ရှောင်းမိသားစုရှိ မထင်မှတ်ထားသော ဖြစ်ရပ်များ
Vol. 20 Ch. 294
ရွှီဖန်း ဖုန်းခေါ်ဆိုပြီး မကြာခင်မှာပင် သူ့အဖေ ထွက်လာလေသည်။
"လူငယ်လေး ဒါ ငါ့သားပါ"
အဖေဖြစ်သူက စစ်သားကို ရှင်းပြနေသည်။
စစ်သားက သူ့အဖေအား လေးစားစွာ ဆက်ဆံလေသည်။ ဒီအိမ်ရာထဲမှာ နေသည့်လူတိုင်းက တိုင်းပြည်အတွက် အများကြီး အကျိုးပြုထားသည်ဟု သူသိထားသောကြောင့်ပင်။
ဒါကိုမြင်တော့ ရွှီဖန်းလည်း လုံးဝစိတ်သက်သာရာရသွားခဲ့သည်။ နောက်ဆုံးအကြိမ်က အဖြစ်အပျက်ပြီးသွားသည့်နောက်မှာ သူ့မိဘများ၏ လုံခြုံရေးပြဿနာကို ဖြေရှင်းနိုင်ခဲ့လေပြီ။
"လာ အထဲဝင်လို့ရပြီ"
အဖေက ကားမောင်းသူထိုင်ခုံမှာ ထိုင်နေသော ယန်
ပင်းကို လက်ဝှေ့ယမ်းပြသည်။
စစ်သားက ဖြတ်သန်းခွင့်ပေးသည်နှင့် ဖခင်၏ လမ်းညွှန်မှုအတိုင်း ယန်ပင်းလည်း မောင်းလာပြီး အဆောက်အဦးတစ်ခု၏ အရှေ့တွင် ကားကိုရပ်
လိုက်သည်။ အဆောက်အဦးက သစ်လွင်နေတာ မဟုတ်သော်လည်း တော်တော်သန့်ရှင်းပေသည်။
ကားပေါ်ကဆင်းပြီးနောက်မှာ ရှယန်ယွိသည် အဖေဖြစ်သူဆီ ပြေးသွားပြီး အပြုံးချိုချိုလေးဖြင့် နှုတ်ဆက်လိုက်သည်။
အဖေရွှီကတော့ စိတ်ထဲအများကြီးမတွေးဘဲ ရွှီဖန်း၏ မိတ်ဆွေဟုသာ ထင်မှတ်ခဲ့သည်။
သို့သော်လည်း သူတို့ ယူလာခဲ့သော လက်ဆောင်များက အဖေရွှီကို ထိတ်လန့်စေခဲ့သည်။
"သား ဘာလို့အများကြီးယူလာတာလဲ၊ ဒါတွေက စျေးကြီးတယ် မဟုတ်ဘူးလား၊ မင်းအဖေနဲ့အမေအတွက် မသုံးဘဲ စုထားစမ်းပါ"
ရွှီဖန်းက ချက်ချင်းပင်...
"ရှယန်ယွိ ဝယ်ခဲ့တာပါ"
မျှော်လင့်ထားသည့်အတိုင်းပင် အဖေရွှီသည် ထိုစကားကိုကြားသောအခါ ရှယန်ယွိကို လှည့်ကြည့်လာခဲ့ပြီး အထက်အောက်ကြည့်ကာ တွေးလိုက်မိသည်။
*ဒီကလေးက ငါတို့ချွေးမဖြစ်မယ့်သူကို ခေါ်လာတာလား*
"အဖေ"
ရှယန်ယွိကိုကြည့်နေသော အဖေနှင့် သွေးများပန်းလုနီးပါး နီရဲတွတ်နေသောမျက်နှာပိုင်ရှင် ရှယန်ယွိအား ရွှီဖန်း တစ်လှည့်စီကြည့်၍ ကူကယ်ရာမဲ့သွားရသည်။
အဖေက သူ့အသံကိုကြားသည်နှင့် အံ့သြနေရာမှ အသိပြန်ဝင်လာသည်။ သူ ချက်ချင်း ရယ်မောလိုက်ကာ...
