← Chapters

ပြန်ပေးဆွဲခံရခြင်း

Vol. 20 Ch. 295

ပြန်ပေးဆွဲခံရခြင်း

Vol. 20 Ch. 295

"ဘယ်သူလဲ" 

ရွှီဖန်းနှင့် ယန်ပင်းတို့နှစ်ဦး ရှောင်းမိသားစုဆီသို့သွားရန် အောက်ထပ်သို့ဆင်းလာစဉ်၌ မရင်းနှီးသော ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။ ဒါကြောင့် ရွှီဖန်းမှ စိတ်မရှည်စွာကိုင်၍ မေးခဲ့ခြင်းပင်။

ဖုန်း၏အခြားတစ်ဖက်မှ အက်ကွဲသော အသံထွက်လာသည်။ ကြည့်ရတာ အသံပြောင်းစက်ဖြင့်

ပြောနေသည့်ပုံပင်။

"ထျန်းတယ်လ်တောင်တန်းက ထျန်းတယ်လ်အိမ်ရာကိုလာခဲ့ ငါမင်းကိုစောင့်နေမယ်! နှစ်ဆယ့်လေးနာရီအချိန်အတွင်း မင်းနဲ့အတူ ဆေးဖော်မြူလာတွေယူခဲ့၊ မဟုတ်ရင် ရှောင်းချောင်ရဲ့အလောင်းကိုပဲ လာသယ်ရလိမ့်မယ်။"    

"တီ!"

တစ်ဖက်က ဖုန်းချသွားလေသည်။

ရွှီဖန်းသည် စက္ကန့်အနည်းငယ်မျှ အံ့အားသင့်သွားခဲ့သည်။ ရှောင်းချောင်က အခုလေးတင် သူ့ကို ဖုန်းခေါ်ပြီးခဲ့တာပင်။ 

အခုဆက်တဲ့လူကရော ဘယ်သူလဲ။    

"ကြည့်ရတာ အဲ့ဒီလူက မင်းကိုပစ်မှတ်ထားနေတဲ့ပုံပဲ"

ယန်ပင်းသည် သူ့မျက်လုံးများကို ကျဥ်းမြောင်း၍ ပြောလာသည်။ ရွှီဖန်း ခေါင်းညိတ်ပြလိုက်ပြီး ရှောင်းချောင်ကို ဖုန်းထပ်ခေါ်လိုက်သည်။    

ခေါ်ဆိုမှုက ချိတ်ဆက်သွားလေသည်။

 "ဟယ်လို?"

ရွှီဖန်း စမ်းပြောကြည့်လိုက်သည်။

"မင်းကို အကြောင်းကြားပြီးပြီမဟုတ်လား"

ဒီတစ်ခါတော့ ယောက်ျားအသံထွက်လာခြင်းပင်။

"မင်း ဘယ်သူလဲ" 

ရှောင်းချောင်က ဖုန်းဖြေလာခြင်းမဟုတ်ပေ။ သူမထံ၌ တစ်ခုခုဖြစ်နေပြီမှန်း သူ အတည်ပြုထားပြီးပြီဆိုသော်လည်း တစ်ဖက်လူက သူ့ကိုပါ ဦးတည်နေသည်။ ရန်သူက ဘယ်သူပါလိမ့်။

သို့သော်လည်း အခြားတစ်ဖက်မှလူသည် ဖုန်းချသွားပြီး ရွှီဖန်း၏ခေါ်ဆိုမှုကို ထပ်မံဖြေကြားခြင်းမရှိတော့ပေ။ ရွှီဖန်းမှ ထပ်ခေါ်သည့်အခါ နံပါတ်ကိုပင် ဘလော့သွားလေသည်။

"ဒါက ရှောင်းပုချီတော့ မဖြစ်နိုင်ပါဘူးနော် ဟုတ်

တယ်မလား"

