← Chapters

ရဲနှင့်ပူးပေါင်းခြင်း

Vol. 20 Ch. 287

ရဲနှင့်ပူးပေါင်းခြင်း

Vol. 20 Ch. 287

"ဒီနေရာကနေ အရင်ထွက်သွားရအောင်၊ မင်း သူမနဲ့ ခဏလောက် စကားပြောသင့်တယ်" 

ရွှီဖန်းသည် ယန်ပင်းကို အမိန့်ပေးပြီးနောက် ဓာတ်

လှေကားတံခါးဆီသို့ ဦးတည်၍ လျှောက်သွားခဲ့သည်။    

ယန်ပင်းသည် Xနိုင်ငံ၏ဘာသာစကားကိုလည်း ကျွမ်းကျင်ပုံရသည်။ ကောင်မလေးနှင့် စကားပြောရာ၌ ချောချောမွေ့မွေ့ဖြစ်နေပြီး သူတို့နှစ်ဦးသည် ရွှီဖန်း၏ ခြေရာအတိုင်းလိုက်ကာ ဓာတ်လှေကားပေါ်သို့ တက်ခဲ့ကြသည်။    

ကားပါကင်သို့ရောက်သောအခါ ယန်ပင်းတို့ ကားပေါ်တက်လိုက်ပြီး သုံးယောက်သား အမြန်မောင်းထွက်လာခဲ့သည်။ နောက်ဆုံးမှာ ဤနေရာသည် သူများနိုင်ငံ ဖြစ်ပေသည်၊ ဒုက္ခတချို့ကို ကြိုရှောင်တာ 

ပိုကောင်း၏။

လမ်းတွင် ရွှီဖန်းသည် မိန်းကလေးနှင့် ဆက်သွယ်

ရန်အတွက် ယန်ပင်း၏ ဘာသာပြန်စကေးကို အားကိုးခဲ့ရသည်။    

"မင်းက Xနိုင်ငံကလား။"    

"ဟုတ်ပါတယ်"

"မင်းဘာလို့ဒီကိုရောက်နေတာလဲ?"    

"ဒီနိုင်ငံမှာ ကျွန်မ စာလေ့လာနေတာ၊ ကျွန်မ အဲဒီဆိုင်မှာ အလုပ်လုပ်နေတုန်း သူတို့ရဲ့ လျို့ဝှက်ချက်ကို တွေ့ခဲ့တယ်" 

ကောင်မလေးက ငိုလျက် အကြောင်းစုံ ပြောပြလာသည်။

အကြောင်းအရင်းကို နားလည်ပြီးနောက် ထိုဆိုင်သည် စကိုလာနှင့် ပတ်သက်ကြောင်း သိရှိခဲ့ရပြီး စကိုလာ၏ ရာဇ၀တ်မှုလုပ်ရပ်များ ပေါ်သွားခဲ့တာကြောင့် သူတို့သည် ထိုမိန်းကလေးအား နှုတ်ပိတ်ရန် ဖမ်းဆီးချင်ခဲ့သည်။ ယနေ့တွင် ရွှီဖန်းသည် သူမအား အမှတ်မထင် ကယ်တင်မိခဲ့ခြင်းပင်။

"ဒီကိုရောက်လာဖို့ တကယ်ကို အများကြီး အားထုတ်

စရာမလိုခဲ့ဘူးပဲ"

ရွှီဖန်းတစ်ယောက် သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်မိသည်။    

"ဘာကိုဆိုလိုတာလဲ"

ဒါကို ယန်ပင်း ကြားပြီးနောက် ရွှီဖန်းအား စိတ်ရှုပ်ထွေးစွာ မေးလာခဲ့သည်။    

ရွှီဖန်းက ခေါင်းလှည့်၍ ယန်ပင်းကိုကြည့်ကာ ရှင်းပြခဲ့သည်။

"ဒီမှာ ငါတို့ရဲ့လုပ်ရပ်တွေက တရုတ်နဲ့ ပြင်ပနိုင်ငံကြားက ဆက်ဆံရေးကို ထိခိုက်စေမှာ စိုးရိမ်ခဲ့မိတယ်၊ အခု ငါတို့မှာ စကိုလာရဲ့ရာဇ၀တ်မှုဆိုင်ရာသက်သေကို ရထားပြီးပြီဆိုတော့ ဒေသခံရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ ရတယ်"

