← Chapters

မှားပြီ

Vol. 20 Ch. 290

မှားပြီ

Vol. 20 Ch. 290

ရွှီဖန်းသည် အဲလစ်၏ စကားကိုကြားပြီးနောက် မျက်လုံးများကျဥ်းမြောင်းလိုက်မိသည်။ သူ စိတ်ရှုပ်ထွေးသွားသော်လည်း ကြီးကြီးမားမားတော့ မခံစားရပေ။ သူကိုယ်တိုင်လည်း လူကယ်ပြီးပြီးချင်း အခုထွက်သွားရန်မှာ အရမ်းအလျင်လိုနေသည်ဟု ခံစားရသည်။

တကယ်တော့ တခြားအကြောင်းပြချက်တစ်ခုလည်း ရှိသည်။ ရုတ်တရက် ပရောပရည်လုပ်လာသော အဲလစ်၏သဘောထားက ရွှီဖန်း၏နှလုံးသားကို ပူလောင်စေပေသည်။ ရွှီဖန်း သူမကို တစ်ကယ် ဘာမှ လုပ်မည်မဟုတ်သော်လည်း အဲလစ်အပေါ်၌ သူ၏စိတ်ဝင်စားမှုကတော့ လုံးဝမထိခိုက်သွားပေ။

တကယ်တော့ ရွှီဖန်း၌ အဆင့်မြင့်သည့်စံနှုန်းများ ရှိနေ၍ မဟုတ်ပေ။ သူ့ဘေးနားမှ အလှလေးသည် သူ့ထံ၌ ရှုံးသွားပြီး ထပ်ပြီးမကျေမနပ်မဖြစ်ရဲရုံသာဖြစ်မှန်း သူ သိပေသည်။

ရွှီဖန်းမှ ခေါင်းညိတ်သဘောတူသည်ကိုမြင်သောအခါ အဲလစ် ပြုံးလိုက်သည်။ သူမ ခေါင်းမမာနေတော့ဘဲ ရွှီဖန်း၏လက်ကို အရင်စကိုင်ကာ စစ်သားအုပ်စုကိုကြည့်လိုက်သည်။

အဲလစ်၏စီစဉ်မှုအောက်မှာ သူတို့အားလုံးအတူတူပင် ထမင်းစားရန်အတွက် ဒေသအတွင်းရှိဟိုတယ်ကို သွားခဲ့ကြသည်။

"သူ မူးအောင်တိုက်ချင်နေတာလား"

အဲလစ် လုပ်ရန်ကြိုးစားနေသည့်အရာကို တွေးမိတော့ ရွှီဖန်း စိတ်ထဲ၌ ရယ်မောကာ ခေါင်းခါယမ်းမိသည်။ သူ၏ မိုးပျံအိုးသိုင်းကျမ်းကြောင့် သူ့ခန္ဓာကိုယ်

အတွင်းမှ အရက်များကို တွန်းထုတ်ရန်အတွက် ချီအတွင်းအားကို အားကိုးနိုင်သောကြောင့် ရွှီဖန်းအတွက် ကြောက်စရာမရှိပေ။ ထို့ကြောင့် အဲလစ်၏အဖွဲ့နှင့် ဟိုတယ်သို့လိုက်ရန် သတ္တိရှိနေခြင်းပင်။

သို့သော်ငြား ဟိုတယ်သို့ရောက်သောအခါ အဲလစ်

ဘက်မှ အရက်သောက်ရန် မတိုက်တွန်းသလို ထူးထူးခြားခြား ဘာမှမဖြစ်ခဲ့ပေ။ ရွှီဖန်း စိတ်ရှုပ်သွားလေသည်။ 

အဲလစ်ဘက်က အရှုံးကို ကျေကျေနပ်နပ်ကြီး လက်ခံလိုက်တာများလား။ ရွှီဖန်းဖြင့် မယုံနိုင်ပေ။

"ဟေ့ မင်းဘာတွေစီစဉ်ထားတာလဲ" 