သို့သော်ငြား ထိုအတွေးပေါ်လာသည်နှင့် ရွှီဖန်း ခေါင်းခါမိသည်။ ရှောင်းပုချီသည် ရှောင်းချောင်၏အစ်ကိုဖြစ်တာကြောင့် သူမနှင့် မည်သို့များ ခြိမ်းခြောက်နိုင်မည်နည်း။ ဒါဆို ဘယ်သူကများ သူ့ရဲ့ဆေးဖော်မြူလာကို လိုချင်တာလဲ။    

ရွှီဖန်း ခဏတာ တွေးလိုက်ပြီး ဝူထျန်းကို ချက်ချင်းဖုန်းဆက်လိုက်သည်။

"ဗိုလ်မှူးဝူ လေယာဉ်တစ်စီးလောက်စီစဥ်ပေးဖို့ အကူအညီတောင်းပါရစေ၊ ထျန်းတယ်လ်တောင်တန်းကို သွားဖို့လိုလို့ပါ"

ရွှီဖန်းသည် ထျန်းတယ်လ်တောင်တန်းကို သိပေ၏။ ၎င်းသည် တရုတ်နိုင်ငံရှိ ကမ္ဘာလှည့်ခရီးသည်များ အလည်အပတ်များသော နေရာတစ်ခုဖြစ်သည်။ သူ့တွင် ၂၄နာရီသာ အချိန်ရှိပေသည်။ အချိန်ခဏအတွင်း ရောက်ဖို့ရန်မှာ လေယာဉ်ကလွဲပြီး တခြားစီးယာဥ်ဖြင့် သွားရန် မဖြစ်နိုင်ချေ။

"ဘာဖြစ်လို့လဲ၊ မင်းဘာလို့ ဒီလောက်တောင်

အလျင်လိုနေတာလဲ" 

ဝူထျန်း၏အံ့အားသင့်နေသော အသံက တစ်ဖက်မှ ထွက်ပေါ်လာသည်။    

"ခုနကပဲ လူတစ်ယောက်က ကျွန်တော့်ကိုဖုန်းခေါ်ပြီး ခြိမ်းခြောက်လာတယ်၊ သူက ကျွန်တော့်မိတ်ဆွေတစ်ယောက်ကို ဖမ်းပြီး ချက်ချင်း ဆေးဖော်မြူလာနဲ့မရောက်လာရင် အလောင်းပဲ ပြန်ကောက်သွားဆိုပြီး ပြောလာတယ်"

"အိုက်ယား!"

ဗိုလ်မှူးဝူလည်း တုန်လှုပ်သွားလေသည်။ ရွှီဖန်း၏ ဆေးဖော်မြူလာဆိုလျှင် ဝူထျန်းနှင့်လည်း သက်ဆိုင်သွားလေပြီ။ ဝူထျန်းသည် ရွှီဖန်း၏ တမူထူးခြားသော ဆေးများ အခြားသူလက်ထဲသို့ ကျရောက်သွားသည်ကို မကြည့်နိုင်ပေ။

"ဆေးဖော်မြူလာမပို့ပေးရင် ကျွန်တော်နဲ့ အဆက်အသွယ်ရှိတဲ့တခြားသူတွေ အပါအဝင် မိဘတွေကိုတောင် သတ်ပစ်မယ်လို့ သူက ခြိမ်းခြောက်

ထားတာ"

ရွှီဖန်းသည် မီးထဲသို့ လောင်စာဆီပါ အပိုထည့်

ပေးလိုက်ပေသည်။ ဝူထျန်းအတွက် လေယာဥ်တစ်စီး စီစဥ်ပေးရန်မှာ ကိစ္စကြီးမဟုတ်ပေ။ 

"ဘာ!"

