ကြောက်ရွံ့နေသောအဲလစ်
Vol. 20 Ch. 289
တိုက်ခိုက်ရေးစွမ်းရည်အရ ရွှီဖန်းသည် ဤသာမန်
စစ်သားများကို မကြောက်ပေ။ သဘာဝကျစွာပင် အပစ်အခတ်ကျွမ်းကျင်မှုအရလည်း ယန်ပင်းသည် ထိုသူတို့၏ဆရာတောင် ဖြစ်နိုင်လေသည်။
ရွှီဖန်းနှင့် ယန်ပင်းသည် တစ်ယောက်ကိုတစ်
ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။
ထို့နောက် စစ်သည်တစ်ရာကျော် ဝိုင်းရံထားသော လေ့ကျင့်ရေးကွင်းဆီသို့ အားလုံးလျှောက်သွားကြသည်။
သူမသည် တပ်ဖွဲ့မှူးဖြစ်ခဲ့သော်လည်း တိုက်ခိုက်ခြင်း သို့မဟုတ် သေနတ်ပစ်စွမ်းရည်၌ အဖွဲ့၏ထိပ်ဆုံးအဆင့်တွင်ပင် မရှိကြောင်း အဲလစ်သိထားပေသည်။ ထို့အတွက်ကြောင့် သူမသည် ရွှီဖန်းနှင့် လောင်းကြေးထပ်ခဲ့ခြင်းဖြစ်ပြီး သူမ၏အမြင်တွင် ရွှီဖန်းသည် တရုတ်နိုင်ငံမှ စစ်သားသာဖြစ်ပြီး၊ သူမတို့၏စစ်သားများသည် တရုတ်ကို ဘယ်နည်းနှင့်မျှ ရှုံးလိမ့်မည် မဟုတ်ပေ။
"ငါတို့ ဘယ်လိုစကြမှာလဲ"
သူ့ဘေးမှ အဲလစ်အား ရွှီဖန်း စိုက်ကြည့်လိုက်သည်။ သူ အမြန်ယှဥ်ပြိုင်ပြီးနောက် အိမ်သို့ ပြန်ချင်နေလေပြီ။
ဒါကိုမြင်တော့ အဲလစ်လည်း ရွှီဖန်းအား ကွင်းထဲသို့ သွားရန် အချက်ပြလိုက်သည်။
"ရှုံးနိမ့်သွားရင် လက်ခံရမယ်၊ မင်းကွင်းထဲက ထွက်သွားရင် တန်ပြန်တိုက်ခိုက်ခွင့် မရှိတော့ဘူး...ဒါကို အရှုံးလို့ သတ်မှတ်တယ်။"
"ကောင်းပြီ။"
ရွှီဖန်း တုံ့ပြန်လိုက်ပြီး ကွင်းသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။
ထိုအချိန်တွင် ဝတ်စားဆင်ယင်ထားသော စစ်သားတစ်ဦးကလည်း ကွင်းထဲသို့ ဝင်လာခဲ့သည်။ ထို့နောက် သူ့အင်္ကျီကို ချွတ်လိုက်ရာ သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများသည် ရွှီဖန်းနှင့် နှိုင်းယှဥ်ပါက အလှလေးနှင့်သားရဲကြီး ကာတွန်းကားထဲကလို အရွယ်အစားကွာခြားနေခဲ့သည်။
အဲလစ်က ယုံကြည်မှု အပြည့်ဖြင့် ပြောလာသည်။
"ဒါက ငါတို့အဖွဲ့ရဲ့ လက်သီးဘုရင်ပဲ"
"ဟမ့် လက်သီးဘုရင်တဲ့လား"
ရွှီဖန်း ထိုလူကို စိုက်ကြည့်၍ ရယ်မောလိုက်သည်။
"တိုက်ဆိုင်လိုက်တာ၊ ငါက ခြေထောက်ဘုရင်ပဲ"
လက်သီးဘုရင်ဟုခေါ်သော ထိုလူသည် သူ့အား တစ်ချက်ပင် တိုက်ခိုက်နိုင်မည် မဟုတ်
