← Chapters

စာချုပ်

Vol. 20 Ch. 293

စာချုပ်

Vol. 20 Ch. 293

"ငါတို့ ထပ်ဆုံရပြန်ပြီ"

ရွှီဖန်းနှင့် ရှယန်ယွိသည် လျိုကျင်း၏ မျက်စောင်းထိုးမှာ ဝင်ထိုင်လိုက်သည်။ လျိုကျင်းက ရွှီဖန်းကို ကြည့်၍...

"ငါလည်း မင်းကို အရမ်းတွေ မတွေ့ချင်နေဘူး"

ရွှီဖန်း ပြုံးလိုက်ကာ...

"ဒါဆိုလည်း စာချုပ်မြန်မြန်ချုပ်ကြတာပေါ့၊ ငါတို့ကြားမှာလည်း တွေ့ဆုံစရာ ကံကြမ္မာ ထပ်ရှိနေမယ်လို့ ငါမထင်ဘူး"

"မင်း ငါ့အတွက် ထွက်ပေါက်မချန်ထားပေးနိုင်ဘူးလား"

လျိုကျင်းက ရွှီဖန်းကို ကြည့်၍ ပြော၏။

"ငါ မင်းအတွက် ထွက်ပေါက်ချန်ထားပေးဖို့ ကြိုးစားနေတာပဲမဟုတ်လား"

"မင်းက လူတွေကို သူတို့ရဲ့အရိုးတောင် မချန်ပေးဘဲ စားပစ်နေတာလေ"

တစ်ကယ်တော့ ရွှီဖန်းကို ဒီကိစ္စအတွက် အပြစ်တင်လို့မရမှန်း လျိုကျင်းသိပေသည်။ ရွှီဖန်း မဟုတ်

လျှင်တောင် တခြားလူများ ရောက်လာမှာပင်။ 

ရွှီဖန်းကလည်း အခွင့်အရေးကို ဆုံးရှုံးမခံပေ။ သူ့မျက်နှာက ချက်ချင်းပင် အေးစက်သွားကာ...

"မင်းဘာသာမင်းတွေးကြည့်လိုက်လေ ပိုက်ဆံက အရေးကြီးလား၊ လွတ်လပ်မှုက အရေးကြီးလား"

ရွှီဖန်း၏စကားလုံးများက ရှင်းလင်းပေသည်။ မင်း စာချုပ်မချုပ်ချင်ဘူးဆိုလျှင် သေသည်အထိ အချုပ်ထဲမှ ထွက်ရမည်မဟုတ်ပေ။ ပိုက်ဆံလား လွတ်လပ်မှုလား...ကြိုက်သလို ရွေးချယ်နိုင်ပေသည်။

ရွှီဖန်း၏ခိုင်မာသောအမူအရာကိုကြည့်၍ လျိုကျင်းသည် သက်ပြင်းအရှည်ကြီးချမိ၏။ သူ စာချုပ်ကို ထုတ်ယူလိုက်ကာ

"ဒါကိုကြည့်လိုက်...ငါပြင်ဆင်ထားတဲ့ စာချုပ်ပဲ"

အမှန်တော့ လျိုကျင်း၌ စကားပြောပိုင်ခွင့်တောင် မရှိပေ။ သို့သော် အခု သူ့ဘက်မှနေ၍ စာချုပ်ကို တစ်

ကယ်ထုတ်လာလေသည်။ ရွှီဖန်း၏ဒေါသ ပေါက်ကွဲတော့မည့်အချိန် ရှယန်ယွိက တားဆီးလာသည်။

ရှယန်ယွိသည် လျိုကျင်းပေးသော စာချုပ်ကို ယူကြည့်လိုက်သည်။

"ကောင်းပြီ ကြည့်ရအောင်၊ အကျိုးအကြောင်းဆီလျော်နေသ၍ ဘယ်သူ့စာချုပ်ဖြစ်ဖြစ် ကိစ္စမရှိပါဘူး"

ရှယန်ယွိ၏စကားကြောင့် ရွှီဖန်းလည်း ဘာမှ မပြောတော့ပေ။ သူ လျိုကျင်းအား စိုက်ကြည့်ကာ သိသိသာသာပင် ခြိမ်းခြောက်ဟန် ပြုမူနေလေသည်။ 