မျှော်လင့်ထားသည့်အတိုင်းပင် ဝူထျန်းသည် ဒေါသအကြီးအကျယ်ထွက်သွားခဲ့သည်။    

"ကျွန်တော် စစ်တပ်ကို အရင်လာခဲ့မယ်၊ ကျွန်တော့်

အတွက် လေယာဉ် ပြင်ထားပေးပါ"

ထို့နောက် ရွှီဖန်း ဖုန်းချလိုက်သည်။ 

ရွှီဖန်း၏ လေးနက်သောအမူအရာကိုမြင်တော့ ယန်

ပင်းမေးလိုက်သည်။

"ရွှီဖန်း ဘာဖြစ်လို့လဲ"

"စစ်တပ်ကို သွားရအောင်"    

သို့သော် ကံဆိုးမှုတစ်ခုက ထပ်ဝင်လာခဲ့သည်။    

"မစ္စတာရွှီ ခဏစောင့်ပါဦး!" 

ရွှီဖန်းကားထဲသို့ဝင်ခါနီးတွင် လူကြီးလူကောင်းပုံစံပေါက်သော လူတစ်ဦးက သူ့ကိုလှမ်းခေါ်လာသည်။    

"ဘာဖြစ်လို့လဲ"

ရွှီဖန်း မျက်မှောင်ကြုတ်ကာ မေးမိသည်။ ယခု သူ အရမ်းအလျင်လိုနေတာကြောင့် သူ့အသံအနေအထားက သိပ်မကောင်းချင်ပေ။

"မစ္စတာရွှီဖန်း ကျုပ်နဲ့စကားပြောဖို့ တိတ်ဆိတ်တဲ့နေရာကို လိုက်လာပေးလို့ရမလား"    

ရွှီဖန်းလည်း ခဏတာမျှ အံ့သြသွားရကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ 

"ကျွန်တော် လေယာဉ်စီးရတော့မှာ၊ အလုပ်ရှုပ်နေတာမလို့ ဒီမှာသာပြောလိုက်ပါ!"

ထိုလူက 

"ကောင်းပြီ ဒါဆို ကျုပ် ဒီမှာပဲ ပြောလိုက်တော့မယ်၊ ကျုပ်နောက်ကို ခဏလောက်လိုက်လာပေးဖို့ လိုအပ်လို့ပါ၊ မစ္စတာရွှီ မင်း ဆေးပညာအကြောင်းသိတယ်ဆိုတာ ငါသိတယ်၊ မင်း ကုသနိုင်သရွေ့တော့ ကြိုက်တဲ့ဈေးသာပြောပါ"

ရွှီဖန်းသည် ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။    

နောက်ဆုံးမှာ ဤအခြေအနေ၏ လေးနက်မှုကို သူ နားလည်လာသည်။ သူ၏ထူးခြားသောစွမ်းရည်ကို 

ဘယ်သူက ကြေညာခဲ့မှန်း သူမသိသော်ငြား သူသည် အများကြား မီးမောင်းထိုးပြသလိုမျိုး တွန်းပို့ခံခဲ့ရသည့်ပုံပင်။ လျို့ဝှက်မိသားစုများ ပျောက်ကွယ်သွားပြီးနောက် အမျိုးမျိုးသော အဖွဲ့အစည်းများသည် သူ့ကို အကျိုးအမြတ်များ ပေးချင်လာကြသည့်ပုံပင်။

ရွှီဖန်း သူ့စိတ်ထဲ၌ လှောင်ရယ်လိုက်ကာ...

"တောင်းပန်ပါတယ် ခင်ဗျား ဘာပြောနေတာလဲဆိုတာကို ကျွန်တော်နားမလည်ဘူး"    

ထိုလူကြီးသည် ခဏတာမျှ အံ့အားသင့်သွားသော်လည်း နူးညံ့သောအပြုံးဖြင့် ထပ်ပြောလာသည်။

"မစ္စတာရွှီ ကမ္ဘာကြီးကိုကယ်တင်ခဲ့တဲ့ အိုးထိန်းရဲ့ စည်မျဥ်းကို သိတယ်မဟုတ်လား၊ ကျုပ်ဘိုးဘေးက လောလောဆယ်မှာ ရောဂါဝေဒနာ ခံစားနေရတာ၊ မင်း သူ့ကို ကုနိုင်ခဲ့သည်ဖြစ်စေ မကုနိုင်ခဲ့သည်ဖြစ်စေ အကျိုးရှိမှာပါ"