ရွှီဖန်း နားမလည်နိုင်တော့တာကြောင့် အဲလစ်ကို တိုက်ရိုက်မေးမြန်းလိုက်သည်။    

"ဒါကို သောက်ပြီးရင် ငါပြောပြမယ်" 

အဲလစ်က ပြုံးပြုံးလေးပြောလာသည်။

ရွှီဖန်း ခွက်ကို ခဏတာမျှ စိုက်ကြည့်၍ ယူလိုက်

သည်။ ခွက်ကို သူ့နှာခေါင်းနားကပ်၍ ချီအတွင်းအားကိုသုံးကာ အနံ့ခံကြည့်လိုက်သည်။ ဤဝိုင်ခွက်သည် သာမန်ဝိုင်တစ်ခုသာဖြစ်ပြီး တခြားဘာမှ မထည့်ထားဘူးလို့ သူခံစားမိပေသည်။

ရွှီဖန်း တွန့်ဆုတ်မနေတော့ဘဲ တစ်ကျိုက်တည်း သောက်ချလိုက်သည်။    

"မင်း အခုပြောလို့ရပြီ"

သို့သော် ရွှီဖန်းမှ "မင်း ... " ဆိုသည့် စကားသာ ပြောရသေး၏၊ လောကကြီးတုန်ခါနေသလိုမျိုး ခံစားရကာ သူ့မျက်လုံးများ အမှောင်ကျသွားပြီး သတိလစ်သွားတော့သည်။

"ဟမ့်!"

အဲလစ်သည် အေးစက်သောအမူအရာဖြင့် ရွှီဖန်းကိုကြည့်ကာ ပြောလိုက်သည်။

"အစီအစဥ်အတိုင်း ဆက်လုပ်လိုက်တော့"

အဲလစ်၏ညွှန်ကြားချက်ကို ကြားတော့ သူမဘေးနားမှ စစ်သားများသည် ရွှီဖန်းအား သယ်ဆောင်ကာ ချက်ချင်း ထွက်သွားကြသည်။ ယန်ပင်းနှင့် မုရုန်

လင်တို့သည်လည်း အလားတူ ဆက်ဆံမှုကို ခံယူခဲ့ကြရသည်။    

နောက်တစ်နေ့၌ ရွှီဖန်း နိုးလာသောအခါ သူ 

လေယာဉ်ပေါ်၌ ရောက်နေပြီဖြစ်သည်။ လေယာဉ်ပေါ်မှာ တပ်ဆင်ထားသော ပစ္စည်းများကို ကြည့်ခြင်းအားဖြင့် သီးသန့်လေယာဉ်မှန်း သိနိုင်ပေသည်။

"အာ..."

မုရုန်လင်လည်း နောက်ဆုံးတွင် နိုးလာလေသည်။ သူမ

စောင်ကိုကိုင်၍ ရွှီဖန်းကို ကြောက်လန့်တကြားကြည့်

ကာ အော်ဟစ်လာသည်။ ထို့နောက် သူမ၏မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျဆင်းလာတော့သည်။ 

"ဝူး! လူယုတ်မာ...ရှင် ကျွန်မကို ဒီလိုမျိုး ဘယ်လိုလုပ် ဆက်ဆံနိုင်ရတာလဲ၊ ဒါ ကျွန်မရဲ့ ပထမဆုံး အကြိမ်ပဲ၊ ကျွန်မ ထပ်ပြီး အသက်မရှင်တော့ဘူး!"

