ဓားစာခံများကို ဖမ်းဆီးခြင်း
Vol. 20 Ch. 286
ရွှီဖန်း နှင့် ယန်ပင်းတို့သည် တက္ကစီကားကို ကားလုံးကျွတ်ငှားပြီးနောက် မူလတန်းကျောင်းအနီးသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ သို့သော်လည်း ယခုအချိန်တွင် ကျောင်းတံခါးပိတ်ထားဆဲဖြစ်သောကြောင့် သူတို့ တံခါးဝတွင် စောင့်ရန်မှတပါး ရွေးချယ်စရာမရှိပေ။
တစ်နာရီခန့်စောင့်ဆိုင်းပြီးနောက်မှာ ပြိုင်ကားတစ်
စီး၏အင်ဂျင်သံသည် သူတို့၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ပြိုင်ကားတစ်စီးက ကျောင်းရှေ့တွင် ရပ်
သွားပြီး နေကာမျက်မှန်တပ်ထားသော ရွှေရောင်
ဆံပင်ပိုင်ရှင်အသားဖြူအမျိုးသမီးတစ်ဦးသည်
ကားပေါ်မှဆင်းလာလေသည်။
ရွှီဖန်းသည် ဓာတ်ပုံများနှင့် ခဏလောက် သေသေချာချာ နှိုင်းယှဥ်ပြီးမှသာ ပြောလိုက်သည်။
"သူမပဲ"
ယန်ပင်းသည် ထိုစကားကိုကြားပြီးနောက် မျက်လုံးမများ ကျဥ်းမြောင်းသွားခဲ့သည်။
ထိုအချိန်တွင် ကျောင်းတံခါးကလည်း ပွင့်လာပြီးကျောင်းသားများက အနောက်မှ ထွက်လာကြသည်။
သို့သော် ထိုအချိန်တွင် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်သွားခဲ့သည်။ ထိုအမျိုးသမီး၏သည် သူ့အမေကိုမြင်၍ ချက်ချင်းပင် ပြေးလာလေ၏။
"သတိထား!"
ထိုအမျိုးသမီးဘက်မှ မတုံ့ပြန်နိုင်ခင်မှာပင် သူ့သားက ယောက်ျားကြီးတစ်ယောက်နှင့် ဝင်တိုက်သွားလေပြီ။ သဘာဝကျစွာပင် ထိုလူကြီးက လုံးဝ မလှုပ်သွားပေ။ သို့သော် ထိုအမျိုးသမီး၏သားကတော့ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ရွှီဖန်းသည် ထိုအမျိုးသမီး၏ မျက်နှာပေါ်ရှိ ဒေါသထွက်နေသော အကြည့်ကို မြင်လိုက်ရသည်။အမျိုးသမီးသည် လမ်းလျှောက်လာရင်း ထိုယောက်ျားကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်လေသည်။ ထင်ရှားသော လက်ချောင်းအမှတ်အသားကြီးကို အဝေးကပင် မြင်နိုင်ပေသည်။
ထွားကြိုင်းသော အမျိုးသားသည် နောက်ဆုံးတွင် တုံ့ပြန်တော့မည့်အခိုက် အမျိုးသမီး၏ပုံပန်းသွင်ပြင်
ကိုမြင်ကာ ရုတ်တရက် တုန်လှုပ်သွားပြီး အလျင်အမြန် ဦးညွှတ်ကာ တောင်းပန်လေသည်။
"စကိုလာရဲ့ အင်အားက မနည်းဘူးထင်တယ်"
ရွှီဖန်းနှင့် ယန်ပင်းသည် ထိုဇာတ်လမ်းကို အဝေးကနေ မြင်လိုက်ရပေသည်။
ထို့နောက် အမျိုးသမီးသည် သားဖြစ်သူနှင့်အတူ ကားထဲသို့ ဝင်ကာ ရွှီဖန်းနှင့် ယန်ပင်းလည်း လိုက်သွားခဲ့သည်။