ရွှီဖန်းသည် ထိုစကားကိုကြားသောအခါ သူ့မျက်လုံးများကို ကျဥ်းမြောင်း၍ လေးလေးနက်နက်ရှင်းပြခဲ့သည်။ 

"တောင်းပန်ပါတယ် ကျွန်တော် တကယ်ကို အလျင်လိုနေလို့ပါ၊ အန္တရာယ်ရှိနေတဲ့ မိတ်ဆွေတစ်ယောက်က ကျွန်တော့်ကိုစောင့်နေတာမလို့"

"ရွှီဖန်း မင်းသွားနိုင်တယ်ဆိုရင် ကျုပ်ကလည်း ခေါ်ထားနိုင်တယ်နော်"

ရွှီဖန်းသည် သူ့စကားကိုကြားသောအခါ တော်တော်

လေး မပျော်မရွှင်ဖြစ်သွားလေသည်။ သူမျက်မှောင်ကြုတ်ကာ လေသံကလည်းအေးစက်သွားခဲ့သည်။ 

"ကျွန်တော့်မိတ်ဆွေက အန္တရာယ်ရှိနေတယ်လို့ ကျွန်တော် ပြောပြီးပြီ၊ ခင်ဗျားနဲ့ ရူးမိုက်တဲ့စကားတွေ ပြောနေဖို့ အချိန်မရှိဘူး"    

ထိုလူသည် ရွှီဖန်းမှ သူ့ကို ငြင်းဆိုလာတာကြောင့် ဒေါသတကြီးပြန်ပြောလာတော့သည်။

"ဒါက လူနာ ခံစားနေရတာကို သက်သက်မြင်ချင်နေလို့ မကယ်ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလား။"    

ထိုစကားကိုကြားလိုက်သောအခါ ရွှီဖန်း၏စိတ်ထဲတွင် ပို၍ပင် ဒေါသများတောက်လောင်လာလေသည်။ 

ဒီနေရာမှာ ဆင်ခြင်တုံတရားမရှိတဲ့ လူတစ်ယောက် ရှိနေတယ်လို့ပဲ တွေးလိုက်ကြတာပေါ့။ 

သူအခုအလျင်လိုနေတာကြောင့် ဒီလူမှ အဆုံးမရှိ နှောင့်ယှက်နေတာကို သည်းမခံနိုင်ပေ။

"ခင်ဗျားဘိုးဘေးရဲ့အသက်က ကံကြမ္မာနဲ့ဆိုင်တယ်၊ ဒါပေမယ့် ကျွန်တော့်မိတ်ဆွေရဲ့အသက်ကတော့ ကံကြမ္မာပေါ်မှာ မူမတည်နေဘူး"

ထိုသို့ပြော၍ ရွှီဖန်း လှည့်ထွက်လာခဲ့သည်။ ဒီလိုလူမျိုးအတွက် သူ့မှာ ပြောစရာမရှိပေ။ 

"နေဦး!"

ထိုလူက ရွှီဖန်း၏အနောက်ကိုလိုက်၍ တားဆီးလာသည်။

ဒီတစ်ကြိမ်မှာတော့ ရွှီဖန်း တကယ်ကို စိတ်ဆိုးသွားကာ လေသံနက်နက်ဖြင့် အော်ပြောလိုက်သည်။

"ဘေးဖယ်!"

"ကျုပ်ပြောပြီးပြီပဲ၊ ကျုပ်ဘိုးဘေးက အခုထိ ရောဂါဝေဒနာတွေ ခံစားနေရတာ၊ မင်း ကျုပ်နဲ့ လိုက်ကိုလိုက်လာရမယ်"    

ရွှီဖန်းသည် မထိန်းထားနိုင်တော့ဘဲ ဒေါသတကြီးဖြင့်...