"ဒါပေမယ့် စကိုလာက ဒီမှာ သြဇာကြီးမားတဲ့အတွက် သူ အစိုးရနဲ့ ပတ်သက်ဆက်နွှယ်နေမှာပဲ ကြောက်မိတယ်"

ယန်ပင်းက ပြောသည်။    

ရွှီဖန်း ခဏတာမျှ စဉ်းစား၍ သဘောတူလိုက်မိသည်။ မဟုတ်လျှင် စကိုလာက အလွန်မောက်မာနေလိမ့်မည်မဟုတ်ပေ။

"ငါတို့ပြန်ရောက်မှ ဒါရိုက်တာလုနဲ့ ဆွေးနွေးတာ ပိုကောင်းလိမ့်မယ်"

အိမ်သို့ပြန်ရောက်ပြီးနောက် ရွှီဖန်းသည် ကောင်မလေးအား အပေါ်ထပ်သို့မတက်စေဘဲ ပထမထပ်တွင်သာ သန့်စင်ရန်စီစဉ်ပေးခဲ့သည်။    

ဒါရိုက်တာလုကိုမူ အပေါ်ထပ်သို့ ခေါ်ပြီးနောက် ရွှီဖန်းသည် အဖြစ်အပျက်ကို ပြောပြခဲ့သည်။    

ဒါရိုက်တာလုက ပြန်မပြောခင်မှာ ခဏတာလောက် တွေးနေခဲ့သည်။

"ငါသိရသလောက်တော့ ဒီမြို့ရဲ့ အထူးရဲတပ်ဖွဲ့မှူးက မကောင်းတဲ့လူတွေကို မုန်းတီးတဲ့ ထူးထူးခြားခြား အမျိုးသမီးပဲ၊ နောက်ပြီး သူမမှာ နောက်ခံကြီးကြီးမားမားရှိပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အထူးရဲတပ်မှူးလည်း ဖြစ်ခဲ့တယ်ဆိုပြီး ကြားခဲ့ဖူးတယ်"

"အိုး"

ဤသတင်းကိုကြားတော့ ရွှီဖန်းတစ်ယောက် မျက်လုံးမှေးကျဥ်းမိသည်။

"ကျွန်တော့်အတွက် သူမကိုဆက်သွယ်ပေးလို့ရမလား"    

"ရတယ်"

ဒါရိုက်တာလုသည် ခေါင်းညိတ်လိုက်ပြီး ဖုန်းခေါ်ရန် တစ်ဖက်ကို လှည့်ထွက်သွားလေသည်။    

"သူမ မကြာခင် လာမယ်လို့ ပြောတယ်"    

နာရီဝက်လောက်ကြာတော့ ရဲတပ်ဖွဲ့မှူးသည် ဒါရိုက်တာလုအိမ်သို့ ရောက်လာသည်။

သူမ ဝင်လာချိန်မှာ ရွှီဖန်းအနည်းငယ် အံသြသွားရသည်။ သူ့မှတ်ဥာဏ်ထဲမှာတော့ ဒီလောက်ချောမောလှပသည့် ရဲတပ်ဖွဲ့မှူးမျိုး တစ်ယောက်မှ မရှိခဲ့ပေ။

ရွှီဖန်း သူမအား စိုက်ကြည့်နေတာကိုမြင်တော့ ရဲတပ်ဖွဲ့မှူး၏မျက်လုံးများ၌ မကျေနပ်မှုအရိပ်အယောင်များပေါ်လာသည်။ သူမ ဒါရိုက်တာလုအား တရုတ်လို တင်းတင်းမာမာဖြင့် ပြောလိုက်သည်။ 

"စကိုလာကို ဖော်ထုတ်ဖို့ ငါ့ကို ဒီနေရာ လာခိုင်းတယ်ဆိုတော့ မင်းမှာ သက်သေအခိုင်အမာရှိထားလို့လား "    

"အရာရှိအဲလစ် ငါတို့မှာ သက်သေမရှိရင် မင်းကို ဒီကို လာခိုင်းမှာမဟုတ်ပါဘူး။" 