ဤမြေနေရာသည် အာဏာပိုင်များ သိမ်းပိုက်ထားသော နေရာဖြစ်ပြီး အလွန်ကြီးမားသောကြောင့် နေအိမ်အများစုမှာ လွတ်နေခဲ့သည်။ လက်ရှိအချိန်
သည် ရွှီဖန်းနှင့် ယန်ပင်းအတွက် စတင်လုပ်ဆောင်ရမည့် အကောင်းဆုံးအချိန်လည်းဖြစ်သည်။
ဆင်ခြေဖုံးရပ်ကွက်ရှိ လမ်းပေါ်တွင် ရွှီဖန်းသည် လှည့်ပတ်ကြည့်ရှုစစ်ဆေးလိုက်သော်လည်း ဘယ်ကားတစ်စီးကိုမျှ ရှာမတွေ့ခဲ့ပေ။
"သူ့ ကားကို ကျော်တက်ပြီး တားလိုက်"
ရွှီဖန်း၏အမိန့်ကို လိုက်နာပြီး ယန်ပင်းကလည်း လီဗာကို အောက်ခြေအထိ နင်းလိုက်သည်။ ကားသည် လေးညှို့ဖြင့် ချိန်ထားခဲ့သည့် မြှားတစ်စင်းကဲ့သို့ မောင်းထွက်သွားခဲ့ပြီး အမျိုးသမီး၏ကား အရှေ့မှာ ရပ်ခဲ့သည်။
"သေစမ်း!"
အမျိုးသမီးသည် ကားပေါ်မှဆင်း၍ ရွှီဖန်းနှင့် ယန်
ပင်း၏ ကားရှေ့ကို ပြေးလာကာ သူတို့ကို ဒေါသတကြီး ကျိန်ဆဲနေခဲ့သည်။
ရွှီဖန်းသည် ထိုအခြေအနေကို မြင်ပြီး ပြုံးလိုက်သည်။ သူ ရှေ့ခုံတွင်ထိုင်ကာ မလှုပ်ရှားဘဲ နှုတ်ခမ်းကို တွန့်၍ ပြောလိုက်သည်။
"ဆက်လုပ်လိုက်"
ယန်းပင်းကလည်း အနည်းငယ် ခေါင်းညိတ်ကာ ကားပေါ်မှဆင်းပြီးနောက် အမျိုးသမီးအား တစ်ခုခုပြောနေခဲ့သည်။ ယန်ပင်းသည် ဘာသာစကားများစွာကို ကျွမ်းကျင်ပေသည်။
ခဏအကြာတွင် ယန်ပင်းသည် အမျိုးသမီး၏ လည်ပင်းကို ခုတ်ထစ်ရန် သူ့လက်ကို ဆန့်ထုတ်
ခဲ့ပြီး မကြာလိုက်ပေ၊ အမျိုးသမီးက ယန်ပင်း၏ ရင်ခွင်ထဲသို့ ပြုတ်ကျလာသည်။ အမျိုးသမီးကို ကားနောက်ခန်းသို့ ပို့ပြီးနောက် ယန်ပင်းသည် အမျိုးသမီး၏ကားထဲသို့ ဝင်ကာ စကိုလာ၏သားကိုလည်း စီစဥ်ထားသည့်အတိုင်း သယ်ဆောင်လာခဲ့သည်။
သို့သော် ထိုကောင်လေးကို ကိုင်တွယ်ရန်မှာ မလွယ်ကူခဲ့ပေ။ ယန်ပင်းသည် သူ့လက်နှင့်ခြေများကို ချည်နှောင်ရန် ကြိုးတစ်ချောင်းကို အသုံးပြုလိုက်မှာသာ ရုန်းကန်မှုက ရပ်တန့်သွားခဲ့သည်။ သို့သော် ယန်ပင်းသည် သူ့မျက်နှာပေါ်ရှိ သွေးစွန်းနေသော ခြစ်ရာသုံးခုကို ရှောင်လွှဲ၍မရခဲ့ပေ။
"ဟားဟား"
ရွှီဖန်းသည် ယန်ပင်းအား အကြင်နာမဲ့စွာကြည့်၍ သဘာဝကျစွာ ရယ်မောခဲ့လေသည်။
သို့သော် ယန်ပင်း၏ ကိုယ်ရည်ကိုယ်သွေးသည် များသောအားဖြင့် ခက်ထန်တာကြောင့် သူ ကြာကြာ မရယ်ခဲ့ပေ။
"အခု ငါတို့ ဘယ်သွားကြမှာလဲ"
"ဧည့်ကြိုရုံး"
"ဧည့်ကြိုရုံး?"