"ဟားဟားဟား မြန်မြန် မြန်မြန် အပေါ်ထပ်တက်ကြရအောင်"
အဖေ့၏ဖိတ်ခေါ်မှုနောက်ကနေ သူတို့အားလုံး အပေါ်ထပ်ကို လိုက်တက်သွားကြသည်။
တတိယထပ်မှာ အရမ်းမြင့်သည်ဟု မယူဆနိုင်ပေ။
"သား"
တံခါးက မပိတ်ထားပေ။ ထို့နောက် အမေဖြစ်သူသည် ရှယန်ယွိကို တွေ့ပြီး တုံ့ပြန်လာသည်။
"ဒီမိန်းကလေးက အရမ်းလှတာပဲ၊ လာ မြန်မြန် အထဲဝင်ကြ"
ထို့နောက် ရှယန်ယွိကို ဆွဲခေါ်သွားကာ သူမသား ရွှီဖန်းကိုတော့ ဘေးသို့ တွန်းပစ်လိုက်လေသည်။
"ဟင်း~"
ရွှီဖန်း ဆွံ့အသွားတော့သည်။ သို့သော်ငြား အမေဖြစ်သူက ရှယန်ယွိအား အလွန်သဘောကျနေတာကိုမြင်လိုက်ရတာကြောင့် သူ သူမကို မနှောင့်ယှက်တော့ပေ။
"ရှင် စားဖို့သောက်ဖို့ အပြင်မှာတစ်ခုခုသွားဝယ်ခဲ့တာ မဟုတ်ဘူးလား၊ ကလေးတွေက ပြန်ရောက်ရင် သေချာပေါက် စားတော့မှာမဟုတ်ဘူး၊ အခုပဲ ကျွေးလိုက်ရမယ်"
အမေရွှီသည် တံခါးပိတ်တော့မည့် အဖေရွှီအား ကြည့်ကာ ဒေါသတကြီး ပြောလာလေသည်။
"ငါလား"
မိန်းမဖြစ်သူ၏ အမူအယာကိုမြင်တော့ အဖေလုပ်သူမှာ ပြန်လည်ချေပလုနီးပါးပင်။
"ကောင်းပြီ ကောင်းပြီ ငါထွက်ဝယ်လိုက်မယ်"
ဒါကိုမြင်တော့ ရွှီဖန်းနှင့် ရှယန်ယွိသည် တစ်
ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြလေသည်။ ရွှီဖန်းကတော့ ရှယန်ယွိအား ကူကယ်ရာမဲ့နေသည့်အကြည့်ဖြင့် ကြည့်နေခြင်းပင်။
ရှယန်ယွိကလည်း ပါးစပ်ကို အုပ်၍ ပြုံးနေသည်။ ရွှီဖန်း၏ မိဘများသည် သူမထင်ထားသလောက် ကြောက်စရာမကောင်းဘဲ ရင်းနှီးလွယ်ကြပေသည်။
ရွှီဖန်း၏မိဘများသည် သူမအပေါ်၌ ကောင်းမွန်စွာ မြင်ပေးကြသည်ကို ခံစားရသဖြင့် သူမလည်း စိတ်သက်သာရာရပေသည်။
သိပ်မကြာခင်မှာပင် ရွှီဖန်း၏အမေနှင့် သူမ ပိုရင်းနှီးလာသည်။ သူတို့နှစ်ယောက်က ကိစ္စတိုင်းကို အားပါးတရ ပြောနေကြပြီး ယခုဆိုလျှင် ရှယန်ယွိသည် ရွှီဖန်း၏မိခင်အား အခန်းထဲသို့ပင် ဆွဲခေါ်သွားပြီး အဝတ်အစားများကို စမ်းဝတ်ကြည့်ခိုင်းနေလေသည်။
ဧည့်ခန်းထဲမှာထိုင်နေသော ရွှီဖန်းနှင့် ယန်ပင်းကလည်း ထိုမြင်ကွင်းကိုကြည့်၍ ပြုံးလိုက်ကြပေသည်။