မှန်း ရွှီဖန်းသိထားသော်လည်း ထိုသို့ဖြစ်သွားပါက အနည်းငယ် မျက်စိဖမ်းစားစရာဖြစ်နေသည်။ ရွှီဖန်းသည် လုံခြုံစွာပင် အိမ်သို့ ပြန်ချင်တာကြောင့် ထိုသို့သောရလဒ်ကို သိသိသာသာမလိုချင်ပေ။
သူ့စိတ်ထဲတွင် ဆုံးဖြတ်ပြီးနောက် ရွှီဖန်းသည် ထိုလူ့ကို အနိုင်မယူခင်မှာ ခဏလောက်ကစားပေးရန် ဆုံးဖြတ်ခဲ့သည်။
"စကြရအောင်"
ရွှီဖန်းသည် တိုက်ခိုက်နိုင်ကြောင်း အချက်ပြရန် သူ့လက်ကို ဆန့်ထုတ်ပြလိုက်သည်။
လက်သီးဘုရင်သည် သူ့ဘက်မှ အစပြုကာ ရွှီဖန်း၏ မျက်နှာအား သူ၏ လက်သီးအရှိန်နှုန်းဖြင့် ဆက်တိုက် ချလာသည်။ ရွှီဖန်းသည်လည်း ကျွမ်းကျင်စွာ ရှောင်ထွက်၍ အရှိန်ပြင်းထန်စွာ ပြန်တိုက်ခဲ့သည်။ လက်သီးဘုရင်သည် အပြင်းအထန်ထိုးခံနေရသော်လည်း ထိုထိုးနှက်ချက်အား တားဆီးရန် အစီအစဥ်မရှိပေ။ ထိုအစား ဤအခြေအနေကို အခွင့်ကောင်းယူ၍ ရွှီဖန်း၏ခြေထောက်ကို လျင်မြန်စွာထိန်းချုပ်ကာ အောက်သို့ဆွဲချခဲ့သည်။ ထို့နောက် ရွှီဖန်း ထိုင်ကျသွားသည့် အနေအထားအား အသာစီးယူ၍ လက်သီးဘုရင်သည် ရွှီဖန်းအား ပြင်းထန်သောမုန်တိုင်းကဲ့သို့ပင် လက်သီးများ ဆက်တိုက်ထိုးချခဲ့သည်။ သို့သော် ရွှီဖန်း၏တုံ့ပြန်မှုကလည်း အလွန်မြန်ဆန်ပေသည်။ သို့သော် သူ ထိုတိုက်ခိုက်မှုအား ရှောင်ခဲ့ပြီး အန္တရာယ်မှ လွတ်မြောက်သည်နှင့် ရွှီဖန်းအား အသက်ရှူခွင့်မပေးဘဲ ဆက်တိုက်ထိုးကာ အနိုင်ရရန် ရည်ရွယ်ထားလေသည်။ ရွှီဖန်း၏ အားနည်းချက်ကို တွေ့သည်နှင့် သူ အပြီးသတ်ရန် အနားကို ပိုကပ်သွားလိုက်သည်။ သို့သော် သူ့အား အနားကပ်လာရန်အတွက် ရွှီဖန်းမှ တမင်တကာ ဆွဲဆောင်ထားခဲ့သည်ဟူ၍တော့ မထင်ခဲ့ပေ။ ရွှီဖန်း၏ ခြေထောက်က နောက်ပြန်ကန်ပြီး လက်သီးဘုရင်၏ ဦးခေါင်းအား ထပ်ခါထပ်ခါ ထုထောင်းနေသည်ကို အားလုံးမြင်ခဲ့ရသည်။ လက်သီးဘုရင်၏ ကိုယ်ခံအင်အား မည်မျှပင် ကောင်းပါစေမူ ထိုရိုက်ချက်ကိုတော့ ခံနိုင်ရည်မရှိပေ။
တိုက်ပွဲက အလွန်ပြင်းထန်နေပြီး ဘေးမှာ ရပ်ကြည့်နေသည့် အဲလစ်နှင့် မုရုန်လင်မှာ စိတ်လှုပ်ရှားမှုအပြည့်
