← Chapters

အဲလစ်နှင့် လောင်းခြင်း

Vol. 20 Ch. 288

အဲလစ်နှင့် လောင်းခြင်း

Vol. 20 Ch. 288

ရာဇ၀တ်ကောင်သည် ရွှီဖန်းကို ကြည့်၍ ညစ်ပတ်ပေလူးကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော မုရုန်

လင်ကို လက်ညှိုးထိုးပြလာသည်။    

ထိုအခါမှ ရွှီဖန်းလည်း ထိုမိန်းကလေး၏မျက်နှာကို သတိထားမိသွားသည်။ မုရုန်လင်သည် ဓာတ်ပုံထဲလိုမျိုး နေရောင်ခြည်ကဲ့သို့အရောင်အဝါကို ပိုင်ဆိုင်ထားသေးသော်လည်း သူမ၏ အဝတ်အစားများကတော့ အမှိုက်များကဲ့သို့ ညစ်ပတ်နေသည်။ သူမ၏မျက်ဝန်းများသည် အလွန်သက်ဝင်လှုပ်ရှားနေပြီး မျက်ရည်စက်များဖြင် ပြည့်နေကာ အများအား စိတ်မကောင်းဖြစ်စေပေသည်။

ဒါကိုမြင်လိုက်ရတော့ ရွှီဖန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ လူအုပ်ကြီးကို ဂရုမစိုက်တော့ဘဲ မုရုန်

လင်ဆီသို့ လျှောက်သွားလိုက်သည်။    

မုရုန်လင်းသည် ရွှီဖန်းကို ကြည့်၍ 

"ရှင်က ကျွန်မကို ကယ်တင်ဖို့ လာတဲ့လူလား။"    

မုရုန်လင်၏ကြိုးကိုဖြည်ပေးရန် သူမ၏အနားတွင် ထိုင်ချကာ သူတို့အား လျစ်လျူရှုထားသည့် ရွှီဖန်းကို မြင်လိုက်ရသည့်အခါ စကိုလာ အံ့သြသွားခဲ့သည်။ ထို့နောက် သူ့မျက်နှာပေါ်၌ ဒေါသအဟုန် ထွက်ပေါ်လာသည်။

အမိန့်အတိုင်း သူ၏လက်အောက်ငယ်သားများသည် ဘီယာပုလင်းများကို ကောက်ယူ၍ ရွှီဖန်းဆီသို့ ပြေးသွားကြသည်။ သို့သော်လည်း ရွှီဖန်းသည် မုရုန်

လင်၏ကြိုးအား မဖြည်နိုင်ဆဲဖြစ်ပြီး မလှုပ်မရှားဖြစ်နေဆဲပင်။    

ဒိုင်း! 

သေနတ်သံတစ်ချက် ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ 

ရွှီဖန်း၏ဘေးတွင်ရပ်နေသောလူသည် သူ့လက်ထဲမှပုလင်းကိုမမြှောက်နိုင်ခင် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားခဲ့သည်။    

သို့သော် စကိုလာ၏လူများသည် အလွန်ရက်စက်

ကြမ်းကြုတ်ကြပြီး သူတို့၏သေနတ်များကို ချက်ချင်းဆွဲထုတ်ကြတော့သည်။ 

"အဆင်မပြေဘူး ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်ထား"

ရွှီဖန်းသည် ကြိုးဖြည်ရန် အချိန်မလုံလောက်တာကြောင့် မုရုန်လင်ကို တန်းပြီးပွေ့ဖက်ကာ ဘားမှပြေးထွက်လာခဲ့သည်။    

"မြန်​မြန်​တားကြစမ်း!"

ဒိုင်း!

