← Chapters

ရှမိသားစု၏ပြဿနာ

Vol. 20 Ch. 291

ရှမိသားစု၏ပြဿနာ

Vol. 20 Ch. 291

လေယာဉ်ဆင်းသက်သွားသည့် အခိုက်အတန့်တွင် လူတစ်စုက ဝိုင်းရံလာပြီး ရွှီဖန်း၊ ယန်ပင်းနှင့် X နိုင်ငံမှကောင်မလေးကတော့ ဘေးသို့ တွန်းခံလိုက်ရလေသည်။ သူတို့သုံးယောက်စလုံး အံ့အားသင့်နေကြစဥ်တွင် မုရုန်လင်ကတော့ ကိုယ်ရံတော်များ ခြံရံလျက် လေယာဉ်ပေါ်မှ ထွက်ခွာသွားလေသည်။    

"ငါတို့က လေတွေလား" 

သူတို့သုံးယောက်စလုံး လုံးဝ မတည်ရှိနေသလို ခံစားလိုက်ရပေသည်။

"အများကြီး ပြောပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခမဖြစ်စေနဲ့၊ ငါတို့က ဝူထျန်းနဲ့ အပေးအယူ ဖလှယ်ထားကြတာ။"    

"အင်း"

ယန်ပင်း၏စကားကိုကြားသောအခါ ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ ဝူထျန်းကသာ သူ့ကတိကို တည်နေသရွေ့ သူ့ဘက်မှ နစ်နာလိမ့်မည်မဟုတ်ပေ။

"အခု ငါတို့ ဘယ်သွားကြမလဲ" 

လူအုပ်ကြီး ဆုတ်ခွာသွားပြီးနောက် လေဆိပ်မှာ ထူးထူးခြားခြား ပေါ်လာခဲ့သော လုံခြုံရေး အစောင့်များလည်း ပျောက်သွားလေသည်။ မုရုန်လင်ကတော့ သူတို့ကို ဒီအတိုင်းပဲ ထားခဲ့လေသည်။

"ဝူထျန်းကို အရင်သွားရှာရအောင်" 

သို့နှင့် ရွှီဖန်းလည်း လေယာဉ်ပေါ်မှဆင်းလာခဲ့သည်။    

"ဒါပေမယ့် သူမကရော"

ယန်ပင်းသည် သူ့ဘေးနားရှိ Xနိုင်ငံမှ အမျိုးသမီးကို ကြည့်၍ မေးလာသည်။ ရွှီဖန်းလည်း ထိုအမျိုးသမီးကို ကြည့်၍ ခဏကြာတွေးကာ ပြောလိုက်သည်။

"ဝူထျန်းဆီ အရင်သွားမယ်၊ ပြီးမှ ဝူထျန်းကို အိမ်

ပြန်ပို့ခိုင်းလိုက်မယ်"

"ဟုတ်ပြီ"

ယန်ပင်း ခေါင်းညိတ်လိုက်သည်။    

လေယာဉ်ပေါ်မှဆင်းပြီးနောက် ရွှီဖန်းသည် အဆင့်အတန်းခွဲခြားဆက်ဆံခြင်းကို ပို၍ ခံစားမိသွားခဲ့သည်။

"ဖာ့ခ်! သာမန်လေယာဥ်စီးရင် ဘာဖြစ်လို့လဲ၊ ဒီကိုယ်ပိုင်လေယာဉ်ပေါ်က ဆင်းလာတာနဲ့ပဲ လူတိုင်းက တလေးတစားနှုတ်ဆက်နေကြတယ်"

ရွှီဖန်း၏ ညည်းညူမှုကို တုံ့ပြန်သည့်အနေဖြင့် ယန်

ပင်းနှင့် Xနိုင်ငံမှ အမျိုးသမီးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဘာမှမပြောဘဲ ပြုံးနေခဲ့ကြသည်။    