"ဒါဆို ကျွန်တော့်မိတ်ဆွေက ဘယ့်နှယ်လုပ်မလဲ!"

ရွှီဖန်းသည် ထွက်သွားရန် အလျင်လိုနေပြီး ပြဿနာမဖြစ်ချင်၍သာ မဟုတ်လျှင် ဒီလူအား ချပစ်လိုက်လေပြီ။

"တစ်ဘီလီယံ"

ဟုဆိုကာ ထိုလူသည် လက်ဝါးကပ်တိုင်ပုံစံအတိုင်း လက်ဟန်လုပ်ပြလေသည်။    

ရွှီဖန်းမှာ ထိုစကားကိုကြားသောအခါ စိတ်ထဲတွင် ဒေါသများပေါက်ထွက်လုနီးပါးပင်။ 

"ခင်ဗျား ရူးနေတာလား"

ထိုသို့ပြောရင်း လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်ကို သူ ထုတ်ယူလိုက်သည်။ အကယ်၍ ဒီလူသာ စကားတစ်

ခွန်းထပ်ပြောပါက ရွှီဖန်းဘက်မှ တိုက်ခိုက်ပေးချင်ပေသည်။

ထိုလူသည် မျက်မှောင်ကြုတ်ကာ...

"လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်လား!" 

ထိုလူသည် လျှပ်စီးဆင့်ခေါ်အဆောင်ကို မြင်

သောအခါ ကြောက်ရွံ့သွားသည်မှာ သိသိသာသာပင်။

ယန်ပင်းသည်လည်း လေထုက တဖြည်းဖြည်းတင်းမာလာသည်ကို တွေ့လိုက်ရသောအခါ လက်သီးကို တင်းကြပ်စွာဆုပ်၍ ထိုလူကို စူးစိုက်ကြည့်နေခဲ့သည်။    

"ကျုပ်နာမည်က လင်းထျန်း၊ ကျုပ်က ပေကျင်းရဲ့ အကြီးဆုံးမျိုးနွယ်စုလေးခုထဲက လင်းမိသားစုကပဲ"

ထိုလူက ရွှီဖန်း၏မျက်လုံးများကိုကြည့်ကာ ဖြည်းညှင်းစွာပြောလာသည်။    

"သွားစမ်းပါ!"

ရွှီဖန်း ဒေါသမထွက်ဘဲ မနေနိုင်ခဲ့ပေ။ ဒီလိုမျိုး မျက်လုံးထဲမှာ သူ့ကိစ္စကိုပဲ မြင်တတ်တဲ့လူမျိုးက ဘာလို့ရှိနေရတာလဲ။ တစ်လောကလုံးမှာ သူ့သောက်လုပ်ကပဲ အရေးကြီးတယ်ထင်နေတာလား။ သူ ဒေါသတကြီးပင် လက်ထဲရှိ လျှပ်စီးဆင့်ခေါ်အဆောင်ကို ချိုးလိုက်သည်။ မိုးခြိမ်းသံက ထွက်ပေါ်လာပြီး လင်းထျန်းဟုခေါ်သော ထိုလူ့ထံသို့ ပစ်လွှတ်ပေးလိုက်သည်။

"မကောင်းတော့ဘူး!"

ထိုလူ၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားကာ တစ်ချိန်တည်းမှာပင် မယုံကြည်နိုင်သောအကြည့်များက ရှိနေလေသည်။ ရှင်းရှင်းပြောရလျှင် သူ့ဘက်မှ လင်းမိသားစုဟု ပြောပြီးပြီဖြစ်တာကြောင့် ရွှီဖန်းမှ တိုက်ခိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကောင်းကင်ယံ၌ တိမ်မည်းများ ရုတ်တရက် တက်လာတာကြောင့် လမ်းသွားလမ်းလာများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။    

လင်းထျန်းသည်လည်း ကြောက်ရွံ့မှုအပြည့်ဖြင့် ကောင်းကင်ရှိ တိမ်မည်းများကို ကြည့်နေသည်။

သူ ရွှီဖန်းကို လေးလေးနက်နက် ကြည့်ကာ...