ရှယန်ယွိသည် လျိုကျင်းပေးသော စာချုပ်ကို လှန်

ရင်း စာချုပ်ပါ စည်းကမ်းချက်များကို သေချာဖတ်ရှုနေခဲ့သည်။

သို့သော် တစ်ဝက်မြောက်မှာတင် သူမ မျက်မှောင်ကြုတ်သွားရသည်။ 

"ရှင်က အခုလက်ရှိအခြေအနေကို နားမလည်သေးတာပဲ ဖြစ်မယ် ဒါပေမယ့် ကျွန်မတို့ကတော့ ရှင့်စာချုပ်အပေါ်မှာ လက်မှတ်မထိုးနိုင်တော့ဘူး"

သို့နှင့် လျိုကျင်း၏စာချုပ်အား စားပွဲပေါ်ပစ်တင်ကာ ရွှီဖန်းကို သူမ တစ်ချက်ကြည့်လိုက်သည်။

ရွှီဖန်းကလည်း ဘာဖြစ်နေမှန်း ချက်ချင်း နားလည်သွားခဲ့သည်။ ဒေါသအဟုန်က သူ့မျက်နှာပေါ်၌ ပေါ်လာရင်း စားပွဲကို ရိုက်ကာ သူ ပြောလိုက်သည်။

"ကြည့်ရတာ ငါ ဝူမင်နဲ့ပဲ တိုက်ရိုက်ပြောသင့်တဲ့ပုံပဲ"

"အာ နေပါဦး!"

ရွှီဖန်းမှ ထွက်ခွာတော့မည်ကို မြင်သောအခါ လျိုကျင်းသည် လက်ကို ဆန့်ထုတ်၍ တားမိသည်။ အကယ်၍ ဒီနေ့ ရွှီဖန်းသာ ပြန်သွားလျှင် သူ ဒီကနေ လွတ်မြောက်နိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။ 

"ဘာအတွက် စောင့်ခိုင်းနေတာလဲ၊ မင်းကြည့်ရတာ ဒီမှာနေရတာ အရမ်းသက်သောင့်သက်သာရှိပြီး မထွက်ချင်တဲ့ပုံပဲ အဲ့ဒီလို မထင်ဘူးလား"

ရွှီဖန်း မပျော်မရွှင် ဖြစ်နေလေသည်။ သူသည် လျိုကျင်းအား 'ဒီနေ့ရှင်းရှင်းလင်းလင်းမရှင်းပြနိုင်ရင် လာမဆွေးနွေးနဲ့ ' ဟူသည့် သဘောဖြင့် ကြည့်နေခဲ့သည်။ 

"ငါတို့ ညှိနှိုင်းနိုင်ပါတယ်၊ မင်းတို့ စာချုပ်နဲ့ပတ်သက်ပြီး မကျေနပ်ရင် ဆွေးနွေးနိုင်တယ်"

လျိုကျင်းသည် ရွှီဖန်း စိတ်တည်ငြိမ်သွားဖို့အရေး ကြိုးစားနေပြီး ခခယယပြုံးပြနေခဲ့သည်။

တစ်ကယ်တော့ ရွှီဖန်းနှင့် ရှယန်ယွိကြားမှ ဖြစ်ရပ်က လျိုကျင်းအား မြင်စေရန်အတွက် ဖြစ်သည်။ ဒီနေ့ လျိုကျင်းဘက်မှ စာချုပ်ပေါ်၌ လက်မှတ်ထိုးပေးရန် မလွယ်ကူကြောင်း သူတို့ သိထားသည်ဖြစ်ရာ သူ လက်မှတ်ထိုးလာရန် အကြောင်းရင်း တစ်ခုခုဖြင့် တွန်းအားပေးရပေလိမ့်မည်။

အခု လျိုကျင်း၏ အမူအရာကို မြင်မှသာ ရွှီဖန်း ဖြည်းဖြည်းချင်းထိုင်ချလိုက်သည်။ ရွှီဖန်း ပြန်ထိုင်လိုက်တာကို မြင်မှ လျိုကျင်းလည်း စိတ်သက်သာရာရသွားခဲ့သည်။ 