"ကဲ မင်း အခု စိတ်မပူနေဘဲ ပြန်တိုက်လို့ရပြီ"
ယန်ပင်းက ရွှီဖန်းကိုကြည့်ပြီး ပြောလာသည်။ ယန်
ပင်း၏ ထိုစကားက ဘယ်သူ့ကို ရည်ညွှန်းနေလဲဆိုတာကို ရွှီဖန်းတစ်ယောက် သဘာဝကျစွာပင် သိလေသည်။ သူ ယန်ပင်းကို ခေါင်းညိတ်ပြလိုက်သည်။
သိပ်မကြာခင်မှာပင် အဖေရွှီသည် ဟင်းပန်းကန်များပြည့်နေသည့် စားပွဲကြီးအား သယ်၍ရောက်လာလေသည်။
ညစာစားပြီးနောက်တွင် အမေရွှီနှင့် ရှယန်ယွိသည် ခဏတာ စကားစမြည်ပြောချင်နေကြသော်လည်း ရွှီဖန်းက နောက်ကျနေပြီဟု အကြောင်းပြကာ ရှယန်ယွိအား ခေါ်ထုတ်လာခဲ့သည်။
"ရှင် ကျွန်မကို မြန်မြန် ပြန်စေချင်နေတာမလား"
လမ်းတွင် ရှယန်ယွိသည် ရွှီဖန်းအား ပြုံးပြုံးကြီးကြည့်နေသည်။ သူမ၏ ခံစားချက်လေး ကောင်းမွန်နေသည်မှာ ထင်ရှားပေသည်။
သို့သော်ငြား ရွှီဖန်းအား သူမ စွပ်စွဲနေခြင်းပေ။
"ကိုယ့်အမေက မင်းနဲ့ အချိန်အကြာကြီး စကားတွေပြောပြီး မနက်ဖြန်ကျရင် မင်းရဲ့အလုပ်ထိခိုက်မှာစိုးလို့ပါကွာ၊ ပြီးတော့ မနက်ဖြန်ကျရင် ကိုယ်နဲ့အတူ ချန်
ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးချုပ်ကို သွားရဦးမှာမလား"
"ဟမ့်!"
ရှယန်ယွိက မယုံကြည်ဘူးဆိုသည့်သဘောဖြင့် မျက်လုံးလှိမ့်ပြလေသည်။
"ဒါပေမယ့် ရှင့်မိဘတွေက ပေါင်းသင်းရလွယ်တာပဲ၊ ကျွန်မက သူတို့ သဘောမကျမှာကို စိတ်ပူနေတာ။"
"ဘာတွေပြောနေတာလဲ၊ မင်းက ဒီလောက်လှတာ...ဘယ်လိုမှသဘောမကျဘဲ မနေဘူး၊ စိတ်မပူဖို့ ကိုယ်ပြောခဲ့သားပဲ"
"ဒါပေါ့"
ရွှီဖန်း၏စကားကိုကြားတော့ ရှယန်ယွိ၏မျက်နှာလေးက ဂုဏ်ယူဟန်ဖြင့် မော့သွားလေသည်။
ရှယန်ယွိကို အိမ်ပြန်ပို့ပြီးနောက် ရွှီဖန်း ပြန်ထွက်လာခဲ့သည်။ သူမ၏အိမ်တွင် အခန်းတစ်ခန်းထဲသာရှိသောကြောင့် ရွှီဖန်းနှင့် ယန်ပင်းသည် အနီးအနားရှိ ဟိုတယ်တွင်သာ အခန်းနှစ်ခန်းငှားခဲ့သည်။
"ငါတို့ ရှောင်းချောင်ကို မနက်ဖြန်မနက်စောစော သွားရှာကြမယ်၊ အခု အိပ်ရာဝင်ကြရအောင်"
ထို့နောက် သူတို့နှစ်ဦးစလုံးသည် ကိုယ်ပိုင်အခန်းအသီးသီးသို့ ဝင်သွားခဲ့ကြသည်။
တစ်ညတာ ကုန်လွန်ပြီးနောက်....