လေဆိပ်မှ ထွက်ခွာပြီးနောက် သူတို့ သုံးဦးသည် ချန်ဟိုင်းသို့ မြန်နှုန်းမြင့်ရထားဖြင့် စစ်တပ်ရှိရာကို ထွက်ခွာလာကြသည်။    

"ကြိုဆိုပါတယ် ညီလေးရွှီ"

ဝူထျန်းသည် ရွှီဖန်းပြန်ရောက်လာသည့်သတင်းကို သဘာဝကျစွာ သိထားပြီး စစ်တပ်အ၀င်ဝတွင် သူ့ကိုစောင့်နေလေသည်။

"မျက်နှာချိုမသွေးပါနဲ့...ကျွန်တော် ဒီတစ်ခေါက်သွားတာ အများကြီးခံခဲ့ရတယ်" 

ရွှီဖန်းသည် ဝူထျန်း၏အချိုရောင်းမှုကို မဝယ်ဘဲ ရောက်တာနှင့် တန်းချေပလိုက်သည်။

"ဟုတ်ပါတယ် ငါ မင်းအပေါ်မှာ အကြွေးတင်ထားတယ် မဟုတ်လား"

ဝူထျန်းက ချက်ချင်းပြုံးလိုက်သည်။ ဒီတစ်ကြိမ်မှာ ရွှီဖန်းခံယူခဲ့ရသည့် ဆက်ဆံမှုကို သဘာဝကျစွာ သူသိထားတာကြောင့် ရွှီဖန်း၏လက်ရှိသဘောထားကို သူ စိတ်ထဲမထားပေ။

ဝူထျန်းနှင့် နှုတ်ဆက်ပြီးသည်နှင့် သူတို့ အထဲကို ဝင်လာကြသည်။

"ကျွန်တော့်မိသားစုအတွက် ဘာလုပ်ပေးဖို့ စီစဉ်ထားလဲ" 

လမ်းလျှောက်နေရင်း ရွှီဖန်းမေးလိုက်သည်။    

"ဒီလိုဆို ဘယ်လိုလဲ၊ မြို့ထဲက စစ်ဌာနချုပ်ရဲ့ ခြံဝင်းထဲမှာ မင်းမိသားစုကို ထားဖို့ စီစဉ်ထားလိုက်မယ်၊ အဲ့ဒီနေရာက ခေါင်းဆောင်ဟောင်းတွေ နေကြတာလေ၊ အများအားဖြင့်တော့ အဲ့ဒီဘက်မှာ သူတို့ အလိုရှိသလို အသုံးပြုနိုင်တဲ့ စစ်သားတွေနဲ့ အထူးတပ်ဖွဲ့တွေရှိတယ်၊ ဒါကြောင့် လုံးဝ အန္တရာယ်ကင်းတယ်။"    

"ကောင်းပြီ"

ထိုအခါမှသာ ရွှီဖန်း ခေါင်းညိတ်သဘောတူလိုက်ပြီး ဝူထျန်းအား ရန်ရှာနေခြင်းကို ရပ်တန့်ခဲ့သည်။ နောက်ဆုံးမှာ ဝူထျန်းကသာ ဒီလိုအလုပ်မျိုး လုပ်နိုင်သည်ပင်။

"ခင်ဗျားရဲ့အကူအညီလိုတာတစ်ခုရှိသေးတယ်"    

"ဟမ်"

ဝူထျန်းက ရွှီဖန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လာသည်။

ဝူထျန်း၏အမူအရာကိုမြင်တော့ ရွှီဖန်းတစ်ယောက် ချက်ချင်းပင် နိုးကြားစွာ ပြောလိုက်ရသည်။

"ဒါပေမယ့် ကျွန်တော့်ကိုပေးထားတဲ့ကတိနဲ့ ချေဖို့မတွေးနဲ့၊ အဲ့ဒီဟာက ပေါ့ပေါ့ပါးပါးကိစ္စပဲမလို့ ခင်ဗျား မလုပ်ချင်ရင်လည်း ကျွန်တော် တခြားလူကို ရှာလို့

တယ်"