"ငါ မင်းကို မှတ်ထားမယ်"

ထို့နောက် မတုံ့ဆိုင်းနေဘဲ တစ်ဖက်သို့လှည့်ကာ အလွန်လျင်မြန်သောအရှိန်ဖြင့် ရှေ့သို့ခုန်ကျော်သွားခဲ့သည်။ ကောင်းကင်ရှိ တိမ်မည်းများသည် လင်းထျန်းကို ထိန်းချုပ်ထားပုံရသော်လည်း တိမ်မည်းများ၏ အရှိန်သည် လင်းထျန်းမှ လွတ်မြောက်ရန် ခုန်လွှားခဲ့သောအရှိန်နှင့် မမျှော်လင့်ထားစွာ တူညီနေသောကြောင့် လျှပ်စီးကြောင်းများ မဆင်းသက်နိုင်ခဲ့ပေ။    

"မင်း အဆောင်ကို စောစောအသက်မသွင်းခဲ့ရင် ပိုကောင်းလိမ့်မယ်"

ထိုမြင်ကွင်းကြောင့် ယန်ပင်းလည်း ရှော့ရသွားခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက် ကားတံခါးကိုဖွင့်ကာ အထဲဝင်လိုက်ကြသည်။   

ရွှီဖန်းသည် သူ့နှုတ်ခမ်းအား တင်းတင်းကြပ်ကြပ်

ပိတ်ထားလေသည်။ လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်ကို သူ ဆန္ဒရှိသလို ဘယ်သုံးနိုင်ပါ့မလဲ။ သို့သော်ငြား ထိုလူ၏လွတ်မြောက်မှုအရှိန်ကြောင့် သူကိုယ်တိုင်လည်း အံ့သြသွားခဲ့ရသည်။ ထိုလူ ပါးစပ်ချက်ချင်းပိတ်ပြီး ပြေးသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထိုလူက မှန်ကန်သောရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့ခြင်းပင်။ မဟုတ်ပါက လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်ကြောင့် သူအပိုင်းပိုင်းကွဲသွားပေလိမ့်မည်။ 

ရွှီဖန်းသည် ယန်ပင်းနှင့်အတူ ကားပေါ်သို့တက်ခဲ့ပြီးနောက် သူတို့နှစ်ဦးစလုံးသည် စစ်တပ်သို့ အမြန်သွားခဲ့ကြသည်။    

ကားထဲ၌ ရွှီဖန်းတစ်ယောက် လေးလေးနက်နက် တွေးတောနေမိသည်။ ရှောင်းချောင်အား ဖမ်းခေါ်သွားခဲ့သောလူပဲဖြစ်ဖြစ်၊ သူအခုလေးတင် တွေ့ခဲ့ရသည့်လူပဲဖြစ်ဖြစ် သူတို့အားလုံးသည် သူ၏ဆေးဖော်မြူလာအတွက် ထွက်ပေါ်လာကြခြင်းပင်။ ယခုဆိုလျှင် မထင်မှတ်ထားသော ကိစ္စတစ်ခုခု ဖြစ်ပျက်သွားသည်ဆိုသော ခံစားချက်ကို သူ ခံစားနေရသည်။ ထိုလူ ထွက်ပေါ်လာသည့်အခိုက်တွင် သူသည် အကြီးဆုံးမျိုးနွယ်စုလေးခုထဲမှ တစ်ယောက်ဖြစ်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် ရွှီဖန်းသည် ပြင်းထန်သောဖိအားကို ခံစားလိုက်ရပေသည်။    