နောက်တစ်နေ့၊ နေထွက်လာသည်နှင့် ရွှီဖန်းသည်
ယန်ပင်း၏ တံခါးကို ခေါက်လိုက်သည်။ ထိုအချိန် ယန်ပင်းကမူ အခန်းသန့်ရှင်းရေးပင် လုပ်ထားပြီးပြီဖြစ်သည်။
ရွှီဖန်းသည် ရှယန်ယွိကို ဖုန်းဆက်၍ နေ့လည်ပိုင်းတွင် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးသို့ သွားမည့်ကိစ္စအား အကြောင်းကြားကာ ဖုန်းချလိုက်သည်။
"သွားကြရအောင်။"
ထို့နောက် ရွှီဖန်းနှင့်ယန်ပင်းသည် ကားထဲသို့ဝင်၍ ရှောင်းမိသားစု၏ အခြေအနေအကြောင်း ရှောင်းချောင်ကိုမေးရန် ပြင်ဆင်လိုက်သည်။
လမ်းတွင် ရွှီဖန်းနှင့် ရှောင်းချောင်တို့ ဖုန်းပြောခဲ့ကြသည်။
"မြို့တော်ဟိုတယ်ကို သွားမယ် သူမက အဲ့ဒီမှာ"
ရွှီဖန်းသည် နောက်ခုံအားမှီ၍ မျက်လုံးမှိတ်လိုက်
သည်။ ယန်ပင်းသည် သူနှင့်ပတ်သက်သည့်အရာများစွာကို သိရှိလာပြီးကတည်းက သူတို့ကြားရှိဆက်ဆံရေးမှာ ပိုမိုအဆင်ပြေလာခဲ့သည်။ အခွင့်အလမ်းက သူ့ဘာသာသူရောက်လာမှတော့ ရွှီဖန်းလည်း ယန်ပင်းအတွက် အကျိုးအမြတ်ပေးရမည်ဟု စိတ်ထဲ၌ တွေးမိပေသည်။
မိနစ်၂၀လောက်ကြာတော့ ကားက မြို့တော်
ဟိုတယ်၌ ဆိုက်ရောက်သွားခဲ့သည်။
"သွားကြရအောင်"
ရွှီဖန်းလည်း မျက်လုံးဖွင့်လိုက်သည်။
သူတို့နှစ်ယောက် ကားပေါ်မှ ဆင်းပြီးနောက် တည့်
တည့်ပဲ ဝင်သွားခဲ့ကြသည်။ ရှောင်းချောင် ပေးထားသည့် အခန်းနံပါတ်ရှေ့သို့ ရောက်ပြီးနောက် ရွှီဖန်းသည် တံခါးကို အချိန်အတော်ကြာ ခေါက်လိုက်ရသည်။ ရှောင်းချောင်က ခဏကြာမှသာ တံခါးကို အလျင်အမြန်ဖွင့်လာသည်။
"ဘာလုပ်နေတာလဲ တံခါးဖွင့်တာ အရမ်းကြာတယ်"
ရွှီဖန်းသည် မျက်မှောင်ကြုတ်၍ တံခါးကိုတွန်းဖွင့်ကာ အထဲကိုဝင်လိုက်သည်။
ရှောင်းချောင်မှာ ထိုစကားကိုကြားသော် စိတ်မချမ်းသာတော့ပေ။
"အစ်ကိုကြီး အခု ဘယ်အချိန်ပဲ ရှိသေးတာလဲဆိုတာ မစစ်ဆေးခဲ့ဘူးလား၊ ငါ့ရဲ့ အိပ်မက်လှလှလေးကို နှောင့်ယှက်ပြီးတော့များ...ဘာမှမဝတ်ထားတဲ့ဟာကို အဝတ်မပါဘဲ အပြင်ထွက်လာပြီး မင်းကို တံခါးဖွင့်ပေးရမှာလား!"
"အယ်"
ယန်ပင်းသည် ထိုနှစ်ယောက်ကြား စကားပြောဆိုမှုကို ကြားပြီး ရှက်ရွံ့မှုကြောင့် မျက်နှာနီရဲသွားရသည်။
"ငါ မင်းကို ကြောက်မက်ဖွယ်အရိပ်အကြောင်း မေးဖို့ လာခဲ့တာ"
ရွှီဖန်းသည် ရှောင်းချောင်နှင့် ငြင်းခုံနေခြင်းကို ရပ်
လိုက်ပြီး အဓိကအကြောင်းအရာဆီသို့ ဆွဲခေါ်သွားလိုက်သည်။
သို့သော် ရွှီဖန်း၏စကားကိုကြားပြီးနောက် ရှောင်းချောင်သည် သိသိသာသာပင် အံ့သြသွားခဲ့သည်။
"ကြောက်မက်ဖွယ်အရိပ်က ငါတို့ရှောင်းမိသားစုရဲ့ လျှို့ဝှက်အင်အားတစ်ခုဆိုတာ ငါမပြောပြရသေးဘူးလား၊ အဲ့ဒါကို ငါ့အစ်ကိုက ဦးဆောင်တာ...ဒါကိုအတည်ပြုဖို့ ရောက်လာတာလား"
"အာ..."