ရွှီဖန်းမှာလည်း လောလောဆယ်၌ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့သည်။ ယခု မုရုန်လင်မှ ထိုကဲ့သို့သော ရာဇ၀တ်မှုဖြင့် စွပ်စွဲလာသည့်အခါ သူ နစ်နာသလို ခံစားလိုက်ရပေသည်။ သူ ဘာလုပ်ရမှန်းမသိတော့ပေ။

"ငါ မင်းကို ဘာမှ မလုပ်ခဲ့ဘူးကွ"

ရွှီဖန်းတစ်ယောက် ချက်ချင်းပင် မိမိကိုယ်ကို ကာကွယ်လိုက်မိသည်။

"ဘာမှမလုပ်​ဘူးလို့​ ရှင် ပြောရဲသေးတယ်လား လူယုတ်​မာ" 

အမှန်တရားက ဒီမှာ ရှိနေသည်ဖြစ်ရာ ရွှီဖန်း၏ချေပမှုအား သူမ၏လက်ခံနိုင်စွမ်းက သုညပင်။

"မဟုတ်ဘူး၊ ငါလည်း မနေ့ညက အဲလစ် လုပ်ကြံတာကို ခံခဲ့ရတယ်...ငါတို့ကြားမှာ ဘာမှမဖြစ်ခဲ့ဘူး"    

"တကယ်လား"

မုရုန်လင်သည် ထိုစကားကိုကြားသောအခါ ငိုတာရပ်သွားပြီး လုံးဝစဥ်းစား၍မရဟန်ဖြင့် ရွှီဖန်းအား ကြည့်လာသည်။    

"ဒါက..."

ရွှီဖန်းလည်း အံ့သြသွားသည်။ သူကိုယ်တိုင်လည်း တကယ် ယုံကြည်ချက်မရှိနေပေ။ သူ ဘာမှ မမှတ်မိတော့သော်ငြား ဘာမှမဖြစ်ခဲ့ဖို့တော့ များပေ၏။  

"မင်းရဲ့ အခြေအနေကို ကြည့်လိုက်လေ၊ ဖြစ်သွားသလား မဖြစ်သွားဘူးလားဆိုတာ မသိနိုင်ဘူးလား"    

ရွှီဖန်း၏ စကားကိုကြားပြီးနောက် မုရုန်လင်သည် သူမ၏ခေါင်းကို စောင်ထဲတွင် ချက်ချင်းမြှုပ်လိုက်ပေသည်။    

ရွှီဖန်း၏အဖြစ်မှာလည်း မုရုန်လင်၏ တုံ့ပြန်မှုကို စောင့်မျှော်ရင်း သူမ စီရင်ချက်ချမှတ်ရန် စောင့်ဆိုင်းနေသော အကျဉ်းသားတစ်ဦးနှင့် တူလှပေသည်။

တစ်ဖက်တွင် မုရုန်လင်သည် သူမ၏ ဦးခေါင်းကို စောင်အောက်တွင် မြှုပ်လိုက်သောအခါ ဘာကိုမှ မတွေ့ခဲ့ရပေ။ ယုတ္တိကျကျသာ ပြောရလျှင် သွေးစွန်းထင်းနေသင့်ပြီး နာကျင်မှုကိုလည်း ခံစားနေသင့်ပေသည်။ မုရုန်လင်လည်း စိတ်သက်သာရာ ရသွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ယခင်က ရွှီဖန်းတစ်ယောက် သူမအား မည်သို့ဆက်ဆံခဲ့သည်ကို ပြန်တွေးမိသွားသည်။    

"ဝူး ဝူး လူယုတ်မာ၊ ကျွန်မဖြင့် သေတော့မှာပဲ"

မုရုန်လင်က ပြောပြီးသည်နှင့် မျက်ရည်များ စီးကျလာတော့သည်။

ရွှီဖန်း အံ့အားသင့်သွားရသည်။

"အာ...အဲ့ဒါ ဖြစ်နိုင်တာက...တစ်ခုခုဖြစ်သွားတာလား"

"ထွက်သွား ရှင့်ကို ကျွန်မ ထပ်မတွေ့ချင်တော့ဘူး...ထွက်သွား"

ထိုအခိုက်အတန့်တွင် မုရုန်လင်သည် သူမကိုယ်သူမ စိတ်ထဲ၌ ဆု ပေးနေမိ၏။ သူမ ငိုယိုရင်း ရွှီဖန်းအား ဒေါသတကြီး ကန်ကျောက်ကာ ကောင်းကောင်းသရုပ်ဆောင်နေလေသည်။