သို့သော်ငြား အမှန်တကယ်တော့ ရွှီဖန်းဘက်မှ စိုးရိမ်ပူပန်နေခြင်းမရှိပေ။ အရှင်အာ့လန်ပေးခဲ့သည့် ရတနာနောက်ဆုံးအသုတ်သည် လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်တစ်သောင်းကျော်ကို မွန်းမံရန် လုံလောက်ပေသည်။ သူနှင့်အဆင့်တူ ကျွမ်းကျင်

ပညာရှင်တစ်သောင်းကျော်၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရလျှင်တောင်မှ ရွှီဖန်း သူတို့ကို ကိုင်တွယ်ဖြေရှင်းရန် ယုံကြည်မှုရှိနေဆဲဖြစ်၏။

ရွှီဖန်းသည် သူ့ကို ခြိမ်းခြောက်ထားသော တစ်ဖက်လူကိုသာ လက်ရှိမှာ စိုးရိမ်မိပေသည်။ ထိုလူက ပေကျင်းက လူဖြစ်နိုင်သည်။ ပေကျင်းက ဘယ်သူဘယ်ဝါဖြစ်ပါစေဦး၊ ရွှီဖန်းအား ခေါင်းကိုက်စေရန် လုံလောက်ပေသည်။ 

လျို့ဝှက်မိသားစုများ ပျောက်ဆုံးသွားကာ အာဏာအလွှဲအပြောင်းများ ပြီးဆုံးသွားသည့်နောက်တွင် ရွှီဖန်းသည် ကမ္ဘာပေါ်တွင် အသန်မာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်လာသော်လည်း နောက်ခံမရှိသောသူ့အတွက် ထိုကဲ့သို့သော ကြီးမားခိုင်မြဲသည့် မိသားစုများကို ရှောင်ရှားရန်မှာ ခဲယဉ်းလှပေသည်။ ထိုမိသားစုကြီးများသည် အချိန်အတော်ကြာအောင် တည်ရှိနေခဲ့တာဖြစ်ပြီး သူတို့မှာလည်း လျှပ်စီးဆင့်ခေါ်ခြင်းအဆောင် ရှိကောင်းရှိနိုင်၏။ လျို့ဝှက်မိသားစုများကပင် ပေကျင်းရှိမိသားစုကြီးများကို ကြောက်ရသည်ကို သိထားရပေမည်။ ဒါကြောင့် ရွှီဖန်းလည်း သိပ်ပြီး သူ့ကိုယ်သူ မမောက်မာနေပေ။  

နှစ်နာရီကြာအောင် စီးပြီးနောက်မှာ ရွှီဖန်းနှင့် ယန်

ပင်းတို့သည် စစ်တပ်သို့ ရောက်ရှိလာကြသည်။ ဝူထျန်းသည် စစ်တပ်အဝင်ဝတွင် ရွှီဖန်းအား စိတ်လှုပ်တရှား စောင့်နေလေသည်။

"မြန်မြန် လေယာဉ်ပေါ်တက်ကြ၊ အခုပဲ ပေကျင်းကို သွားရမယ်"

ဝူထျန်းက ရွှီဖန်းကို တွေ့တွေ့ချင်း ပြောလာသည်။

"ကျွန်တော်တို့က ဘာလို့ပေကျင်းကိုသွားရမှာလဲ" 

ရွှီဖန်း အံ့အားသင့်သွားကာ ဝူထျန်းအား စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။

ဝူထျန်းက ရွှီဖန်းကို တစ်ချက်ကြည့်လိုက်၍

"ဒီကိစ္စက မင်းကိုယ်တိုင် ဖြေရှင်းလို့ရတဲ့ကိစ္စမဟုတ်ဘူး၊ ပေကျင်းက တပ်တွေလုပ်ပေးရမယ့်ကိစ္စပဲ၊ မင်းကို လင်းမိသားစုဆီ ပို့ပေးမယ်၊ သူတို့ မင်းကို ကူညီပေးလိမ့်မယ်"    