"အေးပါ အေးပါ"

ရွှီဖန်း၏စကားကိုကြားတော့ ဝူထျန်း မရယ်ဘဲ မနေနိုင်ခဲ့ပေ။ ဝူထျန်းသည်လည်း ရွှီဖန်းအတွက် တာဝန်ပေါ့သည့် ကိစ္စတစ်ခုခုလုပ်ပေးရန် ဆန္ဒရှိပေသည်။ ဘာပဲဖြစ်ဖြစ် သူတို့စစ်တပ်အတွက် ရွှီဖန်း၏တန်ဖိုးက အလွန်ကြီးမားပေသည်။

"ကျွန်တော့်အနောက်က Xနိုင်ငံက မိန်းကလေးကို အိမ်ပြန်ပို့ပေးပါ"

ရွှီဖန်းသည် သူ့အနောက်မှ ကောင်မလေးကို လက်ညှိုးထိုးပြပြီး ဝူထျန်းကို ပြောခဲ့သည်။ ဝူထျန်းလည်း လှည့်၍ သူမကို ကြည့်လိုက်သည်။ ခဏလောက်စဉ်းစားပြီးမှသာ သူ ခေါင်းညိတ်ပြီး သဘောတူခဲ့သည်။ ထိုအရာမှာ အမှန်တစ်ကယ်ပင် ကြီးမားသော ကိစ္စမဟုတ်ပေ။ ရွှီဖန်းသည် သူမအိမ်ကို ပြန်သည့်တစ်လျှောက် ကာကွယ်ပေးရမည်ဟု မပြောခဲ့ပေ။ သူမကို ပြန်ပို့ပေးရသည့်ကိစ္စကတော့ ရိုးရှင်းလှသည်။

ပြီးသွားသည်နှင့် ရွှီဖန်းသည် ဝူထျန်း၏တံခါးရှေ့တွင်ရပ်လိုက်ကာ...

"ကောင်းပြီ ကျွန်တော့်ဘက်က ပြောစရာတွေတော့ ကုန်ပြီ၊ ခင်ဗျားကိုမနှောင့်ယှက်တော့ဘူး...ကျွန်တော့်မှာလည်း လုပ်စရာတွေရှိသေးတယ်"    

"မင်းတို့ ဒီကိုတောင် ရောက်နေပြီပဲ၊ မစားသောက်ဘဲ ဘာလို့ ပြန်မှာလဲ၊ ဘာများအရေးကြီးကိစ္စရှိနေလို့လဲ၊ နောက်ပြီး ငါမင်းကို အသိပေးစရာတစ်ခုရှိသေးတယ်။" 

ဝူထျန်းသည် ရွှီဖန်းကို ပြောစရာကျန်သေးတာကြောင့် ဆက်နေရန် တိုက်တွန်းခဲ့ပေသည်။

"အိုး....အဲဒါကဘာလဲ" 

ဝူထျန်း၏စကားကြောင့် ရွှီဖန်းလည်း ပဟေဠိဖြစ်သွားရသည်။ ဘာကိစ္စများဖြစ်နိုင်မလဲ။

"မင်း မေ့သွားပြီလား မင်းရဲ့ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးလေ"

"အိုး! ဟုတ်သားပဲ...ဟုတ်တယ်"

ဝူထျန်း၏ သတိပေးချက်ကိုကြားမှ ရွှီဖန်းခေါင်းညိတ်လိုက်မိသည်။ လွန်ခဲ့သည့် ရက်

အနည်းငယ်၌ အလုပ်များလွန်းခဲ့သဖြင့် သူ၏ကိုယ်ပိုင်လုပ်ငန်းကိစ္စများကိုပင် မေ့သွားခဲ့သည်။    

"ဘာဖြစ်ရမလဲ...ကိစ္စအားလုံး ပြေလည်သွားပြီ၊ မင်းစာချုပ်ချုပ်ဖို့အတွက်ပဲ စောင့်နေကြတာ"