ဒါရိုက်တာလုနှင့် ရဲတပ်ဖွဲ့မှူးအဲလစ်သည် တစ်

ယောက်နှင့် တစ်ယောက် ကောင်းကောင်းသိနေကြမှန်း သိသာပေသည်။

ထို့နောက် ဒါရိုက်တာလုက အဲလစ်အား မိတ်ဆက်ပေးလာသည်။

"ဒါက ငါတို့ရဲ့စစ်တပ်အဖွဲ့ဝင်ပါ၊ သူ ဒီကို တာဝန်

နဲ့လာခဲ့တာ...သူ့နာမည်က ရွှီဖန်းဖြစ်ပြီး၊ သူ့ကို ယန်

ပင်းလို့ ခေါ်တယ်"

ဒါရိုက်တာလု၏ စကားကြောင့် ရွှီဖန်အံ့သြသွားသည်။ သူ့အထောက်အထားကိုပါ ဖော်ပြလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။    

ရွှီဖန်း သူ့ ခေါင်းကို လှည့်၍ ဒါရိုက်တာလုကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။    

ဒါရိုက်တာလုသည်လည်း ရွှီဖန်း၏အကြည့်ကြောင့် အစပိုင်းတွင် အံ့အားသင့်သွားခဲ့သော်လည်း တစ်စုံတစ်ရာကို သူသဘောပေါက်သွားခဲ့သည်။ သူရယ်မောလိုက်ကာဖြင့်

"ဒီနေရာက တရုတ်ပြည်ရဲ့အထူးဧည့်ကြိုရုံးဆိုတာ အရာရှိအဲလစ်က သိထားတယ်၊ ဒါကြောင့် ဖုံးကွယ်ထားစရာ ဘာမှမရှိဘူး"   

ရွှီဖန်းလည်း ထိုအကြောင်းကို စဉ်းစားမိသည်။ သူမသည် အထူးရဲတပ်ဖွဲ့မှူးဖြစ်ရာ ဒီနေရာ၏ အခြေအနေကို မသိထားလျှင် တစ်ယောက်တည်း ရောက်လာလိမ့်မည်မဟုတ်ပေ။

ရွှီဖန်း သူ့လက်ကို ဆန့်တန်းလျက်...

"မင်္ဂလာပါ အရာရှိ အဲလစ်"    

သို့သော် အဲလစ်သည် ရွှီဖန်းအား လျစ်လျူရှုထားခဲ့သည်။ သူမသည် ရွှီဖန်း၏ မထိန်းချုပ်ထားသောမျက်လုံးများအပေါ်၌ ဆိုးရွားသော အမြင်ရှိနေခဲ့တာ သေချာပေသည်။

ဒါကိုမြင်တော့ ရွှီဖန်းတစ်ယောက် ဟန်လုပ်ရယ်မောခဲ့ကာ သူမ၏အပြုအမူအား ဂရုမစိုက်တော့ပေ။

"စကိုလာရဲ့ ရာဇ၀တ်မှုဆိုင်ရာ သက်သေတွေ ငါတို့မှာရှိတယ်၊ အဲ့ဒါတွေကို မင်းလိုအပ်တာလည်း ငါသိတယ်။"    

ထို့နောက် ရွှီဖန်းသည် စကားပြောနေခြင်းကို ရပ်

ပြီး အဲလစ်ကိုကြည့်ကာ သူမ၏ တုံ့ပြန်မှုကို စောင့်နေလိုက်သည်။

အဲလစ်သည် ရွှီဖန်းအား ဆက်ပြောရန် အချက်ပြ

သည့်အလား ခေါင်းညိတ်ပြလေသည်။    

"ဒါပေမယ့် ဒီတစ်ကြိမ်မှာ ငါတို့ကလည်း မစ်ရှင်တစ်ခုကြောင့် ရောက်လာတာ၊ ဒါကြောင့် နှစ်ဖက်သဘောတူညီချက်တစ်ခုရဖို့ လိုတယ်"    

"ဘာသဘောတူညီချက်လဲ။"    

"မင်း စကိုလာကို ဖမ်းလို့ရအောင် ငါတို့ကူညီပေးနိုင်

တယ်၊ ဒါပေမယ့် ငါတို့ မစ်ရှင်ကို ပြီးမြောက်အောင်

လုပ်နိုင်ခဲ့ပြီးရင် အရှုပ်အရှင်းမရှိဘဲ တိုင်းပြည်ကနေ ထွက်သွားခွင့်ပေးမယ်ဆိုတဲ့အချက်ကို မင်းဘက်က အာမခံပေးဖို့ လိုအပ်တယ်။"    