ဖြစ်နေလေသည်။ သူတို့ လောင်းကြေး မရှုံးချင်ကြပေ။ အဲလစ်သည် မူလက အလွန်ယုံကြည်မှုရှိခဲ့သော်လည်း ယခု ရွှီဖန်းနှင့် တိုက်ခိုက်ရသည်က ပိုခက်ခဲနေသည်ကို သူမမြင်သော် စိတ်မပူပန်ဘဲ မနေနိုင်တော့ချေ။ ပိန်ပြီး ပျော့ညံ့ပုံရသည့် ရွှီဖန်းက လက်သီးဘုရင်နှင့် ယှဉ်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ရွှီဖန်းကိုသာ နိုင်ခွင့်ပေးလိုက်ပါက အဲလစ်တစ်ယောက် ဘယ်လိုဆက်လုပ်ရမလဲ မသိတော့ပေ။
လက်သီးဘုရင်နှင့် ငါးမိနစ်ကြာ လုံးထွေးနေပြီးနောက်မှာ ရွှီဖန်းသည် ဆက်လက်ကစားရန် အစီအစဉ်မရှိတော့ပေ။ နောက်ဆုံးတွင် ရွှီဖန်းသည် သူ၏ ဒူးခေါင်းအား လေထဲသို့ လွှတ်ကာ လက်သီးဘုရင်၏ နောက်ဆုံးရုန်းကန်မှုကို အဆုံးသတ်ခဲ့ပေသည်။
လက်သီးဘုရင် မြေပြင်ပေါ်သို့ လဲကျသွားသည့်
အခိုက်အတန့်၌ ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ပြီးတာနှင့် ချက်ချင်းပင် လက်ခုပ်သံများ ထွက်ပေါ်လာသည်။ ဤစစ်သားများအားလုံးသည် အစွမ်းထက်သောစစ်သည်များဖြစ်ကြပြီး ယခုအချိန်တွင် ရွှီဖန်းသည်လည်း သန်မာသည့်လူမှန်း သူတို့ လက်ခံလိုက်ကြလေပြီ။
ထိုမြင်ကွင်းကိုမြင်တော့ မုရုန်လင်မှာ သက်ပြင်းအသာချမိသည်။ ရွှီဖန်းကို ကြည့်သောသူမ၏အကြည့်က လျှို့ဝှက်ဆန်းကြယ်မှုများရှိနေသည်။ အဲလစ်ကတော့ မတူပေ။ သူမသည် ချီတုံချတုံ မျက်လုံးများဖြင့် ရွှီဖန်းကို ကြည့်နေခဲ့သည်။
ရွှီဖန်းသည် ကွင်းထဲမှ ထွက်လာခဲ့ပြီး အဲလစ်၏ နံဘေးသို့ လျှောက်သွားခဲ့သည်။
"ဖြောင်း!"
ရွှီဖန်းသည် အဲလစ်၏တင်ပါးကို လက်တစ်ဖက်ဖြင့် ရိုက်လိုက်ခြင်းပင်။
"မင်း"
အဲလစ်သည် မသိစိတ်မှအလိုလိုပင် တုံ့ပြန်မိကာ ရွှီဖန်းဆီသို့ လက်ကို မြှောက်လိုက်မိသည်။ သို့သော်လည်း အဲလစ်၏ လက်ကောက်ဝတ်ကို ရွှီဖန်းမှ ထပ်မံ ဆုပ်ကိုင်လိုက်သဖြင့် သူမ မလှုပ်ရှားနိုင်တော့ပေ။
"ဘာဖြစ်နေတာလဲ၊ ငါ အတိုးလာယူရုံပဲ၊ ခဏကြာရင် မင်း ခုခံဖို့ တတ်နိုင်တဲ့အရာရှိတော့မှာ မဟုတ်ဘူး"
ရွှီဖန်းသည် အဲလစ်အား ဖြေရှင်းရန် ဆုံးဖြတ်
ထားသည်။ သူ အပြစ်စိတ်နည်းနည်းလေးကိုမှ မခံစားရပေ။ နောက်ဆုံးမှာ သူမဘက်ကသာ သူ့ကို အရင်ဆုံးရန်စခဲ့သူဖြစ်သည်။
ယခုအချိန်တွင် အဲလစ်ဘက်မှ ပထမအချီရှုံးနိမ့်ထားခဲ့ရာ ရွှီဖန်းအား သူမ ပြန်လည်ချေပနိုင်ခြင်းမရှိပေ။ သူမ ရှက်မိသွားသော်လည်း သူမ၏မျက်လုံးများကတော့ ရွှီဖန်းအား စိုက်ကြည့်နေဆဲပင်။