ရာဇဝတ်ကောင်၏အော်သံ ထွက်သွားသည်နှင့်နောက်ထပ် သေနတ်သံ တစ်ချက် ထွက်ပေါ်လာခဲ့သည်။ ယန်ပင်းသည် ရာဇဝတ်ကောင်၏ခေါင်းကို တိုက်ရိုက်ပစ်ခတ်ခဲ့တာကြောင့် သူသည် နောက်ဆုံးထွက်သက်ကို ရှူရင်း မြေကြီးပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားခဲ့သည်။    

ထိုအချိန်တွင် စကိုလာသည် သူ၏သေနတ်ကို အမြန်ထုတ်လိုက်ပြီး လူအုပ်ကြီးကလည်း ရွှီဖန်း၏ နောက်ကျောကို စတင်ပစ်ခတ်ခဲ့ကြသည်။    

ရွှီဖန်းသည် ခန္ဓာကိုယ်ကို ကွေး၍ သူတို့၏အရှေ့တွင် ကာထားရန် ဆိုဖာကိုလှန်လိုက်ရုံမှတပါး ရွေးချယ်စရာမရှိခဲ့ပေ။    

သူ့ဘယ်ဘက်လက်မောင်းသည်လည်း အပစ်ခံခဲ့ရသေးသည်။ သူ့မျက်လုံးထဲ၌ မုန်းတီးမှုအရိပ်အယောင်များ ဖျက်ကနဲပေါ်သွားခဲ့သည်။ 

ရွှီဖန်း သူ၏ရင်ဘတ်ထဲမှ လျှပ်စီးဆင့်ခေါ်

အဆောင်ကို ထုတ်ယူလိုက်သည်။ သို့သော် ထိုအချိန်၌ သူ သိသိသာသာ တုံ့ဆိုင်းမိသွားသည်။ သူ့တွင် ရှိသောအခြေအနေများနှင့် ဤအဆောင်ကို ကိုယ်တိုင်

ဖန်တီးနိုင်စွမ်းရှိခဲ့သော်လည်း ၎င်းကို ဤနေရာ၌ အသုံးပြုရန်မှာ အခက်အခဲရှိပေသည်။

ရွှီဖန်း တုံ့ဆိုင်းနေချိန်တွင် အဲလစ်နှင့် သူမ၏ ရဲတပ်ဖွဲ့သည် သေနတ်သံများကြားမှ တရကြမ်းစီးဝင်လာကြသည်။

စကိုလာသည် အဲလစ်ကိုမြင်သည်နှင့် သူ့မျက်လုံးများ ဂနာမငြိမ်ဖြစ်သွားရပြီး အော်ပြောလာသည်။

"အရာရှိ အဲလစ် အဲ့ဒီတရုတ်လူမျိုးကို မြန်မြန်ဖမ်းပေးပါ၊ သူ ငါ့ဝန်ထမ်းကို ပစ်သတ်ခဲ့တယ်"

အဲလစ်သည် စကိုလာအား ရှင်းချင်နေသည်မှာ အချိန်အတော်ကြာလေပြီ။ သူ၏ရာဇ၀တ်မှုဆိုင်ရာ သက်သေအထောက်အထားများကို ရှာဖွေရန်အတွက် သူမ အမြဲတမ်း ရုန်းကန်နေခဲ့ရပြီး ယခု သူမတွင် သက်သေအထောက်အထားများ ရှိနေပြီဖြစ်ရာ သူမသူ့အပေါ်၌ သက်ညှာလိမ့်မည်မဟုတ်ပေ။    

စကိုလာ၏ လက်အောက်ငယ်သားများသည် အထူးရဲအရာရှိများစွာကိုတွေ့ပြီးနောက် သဘာဝကျစွာပင် ဒေါသတကြီးမပြုမူဝံ့တော့ပေ။ သူတို့ရဲ့သေနတ်များကို မြေပြင်ပေါ်ပစ်ချပြီး လက်ကိုမြှောက်လိုက်ကြသည်။

ဒါကိုမြင်တော့ ရွှီဖန်းလည်း ဆိုဖာနောက်ကနေ ဖြည်းညှင်းစွာ ထရပ်ကာ မုရုန်လင်လည်း သက်ပြင်းတစ်ချက်ချမိပေသည်။ သူမ ကယ်တင်ခံခဲ့ရပြီဆိုတာ သိလိုက်ရတော့ ရွှီဖန်းအား သူမ လှည့်ကြည့်လိုက်မိသည်။

