေါ့ပါးပါးပြန်ဖြေခဲ့ရာ မိဘများလည်း အများကြီးမတွေးနေတော့ပေ။ 

ချိုးဆုအာကလည်း ဘာမှပြန်မပြောပေ။ သူမသည် နီရဲနေသော မျက်နှာဖြင့် ခေါင်းငုံ့ထားကာ ရံဖန်ရံခါ ရှုံ့မဲ့နေခဲ့သည်။ မိဘများ၏အရှေ့တွင် ရွှီဖန်းတစ်ယောက် သူမကို ထိတွေ့နေခြင်းအား မကျေနပ်ကြောင်း သိသာလှသည်။    

သို့သော်လည်း ရွှီဖန်းကတော့ဘဂရုမစိုက်ပေ။ ချိုးဆုအာ၏ နီရဲနေသော မျက်နှာလေးကို ကြည့်ပြီး ရွှီဖန်း၏ နှလုံးသားက ခုန်သွားခဲ့သည်။    

"ဘာလုပ်စရာမှ မရှိတော့ဘူးဆိုရင် ဆုအာရေ ဟိုကိုသွားပြီးတော့ အလုပ်ကိစ္စတွေ ဆွေးနွေးကြရအောင်"    

ထိုသို့ပြောပြီးနောက် ရွှီဖန်းသည် ချိုဆုအာကို အခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။    

သူတို့ ဝင်ဝင်ပြီးချင်းမှာပင် သူမ 'အား!'ဟူ၍ အော်

လိုက်မိသည်။ ချိုးဆုအာ၏ အံ့အားသင့်သွားသော အော်သံနှင့်အတူ ရွှီဖန်းသည် သူမအား ခါးကနေ ကောက်ချီခဲ့သည်။

"မင်း လူဆိုးကောင်!"

ချိုးဆုအာသည် ရွှီဖန်းလုပ်ချင်နေသည့်အရာကို သိသော်လည်း သဘာဝကျစွာပင် သူမ မတားဆီးနိုင်တာကြောင့် ခွင့်ပြုရန်သာ တတ်နိုင်ခဲ့သည်။

အချိန်တစ်ခုအကြာမှာ ကောင်းကင်ကြီးလည်း မည်းမှောင်လာပြီး နှစ်ယောက်စလုံး အိပ်ပျော်သွားကြသည်။    

ယန်ပင်းကလည်း သစ်ပင်ပေါ်၌ တစ်ညတာ နေခဲ့သည်။    

နောက်တစ်နေ့တွင် ရွှီဖန်း နိုးလာပြီးနောက် ယန်ပင်းနှင့်အတူ ထွက်ခွာလာခဲ့သည်။ သူသည် ဝူထျန်းဆီ သွားရန် စီစဉ်ထားခဲ့သည်။ ရွှီဖန်း တစ်ညတာလုံးတွေးတောပြီးနောက်တွင် သူ့မိဘများကို ကာကွယ်

ရန်အတွက် စစ်တပ်၌သာ လုံးဝလုံခြုံသောနေရာ ရှိမှန်း သိခဲ့ပေသည်။

"ဟယ်လို ဗိုလ်မှူးဝူ"

လမ်းတွင် ရွှီဖန်းသည် ဝူထျန်း၏နံပါတ်ကို လှမ်းခေါ်ခဲ့သည်။ ထိုလူက စစ်တပ်ဗိုလ်မှူးဖြစ်၍ ကြိုတင်

သတင်းပို့ထားတာက ပိုကောင်းပေသည်။

****************

All Chapters