"ဒုတိယအချီပြီးမှ ဆက်ပြီး စကားပြောကြတာပေါ့"
ဒါကိုမြင်တော့ ရွှီဖန်း သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ
"ယန်ပင်း မင်းအလှည့်ရောက်ပြီ"
ရွှီဖန်းမှ ပြောလိုက်သော်လည်း ယန်ပင်းဘက်မှ မလှုပ်ရှားလာခဲ့ပေ။
"မင်း ဘာလုပ်နေတာလဲ"
ရွှီဖန်း တစ်ဖက်ကို လှည့်၍ ယန်ပင်းအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
"မဟုတ်သေးဘူး၊ ငါတို့ သူမအတွက် မျက်နှာချန်ထားပေးသင့်တုန်းလို့ ငါထင်တယ်၊ မင်း သူမကို အနိုင်ရပြီးရင် တစ်ညလုံး မင်းနဲ့ တစ်ကယ်ကြီး မအိပ်ခိုင်းပါဘူးနော် ဟုတ်တယ်မလား"
ယန်ပင်းသည် ရွှီဖန်းအား စိုးရိမ်ပူပန်နေသောအမူအရာဖြင့် ကြည့်နေလေသည်။ သူတို့ ဤအမိုးအောက်တွင် ရှိနေကတည်းက ရွှီဖန်းကို လျှော့လျှော့ပေါ့ပေါ့သာလုပ်ရန် သတိပေးနေခြင်းပင်။ သူတို့အတွက် အိမ်ပြန်ခွင့်ရရန်က အရေးကြီးဆုံးဖြစ်သည်။
သို့သော်လည်း ရွှီဖန်းသည် အရှုံးကို ခံစားမည့်သူ မဟုတ်ပေ။ သူ ဒီအဲလစ်ကို မျက်နှာသာမပေးရန် စိတ်ဆုံးဖြတ်ထားခဲ့ပြီး နူးညံ့သိမ်မွေ့သောစိတ်ကလည်း သူ့မှာ မရှိနေပေ။ သူမကို ကြောက်အောင်အစပြုခဲ့ပြီးမှတော့ အဆုံးထိ သူမကို ကြောက်စေမည်ဖြစ်သည်။ ဒါကြောင့် သူက ယန်ပင်းကို ဒေါသတကြီးကြည့်ကာ..
"ဘာကိုလျှော့ပေါ့မှာလဲ၊ အလောင်းအစားရှုံးပြီး ငါနဲ့ အိပ်ခွင့်မပေးရင်တောင် သူမကတော့ သဘောတူမယ်မထင်ဘူး"
ရွှီဖန်းသည် အဲလစ်အား ပထမဆုံးအကြိမ် ရည်ရွယ်ချက်ရှိရှိ ရန်စနေခြင်းပင်။ မျှော်လင့်ထားသည့်အတိုင်းပင် အဲလစ်၏ မျက်နှာပေါ်၌ ဒေါသများ ထွက်ပေါ်လာလေသည်။
"တခြားအရာတွေကို မပြောခင် အရင်အနိုင်ယူပြစမ်းပါ"
"မင်းကြားတယ်မလား မြန်မြန်သွား၊ သူတို့ မင်းကို စိန်ခေါ်နေပြီ"
ရွှီဖန်းက ယန်ပင်းအား ကူကယ်ရာမဲ့စွာဖြင့် ပြောလာသည်။
ယန်ပင်းလည်း ခေါင်းခါယမ်းကာ သေနတ်ကို ကိုင်၍ ထွက်လာခဲ့သည်။
သို့သော် သူ့အား အဲလစ်က တားခဲ့သည်။
"မင်းရဲ့သေနတ်ကို သုံးလို့မရဘူး၊ လူတိုင်းက တူညီတဲ့သေနတ်ကို သုံးမှ တရားမျှတမှာ၊ မင်းအတွက် သေနတ်ကို ငါပေးမယ်"
"ဒါဆို မင်းဘက်က တစ်ခုခုလုပ်ထားရင် ဘယ်လိုလုပ်မလဲ"
"မင်း!"