"ရှောင်းမိသားစုကလူတွေကို ပေကျင်းက လူတွေပြန်ပေးဆွဲထားတယ်လို့ ဆိုလိုတာလား။"    

သို့သော်လည်း ဝူထျန်းသည် ရွှီဖန်း၏စကားကို မဖြေဘဲ လျစ်လျူရှုထားခဲ့သည်။ ထိုအစား သူတို့ရှေ့မှာ ရပ်ထားသည့် ရဟတ်ယာဥ်ကို လမ်းပြခဲ့သည်။

"လေယာဉ်ပေါ်တက်ကြ"

ဝူထျန်း၏မျက်လုံးတွင် ရွှီဖန်းသည် ကျွမ်းကျင်သူ တစ်ဦးဖြစ်သော်လည်း ပေကျင်းထိ ယှဉ်ပြိုင်ရန်မှာ ခွန်အားမလုံလောက်ဘူးဟု ထင်ပေသည်။

သို့သော် ရွှီဖန်းကတော့ သူ့ကဲ့သို့ မတွေးပေ။ ဝူထျန်း၏ ပြော​စကားကိုကြားပြီးနောက်မှာ အနောက်မှ လိုက်သွားလိုက်သည်။ ရွှီဖန်း၏အမူအရာကတော့ မသေချာသည့်ပုံစံပေါက်နေသည်။ သို့သော်ငြား ဝူထျန်းမှ သူ့ကို ထိုနေရာသို့ စေလွှတ်ဝံ့သောကြောင့် သူ့ကို ဒုက္ခဖြစ်စေမှာတော့မဟုတ်ပေ။ ရွှီဖန်းသည် စစ်တပ်ထဲရှိ သူ၏တန်ဖိုးကို ယုံကြည်ပေသည်။    

"ငါတို့ ဘာလုပ်သင့်လဲ"

ယန်ပင်းက ရွှီဖန်းကို တစ်ချက်ကြည့်လာသည်။ သေချာတာကတော့ သူ ဘာကိုမှ ဂရုမစိုက်ပေ။ သူ ရွှီဖန်း၏ စကားကိုသာ နားထောင်မည်ဖြစ်သည်။ 

ရွှီဖန်းလည်း ယန်ပင်းကို လှမ်းကြည့်လိုက်ကာ...

"သွားကြတာပေါ့၊ ပေကျင်းက အာဏာရှိတဲ့လူတချို့က ရှောင်းချောင်ကို ပြန်ပေးဆွဲထားတဲ့ပုံပဲ၊ လင်းမိသားစုဘက်က မဟုတ်လောက်ဘူးဆိုတော့ လင်းမိသားစုဆီသွားပြီး အခြေအနေကို တစ်ချက်သွားကြည့်တာပေါ့"

အချိန်သည် တန်ဖိုးရှိတာကြောင့် ရွှီဖန်းနှင့် ယန်

ပင်းသည် အချင်းချင်း ခေါင်းညိတ်ပြခဲ့ပြီး သူတို့နှစ်ဦး ရဟတ်ယာဥ်ပေါ်သို့ တက်ခဲ့ကြသည်။    

သို့သော်ငြား ရွှီဖန်းတို့ ထွက်ခွာသွားပြီး တစ်ချိန်တည်းမှာပင် လူအုပ်စုနှစ်စုသည် ဝူထျန်းဆီသို့ရောက်လာကြသည်။ ဝူထျန်း၏ စိုးရိမ်ပူပန်သွားသောအမူအရာကြောင့် ဤလူအုပ်စုနှစ်စုသည် သာမန်လူများမဟုတ်လောက်မှန်း သိနိုင်ပေသည်။ သို့သော်ငြား သူတို့က ရွှီဖန်းကြောင့် ရောက်လာကြတာဖြစ်နေသည်။

**********************

All Chapters