ထိုစကားကိုကြားပြီးနောက် ရွှီဖန်း ခဏတာ နှုတ်

ဆိတ်သွားခဲ့သည်။

"ကောင်းပြီ ဒါဆို ဒီညပဲ စာချုပ်ချုပ်လိုက်မယ်၊ ခင်ဗျားစီစဉ်ပေးလို့ရပါပြီ"    

"အဲ့ဒါနဲ့ ပတ်သက်ပြီး ဝူမင်ကိုပဲ ဆက်သွယ်လိုက်ပါ၊ သူက မင်းအတွက် အရာအားလုံးကို စီစဉ်ပေးပြီးပြီ"

"ကောင်းပြီ"

"ဒါဆို မစားသွားတော့ဘူးလား"    

"ထားလိုက်ပါတော့ ကျွန်တော်မစားတော့ဘူး၊ မိဘတွေကို နေရာချပေးဖို့ တစ်ယောက်ယောက်ကို လွှတ်ပေးလိုက်ပါ ပြီးရင်တော့ ကျွန်တော့်ကို အကြောင်းကြားပေးပါ"

ထိုစကားကို ပြောပြီးနောက် ရွှီဖန်းလည်း ကြာကြာမနေတော့ပေ။ သူ Xနိုင်ငံမှ အမျိုးသမီးကို ဝူထျန်းနှင့် အပ်ခဲ့ပြီး ယန်ပင်းနှင့်အတူ ထွက်လာခဲ့သည်။    

"ဘယ်ကိုသွားမှာလဲ"

အခန်းထဲမှ ထွက်လာပြီးနောက် ယန်ပင်း မေးလိုက်သည်။    

"ရှယန်ယွိကိုသွားရှာမယ်"

လျို့ဝှက်မိသားစုများ ပျောက်ဆုံးသွားပြီးနောက် ရှမိသားစုတွင် ဖြစ်ပျက်ခဲ့သမျှကို သူ စုံစမ်းရန် စီစဉ်ထားသည်။    

"ဟယ်လို မင်းဘယ်မှာလဲ"    

"အင်း ကျွန်မ ကုမ္ပဏီမှာ ရှိတယ်"

"ကောင်းပြီ ကိုယ့်ကိုစောင့်နေ အခုလာခဲ့မယ်"

ဖုန်းချပြီးနောက် ရွှီဖန်းသည် ယန်ပင်းနှင့်အတူ ထွက်လာခဲ့သည်။    

ရှရှီဆေးဝါးလုပ်ငန်းစုသို့ရောက်ပြီးနောက် ရွှီဖန်းသည် ဥက္ကဌရုံးခန်းဆီသို့ တိုက်ရိုက်သွားခဲ့သည်။ ဝန်ထမ်းအများစုသည် ရွှီဖန်းကို ယခင်ကတည်းက မြင်ဖူးထားကြသောကြောင့် ထိုအမျိုးသားသည် ဥက္ကဌ၏ ချစ်သူမှန်း သူတို့သိထားကြသည်။ ထို့ကြောင့် သဘာဝကျစွာပင် သူ့ကို ဘယ်သူမှ မတားရဲကြပေ။

"အပြင်မှာစောင့်နေပါ"

ယန်ပင်းကို အပြင်မှာစောင့်ခိုင်းပြီး ရွှီဖန်း တံခါးကိုတွန်းဖွင့်လိုက်သည်။

"ရောက်လာပြီလား"

ရွှီဖန်းဝင်လာသည်ကိုမြင်သောအခါ ရှယန်ယွိသည် ချက်ချင်းထ၍ ပြေးလာပြီး သူ့လက်ကိုလာဆွဲလေသည်။    

"အင်း ကိုယ်နိုင်​ငံခြားမှာ ရောက်နေခဲ့တာ၊ မင်းအတွက် လက်​​ဆောင်​​ဝယ်ခဲ့တယ်​"

"ကျေးဇူးတင်ပါတယ်"