"အဲ့ဒီအကြောင်းလေးကို ငါမေးချင်မှတော့ မင်းကို ဘာလို့ လာရှာတော့မှာလဲ...မကြာသေးခင်က လျို့ဝှက်မိသားစုတွေ အားလုံး ပျောက်ကုန်တယ်၊ ရှောင်းမိသားစုရဲ့ အခြေအနေကရော ဘယ်လိုလဲ"
"ဘာ!"
ထိုအကြောင်းကိုကြားတော့ ရှောင်းချောင်က ထိတ်လန့်စွာ အော်လာသည်။
"မင်း မသိဘူးလား"
ရွှီဖန်း အနည်းငယ် သံသယဝင်သွားမိသည်။ ဒီလိုကိစ္စကြီးကြီးမားမားကိုတောင် ရှောင်းချောင်က မသိဘူးတဲ့လား။ သူမ၏အမူအရာကတော့ တစ်ကယ်အံ့အားသင့်သွားကြောင်း ပြသနေခဲ့သည်။
"လတ်တလောမှာ ငါ့မိသားစုဆီက ဘာအကြောင်းမှမကြားခဲ့တာ မထူးဆန်းတော့ဘူး"
တစ်ခုခုကို သတိပြုမိသွားသည့်အလား ရှောင်းချောင်က ခေါင်းကို ရိုက်လာလေသည်။ ထိုအချိန် ရွှီဖန်းလည်း သူမကို ဘာစကားမှမပြောသေးဘဲ နေပေးခဲ့သည်။
"ငါ ဖုန်းဆက်ကြည့်ဦးမယ် စောင့်ဦး"
ရှောင်းချောင်သည် အမြန်ပင် တစ်ဖက်ကိုလှည့်၍ ဖုန်းကိုကောက်ကိုင်ကာ သူမအိမ်ကို ဖုန်းဆက်လိုက်သည်။
"ဟယ်လို"
"ငါ ရှောင်းချောင်ပါ၊ ရှောင်းမိသားစုအခြေအနေ ဘယ်လိုရှိလဲ"
"အိုး သခင်မလေး အမြန်ပြန်လာပါ၊ ရှောင်းမိသားစုက နက်နဲခြင်းအဆင့်နဲ့ အထက်ကလူတွေအကုန်လုံး ထူးထူးဆန်းဆန်းပျောက်ကွယ်သွားကြတယ်၊ အကြီးအကဲတွေနဲ့ မိသားစုခေါင်းဆောင်လည်း ပျောက်ကွယ်သွားပြီ"
"ဘာ!"