သူမ၏မျက်လုံးထဲ၌ ကြည်ညိုလေးစားမှုများ ရှိနေခဲ့သည်။ သူမ ရွှီဖန်း၏ ရင်ခွင်ထဲတွင် ရှိနေဆဲဖြစ်တာကြောင့် မျက်နှာလေး အနည်းငယ် နီရဲသွားသည်။ မုရုန်လင်သည် အကြောက်တရားကို အချိန်ကြာမြင့်စွာ ကြုံတွေ့ရတာကြောင့် ရွှီဖန်း၏ ရင်ခွင်ထဲတွင်ရှိနေရသည်မှာ လုံခြုံမှုကို ခံစားရပေသည်။    

ရွှီဖန်းလည်း သူတို့မစ်ရှင် အောင်မြင်သွားပြီကိုမြင်

လိုက်ရပြီးနောက်မှာ အမှောင်ထဲတွင်ရှိနေသော 

ယန်ပင်းဆီသို့ ခေါင်းညိတ်ပြ၍ ချက်ချင်းထွက်ခွာရန်

ပြင်ဆင်လိုက်သည်။    

"နေဦး"

ရဲတစ်ယောက်က တရုတ်စကား မပီပြင်စွာဖြင့် ပြောလာသည်။

ရွှီဖန်းလည်း နေရာမှာတင် ရပ်ပြီး အဲလစ်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ အဲလစ်က ရွှီဖန်းကို ကြည့်ပြီး ပြုံးလာသည်။

"သူ့ကို ဖမ်းလိုက်"

"မင်းတို့ ဘာလုပ်တာလဲ"

ရွှီဖန်းသည် အဲလစ်မှ ပြောပြီးသားစကားကို ပြန်

ရုတ်သိမ်းပြီး သူနှင့် မုရုန်လင်အား ဖမ်းဆီးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ့ထံ၌ ပြန်လည်ခုခံနိုင်စွမ်းရှိသော်လည်း အဆုံးတွင် သူ တုံ့ဆိုင်းနေမိပြီး ဘာမှပြန်မလုပ်ခဲ့ပေ။ သူ့လုပ်ရပ်က နှစ်နိုင်ငံ သံတမန်များကြား သက်ရောက်မည်ကို စိုးရိမ်မိနေသည်။

အဲလစ်၏ လက်ထိပ်ခတ်ခြင်းကို ခံရပြီးနောက် ယန်

ပင်းကိုလည်း ရဲများက ခေါ်ဆောင်လာခဲ့သည်။    

"ဘာတွေဖြစ်နေတာလဲ"

ယန်ပင်းက ရွှီဖန်းကိုကြည့်ပြီး မေးလာသည်။

"ငါလည်း မသိဘူး၊ လက်ရှိအခြေအနေတွေအရ ငါ ပူးပေါင်းဆောင်ရွက်ပေးလိုက်ဦးမယ်၊ အခြေအနေဆိုးလာရင်တော့ ငါလှုပ်ရှားမှာပါ၊ စိတ်မပူပါနဲ့" 

ရွှီဖန်း အေးစက်စွာ ပြောလိုက်သည်။ ယန်ပင်းကလည်း ခေါင်းညိတ်ပြပြီးနောက် သူတို့ သုံးယောက် ရဲကားပေါ်သို့ တက်ခဲ့ကြသည်။    

နိုင်ငံခြားမြေကို မသိနိုင်သောကြောင့် ရွှီဖန်းသည် မည်သည့်နေရာတွင် ချုပ်နှောင်ခံရလိမ့်မည်ကို မသိပေ။    

"ရှင့်နာမည်ဘယ်လိုခေါ်လဲ"

မုရုန်လင်သည် အချိန်အကြာကြီး တုံ့ဆိုင်းနေခဲ့ပြီး နောက်ဆုံးမှာ ရွှီဖန်းကို စကားပြောလာလေသည်။

"ရွှီဖန်း"

"ကျွန်မကိုကယ်ဖို့ ကျွန်မမိသားစုက ရှင့်ကို ဒီပို့ခဲ့တာလား။"    

"ဟုတ်တယ်"

"ကျေးဇူးတင်ပါတယ်"

"မလိုပါဘူး"    

"ရှင့် ဒဏ်ရာနာနေလား?"    