ရွှီဖန်း၏ ဖြူဖျော့နေသော မျက်နှာကိုမြင်လိုက်မှသာ သူမသည် စောင်ကိုပတ်၍ လေယာဉ်အတွင်းပိုင်းမှ ထွက်လာခဲ့သည်။ အပြင်ကိုရောက်မှသာ သူမအငိုရပ်လိုက်သည်။ သူမ အနည်းငယ်စိတ်ကျေနပ်သွားသော်ငြား အနည်းငယ်လည်း စိတ်ပျက်သွားမိသည်။

"ရွှီဖန်းက ဘာဖြစ်နေတာလဲ၊ ငါ့ကို အဲ့ဒီလိုလုပ်လိုက်ရ

လို့ သူ ပျော်နေသင့်တာမဟုတ်ဘူးလား၊ ဘာလို့ သူကပဲ အများကြီးဒုက္ခရောက်သွားရတဲ့စတိုင်ကို ဖမ်းနေတာလဲ"

ထိုအချိန် ရွှီဖန်း၏နှလုံးသားတစ်ခုလုံးသည် ရိုလာကိုစတာစီးလိုက်ရသလိုပင် ခံစားနေရသည်။ ထိုအကြောင်းကို တွေးရန်အတွက် သူ့မှာ ဘယ်လိုလုပ် စိတ်ရှိနိုင်တော့မည်နည်း။ အရမ်းလှပသည့်

မိန်းကလေးနှင့် အိပ်ခဲ့သည်ဆိုတာကိုတောင် သူ မေ့နေခဲ့သည်။ လက်ရှိအချိန်တွင် ရွှီဖန်းသည် အဲလစ်ကိုပင် သွားပြန်ရှာချင်စိတ်များ ဖြစ်ပေါ်နေတော့သည်။

သူ အပြင်သို့ ထွက်လာသောအခါ ထိုင်နေသော ယန်

ပင်းနှင့် X နိုင်ငံမှ မိန်းကလေးကို သူတွေ့လိုက်ရသည်။    

"ဘာတွေဖြစ်သွားတာလဲ"

ယန်ပင်းကိုကြည့်ပြီး ရွှီဖန်း မေးမိသည်။

"မသိဘူး၊ ငါလည်း မူးလဲသွားခဲ့တာပဲ၊ အဲလစ် လုပ်

လိုက်တာပဲဖြစ်မယ်...မင်းကံကောင်းသွားတယ်" 

ယန်ပင်းက သူ့လက်တွေကို မြှောက်၍ ရွှီဖန်းကို ကြည့်ကာ အပြုံးဖြင့် ပြောလာသည်။

ရွှီဖန်းမှာ ယခုအချိန်တွင် သူ မည်သို့ခံစားနေရသည်ကိုပင် မပြောနိုင်ခဲ့ပေ။ သူ၏ နဂိုခံစားချက်များကပင် ရှုပ်ထွေးနေပြီဖြစ်ရာ အခု နောက်တစ်ယောက်ပင် တိုးလာသေးသည်။ ထိုမိန်းကလေးက တရုတ်ပြည်မှ သူဌေးကြီးတစ်ယောက်၏ မြေးမလေးလည်းဖြစ်နေ၏။

"ဟုတ်တယ်၊ ငါသူမနဲ့ ဆွေးနွေးရမယ်"

ရွှီဖန်း ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ ဟုတ်

သည်၊ သူ မုရုန်လင်နှင့် ထိပ်တိုက်ရှင်း၍ သူမကို မကျေမနပ်ဖြစ်အောင် ခွင့်မပြုထားသင့်ပေ။ 

ထို့နောက် ရွှီဖန်းသည် လေယာဉ်အတွင်းပိုင်းသို့ ချက်ချင်း ပြေးသွားခဲ့သည်။    

ကံမကောင်းစွာပင် မုရုန်လင်တစ်ယောက် အဝတ်အစားလဲနေသည့်အချိန် ဖြစ်နေခဲ့သည်။ ထိုအချိန်၌ သူမသည် ဝတ်လစ်စားလစ်ဖြင့် ရပ်နေခဲ့သည်။ ရွှီဖန်း ဝင်လာတာကို မြင်တော့ သူမ အံ့ဩသွားကာ...