သို့သော်ငြား ရွှီဖန်းသည် ရုတ်ချည်းပင် စာချုပ်ကို ဆွဲထုတ်ကာ သူအရှေ့ကို ပစ်ပေးလာသည်။ ထိုအရာက လျိုကျင်းအား ကြောက်ရွံ့စေပေသည်။ သူ ခေါင်း

ကိုမော့ကာ ရွှီဖန်းအား စိတ်ရှုပ်ထွေးကာ ကြည့်လိုက်

မိသည်။

"ဘာမှ ဆွေးနွေးစရာမလိုဘူး၊ မင်း ဒီစာချုပ်ကို လက်မှတ်ထိုးနိုင်တယ်၊ မထိုးလို့လည်းရတယ်...ဆုံးဖြတ်လိုက်"

ထိုစကားဆုံးသည်နှင့် ရွှီဖန်းသည် လျိုကျင်းအားကြည့်တောင်မကြည့်တော့ပေ။ ထိုစကားလုံးများ၏ အဓိပ္ပာယ်က ရှင်းလင်းပေသည်။ စာချုပ်ပေါ်မှာ လက်မှတ်မထိုးဘူးဆိုလျှင် ဘာညှိနှိုင်းမှုမှလည်း ထပ်ရှိမည်မဟုတ်ပေ။ 

လျိုကျင်း၏ မျက်လုံးထဲ၌ သိမ်ငယ်ခြင်းအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ သို့သော်ငြား သူတို့ တစ်မိုးအောက်ထဲ၌ ရှိနေသည်

ဖြစ်ရာ သူ လုပ်နိုင်သည့်အရာမရှိပေ။ ရွှီဖန်း ပေးလာသည့် စာချုပ်ကို ယူကြည့်လိုက်တော့ ဈေးနည်းနည်းနှိမ်ထားတာကလွဲ၍ တခြားလွန်လွန်ကဲကဲများ မတောင်းဆိုထားပေ။

လျိုကျင်း ခေါင်းမော့ကာ ရွှီဖန်းအား ထပ်ကြည့်လိုက်သည်။ ရွှီဖန်း၏အမူအရာက မပြောင်းမလဲရှိနေဆဲပင်။

"ဟင်း~"

သက်ပြင်းချလျက်ပင် သူတုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ ဘောပင်ကို ယူကာ စာချုပ်ပေါ်၌ လက်မှတ်ရေးထိုးလိုက်သည်။ 

"ဒီလောက်ရိုးရိုးရှင်းရှင်းပဲကို မင်းက စကားတွေ အများကြီးပြောပြီး အချိန်ဖြုန်းလိုက်သေးတယ်"

ရွှီဖန်းသည် သူ့မျက်လုံးများကို ကျဥ်းမြောင်းလျက် လျိုကျင်းလက်မှတ်ထိုးထားသော စာချုပ်ကို ယူလိုက်သည်။ ထို့နောက် သူ့နာမည်ကိုလည်း ရေးထိုးကာ  မူရင်းကို မယူသွားခင်၌ လျိုကျင်းအား ကော်ပီတစ်စောင် ပေးအပ်ခဲ့သည်။

စာချုပ်ရေးထိုးပြီးနောက် လျိုကျင်းနှင့် ဘာပြောစရာမှ မကျန်တော့သဖြင့် ချက်ချင်းပင် ရှယန်ယွိနှင့်အတူ ထွက်လာခဲ့သည်။

"ဥက္ကဌရွှီ"

သူတို့ထွက်လာပြီးနောက်မှာ ရှယန်ယွိသည် ရွှီဖန်းကို ကြည့်လာပြီး အလွန်လေးစားဟန်ဆောင်ကာ ထိုနာမည်ကို ခေါ်လာလေသည်။

ရွှီဖန်း ညင်သာစွာ ပြုံးလိုက်သည်။

"မင်းကတော့ အံ့သြစရာလေးပဲ၊ ကိုယ့်ကိုတောင် စနောက်ရဲနေပြီပေါ့ ဟုတ်လား၊ ကောင်းတယ် ပြန်ရောက်ရင် ဥက္ကဌ ဥက္ကဌချင်း အိပ်ရာနွေးအောင် လုပ်ကြတာပေါ့"

"ဘာတွေ ပြောနေတာလဲ!"