"အေး ကောင်းပြီ ကောင်းပြီ ငါ မင်းတို့ရဲ့သေနတ်တွေသုံးမယ် ဟုတ်ပြီလား"
ယန်ပင်းသည် ချက်ချင်းပင် ငြိမ်းချမ်းရေးဖော်
ဆောင်သူဖြစ်လာသည်။
ရွှီဖန်းနှင့် အဲလစ်လည်း ဆက်၍ မငြင်းခုံတော့ပေ။
ထို့နောက် အဲလစ်က ပြိုင်ပွဲစည်းမျဉ်းများကို ရှင်းပြခဲ့သည်။ ရွေ့လျားနေသော ပစ်မှတ်ကို ထိရန် ပစ္စတိုကို အသုံးပြုရမှာဖြစ်ပြီး ပစ်မှတ်လွတ်သွားသည်နှင့် အရှုံးဟု ယူဆပေသည်။
ဒါဟာ အပစ်အခတ်ကျွမ်းကျင်မှုကို စစ်ဆေးခြင်းသာမကဘဲ သေနတ်ပစ်သူ၏ စိတ်ရှည်မှု၊ တည်တံ့ခိုင်မြဲမှု၊ အာရုံစူးစိုက်မှု နှင့် ကျည်ဆံများ လဲလှယ်သည့်အမြန်နှုန်းအား စစ်ဆေးခြင်းဖြစ်သည်။
သို့သော် ထိုအရာများသည် ယန်ပင်း နေ့စဉ်လုပ်ရသောလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့် သူ အားစိုက်စရာတောင်မလိုအပ်ဘဲ ပြုလုပ်နိုင်လေသည်။
အဲလစ်သည် သေနတ်ဘုရင်ဟုဆိုသူအား စေလွှတ်ခဲ့သည်။ ဒါကိုကြားသောအခါ ရွှီဖန်းပြုံးလိုက်မိသည်။ လက်သီးဘုရင်နှင့် သေနတ်ဘုရင်။ ခဏအကြာတွင် ယန်ပင်း၏အစွမ်းသတ္တိဖြင့် သူတို့၏မျက်နှာများကို သဘာဝကျစွာပင် ရိုက်ပစ်နိုင်လိမ့်မည်။
ရွှီဖန်းသည် ထိုအချိန်တွင် အဲလစ်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး သူမကို ကြောက်လန့်အောင်
လုပ်သင့်သလား သို့မဟုတ် သူမပေးထားသောကတိကို ဖြည့်ဆည်းပေးသင့်သလားဟု စဉ်းစားနေခဲ့သည်။
သို့သော် မုရုန်လင်မျက်လုံးများကတော့ ရွှီဖန်း၏အမူအရာများ ပြောင်းလဲသွားသည်ကို မြင်တွေ့နေရသည်။ သူမ၏မျက်နှာ အနည်းငယ်နီရဲသွားကာ...
"စဥ်းလဲတဲ့လူ"
သို့သော်လည်း ရွှီဖန်းသည် သူ၏အာရုံခံစားမှုကြောင့် နောက်လှည့်၍ မုရုန်လင်ကို စိုက်ကြည့်လ်ုက်သည်။ ထိတ်လန့်သွားသော မုရုန်လင်သည် ချက်ချင်းပင် နောက်ပြန်ဆုတ်ကာ ပါးစပ်ကိုပိတ်၍ ရွှီဖန်းအား မှင်သက်စွာ ကြည့်လာသည်။
ရွှီဖန်း ခေါင်းခါယမ်းလိုက်ကာ...