"ဟုတ်တယ် ငါ မင်းကို လိပ်စာပြောပြမယ်"
"ကောင်းပြီ။"
ရွှီဖန်းပေးသောလိပ်စာအတိုင်း ယန်ပင်းသည် ကားမောင်းသွားခဲ့ပြီး မကြာမီပင် ဧည့်ကြိုရုံးသို့ ရောက်လာသည်။ ၎င်းသည် သာမန်မိသားစု နေထိုင်ရာနှင့်
တူသည့် အိမ်တစ်လုံးသာဖြစ်သည်။
"ဒါက ဧည့်ကြိုရုံးလား"
ယန်ပင်းသည် သူတို့ရှေ့မှ အိမ်ကို ညွှန်ပြ၍ မေးမိသည်။
"ဟုတ်တယ်၊ သူတို့ကလည်း စစ်တပ်ကလူတွေပဲ"
ရွှီဖန်း ပြန်ပြောလိုက်ပြီး ယန်ပင်းအား ကားပေါ်မှ မဆင်းလာရန် အချက်ပြခဲ့သည်။ သူကိုယ်တိုင်ကတော့ကားပေါ်မှဆင်းပြီး တံခါးသွားခေါက်ခဲ့သည်။ သိပ်မကြာခင်မှာပင် တရုတ်မျက်နှာပေါက်နှင့် လူတစ်
ယောက်က တံခါးဖွင့်လာတာကို သူတွေ့လိုက်ရသည်။ရွှီဖန်းကိုတွေ့ပြီးနောက် သူက လေးစားစွာ လက်ဆွဲနှုတ်ဆက်လာလေသည်။
"ဒါရိုက်တာလု"
ရွှီဖန်းပြောခါနီးမှာ ဒါရိုက်တာလုက သူ့လက်ကို ဝှေ့ယမ်းလိုက်၍...
"အထဲမှာ စကားပြောရအောင်"
ရွှီဖန်း ခဏတာ အံ့သြသွားခဲ့သည်။ ထို့နောက် ယန်ပင်းအား ကားပေါ်မှဆင်းပြီး အမျိုးသမီးနှင့် ကလေးအား အိမ်ထဲသို့ ခေါ်ဆောင်လာရန် လက်ဝှေ့ယမ်းလိုက်သည်။
ဒါရိုက်တာလုသည် ယန်ပင်း၏ ရင်ခွင်ထဲရှိ အမျိုးသမီးနှင့် ကလေးငယ်ကို တွေ့လိုက်ရသောအခါအံ့ဩသွားခဲ့သည်။ ထို့နောက် သူ့မျက်နှာပေါ်တွင် မကျေမနပ်မှုများပေါ်လာသည်။
"မစ္စတာရွှီ ဒါက အပြင်လောကပါ၊ အခုလိုအပြုအမူကို လုပ်တာက နှစ်နိုင်ငံကြား အလွယ်တကူ အငြင်းပွားမှုတွေ ဖြစ်လာစေနိုင်တယ်"
ရွှီဖန်းသည် ထိုအရာကိုကြားပြီးနောက် ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့၊ လူမှုအဖွဲ့အစည်းအတွက် အန္တရာယ်များတဲ့လူကို ကူညီဖယ်ရှားဖို့ ကျွန်တော် ဒီကို ရောက်လာတာ၊ ကျွန်တော့်ကို မင်း ကူညီပေးဖို့ ဗိုလ်ချုပ်ဝူက ပြောထားပေမယ့် မင်းမှာ ဒီကိစ္စအတွက် ဘာမှပြောပိုင်ခွင့်မရှိဘူး"
ရွှီဖန်း၏ စကားက အလွန်ခိုင်မာနေသည်။