 "အဆင်ပြေပါတယ်။"    

"မဟုတ်သေးဘူး၊ ရှင် သွေးတွေထွက်နေတယ်"    

"ဟုတ်ပြီ တိတ်တိတ်နေလိုက်တော့"

ရွှီဖန်းသည် ယခုအချိန်၌ မုရုန်လင်အား အာရုံစိုက်လိုစိတ်မရှိပေ။ သူ့ကို မေးခွန်းတွေ အဆက်မပြတ်မေး၍ နှောင့်ယှက်နေတာကြောင့် သူ သည်းမခံနိုင်တော့ဘဲ သူမကို ဆူငေါက်မိတော့သည်။

"အိုး"

မုရုန်လင်သည် ကြောက်ရွံ့တုန်လှုပ်သွားပြီး စကားမပြောရဲတော့ဘဲ ပါးစပ်ကို ချက်ချင်းပိတ်လိုက်လေသည်။ သူမ ဝမ်းနည်းစွာဖြင့် ခေါင်းငုံ့ကာ တိတ်

တိတ်လေး ငိုနေတော့သည်။ သူမ ကယ်တင်ခြင်းခံခဲ့ရသော်လည်း သူမ၏စိတ်ကတော့ တုန်လှုပ်နေဆဲဖြစ်သည်။ မကြာသေးမီက သူမထံ၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို တွေးရင်း မုရုန်လင်သည် သူမ၏မျက်ရည်များကို မထိန်းထားနိုင်တော့ပေ။    

"မင်းကို ကယ်​​ပြီးပြီ မဟုတ်ဘူးလား၊ ဘာလို့ငိုနေသေးတာလဲ"

ရွှီဖန်း စိတ်မရှည်စွာ ပြောမိသည်။    

"ဒါပေမယ့်…"

မုရုန်လင်မှာလည်း ဘာပြောရမှန်းမသိခဲ့ပေ။ ရွှီဖန်းတစ်ယောက် လွန်လွန်ကဲကဲဖြစ်လွန်းသည်ဟု သူမခံစားနေရသည်။ တကယ်တော့ သူမ ရွှီဖန်းကို အထင်လွဲနေခဲ့ခြင်းဖြစ်သည်။ အခုအချိန်မှာ လူတိုင်းကို အဲလစ်က အတင်းအကြပ် ဖမ်းခဲ့လေသည်။ ရွှီဖန်းထံ၌ လွတ်မြောက်နိုင်စွမ်းရှိသော်လည်း သူ အနည်းငယ် စိတ်ပူကာ စိုးရိမ်နေမိသေးသည်။    

သိပ်မကြာခင်မှာပင် ကားရပ်သွားလေသည်။

ရွှီဖန်းနှင့် အခြားလူများလည်း ကားပေါ်မှ ဆင်းရန် စေခိုင်းခံခဲ့ရသည်။ ကားပေါ်မှ ဆင်းပြီးနောက် ဤနေရာသည် လေ့ကျင့်ရေးကွင်းဖြစ်ကြောင်း သူ သိလိုက်သည်။ တပ်သားများသည် နေရာတိုင်းတွင် လေ့ကျင့်နေကြသည်။    

"မင်း ဘာလို့ ငါတို့ကို ဒီခေါ်လာတာလဲ" 

ယန်ပင်းသည် သူ့ဘေးနားမှ အဲလစ်ကို ကြည့်၍ မဖော်ရွေသော အမူအရာဖြင့် မေးလိုက်သည်။    

အဲလစ်က ရယ်မောလျက်...