ရှယန်ယွိသည် လက်ဆောင်အမျိုးအစားကို ဂရုမစိုက်ပေ၊ သူမ ရွှီဖန်း၏နှလုံးသားကိုသာ လိုချင်ပေသည်။ ရွှီဖန်း၏ လက်ဆောင်ကိုယူပြီးနောက် သူမ သူ့ပါးကို လှမ်းနမ်းလိုက်သည်။ ယခု ရှယန်ယွိသည် ရွှီဖန်း၏ အနားတွင် ရှိနေသည်ဖြစ်ရာ မိန်းမငယ်လေးကဲ့သို့ တဖြည်းဖြည်းခံစားချက်ဝင်သွားပြီး လုပ်ငန်းရှင်တစ်ယောက်၏ပုံရိပ်ကို စွန့်ပစ်လိုက်လေသည်။

"မြေခွေးမလေး"

"မဟုတ်ပါဘူးနော်" 

ရွှီဖန်း၏ စနောက်မှုကြောင့် ရှယန်ယွိ၏ မျက်နှာလေးသည် အနည်းငယ်နီမြန်းသွားခဲ့ပြီး သူ့အား တင်းမာစွာ ကြိမ်းမောင်းလာသည်။

"ဟားဟားဟား ကိုယ် မင်းရဲ့မိသားစုအခြေအနေကို မေးဖို့လာခဲ့တာ" 

ရွှီဖန်းလည်း ပရောပရည်ဆက်မလုပ်တော့ပေ။ အလုပ်ကိစ္စအရင်ဆွေးနွေးတာက ပိုကောင်းပေသည်။

သို့သော် ရှမိသားစုအခြေအနေကို ရွှီဖန်းမေးလာသည့်အခါ ရှယန်ယွိ၏မျက်လုံးများသည် ရှင်းလင်းသိသာစွာ မှိန်ကျသွားလေသည်။

"ကျွန်မလည်းမသိပါဘူး၊ အဖိုးနဲ့ မိသားစုထဲက သိုင်းကျင့်တဲ့လူတွေအားလုံး ပျောက်ကွယ်သွားတာ၊ကျွန်မ အိမ်ပြန်ရောက်တော့ ဘယ်သူမှမရှိတော့ဘူး၊ သဲလွန်စတွေ အရိပ်အယောင်တွေ ဘာတစ်ခုမှ မကျန်ခဲ့ဘူး"    

ရွှီဖန်းသည် ဖြစ်ရပ်တစ်ခုလုံးကို သိထားသော်လည်း လူတစ်ဦးတစ်ယောက်မျှပင် မကျန်ခဲ့ကြောင်းကိုတော့ မျှော်လင့်ထားခြင်းမရှိခဲ့ပေ။ 

"ဒါဆို ဆိုလိုတာက ရှမိသားစုက ဟာလာဟင်းလင်းကြီးပဲ ကျန်ခဲ့တာပေါ့"

"ဟုတ်တယ်"

ရှယန်ယွိသည် ခေါင်းညိတ်ပြပြီးနောက် စိုးရိမ်ပူပန်နေသည့် အမူအရာကို ထုတ်ပြလာသည်။ လျို့ဝှက်ရှ

မိသားစု၏ပံ့ပိုးမှုမရှိပါက ရှလုပ်ငန်းစုသည် ဘေးမကင်းသော အခြေအနေတစ်ခုမှာ ရှိနေပြီး မရေမတွက်

နိုင်သော ရန်သူများသည်လည်း ပထမနေရာမှာ စောင့်နေကြပေသည်။ သာမန်လူတစ်ယောက်ဖြစ်သော ရှယန်ယွိသည် ထိုအရာကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမည်နည်း။

ရွှီဖန်းကလည်း ရှယန်ယွိ၏ စိုးရိမ်မှုကို မြင်လိုက်ရသည်။

"စိတ်မပူပါနဲ့ ကိုယ်သိရသလောက်တော့ မင်းရဲ့ရှမိသားစုတင်မကဘူး၊ တခြားလျို့ဝှက်မိသားစုတွေလည်း ပျောက်ဆုံးနေတယ် ဒါကြောင့် အခုတော့ လုံခြုံနေဆဲပဲ"

"ဒါ ဘယ်လိုဖြစ်သွားရတာလဲ!"