"အား!! ထွက်သွား" 

မုရုန်လင်သည် သူမ၏ခန္ဓာကိုယ်အား စောင်ဖြင့် အမြန်ဖုံးလိုက်သည်။ သို့သော်ငြား ရွှီဖန်းကတော့ အကုန်မြင်သွားလေပြီ။

ရွှီဖန်းလည်း နေရခက်စွာ ခေါင်းကုတ်၍...

"အာ...ငါ မင်းနဲ့ ဆွေးနွေးစရာရှိလို့၊ အရမ်းကြီး မလန့်သွားနဲ့၊ ငါ ဘာမှ မမြင်လိုက်ပါဘူး"

"ရှင် ကျွန်မကို ဘာလို့လာရှာတာလဲ၊ ကျွန်မကိုတာဝန်ယူမယ်လို့မပြောနဲ့...ရှင့်ကို ကျွန်မ မကြိုက်ဘူး"    

"အာ"

ထိုစကားကိုကြားတော့ ရွှီဖန်း အံ့သြသွားလေသည်။ ထိုစကားကို မုရုန်လင် ပြောလာခဲ့သည့်အခါ သူ့ဘက်မှ ထိုကိစ္စကို အသုံးချ၍ သူမကို သူ့ရည်းစားဖြစ်လာရန် ကြံရွယ်နေသည့်ပုံစံပေါက်သွားတော့သည်။ ရွှီဖန်းသည် သူမအား အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြည့်မိတော့သည်။

သူမ၏စကားများသည် ဒွိဟဖြစ်စရာကောင်းကြောင်း မုရုန်လင် သဘောပေါက်သွားကာ သူမ၏မျက်နှာမှာ အနည်းငယ်နီရဲသွားခဲ့သည်။ 

"ဘာဖြစ်လို့လဲ"    

"စိတ်မဆိုးပါနဲ့" 

ရွှီဖန်းသည် ထိုကိစ္စကို ဂရုစိုက်ရန် အလွန်ပျင်းလွန်းနေသည်။ သူမနှင့် အရင်ဆွေးနွေးရန်က ပိုအရေးကြီးပေသည်။

"မင်း ဒီတစ်ကြိမ် ပြန်ပေးဆွဲခံရတော့ ကြောက်နေခဲ့တယ်မလား။"    

ရွှီဖန်းမှ ထိုစကားကို ပြောလာသောအခါ မုရုန်လင် အံ့ဩသွားပေသည်။ ရွှီဖန်းမှ ပြန်ပေးဆွဲသည့်ကိစ္စအား ပြန်ဆွဲထုတ်လာတာကြောင့် သူမ၏အမူအရာမှာ မည်းမှောင်လာခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က အတွေ့အကြုံများကို ပြန်သတိရမိပြီး  ထိုအချိန်က နာကျင်ခဲ့ရခြင်းများကို မုရုန်လင်ခံစားမိပေသည်။    

သူမ၏ အခြေအနေကိုကြည့်၍ ရွှီဖန်း စကား ဆိုလိုက်သည်။

"အဲ့ဒီနိုင်ငံကိုရောက်တာနဲ့ ငါ မင်းကို ကယ်ခဲ့တယ်၊ အခုဆို မင်းလုံခြုံနေပြီး နိုင်ငံထဲပြန်ရောက်ရင် မင်းမိသားစုနဲ့တွေ့ရတော့မယ်။"    

ရွှီဖန်း၏ ထောက်ပြမှုကြောင့် မုရုန်လင်သည် ချက်ချင်းပင် သူမ၏ ခေါင်းကို မော့ကာ ခေါင်းညိတ်ပြလိုက်သည်။ သူမ၏မျက်လုံးများထံ၌ ဝမ်းမြောက်မှုနှင့် လေးနက်သော ကျေးဇူးတရားများ ပြည့်နှက်နေခဲ့သည်။