"ငါ မနေ့က ရှုံးသွားပါတယ်ဆိုတာကို ငါရဲ့တပ်သားတွေက မယုံကြဘူးလေ၊ ဒါကြောင့် ငါတို့ရဲ့တပ်သားတွေနဲ့ မင်းတို့ လေ့ကျင့်လို့ရအောင် ခေါ်လာတာ"

"ဘာ...မင်းနဲ့ ဒီလိုအရာတွေကို လုပ်ပေးဖို့အတွက် ငါတို့မှာ အချိန်မရှိဘူး၊ မင်းဘာလုပ်နေတယ်ဆိုတာရော မင်းသိရဲ့လား၊ အပြည်ပြည်ဆိုင်ရာ ခုံရုံးကို သွားချင်နေတာလား"

အဲလစ်ပြောသည့်စကားကို ကြားသည့်အခါ ယန်

ပင်းသည် ချက်ချင်းပင် ဒေါသအမျက်ထွက်သွားခဲ့သည်။ 

"စိတ်မပူပါနဲ့၊ မင်းတို့ကို ဘေးကင်းကင်းနဲ့ ပြန်ပို့ပေးမယ်လို့ ငါကတိပေးခဲ့ပြီးသားပါ၊ ဒါပေမယ့် အဲ့ဒီမတိုင်ခင်မှာ မင်းတို့ ငါတို့ရဲ့ တပ်သားတွေကို အနိုင်ယူပြရမယ်"

မနေ့က ရွှီဖန်း၏ လှည့်ကွက်အား အဲလစ် လက်မခံချင်သေးပေ။ တစ်ကယ်တော့ သူမ မျက်နှာပျက်သွားခဲ့ရ၍ သူမအတွက် အရှက်ပြန်ဆယ်လိုခြင်းပင်။

"ဒါပေမယ့် ငါတို့ကို အချုပ်ချထားတာနဲ့တူတူပဲဆိုတာ မင်းသိရဲ့လား" 

ယန်ပင်းကတော့ အဲလစ်ကို အလွှတ်မပေးပေ။

"ခဏစောင့်"

အဲလစ်သည် သူမ၏ လက်ကိုင်ဖုန်းကို ထုတ်ကာ ဘယ်သူ့ကို ဖုန်းခေါ်နေမှန်း မသိသော်လည်း ခဏအကြာမှာ ရွှီဖန်းကို ကမ်းပေးလာသည်။ 

သူ ဖုန်းကိုယူနားထောင်လိုက်သည့်အချိန် ဝူထျန်း၏အသံကိုကြားခဲ့ရသည်။

"ညီလေးရွှီ ဒီလိုဖြစ်သွားမယ်လို့ ငါလည်း မမျှော်လင့်ထားခဲ့ဘူး၊ ဒါပေမယ့် မင်းတို့က သူတို့နယ်မြေထဲမှာပဲ ရှိနေသေးတယ်၊ ဒါကြောင့် သူတို့နဲ့ ဝိုင်းကစားပေးလိုက်သင့်တယ်၊ တရုတ်ပြည်ကို အရှက်မခွဲဖို့ မှတ်ထားပါ။"    

"ဒါဆို ဒီအရာက ခင်ဗျား ကျွန်တော့်အပေါ်မှာ တင်နေတဲ့ နောက်ထပ်ကျေးဇူးကြွေးတစ်ခုလို့ မှတ်လိုက်လို့ရလား"    

"ရတယ်"

"ကောင်းပြီလေ"

သို့နှင့် ရွှီဖန်း ဖုန်းကို ချလိုက်သည်။ အခုလိုတွေဖြစ်သွားမှတော့ သူလည်း အဲလစ်ကို မျက်နှာသာပေးတော့မည် မဟုတ်ပေ။ 

"ပြောပါ၊ မင်းဘယ်လိုကစားချင်တာလဲ"    

 ရွှီဖန်း သဘောတူလိုက်တာကိုမြင်တော့ အဲလစ်သည် မျက်လုံးများကို ကျဥ်းမြောင်း၍ ပြောလာသည်။

"ရိုးရှင်းပါတယ်၊ စစ်သားတစ်ယောက်က ဘာကို ဂရုစိုက်သင့်တာလဲ...အပစ်အခတ်ကျွမ်းကျင်မှုလား၊ အတိုက်အခိုက်ကျွမ်းကျင်မှုလား"

"အိုး..ဒါဆို မင်းက အပစ်အခတ်နဲ့ ကိုယ်ခံပညာကို ပြိုင်ချင်တာလား"

"ဟုတ်တယ်၊ ငါတို့ရှုံးရင် မင်းကို ငါကိုယ်တိုင်

တောင်းပန်ပြီး မင်းရဲ့မွေးရပ်မြေကို ပြန်ပို့ပေးမယ်" 