လျို့ဝှက်မိသားစုအားလုံး ပျောက်ကွယ်သွားကြောင်းကို ကြားလိုက်ရသောအခါ ရှယန်ယွိသည် ထိတ်လန့်စွာ အော်ပြောလာခဲ့သည်။    

"ကိုယ်လည်း မသိဘူး၊ ဒါပေမယ့် ဒီကမ္ဘာမှာ အဆင့်

အမြင့်ဆုံးသိုင်းကျင့်ကြံသူ ကျန်ခဲ့တယ်ဆိုလည်း သူက ကိုယ်နဲ့ အဆင့်တူတူလောက်ပဲ ဖြစ်နိုင်တာမလို့ မင်းအဲဒါကိုတော့ စိတ်ပူစရာမလိုဘူး၊ ကိုယ် မင်းကို သေချာကာကွယ်ပေးမယ်"

ရှယန်ယွိကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ရွှီဖန်းပြောလိုက်သည်။    

ရှယန်ယွိလည်း ရွှီဖန်း၏ စကားကိုကြားလိုက်ရ

သောအခါ သူမ ပို၍စိတ်အေးလက်အေးရှိသွားသလို ခံစားခဲ့ရပေသည်။ လက်ရှိအချိန်၌ ရွှီဖန်း၏ နှလုံးခုန်သံကို သူမနားထောင်နေခဲ့ပြီး လုံခြုံသလို ခံစားရပေသည်။ လွန်ခဲ့သောရက်များအတွင်း ပင်ပန်းနေခဲ့သော သူမ၏ အာရုံကြောများသည် ပြေလျော့သွားခဲ့ပြီး အမှန်တကယ်ပင် အိပ်ပျော်သွားခဲ့သည်။    

ရှယန်ယွိတစ်ယောက် သူ့ရင်ခွင်ထဲ၌ အိပ်ပျော်သွားတာကို မြင်လိုက်ရတော့ ရွှီဖန်း မပြုံးဘဲ မနေနိုင်ခဲ့ချေ။ သူ ရှယန်ယွိ၏ နှုတ်ခမ်းကို အသာအယာထိလိုက်ကာ...

"အရူးမလေး ပင်ပန်းနေပြီပေါ့"

ထို့နောက် ရွှီဖန်းသည် ရှယန်ယွိကို မနှောင့်ယှက်တော့ဘဲ သူ့ရင်ခွင်ထဲတွင်သာ အိပ်ခွင့်ပေးလိုက်သည်။    

"အထဲဝင်လာတော့"

ရွှီဖန်းသည် ယန်ပင်းအား ဖုန်းခေါ်၍ ဝင်ခွင့်

ပေးလိုက်သည်။ ကြောက်မက်ဖွယ်အရိပ်အဖွဲ့အစည်းကိစ္စကို ယန်ပင်းနှင့် ဆွေးနွေးရန် လိုအပ်သည်။

ယန်ပင်း ဝင်လာသည့်အခါ ရွှီဖန်း၏ရင်ခွင်ထဲတွင် ရှိနေသော ရှယန်ယွိကိုတွေ့လိုက်ရတာကြောင့် မျက်လုံးများ လှိမ့်လိုက်မိသည်။ 

"ငါ့ရည်းစားနဲ့ဝင်လာခဲ့ဖို့ ပြောပြီးခေါ်ပါလား"    

"အာ...."

ရွှီဖန်း အံ့အားသင့်သွားသော်လည်း ယန်

ပင်း၏နောက်ပြောင်မှုကို ပြန်မတုံ့ပြန်ခဲ့ပေ။ ထိုအစား ရှယန်ယွိကို မနှောင့်ယှက်မိစေအောင် တီးတိုးနေရန် ယန်ပင်းအား အချက်ပြခဲ့သည်။    

ယန်ပင်းကလည်း ခေါင်းညိတ်ပြပြီး ရွှီဖန်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။    

"ဘာဖြစ်လို့လဲ?"    