"ဒီလို မိုက်မဲတဲ့လူကို ကယ်ခဲ့တာက ငါ့အတွက် အချိန်ဖြုန်းလိုက်မိတာပဲ"
မုရုန်လင်သည် ထိုစကားကိုကြားသောအခါ သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။ အိမ်ပြန်ရောက်လျှင် ဖခင်ဖြစ်သူအား လက်စားချေခိုင်းရန် သူမစိတ်
ဆုံးဖြတ်ထားပြီဖြစ်သည်။ ယခုမူ သူမသည် သူ့အနောက်တွင် တိတ်တဆိတ် ပုန်းနေလျက် ငိုနေတော့သည်။
ယန်ပင်းနှင့် သေနတ်ဘုရင်သည် ကွင်းထဲ၌ မတ်တပ်
ရပ်ပြီးနောက် သူတို့လက်ထဲတွင်ရှိသော ပစ္စတိုသေနတ်များကို တစ်လုံးပြီးတစ်လုံး စစ်ဆေးကြသည်။ ယန်ပင်းလည်း သူ့ဟာသူ ခေါင်းညိတ်မိသည်။ အနည်းဆုံးတော့ အဲလစ်သည် ဤသေနတ်များကို ဘာမှမလုပ်ထားပေ။
ပွဲစပြီးနောက်တွင် လေဝဲပန်းကန်ပြားများကို ကောင်းကင်ပေါ်သို့ ပစ်တင်ရန်အတွက် စောင့်ဆိုင်းနေခဲ့သော အထူးစက်များလည်း စတင်လှုပ်ရှားလာကြသည်။ တစ်ချိန်တည်းမှာပင် ယန်ပင်းသည် သူ့သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ထိမှန်ခဲ့ပေသည်။
လေဝဲပန်းကန်ပြားများအား ပို၍ မြန်မြန်ပစ်တင်လာကြသည်။ ပွဲသည် ငါးမိနစ်လောက် ကြာသွားခဲ့သော်လည်း နှစ်သင်းလုံးဘက်မှ ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခြင်း မရှိသေးပေ။ ဘေးတွင်လည်း ကျည်ဆံတစ်သုတ်တောင် ရှိနေလေပြီ။
ယန်ပင်းသည် ထိုအချင်းအရာကိုမြင်ပြီး စိတ်မရှည်သောအမူအရာက သူ့မျက်နှာပေါ်၌ ပေါ်လာသည်။ နောက်ထပ် လေဝဲပန်းကန်ပြားကို ပစ်တင်ပြီးနောက် ယန်ပင်းသည် မပစ်တော့ဘဲ သူ၏ကြွက်သားများကို ဆန့်ထုတ်လိုက်သည်။ ဒါကိုမြင်တော့ သေနတ်ဘုရင်
နှင့် အဲလစ်တို့ နှစ်ယောက်စလုံးထံ၌ ပျော်ရွှင်သောအကြည့်များ ပေါ်လာလေသည်။ ယန်ပင်းဘက်မှ လေဝဲပန်းကန်ပြားကို မထိသရွေ့ သူတို့ ရှုံးသွားတော့မည်။
သို့သော်ငြား မြေပြင်ပေါ်သို့ လေဝဲပန်းကန်ပြားဆင်းသက်တော့မည်အချိန် ဒုတိယလေဝဲပန်းကန်ပြားကို ပစ်တင်လာကြသည်။ ထို ပန်းကန်နှစ်ခု ထပ်သွားသည့်အချိန်တွင် ယန်ပင်းသည် နှစ်ခုစလုံးကို တပြိုင်နက် ပစ်ခတ်ခဲ့သည်။
သေနတ်ဘုရင်သည် ထိုအရာကိုမြင်တော့ ထိတ်လန့်သွားခဲ့သည်။ ထိုလှုပ်ရှားမှုက သူ၏စိတ်အစဥ်ကို ရှုပ်ထွေးသွားစေသော်ငြား သူက သေနတ်
ဘုရင်ဖြစ်နေတုန်းပါပင်။ သူလည်း ပစ်မှတ်ကို ထိမှန်နေတုန်းပင်။
သို့သော် ပန်းကန်ပြားအရှိန်တိုးလာသည်နှင့်အမျှ ယန်ပင်းသည် သူ့သေနတ်ဖြင့် အလွယ်တကူပင် စည်းချက်ကျကျ ပစ်ခတ်နေဆဲဖြစ်သော်လည်း သေနတ်
ဘုရင်ကတော့ ထိတ်လန့်စပြုလာသည်။ တကယ်တော့ သူ ဒီအရှိန်ထိ ရောက်လာတာကပဲ တော်တော်
တိုးတက်နေပြီဖြစ်သည်။ သို့သော် အခုအချိန်မှာတော့ ယန်ပင်းနှင့် ယှဥ်ရာ၌ အားနည်းနေပေသည်။
ထိုအချိန်တွင် အဲလစ်သည်လည်း ထိုအခြေအနေနှင့် ပတ်သက်၍ ယေဘုယျအတွေးတစ်ခုရှိနေပြီဖြစ်သည်။ သူမ ရွှီဖန်းကို ကြည့်ကာ သူမနှင့် သူလုပ်ခဲ့သော လောင်းကြေးကို တွေးမိသွားသည်။ သူမ နောင်တရနေပြီး ရှက်ရွံ့မှုအပြည့်ကို ခံစားနေရပေသည်။
"ငါ မင်းကို ပြောမယ်..."