ရှယန်ယွိသည် ရှက်ရွံ့စွာဖြင့် ရွှီဖန်းကို ရိုက်လာသည်။

"ဟားဟားဟား"

ရွှီဖန်း ရယ်မောကာ သူမ၏ နှာခေါင်းကို ညှစ်လိုက်သည်။

"ဒီနေ့ လူနှစ်ယောက်လုံး ရပ်နေတာတောင် မင်းတို့က ပရော်ပရည်လုပ်နေကြတယ် ဟုတ်လား"

ထိုအချိန် ဝူမင်၏ အသံက ဘေးမှ ထွက်လာသည်။

"ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ"

ရွှီဖန်းသည် ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောမိသည်။

သို့သော်ငြား ဝူမင်ကတော့ ထိုစကားနောက် ဆက်မဖြေခဲ့ပေ။ ထိုအစား...

"စာချုပ်ချုပ်ပြီးသွားပြီလား"

"အင်း"

ရွှီဖန်းလည်း တခြားဘာမှမပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။

"သွားကြမယ်လေ ယောက္ခမတွေကို တွေ့ဖို့ စိတ်

လှုပ်ရှားနေတာမဟုတ်ဘူးလား၊ ဘာကို စောင့်နေတာလဲ"

ရွှီဖန်းက ရှယန်ယွိကို လှည့်ပြောလာသည်။ ဒါကိုကြားသည့်အခါ ရှယန်ယွိ၏မျက်နှာမှာ နီရဲသွားပြန်သည်။ သူမ အမြန်ပင် ပြောလာသည်။

"ဘာလို့ ယောက္ခမတွေကိုတွေ့ဖို့ အလျင်လိုနေတာလဲ၊ ယဥ်ယဥ်ကျေးကျေးပြုမူစမ်းပါ"

ရွှီဖန်း မျက်လုံးလှိမ့်လိုက်သည်။

"ဪ မင်းက အရမ်းယဥ်ကျေးပါတယ် ဟုတ်ပြီလား"

ဝူမင်ကလည်း ပြုံး၍...

"အိုကေ မင်းတို့မှာ လုပ်စရာရှိနေမှတော့ ငါ မင်းတို့ကို ညစာမဖိတ်ကျွေးတော့ဘူး၊ နောက်တစ်ခါ မင်းတို့ တစ်ခုခုလိုရင် ဖုန်းခေါ်လိုက်"

ထိုသို့ပြော၍ သူ့ကို ဖုန်းခေါ်ပါရန် ရွှီဖန်းအား လက်ဟန်ပြလိုက်သည်။ ရွှီဖန်းက သူ့အပေါ်၌ အမြင်တစ်ခုရှိနေမှန်း သူသိပေသည်။ အဖေဖြစ်သူ၏ သင်ခန်းစာပေးခြင်းကို ခံရပြီးနောက်မှာ ရွှီဖန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားရန် နည်းလမ်းများကို တွေးခဲ့ရလေသည်။

ရွှီဖန်းလည်း ဝူမင်ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ဘာမှမပြောတော့ဘဲ ယန်ပင်းနှင့် ရှယန်ယွိနှင့်အတူ စစ်တပ်မှ ထွက်လာခဲ့သည်။ ရှယန်ယွိ၏ ဦးဆောင်မှုအောက်မှာ သူတို့ ချန်ဟိုင်းရှိ အကြီးဆုံးဈေးဝယ်စင်တာသို့ မောင်းလာခဲ့ကြသည်။

"အဆင်ပြေရာပဲ ဝယ်သွားလို့ရတယ်လို့ ကိုယ်ပြောပြီးပြီပဲ၊ ကိုယ့်မိဘတွေက အဆင့်မြင့်ကုန်ပစ္စည်းတွေဟုတ်လား မဟုတ်လား မသိသလို ဂရုလည်းမစိုက်ဘူးလို့"