အဲလစ်သည် ထိုစကားကိုကြားတော့ အံ့ဩသွားခဲ့သည်။

"မင်း...မင်းတို့နှစ်ယောက်က စကိုလာကို ဖမ်းပေးမယ်လို့ ပြောနေတာလား၊ လာနောက်နေတာလား။"    

ရွှီဖန်းကလည်း အဲလစ်၏ သံသယများကို သဘာဝကျစွာ သိပေသည်။ 

"ဒါက ငါတို့ကိစ္စပါ...မင်း စိတ်မချရင် သူတို့ကို အပြင်ကနေ စောင့်ကြည့်နေလို့ရတယ်၊ ငါတို့မအောင်မြင်ခဲ့ဘူးဆိုရင် မင်း ဝင်တိုက်ခိုက်နိုင်တယ်"    

"ငါသဘောမတူဘူး၊ ဘာလို့ တစ်ခါတည်း ဝင်မတိုက်ခိုက်တာလဲ။" 

အဲလစ်က ရွှီဖန်းအား သိပ်မယုံတာ သိသာပေ၏။

ဤခရီးစဉ်၌ မုရုန်လင်၏ ဘေးကင်းမှုကို သေချာအောင် လုပ်ထားရပေမည်။ သူတို့သာ အဲလစ်ကို အရင် အရေးယူခွင့်ပေးလိုက်လျှင် မုရုန်လင်အား သူတို့ ပြန်ရနိုင်လိမ့်မည် မဟုတ်ပေ။ ရွှီဖန်းသည် ထိုအစီအစဥ်အပေါ်၌ သိပ်ယုံကြည်မှုမရှိပေ။ 

"အမှန်အတိုင်းပြောရရင် ဓားစာခံတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် မင်းတို့ကိုလည်း ငါမယုံဘူး၊ မင်းအတင်းလုပ်ချင်ရင်တော့ သဘောတူညီချက်ကို လက်လွှတ်လိုက်ကြတာပေါ့၊ ငါကလည်း စကိုလာရဲ့ သက်သေကို တရုတ်ပြည်ရောက်မှ နိုင်ငံ့အကြီးအကဲတွေကို ပေးလိုက်မယ်။"    

"မင်း!"

အဲလစ်ကလည်း ရွှီဖန်းမှ ဒီလောက်ထိ စိတ်

ပိုင်းဖြတ်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"မင်းတို့နှစ်ယောက်က ငါတို့အထူးရဲတပ်ဖွဲ့နဲ့ ယှဉ်နိုင်

မယ်လို့ ထင်နေလား"    

ဒါကို ကြားတော့ ရွှီဖန်း ညင်သာစွာ ပြုံး၍ လက်ကို ဝှေ့ယမ်းလိုက်သည်။

"ငါဆိုလိုတာလည်း အဲ့ဒီသဘောပါပဲ"

ရွှီဖန်းမှ ထိုကဲ့သို့ပြောလာသည့်အခါ လေထုက ချက်ချင်းတင်းမာသွားလေသည်။ အဲလစ်သည် ရွှီဖန်းအား ခဏတာမျှ စိုက်ကြည့်ပြီးနောက် ရုတ်တရက်

ပင် သူမ၏သေနတ်ကို ဆွဲထုတ်ရန် ခါးဆီသို့ လက်လှမ်းလိုက်သည်။ သို့သော် ရွှီဖန်း၏ မိုးပျံအိုးကျမ်း၊ တတိယအဆင့်ကျင့်ကြံမှုကြောင့် အဲလစ်၏အပြုအမူသည် ရွှီဖန်း၏ မျက်လုံးထဲတွင် ခရုတစ်ကောင်လှုပ်ရှားနေသည့်အလားပင်။

အဲလစ်မှ လှုပ်ရှားလိုက်သည်နှင့် ရွှီဖန်းသည် အဲလစ်၏ခါးမှ သေနတ်ကို ယူပြီးလေပြီဖြစ်သည်။