"အခု ငါ့ကို မင်းဘက်ကနေပြီး ကူညီပေးစေချင်တာတစ်ခုရှိတယ်၊ မင်းငါ့ကိုကူညီပေးမှာလား" 

သူ့ပန်းတိုင် ရောက်သွားသည်ကို မြင်သည်နှင့် ရွှီဖန်းသည် ချက်ချင်းပင် သူမအနားကို လျှောက်သွားခဲ့သည်။    

မုရုန်လင် အံ့အားသင့်သွားကာ...

"ကျွန်မ ရှင့်ကို ဘာကူညီပေးရမလဲ"

တစ်ကယ်တော့ ဤအချိန်တိုလေးအတွင်းမှာ ရွှီဖန်းသည် သူမ၏ နှလုံးသားထဲ၌ အရာရာစွမ်းသောလူတစ်ဦးဖြစ်နေပြီဆိုတာကို မုရုန်လင်တစ်ယောက် သတိမထားမိခဲ့ပေ။    

"ကြည့်...ငါက မင်းရဲ့ ကျေးဇူးရှင်ပဲလေ၊ မနေ့ညက အဲလစ် တစ်ပတ်ရိုက်သွားတာကို ခံခဲ့ရတာမှန်း ငါကျိန်ဆိုတယ်၊ ငါတို့ကြား ဘာတွေဖြစ်သွားမှန်းတောင် မမှတ်မိတော့ဘူး၊ ဒါကြောင့် ဒီကိစ္စကို အဓမ္မကျင့်မှုလို့သတ်မှတ်လို့မရဘူးမလား၊ မင်းက သူဌေးကြီးတစ်ယောက်ရဲ့ မြေးမှန်း ငါသိပါတယ်၊ မင်းသာ တိုင်တန်းလိုက်ရင် ငါ သေသွားနိုင်တယ်၊ ငါက လယ်သမားလုပ်ငန်းရှင်သာသာပဲရှိတာ၊ မင်းမိသားစုရဲ့ ကလဲ့စားချေမှုကို ငါမခံနိုင်ဘူး" 

လက်ရှိအချိန်တွင် ရွှီဖန်း၏ပုံစံသည် အားကိုးရာမဲ့ကာ အပြစ်ကင်းသောပုံပေါက်နေသည်။    

မုရုန်လင်မှာ မထိန်းနိုင်ဘဲ ကျယ်လောင်စွာရယ်မိတော့သည်။ ရွှီဖန်းက တော်တော်လေး ပျော်စရာကောင်းပေသည်။ ဒါဆို သူက ဒါကို ကြောက်နေတာပေါ့။

ထိုသို့ သူမတွေးနေသော်ငြား အပြင်ဘက်မှာတော့ ချက်ချင်းပင် သူမအမူအရာကို အေးစက်စက်ပုံစံလုပ်လိုက်သည်။

"မိန်းမတစ်ယောက်ရဲ့ပထမဆုံးအကြိမ်က ဘယ်လောက်ထိ အရေးကြီးလဲ ရှင်သိရဲ့လား"    

"ငါ သိပါတယ်"

ရွှီဖန်းသည် စကားထစ်နေသော်လည်း မုရုန်လင်၏ အမူအရာကို စူးစမ်းနေဆဲဖြစ်သည်။ သူမ၏ လှောင်ပြောင်သောအမူအရာကိုမြင်သည့်အခါ သူ့ဘက်မှ လုပ်ပေးစရာတစ်ခုခုရှိနေပြီမှန်း သိလိုက်

သည်။ မုရုန်လင်သည် ယခု သူနှင့် ညှိနှိုင်းချင်နေပေသည်။    

သို့သော် မုရုန်လင်မှ သူ့အား ဖုံးကွယ်လိမ်လည်

ထားမည်ဟူ၍တော့ ရွှီဖန်း လုံးဝ မထင်ထားခဲ့ပေ။ တကယ်တော့ သူတို့ကြား၌ ဘာမှမဖြစ်ခဲ့ကြပေ။ 