ဒါရိုက်တာလုသည် အနည်းငယ် မျက်မှောင်ကြုတ်
မိသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက်မှာ ဘာမှမပြောတော့ဘဲ နှစ်ယောက်ကို ဝင်ခွင့်ပေးခဲ့သည်။
တံခါးမှတဆင့် ဝင်သွားပြီးနောက် ယန်ပင်းသည် အမျိုးသမီးအား ကြိုးဖြင့်ချည်ကာ သူ့သားနှင့်အတူ အပေါ်ထပ်အခန်းတွင် ထည့်၍ လော့ခတ်ခဲ့သည်။
"သူမကိုနှိုးလိုက်ပါ"
ရွှီဖန်း ညွှန်ကြားလိုက်သည်။
ယန်ပင်း ခေါင်းညိတ်လိုက်ပြီး ရေတစ်ဇလုံဖြင့် အမျိုးသမီးကိုပက်ကာ နှိုးလိုက်သည်။
"အား! မင်းကဘယ်သူလဲ"
သို့သော်လည်း ယန်ပင်းက သူမ၏ပါးစပ်ထဲသို့ အထည်တစ်ထည်ကို ထည့်လိုက်တာကြောင့် အမျိုးသမီးသည် စကားပြော၍ မရတော့ဘဲ အော်ရုံသာ တတ်နိုင်ခဲ့သည်။
ရွှီဖန်းသည် ထိုအမျိုးသမီးကိုကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
"သူမကို မအော်စေနဲ့၊ မဟုတ်ရင် သတ်သာသတ်
ပစ်လိုက်"
ရွှီဖန်းက ယန်ပင်းကို ပြော၏။ ယန်ပင်းကမူ အမျိုးသမီးအတွက် ချက်ချင်း ဘာသာပြန်ပေးခဲ့သည်။
အမျိုးသမီးက ခေါင်းညိတ်သည်။
ထိုမှသာ ယန်ပင်းသည် သူမ၏ ပါးစပ်ထဲမှ အထည်ကို ဖယ်ရှားပေးခဲ့သည်။ အမျိုးသမီးသည် မအော်ခဲ့ဘဲ ရွှီဖန်းနှင့် ယန်ပင်းကို မျက်လုံးဖြင့် စကန်ဖတ်နေခဲ့သည်။
"စကိုလာကို ဖုန်းခေါ်ဖို့ ပြောလိုက်၊ မင်း ဘာပြောရမှန်း သိပါတယ်"
ရွှီဖန်း ညွှန်ကြားလိုက်ပြီး နောက်ကျောမှီ ဆိုဖာပေါ်မှာ ထိုင်ချလိုက်သည်။
ယန်ပင်းသည် ရွှီဖန်းနားမလည်သော ဘာသာစကားဖြင့် အမျိုးသမီးနှင့် စကားပြောခဲ့ကာ ဖုန်းခေါ်ဆိုခဲ့သည်။ သို့သော် ဖုန်းဝင်သွားသည့်အခိုက်တွင် အမျိုးသမီးသည် ရူးသွပ်သွားပုံရပြီး ဖုန်း၏အခြားတစ်ဖက်ရှိ စကိုလာနှင့် စကားပြောခဲ့သည်။ ယန်
ပင်းသည် ချက်ချင်းပင် ဖုန်းကို လုယူလိုက်ပြီး စကိုလာကို စကားအနည်းငယ်ပြောလိုက်သည်။
ဖုန်းချပြီးနောက် ယန်ပင်းသည် တစ်ဖက်ကို လှည့်ပြီး ရွှီဖန်းကို တင်ပြခဲ့သည်။