အရာအားလုံးသည် အဲလစ်၏မျက်လုံးရှေ့တွင် ဖျက်ကနဲ ဖြစ်ပျက်သွားခဲ့သည်။ အဲလစ်၏လက်က 

လေအလွတ်ကိုသာ ဆုပ်ကိုင်မိသည့်အခိုက်အတန့်

တွင် သူ့သေနတ်အား လက်တစ်ချောင်းတည်းဖြင့် ကိုင်ထားသော ရွှီဖန်းကို တွေ့လိုက်ရသည်။

ရွှီဖန်းကိုကြည့်ရင်း အဲလစ်၏မျက်နှာ၌ ကြောက်ရွံ့မှုနှင့် မယုံကြည်မှုများ ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်မှ အလွန်လျင်မြန်စွာ ရွေ့လျားနိုင်ခြင်းမှာ မထူးဆန်းသော်လည်း လက်ရှိဖြစ်ပျက်သွားတာကတော့ တစ်ကယ်ကို ကိစ္စအကြီးအမားပင်။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ရွှီဖန်းဘက်မှ အရင်စကားခဲ့သည်။ 

"ငါတို့နဲ့ ကျေကျေနပ်နပ် ပူးပေါင်းဆောင်ရွက်နိုင်ပြီလို့ ထင်မိပါတယ်"

ရွှီဖန်းသည် သူ့လက်အား လုံးဝယုံကြည်မှုရှိစွာဖြင့် အဲလစ်ထံသို့ နောက်တစ်ကြိမ် ကမ်းပေးခဲ့သည်။    

ဒီတစ်ကြိမ်မှာတော့ အဲလစ်လည်း ရွှီဖန်းအား အထင်မသေးရဲတော့ပေ။ သူမ ရွှီဖန်းအား မှင်သက်စွာ ကြည့်ပြီး သူ့လက်ကိုပြန်ဆွဲမိသည်။

"ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုပါပဲ"

တစ်ဖက်တွင် ဒါရိုက်တာလုက တည်ငြိမ်စွာဖြင့် နှစ်ယောက်စလုံးကို ပြောလာသည်။

"တံခါးနားမှာ ရပ်မနေနဲ့တော့၊ အထဲကို ဝင်ပြီး စကားပြောကြရအောင်"

သို့နှင့် အခန်းထဲသို့ အကုန်လုံး ဝင်လာကြသည်။ ရွှီဖန်းသည် X နိုင်ငံမှ မိန်းကလေးအား ခေါ်ပြီး အဲလစ်နှင့်အတူ အခြေအနေကို ဆွေးနွေးခဲ့သည်။    

သိပ်မကြာခင်မှာပင် အဲလစ်သည် ရွှီဖန်းနှင့် လက်ဆွဲနှုတ်ဆက်ပြီး သူမ၏ မျက်နှာပေါ်၌ အန္တရာယ်များသော အကြည့်ကို ဖော်ဆောင်ကာ ထွက်သွားခဲ့သည်။

စကိုလာနှင့် ချိန်းဆိုထားသည့်အချိန်ကို ရောက်ရန် တစ်နာရီသာ ကျန်တော့သည်။ ရွှီဖန်းနှင့် ယန်ပင်းတို့သည် ဆီဇာရင်ပြင်သို့သွား၍ ထိုနေရာတွင် စောင့်ဆိုင်းနေရန် လိုအပ်ပေသည်။ သူတို့ ဗီဒီယိုကို ရိုက်ပြီးသည်နှင့် မုရုန်လင်အား အဝေးသို့ ရွှေ့သွားနိုင်ခြေ ရှိသေးတာမလို့ ရွှီဖန်းသည် သူတို့အား ရွှေ့ပြောင်းရန် အချိန်မပေးနိုင်ပေ။

ရွှီဖန်းသည် အဲလစ်ဘက်ခြမ်းကို ဂရုမစိုက်ပေ။ သူ သက်သေများကို ပေးခဲ့ပြီးပြီဖြစ်ရာ အဲလစ်ဘက်မှ သူတို့အား စောင့်ကြည့်ခြင်း၊ မကြည့်ခြင်းက သူမ၏ ကိစ္စသာဖြစ်သည်။ သူတို့ မစ်ရှင်ကို ဘေးကင်းစွာ ပြီးမြောက်အောင်မြင်ပြီး နှစ်နိုင်ငံကြား၌ အငြင်းပွားမှုမဖြစ်စေဘဲ အိမ်ကို အေးဆေးစွာ ပြန်နိုင်သရွေ့ ကျန်သောကိစ္စများသည် သူနှင့်မသက်ဆိုင်ပေ။ 