"ရှင် ကျွန်မကို မတိုင်စေချင်ဘူးဆိုရင်တော့ အဆင်ပြေပါတယ်၊ ကျွန်မကို ရှင် ကယ်ထားတာဆိုပေမယ့် ဒီကိစ္စကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်လို့တော့မရဘူး"    

"ကောင်းပြီ ကောင်းပြီ ကောင်းပြီ၊ ဒီပြဿနာကို ဖြေရှင်းနိုင်သရွေ့ မင်း ဘာပဲလိုချင်ပါစေ ပြောနိုင်တယ်၊ မင်းပြောတာကို ငါ ဖြည်းဆည်းပေးနိုင်တယ်"    

"ရှင် ဘာတွေပြောနေတာလဲ ကျွန်မမှာ ပိုက်ဆံမပြတ်လပ်နေဘူး"

"ဟုတ်တယ် ဟုတ်တယ် မင်းမှာ ပိုက်ဆံမပြတ်လပ်မှတော့ ငါတို့ဘာလုပ်သင့်တယ်လို့ ထင်လဲ"    

သူတို့ကြား အခုလို ညှိနှိုင်းနိုင်တာ ကောင်းပေသည်။ အနည်းဆုံးတော့ ဒီမုရုန်လင်မှ သူ့လမ်းအား နှောင့်ယှက်လာတာမျိုး သို့မဟုတ် သူမမိသားစုမှ သူ့အား လက်စားချေလာတာမျိုးကို စိုးရိမ်စရာမလိုတော့ပေ။

"ဖုန်းနံပါတ် ချန်ထားခဲ့၊ ကျွန်မ အဲ့ဒါကို မစဉ်းစားရသေးဘူး၊ တရုတ်ကို ပြန်ရောက်တဲ့အခါကျမှ ကျွန်မလိုအပ်တဲ့အချိန် ဖုန်းဆက်လိုက်မယ်၊ ဖုန်းမကိုင်လို့ကတော့ ကျွန်မမိသားစုကို ချက်ချင်းပြောပြလိုက်မှာ"

လက်ရှိအချိန်၌ ရွှီဖန်းတွင်လည်း အခြားရွေးချယ်စရာမရှိပေ။ တခြားဘာမှမလုပ်ခင်မှာ မုရုန်လင် စိတ်

တည်ငြိမ်သွားအောင် အရင်လုပ်သင့်ပေသည်။ နောက်ဆုံးမှာ သူကသာ မှားယွင်းပြီး သူမအား ထိုသို့ပြုမူခဲ့သူဖြစ်သည်။    

ဒါကိုတွေးလျက် မုရုန်လင်ကို ရွှီဖန်း ခေါင်းညိတ်ပြလိုက်သည်။

"ရတယ်၊ သေချာတာပေါ့"

"ဒါဆို ရှင်အရင်​ထွက်​သွား​တော့ ကျွန်မ အဝတ်အစားဝတ်​ရဦးမယ်​" 

မုရုန်လင်းသည် ခပ်တိုးတိုးလေးပြောရင်း မျက်နှာနီရဲသွားလေသည်။    

"အာ...ဟုတ်ပြီ"

 ရွှီဖန်းလည်း ခြောက်ကပ်ကပ်ရယ်မောကာ ချက်ချင်း လှည့်ထွက်လာခဲ့သည်။    

ထို့နောက် သိပ်မကြာခင်မှာပင် တရုတ်နိုင်ငံ၊ မြို့တော် လေဆိပ်၌ လေယာဥ်ဆင်းသက်ခဲ့ပေသည်။ လက်ရှိအချိန်တွင် လေဆိပ်သည် စစ်တပ်စောင့်ကြပ်မှုအောက်တွင်ရှိနေပြီး အမှောင်ထဲတွင် ရပ်နေသော လူတချို့ပင် ရှိနေလေသည်။

**********************

All Chapters