အဲလစ်စကားပြောနေသည့်အချိန်မှာတော့ လေ့ကျင့်ရေးတပ်သားတစ်စုသည် ရွှီဖန်းနှင့် တိုက်ခိုက်ရန်အတွက် ဝိုင်းရံလာကြလေသည်။ ဒီအကြောင်းကို သူတို့အား ကြိုတင် အကြောင်းကြားထားသည်မှာ သိသာလှပေသည်။

ရွှီဖန်း အဲလစ်ကို ငုံ့ကြည့်၍ အနည်းငယ် ခေါင်းခါယမ်းလိုက်သည်။    

ဒါကိုမြင်တော့ အဲလစ်လည်း နည်းနည်းတော့ အံ့သြသွားရသည်။

"ဒါဆို မင်းက ဘယ်လိုပြိုင်ချင်လို့လဲ"    

"အပစ်အခတ်ပညာနဲ့ယှဉ်ရင် တိုက်ခိုက်ရေးပညာတွေကို ပြိုင်တာက ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် လောင်းကြေးက နည်းလွန်းတယ်၊ မင်း ငါ့ကို တောင်းပန်ဖို့ မလိုဘူး"

ရွှီဖန်းတစ်ယောက် ဒေါသထွက်နေလေသည်။ သူ့ကို အကြောင်းပြချက်မပေးဘဲ ဒီကို ခေါ်လာခဲ့သည်ဖြစ်ရာ အခုလိုမျိုး လွယ်လွယ်ကူကူဖြင့် ပြီးသွားနိုင်ရန် သူ  ခွင့်မပြုနိုင်ပေ။ 

"ဟက်!"

အဲလစ်က ဒါကိုကြားတော့ အေးစက်စွာ ရယ်မောလာသည်။

"ဒါဆို ငါတို့ ဘယ်လိုလောင်းကြေးနဲ့ ပြိုင်သင့်တယ်လို့ ထင်လဲ"    

ရွှီဖန်း အဲလစ်ကိုကြည့်၍ ခဏတာ ငြိမ်သက်သွားခဲ့သည်။ ထို့နောက် သူ၏နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ပေါ်လာပြီး...

"မင်းဘက်က ရှုံးသွားရင် ဒီည ငါတို့နဲ့အိပ်ပြီးမှ မနက်ဖြန် အိမ်ပြန်ပို့ပေး"

"မင်း!"

အဲလစ်သည် ရွှီဖန်း၏လောင်းကြေးကိုကြားသောအခါ ပေါက်ကွဲသွားတော့သည်။ သို့သော် အဆုံး၌မူ သူမ သည်းခံခဲ့သည်။ အကယ်၍ သူမသာ ငြင်းပယ်ခဲ့ပါက လူအများအရှေ့၌ ရှုံးနိမ့်မှုကို ဝန်ခံလိုက်သလိုမျိုး ဖြစ်သွားလိမ့်မည်။

"မင်းရှုံးရင်ကျတော့ရော ဘာဖြစ်မှာလဲ"    

ရွှီဖန်း နှာမှုတ်ကာ လက်ကိုဝှေ့ယမ်းလျက်...

"မင်းဆန္ဒကို ပြော"

"ကောင်းပြီလေ ဒါဆို မင်းဘက်ကရှုံးရင် အဲ့ဒီကလေးမလေးကို ငါ့စစ်သားတွေနဲ့ တစ်ညအိပ်ခွင့်ပြု"

အဲလစ်ကလည်း ရူးမိုက်သည့်လူတစ်ယောက် မဟုတ်ပေ။ သူမသည် ရိုးရိုးရှင်းရှင်းပင် မုရုန်လင်ကို လက်ညှိုးထိုး၍ ထိုစကားကို ပြောလိုက်သည်။

"မရဘူး" 

သို့သော်ငြား ရွှီဖန်းမှ ပါးစပ်မဖွင့်ခင် မုရုန်လင်က အရင်ငြင်းလာသည်။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။ ရွှီဖန်းသာ တကယ်ရှုံးသွားခဲ့လျှင် ထိုစစ်သားများနှင့်အိပ်မည့်အစား သူမကိုယ်သူမ သတ်သေလိုက်တာ 

ကမှ ပိုကောင်းဦးမည်။

အဲလစ်သည် မုရုန်လင်၏ စကားကို လျစ်လျူရှုပြီး ရွှီဖန်းကို ကြည့်ကာ သဘောတူရန် စောင့်ဆိုင်းနေခဲ့သည်။    

ဒါကိုမြင်တော့ ရွှီဖန်း နောက်လှည့်ပြီး မုရုန်လင်ကို ကြည့်ကာ...