ရွှီဖန်းနှင့် ယန်ပင်းသည် သားအမိနှစ်ယောက်အား သူတို့နှင့်အတူ ခေါ်ဆောင်သွားမည်မဟုတ်ပေ။ မုရုန်လင်းရှိကြောင်းကို အတည်ပြုထားသည်နှင့် ရွှီဖန်းသည် ဓားစာခံကို သေချာပေါက် လဲလှယ်ပေးမှာဖြစ်သည်။ သူတို့ဘက်မှ သားအမိကို တူတူခေါ်ဆောင်သွားပြီးကာမှ မုရုန်လင်းမရှိလျှင် သူတို့ဘက်မှ ဆုံးရှုံးကာ လုပ်ကွက်လည်း ပျောက်ကွယ်သွားလိမ့်မည်။

သို့နှင့် ရွှီဖန်းနှင့် ယန်ပင်းသည် ဆီဇာရင်ပြင်သို့ တစ်

နာရီအတွင်း ကားမောင်းသွားခဲ့သည်။ ကားထဲတွင် တစ်နာရီလောက်စောင့်ပြီးမှ စကိုလာက ဗီဒီယိုကို အချိန်မီ ပို့ပေးလာသည်။ ဗီဒီယိုထဲတွင် မုရုန်လင်သည် မြေပြင်ပေါ်တွင် လဲလျောင်းကာ ရုန်းကန်ငိုယိုနေပြီး သူမ၏ ခန္ဓာကိုယ်အား ခြေနင်းပြထားသော တရုတ်မျက်နှာပေါက်နှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးကိုလည်း မြင်တွေ့ရသည်။    

"လှုပ်ရှားတော့"

ရွှီဖန်းသည် ဗီဒီယိုကိုမြင်ပြီးသည်နှင့် ယန်ပင်းနှင့်အတူ ကားပေါ်မှဆင်းကာ ဆီဇာရင်ပြင်ရှိ မြေညီထပ်ဘားဆီသို့ ဦးတည်သွားခဲ့သည်။    

ယန်ပင်းမှ အမှောင်ဖုံး၍ လှုပ်ရှားနေစဉ် ရွှီဖန်းက အလင်းထဲမှာ ရှိနေခဲ့သည်။ ယန်ပင်းသည် စနိုက်ပါအား စကိတ်စီးသည့် စကိတ်ဘုတ်အဖြစ် ပြောင်းလဲကာ လူအုပ်ကြီးကြားထဲ ပျောက်ကွယ်သွားခဲ့သည်။

မြေညီထပ်သို့ဆင်းသွားပြီးနောက် ရွှီဖန်းသည် စကိုလာ ပြောသည့်ဘားကို တွေ့လိုက်ရသည်။ ယန်ပင်းကလည်း ရွှီဖန်းကို ခေါင်းညိတ်ပြကာ အပေါက်ငယ်မှတဆင့် အထဲခိုးဝင်သွားခဲ့သည်။    

ဆယ်မိနစ်လောက်အကြာမှသာ ရွှီဖန်းလည်း ဘားထဲသို့ ၀င်သွားလိုက်သည်။ ထိုအချိန်တွင် ယန်

ပင်းသည်လည်း အနီးစပ်ဆုံး စနိုက်ပါပစ်မှတ်ဖြစ်မည့်နေရာအား ရှာတွေ့နေလောက်ပြီပင်။

တံခါးဖွင့်လိုက်သည်နှင့် အစောင့်နှစ်ယောက်ကို အရင်မြင်လိုက်ရသည်။

".........."

အစောင့်နှစ်ယောက်သည် ရွှီဖန်းအား လက်နှစ်

ဖက်ဖြင့် တားဆီးကာ သူ နားမလည်သည့် စကားများကို ပြောလာသည်။    

ရွှီဖန်းသည် ထိုစကားများကိုကြားလိုက်ရသောအခါ ခေါင်းကိုက်သွားရပြီး ယန်ပင်းကလည်း ဤနေရာတွင်မရှိတာကြောင့် သူတို့နှစ်ဦးနှင့် ငြင်းခုံရန် စိတ်မဝင်စားပေ။ သူ့ခြေထောက်ကို မြှောက်၍ ထိုနှစ်ဦးအား လွင့်ပျံသွားအောင်သာ ကန်ထုတ်ပစ်လိုက်တော့သည်။    