စိတ်လှုပ်ရှားနေသော ရှယန်ယွိအားကြည့်၍ ရွှီဖန်း ကူကယ်ရာမဲ့စွာ ပြောမိသည်။

"ဘယ်လိုလုပ်ရမှာလဲ၊ ပထမဆုံးသွားတွေ့မယ့်ဟာကို ကျွန်မ စိတ်တိုင်းကျ လက်ဆောင်ရွေးပြီးမှ သွားတွေ့မှာ"

သို့သော် ရွှီဖန်း ပြောလို့မပြီးခင်မှာပင် ရှယန်ယွိက ဖြတ်ပြောလာသည်။ ဒါကို မြင်သည့်အခါ ရွှီဖန်းလည်း စကားပြောရပ်လိုက်ရသည်။

ဈေးဝယ်စင်တာ၏အောက်တွင်....

"မင်းတို့ပဲတက်သွားလိုက် ငါ မလိုက်တော့ဘူး"

သိသာစွာပင် ယန်ပင်းသည် သူတို့၏ကျီစယ်မှုကြားထဲ ဝင်မပါချင်ပေ။ 

ရှောင်ထွက်သွားသော ယန်ပင်းအား ရွှီဖန်း မကျေမချမ်းကြည့်လိုက်သော်လည်း ယန်ပင်းကတော့ မသိချင်ယောင်ဆောင်နေလေသည်။

သို့နှင့် ရွှီဖန်းခဗျာ ရှယန်ယွိ ဆွဲခေါ်ရာနောက် ယက်ကန်ယက်ကန်ဖြင့် ပါသွားရသည်။

"ဒါ ဘယ်လိုနေလဲ"

"ကောင်းတယ်"

"ဒီဟာလေးဆိုရင်ရော ဘယ်လိုလဲ"

"ဒါလည်း အဆင်ပြေတာပဲ"

"ဒါဆို ကျွန်မ အကုန်လုံးဝယ်လိုက်တော့မယ်လေ"

"အာ..."

"ရော့ ပိုက်ထားပေး"

"ရှယန်ယွိ ကိုယ် ထပ်ပြီး မသယ်နိုင်တော့ဘူး၊ မင်း ဝယ်တာတွေ အရမ်းများနေပြီ"

သို့သော် ရွှီဖန်း၏ ခုခံပြောဆိုမှုမှာ သမုဒ္ဒရာထဲ ပစ်ချခံလိုက်ရသည့် ကျောက်တုံးအလားပင်။ 

"ရပါတယ်၊ ရှင် မသယ်နိုင်တော့ရင် ကျွန်မသယ်မယ်"

"အရမ်းများနေပြီ၊ မင်း သူတို့အတွက် ဒါတွေဝယ်ပေးရင်တောင်မှ ဒီအဝတ်တွေက နှစ်တွေအကြာကြီး ဝတ်လို့ရမှာမဟုတ်ဘူးလေ"

"ဒါဆိုလည်း အဆင်ပြေပါတယ်၊ အဲ့ဒီအခါကျမှအပြောင်းအလဲ ထပ်လုပ်ပေးတာပေါ့"

တစ်နာရီအကြာတွင် ရွှီဖန်းနှင့် ရှယန်ယွိလည် လက်အပြည့်ဖြင့် ပြန်ထွက်လာကြသည်။ အခုလက်ရှိ ရွှီဖန်း၏ ပုံစံမှာ စူပါမားကတ်ထဲက ဈေးခြင်းတောင်းကြီးအလားပင်။ သူ့မျက်နှာမှာ မြင်တောင်မမြင်ရတော့ဘဲ ဈေးဝယ်အိတ်တွေအောက်မှာ မြုပ်နေလေသည်။

ယန်ပင်းမြင်သည့်အခါ မရယ်ဘဲ မနေနိုင်ခဲ့ပေ။ ရွှီဖန်းသည် ပစ္စည်းများကို နောက်ဖုံးထဲတွင် ထည့်၍ ယန်ပင်းကို စိုက်ကြည့်လိုက်သည်။ 