"မင်း ကြောက်မက်ဖွယ်အရိပ်အဖွဲ့အစည်းအကြောင်း သိထားသမျှ ပြောပြပါဦး"

ရွှီဖန်းလည်း တန်းပြောလိုက်သည်။ ယခုအချိန် ကြောက်မက်ဖွယ်အရိပ်လို အဖွဲ့အစည်းတစ်ခုက သူ့ကို ပစ်မှတ်ထားနေတာကြောင့် သူ့အတွက် အိမ်မှာသာ ပေါ့ပေါ့ပါးပါးနေရန် ခက်ခဲလှပေသည်။ ဂိုဏ်းတစ်ဂိုဏ်းကပင် သူ့ကို ခေါင်းကိုက်စေသည်ဖြစ်ရာ အခုဆိုလျှင် ကြောက်မက်ဖွယ်အရိပ်ကပါ ပါဝင်နေသည်။ သင့်လျော်မည့်အချိန်ကိုရွေးပြီး သူ့ဘက်မှ အစပြုရမည့်ပုံပင်။ 

ရွှီဖန်း၏ စကားကိုကြားတော့ ယန်ပင်း အံ့အားသင့်သွားသည်။ 

"ရှောင်းချောင်ကို မေးလိုက်တာက ပိုကောင်းတယ် မဟုတ်ဘူးလား၊ ကြောက်မက်ဖွယ်အရိပ်က သူ့မိသားစုအောက်က မဟုတ်ဘူးလား"    

"ဟုတ်သားပဲ"

ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ ဒါကို သူ ဘယ်လိုလုပ် မေ့သွားနိုင်တာလဲ။  

ထိုအကြောင်းကိုတွေးမိပြီး ရွှီဖန်း ခဏတာ စဉ်းစားလိုက်သည်။

"ဒါပေမယ့် လျို့ဝှက်မိသားစုတွေက ပျောက်နေတယ်ဆိုရင်တော့ ရှောင်းမိသားစုလည်း ပျောက်နေမှာမဟုတ်ဘူးလား"

"ဖြစ်နိုင်တယ်...မင်း ရှောင်းမိသားစုရဲ့ အခြေအနေကို ရှောင်းချောင်ဆီမှာ မေးသင့်တယ်"

ယန်ပင်းသည် လျို့ဝှက်မိသားစုအကြောင်းကို များစွာ မသိသောကြောင့် ရွှီဖန်းအား အကြံဉာဏ်များစွာ မပေးတတ်ပေ။

"ကောင်းပြီ ဒါဆို အပြင်ထွက်ပြီး စောင့်နေပါ"

ထို့နောက် ရွှီဖန်းလည်း ယန်ပင်းကို အခန်းထဲမှ ထွက်ခွာရန် လက်ပြခဲ့သည်။ ရှောင်းချောင်ကို မေးဖို့အတွက်ကတော့ မနက်ဖြန်အထိ စောင့်ရပေလိမ့်မည်။ သူ ဒီညမှာ စာချုပ်လက်မှတ် ရေးထိုးရန် ရှိသေးသည်။    

ယန်ပင်း ထွက်သွားပြီးနောက် ရွှီဖန်းလည်း ရှယန်ယွိနှင့်အတူ အနားယူရန် မျက်လုံးမှိတ်ထားကာ အိပ်စက်ရန်ပြင်ခဲ့သည်။ သူ့လက်မောင်းထဲတွင်ရှိနေသော ဤကျောက်စိမ်းအပျော့လေး၏ နွေးထွေးမှုသည် အလွန်ဆွဲဆောင်မှုရှိပြီး သူ၏ ဝမ်းဗိုက်

အောက်ပိုင်းကို တုန်လှုပ်သွားစေသော်လည်း သူမ၏ အိပ်စက်မှုကို အနှောင့်အယှက်မဖြစ်စေရန် သည်းခံခဲ့ပေသည်။