ထိုလူ၏စကားကိုကြားသောအခါ ရှောင်းချောင် အံ့အားသင့်သွားလေသည်။ ဒီလိုကြီးကြီးမားမား အဖြစ်အပျက်က တကယ်ဖြစ်သွားခဲ့သော်ငြား သူမကို ဘယ်သူကမှအကြောင်းကြားခဲ့ခြင်း မရှိခဲ့ပေ။
"မဟုတ်သေးဘူး၊ ငါ ရှောင်းမိသားစုဆီ အမြန်ပြန်မှရမယ်"
ရှောင်းချောင်က ဖုန်းချ၍ ရွှီဖန်းကို ပြောလာသည်။
"လျို့ဝှက်မိသားစုတွေထဲမှာ နက်နဲခြင်းအဆင့်နဲ့အထက်က လူတွေအားလုံး ပျောက်ကွယ်သွားတဲ့ပုံပဲ"
ရွှီဖန်းသည် ထိုအရာကို ထပ်ပြီး အတည်ပြုနိုင်ခဲ့သော်လည်း ရှောင်းချောင်ကိုတော့ သူမတားခဲ့ပေ။ သူမ၏မိသားစုမှာ လောလောဆယ် မငြိမ်းချမ်းနေသည့်ပုံပင်။
အလျင်စလို ထွက်ခွာသွားသော ရှောင်းချောင်၏ ပုံရိပ်ကို ကြည့်၍ ရွှီဖန်းသည် သူ့မျက်လုံးများကို ကျဥ်းမြောင်းမိကာ ထိုကိစ္စနှင့် ပတ်သက်၍ ခံစားချက်မကောင်းနေပေ။
"ဘာလို့ သူ့မိသားစုက ဒီလောက်အရေးကြီးတဲ့ကိစ္စကို အကြောင်းမကြားတာလို့ထင်လဲ"
ရွှီဖန်းသည် တစ်ဖက်ကိုလှည့်ကြည့်ပြီး ယန်ပင်းကို မေးလိုက်သည်။ ရွှီဖန်း၏ မေးခွန်းကိုကြားသောအခါ
ယန်ပင်းလည်း အံ့အားသင့်သွားရသည်။
"တစ်ယောက်ယောက်က သူမကို သိခွင့်မပေးထားတာဖြစ်နိုင်တယ်"
ထိုစကားကိုကြားသောအခါ ရွှီဖန်းလည်း ဘာမှမပြောတော့ဘဲ ခေါင်းညိမ့်လိုက်သည်။ သူ ဘာတွေးနေသလဲ ဆိုတာကို ဘယ်သူမှမသိနိုင်ပေ။
ကြောက်မက်ဖွယ်အရိပ်ကိုတော့ ရှောင်းမိသားစု၏ အခြေအနေအကြောင်း သိရပြီးနောက်မှာ ရွှီဖန်း ပို၍ စိတ်သက်သာရာ ရသွားခဲ့သည်။ သို့သော်ငြား ရှောင်းချောင်ကိုတော့ သူစိတ်ပူမိနေတုန်းပင်။
"မင်းအိမ်ပြန်ရောက်တဲ့အခါ သတိထားနော်၊ မင်းမိသားစုမှာ တစ်ခုခုဖြစ်သွားတယ်လို့ ငါခံစားနေရတယ်၊ တစ်ခုခုလိုအပ်ရင် ငါ့ကိုဆက်သွယ်လိုက်တာက ပိုကောင်းတယ်"
ရွှီဖန်းသည် သူမကို ဖုန်းခေါ်၍ ရိုးရိုးရှင်းရှင်းအသိပေးလိုက်သည်။
"ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ"
ယန်ပင်းက ရွှီဖန်းကို ကြည့်၍ မေးလာသည်။
ရွှီဖန်းသည် သူ့နာရီကို ကြည့်ပြီး ပါးစပ်ကို တွန့်
လိုက်သည်။ ထို့နောက် ရှောင်းချောင် ခုနက အိပ်ခဲ့သော ကုတင်ပေါ်မှာ လှဲချ၍ ယန်ပင်းကို ပြန်ဖြေလိုက်သည်။
"အိပ်ကြမယ်"
"အာ..."
ယန်ပင်း ခဏတာ အံ့သြသွားရသည်။ အချိန်ကိုကြည့်လိုက်တော့ မနက်ခြောက်နာရီသာ ကျော်သေးသည်။
"ထားလိုက်ပါ အိပ် အိပ်၊ ငါတော့ ထပ်မအိပ်တော့ဘူး၊ မနက်စာထွက်စားပြီး လမ်းလျှောက်လိုက်ဦးမယ်"
"ကောင်းပြီ"
ရွှီဖန်းသည် ကုတင်ပေါ်တွင် လဲလျောင်းလျက် ယန်
ပင်းအား...