ရွှီဖန်းမှ အာရုံမစိုက်နေသည့်အချိန် အဲလစ်သည် သူမအနားရှိစစ်သားတစ်ယောက်အား တစ်စုံတစ်ခုကို ခပ်တိုးတိုးပြောလိုက်သည်။ စစ်သားသည် အမိန့်ရပြီးနောက် ရွှီဖန်းကို တစ်ချက်ကြည့်ကာ ချက်ချင်းထွက်သွားသည်။
"ငါ ရှုံးနိမ့်တာကို ဝန်ခံပါတယ်"
စစ်သားထွက်သွားသည်ကိုကြည့်၍ အဲလစ်လည်း ပြိုင်ပွဲကိုရပ်ကာ သူမ၏ရှုံးနိမ့်မှုကို ဝန်ခံလိုက်သည်။ ပွဲဖြစ်ရာနေရာရှိ စစ်သားများလည်း စကားရပ်သွားကြသလို ရွှီဖန်းနှင့် ယန်ပင်းတို့လည်း လုံးလုံး အံ့သြသွားလေသည်။
အဲလစ်၏စကားကိုကြားပြီးနောက် ရွှီဖန်းလည်း သူမနှင့် ငြင်းခုံချင်စိတ် မရှိတော့ပေ။
"ကောင်းပြီလေ မင်းရှုံးသွားပြီဆိုမှတော့ လောင်းကြေးသွားဖြည့်ဆည်းတာပေါ့"
"အခုလား"
အဲလစ် အံ့အားသင့်သွားခဲ့သည်။ ရွှီဖန်းတစ်ယောက် ဤမျှဆန္ဒစောနေမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
မုရုန်လင်သည် ရွှီဖန်းအား စက်ဆုပ်ရွံ့ရှာစွာ ကြည့်လျက်...
"ဒီလိုလူမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး၊ တရုတ်နိုင်ငံအတွက် တကယ်ရှက်စရာပဲ"
မုရုန်လင်းသည် ယခုအချိန်၌ အတော်လေး စိတ်
အနှောင့်အယှက်ဖြစ်နေလေသည်။ ရွှီဖန်းသည် အဲလစ်ကို အာရုံစူးစိုက်မှုအပြည့်ပေးထားပြီး သူမကိုမူ ဆူငေါက်ကာ အဝေးသို့ ဖယ်ကျဥ်ထားလေသည်။
သို့သော်လည်း ရွှီဖန်းအား သူမ မှားယွင်းစွာ တွေးနေမိခြင်းပင်။ ရွှီဖန်းသည် အဲလစ်အား သက်သက်
ကြောက်လန့်စေရန် ကြိုးစားနေခြင်းဖြစ်သည်။
"ဟုတ်တယ်၊ ငါ တရုတ်ပြန်ဖို့ အလျင်လိုနေတုန်းပဲ၊ အခု မင်း အခန်းရှာလိုက်၊ ပြီးတာနဲ့ ငါ အိမ်ပြန်မယ်"
"မင်း!"
ရွှီဖန်းမှ ထိုကဲ့သို့ပြောလာသည့်အခါ အဲလစ် တုန်လှုပ်သွားသော်လည်း သူ့ကိုရှုံးသွားပြီးကတည်းက သူမထံ၌ ဘာမှပြန်ပြောနိုင်တာ မရှိပေ။
"အနည်းဆုံးတော့ ညစာစားကြရအောင်၊ မင်း မနက်ဖြန် အိမ်ပြန်လို့ရပါတယ်၊ မင်းကို ဘယ်သူမှ မတားစေရဘူးလို့ ငါအာမခံတယ်၊ ဒီည မင်းပြန်ရင် အရမ်းနောက်ကျနေပြီ၊ ဒါအပြင် ညတာက ရှည်လိမ့်မယ်လို့ မင်း မထင်ဘူးလား"
အဲလစ်မှာ ဘာလုပ်ရမှန်း မသိတော့သည့်အတွက် ရုပ်ချည်းပင် နှစ်လိုဖွယ်ကောင်းသော အမူအရာဖြင့် ပြောလိုက်မိလေသည်။
**********************