တစ်နာရီခန့်အကြာတွင် ရှယန်ယွိ နိုးလာသည်။    

"အာ...ကျွန်မ ဘယ်လိုဖြစ်ပြီး အိပ်ပျော်သွားတာလဲ" 

ရှယန်ယွိ နိုးလာသောအခါ ရွှီဖန်းမှ သူမကို စိုက်

ကြည့်နေသည်ကို တွေ့လိုက်ရပြီး ချက်ချင်းပင် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။    

"အင်း မင်းအရမ်းပင်ပန်းနေလို့ဖြစ်မယ်၊ ကုမ္ပဏီက ကိစ္စတွေကို ဂရုစိုက်ပေးဖို့ မင်းရဲ့အတွင်းရေးမှူးကို ကိုယ် ညွှန်ကြားထားပြီးပြီ၊ အေးဆေး ပြန်အိပ်လိုက်တော့" 

"မဟုတ်သေးဘူး၊ ရှင့်ခြေထောက်တွေ ထုံနေလိမ့်

မယ်"

ရှယန်ယွိသည် ရွှီဖန်း၏ပေါင်ပေါ်မှ အမြန်ထရပ်လိုက်သည်။    

"အဆင်ပြေပါတယ်"

ရွှီဖန်း အဆင်ပြေသည်ဟုပြောခဲ့သော်လည်း သူ၏ခြေထောက်များသည် ကြာရှည်စွာ မလှုပ်ရှားခဲ့ခြင်းကြောင့် ထုံကျင်နေခဲ့သည်။ သို့သော် သူ ဂရုမစိုက်ပေ။ ခဏကြာလျှင် သူအဆင်ပြေသွားလိမ့်မည်။

(Translator - plotအကြောင်း တစ်ချက်ရှင်းပြချင်လို့ပါ။ အပိုင်း ၂၈၀မှာ ရှောင်းချောင်က ရွှီဖန်းကို ဆက်သွယ်လာပြီး ရှောင်းမိသားစု ပျောက်ကွယ်သွားတဲ့အကြောင်း ပြောပြခဲ့ပြီး ရွှီဖန်းသိပြီးသားပါ။ အခု လက်ရှိအပိုင်းအရ ရွှီဖန်းက မသိနေပါဘူး...နောက်လာမယ့်အပိုင်းကို သွားဖတ်လိုက်တော့ ရှောင်းချောင်ကလည်း လျို့ဝှက်မိသားစုတွေပျောက်သွားတာကို ရွှီဖန်းပြောမှ သိသွားပါတယ်၊ ဒါဟာ မူရင်းစာရေးသူရဲ့ plot holeတစ်ခုပါ။ နောက်

တစ်ချက်က အရင်အပိုင်းတွေအရ ကြောက်မက်

ဖွယ်အရိပ်အဖွဲ့အစည်းက သီးသန့်အဖွဲ့အစည်းဖြစ်ပါရဲ့နဲ့ အခု ဘယ်လိုဖြစ်ပြီး ရှောင်းမိသားစုလက်အောက်ထဲ ရောက်သွားတာလဲမသိပါဘူး၊ ဒါက မူရင်းစာရေးသူရဲ့ နောက်ထပ် plot holeတစ်ခုပါ။ အစက အဆင်ပြေသလို ဘာသာပြန်လိုက်ဖို့တွေးခဲ့ပေမယ့် နောက်ထပ်အပိုင်းတွေအပေါ်မှာ သက်ရောက်ကုန်မှာစိုးတဲ့အတွက်ကြောင့် မူရင်းစာရေးသူအတိုင်းပဲ ဘာသာပြန်လိုက်ပါတယ်၊ ရှုပ်ထွေးသွားခဲ့သည်ရှိသော် စာဖတ်သူများ ဖြည့်တွေးပေးပါရန် မျှော်လင့်ပါတယ်ရှင့်)

*************************

All Chapters