"ပြီးပြီ၊ သူ့မိန်းမနဲ့သားက ငါတို့လက်ထဲမှာ ရှိနေတယ်ဆိုပြီး စကိုလာကိုပြောခဲ့တယ်၊ မကြာခင် သူဖုန်းထပ်ခေါ်လာမယ်ထင်တယ်"
မကြာလိုက်ပေ၊ မျှော်လင့်ထားသည့်အတိုင်းပင် စကိုလာမှ ဖုန်းခေါ်ဆိုမှု ဝင်လာသည်။ ယန်ပင်းနှင့်စကိုလာတို့ကြား ခဏတာ စကားဖလှယ်ပြီးနောက် ယန်ပင်း ဖုန်းချလိုက်သည် ။
"ဆီဇာရင်ပြင်က ဘားတစ်ခုဆီကို သူတို့ ခေါ်လာခိုင်းတယ်။"
ရွှီဖန်း ခဏလောက်စဉ်းစားပြီး
"သူတို့ကို အရင်ခေါ်ခဲ့ဖို့ပြောလိုက်၊ ပြီးရင် ငါတို့ဆီကို ဗီဒီယိုပို့ခိုင်းပြီး မုရုန်လင် ဘယ်မှာလဲဆိုတာ ပြောပြခိုင်းလိုက်ပါ"
ရွှီဖန်းသည် စကိုလာမှ ချုံခိုတိုက်ခိုက်မည်ကို မကြောက်ပေ။ စကိုလာက သူ့စကားအတိုင်း မုရုန်
လင်ကို မခေါ်လာမှာကိုသာ ကြောက်ပေသည်။ ထိုသို့ဆိုလျှင် သူတို့ အချိန်ဖြုန်းမိသလို ဖြစ်သွားလိမ့်မည်။
"ကောင်းပြီ"
ယန်ပင်း ခေါင်းညိတ်ကာ စကိုလာကို အမြန်ပြန်
ခေါ်လိုက်သည်။ စကိုလာ၏ သဘောတူညီမှုကိုရရှိပြီးနောက် ချိန်းထားသည့်အချိန်သည် ညနေခုနစ်နာရီနောက်ပိုင်းဖြစ်သည်။
"မင်းတို့စားပြီးပြီလား အနားယူချင်သေးလား"
ကိစ္စဖြေရှင်းပြီးသွားသည်ကို မြင်သော် ဒါရိုက်တာလုက ဝင်ပြောလာသည်။
"အင်း ကျွန်တော်တို့ တကယ် ဗိုက်ဆာနေပြီ"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက်စလုံးမစားရသေးပေ။
သိပ်မကြာခင်မှာပင် ဒါရိုက်တာလုသည် ထမင်းစားရန် ပြင်ပေးလာခဲ့သည်။ ရွှီဖန်းသည် ဤနိုင်ငံခြားမှ အစားအစာများကို မစားဖူးသော်လည်း အရသာကမူ ကောင်းနေဆဲပင်။
ညနေ လေးနာရီရှိပြီဖြစ်ရာ ရွှီဖန်းကလည်း ဘာမှလုပ်စရာမရှိတော့ပေ။ နိုင်ငံရပ်ခြားသွားရန် ခဲယဥ်းလိမ့်မည့် သူထင်သည့်အတွက် ဘာမှမဟုတ်ဘဲ တရုတ်ပြည်ကို မပြန်သွားနိုင်ပေ။
"ဒါရိုက်တာလု လက်ဆောင်ပစ္စည်းဆိုင်တွေက ဒီနားလေးမှာပဲမလား၊ ဒီည မစ်ရှင်ပြီးရင် ကျွန်တော် သွားဖို့ အချိန်မရှိတော့ဘူး၊ ဒါကြောင့် တစ်ခုခုပြန်