အထဲမှလူများ၏အာရုံသည်လည်း ထိုအသံကြောင့် ဆွဲငင်ခံလိုက်ရသည်။ တံခါးဝရှိ အစောင့်များသည် မီတာရာဂဏန်းအကွာရှိ ငွေရှင်းကောင်တာအား ဝင်

တိုက်မိသည်အထိ ကန်ထုတ်ခံလိုက်ရခြင်းကို သူတို့ မြင်တွေ့ခဲ့ရသည်။ ထိုအချိန်တွင် စကိုလာနှင့် တရုတ်ပြည်မှ ထွက်ပြေးသွားခဲ့သော ရာဇဝတ်သားသည် ငွေရှင်းကောင်တာ၌ ထိုင်နေခဲ့ခြင်းပင်။    

အားလုံး၏အကြည့်များက တံခါးဆီသို့ ဆိုက်ရောက်ကုန်ကြသည်။ မုရုန်လင်လည်း ငိုကြွေးနေခြင်းကို ရပ်ပြီး ဘားတံခါးကနေ ဖြည်းဖြည်းချင်း လျှောက်လာနေသော ရွှီဖန်းကို ကြည့်လိုက်မိသည်။

ထိုအရာကို မြင်သည်အခါ စကိုလာ၏ လက်ပါးစေများသည် ခွေးခြေခုံများကို ကောက်ယူပြီး ရွှီဖန်းဆီသို့ ပစ်ပေါက်လာကြသည်။ သို့သော် ထိုနေရာတွင်သာ ရပ်တန့်သွားသကဲ့သို့ ရွှီဖန်းသည် ခွေးခြေခုံများအား လေထဲတွင် ခိုင်မာစွာ ဆုပ်ကိုင်ခဲ့သည်။ ထို့နောက် ရွှီဖန်းမှ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့အား ခုံဖြင့် ပစ်ပေါက်ခဲ့သည့် လက်ပါးစေအား ပြန်ရိုက်မိပြီး ထိုလူမှာ သတိလစ်သွားလေသည်။

ဒါကို စကိုလာ မြင်သည့်အခါ ကမန်းကတန်းပင် လက်ကို ဝှေ့ယမ်း၍ သူ၏လက်အောက်ငယ်သားများကို အလျင်စလို မပြုမူရန် အချက်ပြခဲ့သည်။

"…"    

"တရုတ်စကားတတ်တဲ့သူကို ခေါ်လိုက်ပါ၊ ငါ မင်းတို့စကားကို နားမလည်ဘူး" 

ရွှီဖန်းသည် ကူကယ်ရာမဲ့စွာဖြင့် စကိုလာကို ကြည့်၍ ပြောခဲ့သည်။    

စကိုလာသည် ဘေးမှ ရာဇ၀တ်ကောင်အား အမူအရာကင်းမဲ့စွာဖြင့် ကြည့်လိုက်သည်။ တရုတ်ပြည်မှ ရာဇဝတ်သားကလည်း တုံ့ပြန်လာ၏။

"မင်းက စကိုလာရဲ့ ဇနီးနဲ့ သားကို ပြန်ပေးဆွဲခဲ့တဲ့လူလား။"    

ရွှီဖန်းသည် ထိုအသံကိုကြားသောအခါ သူ့မျက်လုံးကို အားစိုက်၍ ကြည့်လိုက်သည်။ သို့မှသာ ဝူထျန်းမှ သူ့အား သတ်မိန့်ပေးခဲ့သော ရာဇ၀တ်ကောင်ဖြစ်မှန်း သေချာသွားခဲ့သည်။ ရွှီဖန်း တစ်ချက်ပြုံးကာ ရာဇဝတ်ကောင်ကို ခေါင်းညိတ်ပြလိုက်သည်။ 

ရာဇဝတ်ကောင်သည် တစ်ဖက်ကို လှည့်၍ စကိုလာအား တစ်ခုခုပြောနေခဲ့သည်။ ထို့နောက် သူ ပြန်

လှည့်ကြည့်လာပြီး မေး၏။

"သူတို့ အခု ဘယ်မှာလဲ"

သို့သော် ရွှီဖန်းမှ အဖြေမပေးပေ။ ထိုအစား သူလည်း "မုရုန်လင် ဘယ်မှာလဲ" ဟူ၍ ပြန်မေးခဲ့ပေသည်။

**********************

All Chapters