ယန်ပင်း ရပ်တန့်သွားတော့သည်။

"ဒါကိုဝတ်သွားလို့ရတယ်ထင်လားဟင် ကျွန်မပြန်သွားပြီး အဝတ်ပြန်လဲလိုက်မယ်ဆိုဘယ်လိုလဲ၊ ခန္ဓာကိုယ်က အရမ်းဖော်ထားသလို ဖြစ်နေမှာမဟုတ်ဘူးလား၊ ပြီးတော့ လူကြီးတွေက ရှေးရိုးဆန်တာကို ကြိုက်ကြတယ်မလား"    

"မလိုပါဘူး၊ သူတို့က ကိုယ်သဘောကျတယ်ဆို ရပြီ"

"တကယ်လား ယောက်ျား၊ ရှင်အရမ်းကောင်းတာပဲ"

ရှယန်ယွိသည် ရွှီဖန်း၏မိဘများ သူမအပေါ်၌ အမြင်ဆိုးသွားမည်ကို စိုးရိမ်မိသောကြောင့် ကားထဲတွင် မေးခွန်းများကို မရပ်မတန့်မေးနေခဲ့ပြီး ချွေးမငယ်လေးတစ်ဦးအလားပင်။    

ရှယန်ယွိ၏ စိတ်လှုပ်ရှားနေသော မျက်နှာလေးကို ကြည့်ပြီး ရွှီဖန်း၏ စိတ်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ သို့သော်ငြား သူ့မှာ အပြစ်ရှိသလိုလည်း ခံစားလာရပြန်သည်။ သူမသည် သူ၏ တစ်ဦးတည်းသော မိန်းကလေးမဟုတ်နေပေ။ သူ့မိသားစုကတော့ သူ့ကိုချစ်သော မိန်းကလေးများကို နှိမ့်ချမည်

မဟုတ်သော်လည်း ဒီအမျိုးသမီးများအတွက်တော့ ခက်ခဲပေလိမ့်မည်။ ဒါကိုတွေးရင်း ရွှီဖန်းသည် ဝိရောဓိဖြစ်စွာ ခံစားလိုက်ရသော်လည်း လက်ရှိမှာတော့ သူ့ခံစားချက်များကို အတင်းအကျပ် နောက်ပို့ထားရသည်။

သိပ်မကြာခင်မှာပင် ယန်ပင်းသည် ဝူမင်ပေးခဲ့သော လိပ်စာအတိုင်း စစ်တပ်အိမ်ရာဝင်းကို မောင်းလာခဲ့သည်။

"ကျေးဇူးပြုပြီး မင်းရဲ့အထောက်အထားကိုပြပါ။" 

သို့သော်လည်း အိမ်ရာဝင်းတံခါးဝတွင် ယူနီဖောင်းဝတ် စစ်သားတစ်ဦးသည် ကားကို တားလာခဲ့သည်။    

"အထောက်အထားလား"

ထိုလူပြောနေသည့် အထောက်အထားအမျိုးအစားကို သူမသိသောကြောင့် ယန်ပင်း စိတ်ရှုပ်ထွေးသွားသည်။    

"မင်းတို့ ဒီကို ဘာလာလုပ်ကြတာလဲ" 

စစ်သားသည် ယန်ပင်းကို စိုက်ကြည့်၍ သတိရှိစွာ မေးလာသည်။    

"သြော် ငါ့မိဘတွေက ဒီမှာ နေကြတာ၊ ဒီနေ့လည်ကပဲ ရောက်လာတဲ့မိသားစုလေ"

ထိုအခါမှ ရွှီဖန်းလည်း ချက်ချင်းပင် စစ်သားကို မိတ်ဆက်လိုက်သည်။

"အိုး"

ထိုစစ်သားက ရွှီဖန်းကို ခဏတာမျှ ကြည့်၍...