သယ်သွားရအောင် ကျွန်တော် လက်ဆောင်ပစ္စည်းတွေ အခု သွားဝယ်ဖို့ စီစဉ်ထားတယ်"
ဒါရိုက်တာလုသည် ခဏတာမျှ အံ့အားသင့်သွားခဲ့သည်။ ဒီလိုအချိန်တွင်ပင် ဤလူမှာ လက်ဆောင်
ဝယ်ရန် စိတ်အားထက်သန်နေသေးသည်။ ထို့ကြောင့် စစ်တပ်က ငှားရမ်းထားသော ဤသူသည် ယုံကြည်လို့ရသည်၊ မရသည်ကို သူတကယ်ပင် မသိပေ။ ဒါရိုက်တာလုသည် ဤအကြောင်းကို စိတ်ထဲမှာ တွေးနေသော်လည်း ရွှီဖန်းအား စောစောပြန်လာရန်တော့ ပြောခဲ့သည်။
ရွှီဖန်း ခေါင်းညိတ်ပြပြီး ဒါရိုက်တာလုကို အမေနဲ့သားအားဂရုစိုက်ရန် ပြောခဲ့သည်။ သူနှင့် ယန်ပင်းကတော့ပစ္စည်းများဝယ်ရန် ကားဖြင့်ထွက်လာကြသည်။ နောက်ဆုံးမှာ ရွှီဖန်းမရှိပါက တစ်ခုခုလုပ်ရန် ခက်ခဲပေလိမ့်မည်။
ဒါရိုက်တာလုပေးသည့် လိပ်စာအတိုင်း ရွှီဖန်းနှင့် ယန်ပင်းတို့သည် ကုန်တိုက်တစ်ခုသို့ ရောက်လာကြသည်။
"ဒီနေရာပဲ၊ ဆင်းတော့"
သူတို့နှစ်ယောက် ကားပေါ်မှဆင်းကာ ဓါတ်လှေကားမှတဆင့် အထပ်ငါးထပ်သို့ တက်ခဲ့သည်။
ဒါရိုက်တာလု၏ အဆိုအရ ငါးထပ်မြောက်သည် အခြေခံအားဖြင့် အဆင့်မြင့်ကုန်ပစ္စည်းများရောင်းသည့်နေရာ ဖြစ်သည်။ ချိုးဆုအာနှင့် သူ့မိဘများသည် သူတို့အတွက် ဝယ်ခဲ့တာတွေကို မည်သည့်ဘရန်းဟူ၍ မပြောနိုင်သော်လည်း ရှယန်ယွိကတော့ မတူပေ။ ထို့အပြင် ရွှီဖန်းသည် ယခုအချိန်တွင် ငွေကြေးလုံလုံလောက်လောက်ရှိတာကြောင့် သူတို့အတွက် ဒေါ်လာသောင်းကျော် ဖြုန်းရသည်မှာ စိတ်ထဲဘယ်လိုမှမနေပေ။
ပဉ္စမထပ်သို့ရောက်သောအခါ နှစ်ယောက်စလုံးဓာတ်လှေကားမှ ဆင်းခဲ့ကြသည်။ ဤအထပ်ရှိ အလှဆင်ထားမှုများကို ကြည့်ခြင်းအားဖြင့် ဇိမ်ခံပစ္စည်းများဖြင့် ပြည့်နေမှန်း သိနိုင်ပေသည်။
နောက်ဆုံးတွင် ရွှီဖန်းသည် ရှယန်ယွိနှင့် ချိုးဆုအာ အတွက် အလှကုန်တစ်စုံစီ ဝယ်ခဲ့ပြီး သူ့မိဘများအတွက် အဝတ်အစားများကို ဝယ်ခဲ့သည်။
သို့သော် နှစ်ယောက်သား ထွက်ခွာခါနီးတွင်...
"မင်း သေလမ်းကို ရှာနေတာလား!"