"စိတ်မပူပါနဲ့..."

"မရဘူး" 

ရွှီဖန်း၏ စကားမဆုံးသေးခင်မှာ မုရုန်လင်က ကြားဖြတ်ပြောလာပြန်သည်။

ဒါကိုမြင်တော့ သူ မျက်မှောင်ကြုတ်ကာ...

"ဆိုးလိုက်တဲ့ကလေးပါလား၊ ငါ့ကြောင့်သာမဟုတ်ရင် မင်းသေတာကြာလှပြီ၊ အခုကိစ္စက မင်း ဝင်ဆုံးဖြတ်ဖို့အရာ မဟုတ်ဘူး"

ထို့နောက် အဲလစ်ဘက် လှည့်၍...

"ငါ မင်းကို ကတိပေးတယ်" 

"ရှင်!"

ရွှီဖန်းမှ သူမကို အခုလိုဆက်ဆံလိုက်ခြင်းကိုမြင်ခဲ့ရသည့်အခါ မုရုန်လင်သည် သူမ မတတ်နိုင်သည့် အခြေအနေမှန်း သိလိုက်ရပေသည်။ မတရားခံရသလို ခံစားရကာ သူမ၏မျက်လုံးထဲမှ မျက်ရည်များ စီးကျလာပြန်သည်။

ရွှီဖန်း သဘောတူတာကို မြင်လိုက်ရတော့ စစ်သားများက အားပေးလာကြသည်။ သူတို့အားလုံး ရုန်းရင်းကြမ်းတမ်းသူများဖြစ်ရာ မုရုန်လင်အား အထက်အောက် ကြည့်နေကြတော့သည်။ မုရုန်လင်

သည် သူမကိုသူမ အနည်းငယ် ဂရုစိုက်ပြီးပြီဖြစ်တာကြောင့် သူမ၏ လှပသော မျက်နှာလေးမှာ တဖန် ပေါ်လွင်နေလေပြီဖြစ်သည်။

စစ်သားများသည် ရေငတ်သလိုမျိုး ပွဲကို ချက်ချင်းစချင်နေကြသည်။ တချို့ကမူ ပြိုင်ပွဲတွင် ရွှီဖန်းကို အနိုင်ယူ၍ မုရုန်လင်၏ပထမဆုံးအကြိမ်ကို အနိုင်ရအောင်လုပ်မည်ဟုပင် ပြောဆိုနေကြသည်။

မုရုန်လင်သည် ထိုစစ်သားများကို အလွန်ကြောက်သွားသဖြင့် ပို၍ပင် ငိုကြွေးနေတော့သည်။ သူမသည် ကယ်တင်ခြင်းခံလိုက်ရပြီဟု တွေးကာ စိတ်လျှော့ထားခဲ့သည်။ မမျှော်လင့်ထားစွာပင် သူမသည် ဝံပုလွေဂူထဲမှ လွတ်မြောက်ပြီးနောက် ကျားဂူထဲသို့ 

ဝင်ရောက်သွားရလေသည်။

စစ်သားများ၏ အခြေအနေကို မြင်တော့ အဲလစ်

လည်း မှိန်ဖျော့စွာ ပြုံးလိုက်မိသည်။ သူမ မတားမချင်း သူတို့ ရပ်တန့်မှာ မဟုတ်သည့်ပုံပင်။

ထိုအချိန် ရွှီဖန်းနှင့် ယန်ပင်းသာလျှင် စိတ်အေးလက်အေးရှိသလို ခံစားနေခြင်းဖြစ်သည်။

*********************

All Chapters