"တံခါးပိတ်သွားပေးပါလား"
သို့နှင့် ယန်ပင်းလည်း တံခါးပိတ်ကာ ထွက်သွားလေသည်။
ယန်ပင်း တံခါးခေါက်၍ နှိုးလာသည့်အချိန်တွင် ၁၁နာရီထိုးနေလေပြီ။ သို့သော် သူ ယန်ပင်းအတွက် တံခါးဖွင့်ပြီးပြီးချင်းမှာပင် ဖုန်းမြည်လာသည်။ ရှောင်းချောင်ထံမှဖြစ်သည်။ ဖုန်းခေါ်ဆိုသူ၏ နာမည်ကိုတွေ့သောအခါ ရွှီဖန်း၏နှလုံးတစ်ခုလုံးသည် ချက်ချင်း တင်းကျပ်သွားခဲ့သည်။ တစ်ခုခုဖြစ်နေပုံရ၏။
"ဟေး ဘာဖြစ်လို့လဲ"
ရွှီဖန်း အမြန်ပင် ဖုန်းပြန်ဖြေလိုက်ပြီး စိတ်ပူပန်စွာ မေးလိုက်သည်။
"အိုး ငါ အဆင်ပြေပါတယ်၊ မင်းစိတ်ပူနေမှာကြောက်လို့ အဆင်ပြေကြောင်း အကြောင်းကြားဖို့အတွက် ငါဖုန်းဆက်ခဲ့တာ"
ဖုန်းချင်း ချိတ်ဆက်သွားပြီးနောက်မှာ ရှောင်းချောင်
သည် မမျှော်လင့်ထားစွာ ထိုစကားကို ပြောခဲ့ပြီး ဖုန်းချသွားလေသည် ။
ရွှီဖန်းလည်း သူ့ဖုန်းကိုချပြီးနောက် တစ်ခုခုမှားနေသလို ခံစားခဲ့ရသည်။
"ဘာဖြစ်လို့လဲ"
ရွှီဖန်း၏ ပုံမှန်မဟုတ်သောအပြုအမူကို မြင်သောအခါ ယန်ပင်းက မေးလာသည်။
"ရှောင်းချောင် ဒုက္ခရောက်နေပြီ"
"သူ အဆင်ပြေတယ်လို့ပြောခဲ့တာ မဟုတ်ဘူးလား?"
ယန်ပင်းက ရွှီဖန်းအား စိတ်ရှုပ်ထွေးစွာ ကြည့်နေလေသည်။
ရွှီဖန်းသည် ခေါင်းငုံ့ကာ ခဏတာ စဉ်းစားလိုက်သည်။ ထို့နောက် ခေါင်းပြန်မော့၍ ပြောလိုက်သည်။
"မဟုတ်သေးဘူး၊ သူ့ဆီမှာ တစ်ခုခုဖြစ်နေတယ်...ခုနက သူစကားပြောနေတဲ့ပုံစံက သူ့ရဲ့ နဂိုစိတ်နေသဘောထားနဲ့ ကွဲလွဲနေတယ်"
"ဘာကြီး"
ယန်ပင်းသည် ထိုစကားကိုကြားပြီးနောက် မျက်မှောင်ကြုတ်ကာ...
"ဒါဆို သူ့အိမ်ကလူတွေက သူ့ကို ချုပ်ထားတာများလား၊ မိသားစုစစ်ပွဲဖြစ်နေမလား”
"ဖြစ်နိုင်တယ် အခု လျို့ဝှက်မိသားစုတွေက ပျောက်ဆုံးနေတော့ ရာထူးအပြောင်းအလဲတွေလည်း ရှိမှာပဲ၊ မင်းပြောတာ ဖြစ်နိုင်တယ်"
ရွှီဖန်းက ယန်ပင်း၏စကားကို ထောက်ခံလေသည်။
"ဒါဆို ငါတို့ အခု ဘာလုပ်သင့်လဲ"
"ရှောင်းမိသားစုအတွက်က"
လက်ရှိ ရွှီဖန်းသည် နက်နဲခြင်းအဆင့်၏ နှောင်းပိုင်းအဆင့်တွင်ရှိနေပြီး သူ့ထံ၌ လျှပ်စီးဆင့်ခေါ်အဆောင် များလည်း ရှိနေသေး၏။ တစ်ယောက်ယောက်က သူ့ကို ထိခိုက်အောင် လုပ်နိုင်ပါ့မလား။
ထိုသို့တွေးလျက် ရွှီဖန်းနှင့် ယန်ပင်းတို့သည် ရှောင်းမိသားစုထံသို့ ချက်ချင်း ပြေးသွားလိုက်ကြသည်။
*******************