အမျိုးသမီးတစ်ဦးသည် အလှကုန်ဆိုင်မှ မောင်းထုတ်ခံခဲ့ရပြီး ရွှီဖန်း၏ ခြေရင်း၌ လဲကျသွားခဲ့သည်။ ထိုအမျိုးသမီးသည် ကီမိုနိုကို ၀တ်ဆင်ထားပြီး သူမ၏အသံမှာ တရုတ်စကားဖြစ်နေသည်။
အမျိုးသမီးက မထနိုင်ခင်မှာ ဘေ့စ်ဘောရိုက်တံကို ကိုင်ဆောင်ထားသော ကြမ်းတမ်းခက်ထန်သည့်
မျက်နှာပိုင်ရှင် အမျိုးသားတစ်ဦးသည် အမျိုးသမီးဆီ ရောက်လာပြီး စကားတစ်ခွန်းမှ မပြောဘဲ သူမရဲ့ ခန္ဓာကိုယ်ပေါ်ကို ဘေ့စ်ဘောရိုက်တံဖြင့် ရိုက်ချလိုက်သည်။
အော်ဟစ်လိုက်သော အမျိုးသမီးသည် ခေါင်းကိုမော့၍ ရွှီဖန်းကို ကြည့်လာသည်။ ဘေ့စ်ဘောရိုက်
တံသည် ရွှီဖန်း၏လက်ထဲတွင် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ခံထားရသည်။ ထိုလူသည် ဘေ့စ်ဘောရိုက်တံကို ပြန်ဆွဲချင်သော်လည်း ဘေ့စ်ဘောရိုက်တံက ရွှီဖန်း၏လက်ထဲမှာ လုံးဝမလှုပ်ပေ။
"သူများကိစ္စမှာ မစွက်ဖက်နဲ့"
"အိုး"
ရွှီဖန်း ပြန်တုံ့ပြန်ပြီး ရိုက်တံကို ချက်ချင်းပြန်
လွှတ်ပေးလိုက်သည်။ ထိုလူက တုန်တုန်ယင်ယင်နှင့် ဘေ့စ်ဘောတံကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"မင်း!"
ထိုလူက ချက်ချင်း ဒေါသထွက်သွား၍ ပေါက်ကွဲတော့မည့်အချိန်တွင် သူ၏တပည့်များသည် အံ့သြဖွယ်ရာ တစ်ခုခုကို မြင်လိုက်ရသကဲ့သို့ ရုတ်တရက် လန့်သွားကြသည်ကို သူတွေ့ခဲ့ရသည်။ သူထိုအကြည့်များနောက် လိုက်ကြည့်ခဲ့ရာ သူ၏ဘေ့စ်ဘောရိုက်တံတွင် ရွှီဖန်းဖိထားခဲ့သော လက်ငါးချောင်းအရာကြီး ကျန်ခဲ့သည်ကို တွေ့လိုက်ရသည်။
ထိုလူသည် ဤအရာကို မြင်ပြီးနောက်မှာ ကြောက်
လွန်းသဖြင့် လှုပ်တောင်မလှုပ်ရဲခဲ့ပေ။ သူ ရွှီဖန်းအား ကြည့်၍ တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။
သို့သော် ရွှီဖန်းကတော့ တုံ့ပြန်ရန် အလွန်ပျင်းရိနေသည်။ သူ ဒီအမျိုးသမီးကို ကူညီပေးခဲ့ရသည့်
အကြောင်းအရင်းကတော့ ဤမရင်းနှီးသောပတ်ဝန်းကျင်တွင် တရုတ်ပြည်ဟူသည့်ကို စကားကို ကြားခဲ့ရခြင်းကြောင့်ပင်။ သို့သော်ငြား သူကယ်တင်ခဲ့သော အမျိုးသမီးသည် ရွှီဖန်းနောက်ကွယ်တွင် ပုန်းနေပြီး သူနားမလည်သည့် အရာတစ်ခုကို တီးတိုးပြောနေကာ သူ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
သို့သော် ရွှီဖန်းအတွက် ထိုစကားလုံးများသည် အလွန်ရင်းနှီးသလိုရှိရာ ယခင်က သူ တိတ်တဆိတ်
ကြည့်ရှုခဲ့ဖူးသော အက်ရှင်ဇာတ်ကားများထဲကကဲ့သို့ ခံစားမိပေသည်။
သူမက Xနိုင်ငံက တစ်စုံတစ်ဦးဖြစ်နေမလား။
Xနိုင်ငံသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည်။ ရွှီဖန်းသည် Xနိုင်ငံ မိန်းကလေးတစ်ဦးကို အမှန်တကယ် ကယ်တင်မိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
************************