"ဒီနေ့မွန်းလွဲပိုင်းမှာ ဗိုလ်မှူးဝူက တစ်ယောက်ကို စေလွှတ်ပြီး လူကြီးနှစ်ယောက်ကို ခေါ်စေခဲ့တယ်၊ ဒါပေမဲ့ ဆယ်နှစ်သက်တမ်းရှိတဲ့ စစ်တပ်ဆိုင်ရာအသိအမှတ်ပြုလက်မှတ်ကို ကိုင်ဆောင်ထားတဲ့ တရုတ်နိုင်ငံသားကပဲ ဒီခြံဝင်းထဲကို ဝင်လို့ရတယ်၊ ဒါမှမဟုတ် အထဲမှာနေတဲ့ လူတွေကို လာထွက်ခေါ်ခိုင်းတာပဲဖြစ်ဖြစ် ဒါမှမဟုတ် စစ်တပ်

ဆိုင်ရာအသိအမှတ်ပြုလက်မှတ်ကို ငှားပြီးလာခဲ့တာပဲဖြစ်ဖြစ် လုပ်လို့ရတယ်"

"ကောင်းပြီ ဒါဆို အဖေ့ကို ဖုန်းခေါ်လိုက်ဦးမယ်"    

"ကောင်းပါပြီ Sir"

ထို့နောက် စစ်သားက နောက်ပြန်ဆုတ်သွားသည်။ 

ဤခြံဝင်း၏တံတိုင်းများသည် အလွန်မြင့်ပြီး နေရာတိုင်းတွင် စစ်ဆေးကြပ်မတ်မှုများ ရှိနေကာ ထွက်ပြေးပေါက်ပင်မရှိပေ။ ဤနေရာက မိဘများနှင့် ပိုပြီးသင့်တော်ပေသည်။ အရေးကြီးဆုံးမှာ လက်ရှိနေရာသည် တရုတ်နိုင်ငံ၏ နယ်မြေဖြစ်သည်။ ကျွမ်းကျင်

ပညာရှင်များကတောင် ဒီကိုလာပြီး ဒုက္ခမရှာရဲကြပေ။ သူတို့က တရုတ်နိုင်ငံ၏ခွန်အားကိုတော့ အလွန်

ကြောက်နေကြတုန်းပင်။

ထိုအကြောင်းကို တွေးပြီးသည်နှင့် အဖေ့ကို ဖုန်းခေါ်

ရန် လက်ကိုင်ဖုန်းကိုထုတ်လိုက်ပြီး သူတို့ကို ထွက်ခေါ်ပေးရန် တောင်းဆိုလိုက်သည်။

"မလုပ်နဲ့"

သို့သော် ရှယန်ယွိ ရုတ်တရက်ကြီး သူ့ကို တားလာသည်။ သူ ဖုန်းခေါ်နေတာကို ရပ်လိုက်ပြီး သူမကို ကြည့်လိုက်မိသည်။

ရှယန်ယွိက စကားထစ်ငေါ့စွာ ပြောလာသည်။ သူမ အနည်းငယ် စိတ်လှုပ်ရှားနေပြီး အချိန်ဆွဲချင်

နေသည်။ ဒါကိုမြင်တော့ ရွှီဖန်း ပြုံးမိကာ...

"ဥက္ကဌရှက ပုံမှန်ဆိုရင် အရမ်းကြီးစိုးခြယ်လှယ်နိုင်

တယ်လို့ ထင်ခဲ့မိတာကွာ၊ ဟမ် ကိုယ်တို့နှစ်ယောက်ပဲ မဟုတ်လား၊ အရာရှိတွေ မြင့်မြတ်တဲ့လူတွေကို တွေ့သလိုမျိုး မင်းစိတ်ပူစရာမလိုပါဘူး၊ ကိုယ့်မိဘတွေက သာမန်လူတွေပါပဲ"    

"ရှင်ဘာတွေပြောနေတာလဲ၊ ဒါက ရှင့်ကြောင့်

မဟုတ်ဘူးလားလို့"

ရှယန်ယွိက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ထားသည်။ 

"ဒါဆိုလည်း ရှင် လုပ်စရာရှိတာ ဆက်လုပ်လိုက်တော့"

ရှယန်ယွိ၏ အခုလိုပုံစံမျိုးကို ရွှီဖန်း ပထမဆုံးမြင်ဖူးတာပင်။

***********************

All Chapters