← Chapters

ကြီးမြတ်သောမျိုးနွယ်စုကြီးလေးစု၏

Vol. 20 Ch. 296

ကြီးမြတ်သောမျိုးနွယ်စုကြီးလေးစု၏

Vol. 20 Ch. 296

ပလွှားမှု

ရဟတ်ယာဉ်က ရွှီဖန်းတို့ကို ပေကျင်းမြို့စွန်ရှိ ခြံတစ်ခြံဆီသို့ အလျင်အမြန် ခေါ်ဆောင်သွားပေးခဲ့သည်။    

ရွှီဖန်းနှင့် ယန်ပင်းတို့သည် ရဟတ်ယာဥ်၏ ဆန့်ကျင်ဘက်ခြမ်းရှိ ကျောက်ခုံတန်းလျားတစ်ခုပေါ်တွင် လူငယ်တစ်ဦးနှင့် လူလတ်ပိုင်းအရွယ်တစ်ဦးတို့ လက်ဖက်ရည်သောက်နေကြသည်ကို ချက်ချင်းတွေ့လိုက်ရသည်။    

"ဦးလေး ကျွန်တော် အရင်သွားလိုက်မယ်"

လူငယ်သည် ရွှီဖန်းနှင့် ယန်ပင်းကိုမြင်သောအခါ သူ့မျက်လုံးထဲတွင် ရှုံ့ချနေသည့်အရိပ်အယောင်များ ပေါ်လာလေသည်။ ထို့နောက် လူလတ်ပိုင်းကို ပြောကာ ထွက်လာခဲ့သည်။    

"ကျွန်တော့်ကို ချက်ကျလက်ကျ ရှင်းပြစေချင်တယ်"

ရွှီဖန်းသည် ဆိုးရွားသောအမူအရာဖြင့် လျှောက်လာပြီး ချက်ချင်းမေးခွန်းထုတ်လိုက်သည်။    

လူလတ်ပိုင်းက သိသိသာသာ ရှော့ရသွားလေသည်။ ရွှီဖန်းမှ သူတို့ကို ထိုကဲ့သို့ စကားပြောဝံ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ မတ်တပ်ရပ်ပြီး ထွက်လာခဲ့သော လူငယ်သည်လည်း ဖြည်းညှင်းစွာ ခေါင်းကိုလှည့်ကြည့်လာပြီး အံ့အားသင့်နေလေသည်။    

သူတို့နှစ်​​ယောက်​စလုံး ရွှီဖန်းကိုကြည့်​ကာ မျက်​လုံးများ ကျဥ်းမြောင်းသွားကြသည်​။    

"ဦးလေးရာ ဘိုးဘေးကြီးကို ကုသစေချင်ရင် သူ့ကို ကျွန်တော် ဒီအတိုင်းပဲ ဖမ်းပေးလိုက်မယ်၊ အခုတော့ ကြည့်! သူ့ကို မျက်နှာသာပေးပြီး ဒီကို ခေါ်လိုက်တော့ သူက ဦးလေးကို မျက်နှာသာပြန်ပေးလို့လား"

လူငယ်၏မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသည့်

အမူအရာရှိနေဆဲဖြစ်ပြီး သူ့မျက်လုံးထဲတွင် ရွှီဖန်းကို လုံးဝမထည့်ထားပေ။    

ရွှီဖန်းမှာ ထိုအရာကိုကြားပြီး ရယ်လိုက်မိသည်။ ဒီလူတွေ သူ့ကို အကူအညီတောင်းသည့်နည်းလမ်းက ဒေါသထွက်စရာပင်။ ဒီလူတွေ ဘာလို့ ဒီလောက်

တောင် ယုံကြည်ချက် ရှိနေကြတာလဲဆိုတာကို သူ နားမလည်ပေ။ သူတို့က မိသားစုကြီးလေးခုထဲက တစ်ခု ဖြစ်တာနဲ့ပဲလား။    

ရွှီဖန်းသည် ၎င်းကိုတွေးတောရင်း လူငယ်လေးအားထပ်တူထပ်မျှပင် မထီမဲ့မြင်အကြည့်ကို ပြန်ပေးလိုက်သည်။ 

"မင်းရဲ့ဘိုးဘေးကို ကုသစေချင်တာလား၊ မင်းရဲ့စိတ်နေသဘောထားနဲ့ ငါ့အရှေ့မှာ ဒူးထောက်တောင်းပန်တယ်ဆိုရင်တောင် ငါ လက်မခံဘူး"

"မင်း ဘယ်လိုတောင် ပြောရဲတာလဲ!"

လူငယ်လေးသည် ရွှီဖန်း၏ စကားကိုကြားသောအခါ ချက်ချင်းပင် သူ့မျက်နှာပေါ်၌ ဒေါ်သများပေါ်ထွက်လာလေသည်။ သူ လက်သီးဆုပ်ကာ ရွှီဖန်းဆီသို့ ပြေးလာလေသည်။

"ဟမ့်!"

ရွှီဖန်း လှောင်ရယ်လိုက်သည်။ ထိုလူငယ်၏ လှုပ်ရှားမှုအရ ထိုလူငယ်ဟာ အဝါရောင်အဆင့်၊ အထွတ်အထိပ်တွင် ရှိကြောင်း သူ ပြောနိုင်ပေသည်။ သို့သော် ထိုလူငယ်သည် ရွှီဖန်းထက် အဆင့်ကြီးတစ်ခုတောင် နိမ့်ပေသည်။ ထို့ကြောင့် ရွှီဖန်း လုံးဝမလှုပ်ရှားပေ။

တစ်ဖက်တွင်ထိုင်နေသော လူလတ်ပိုင်းသည် ဝင်

ကြားဖြတ်ချင်သော်လည်း သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီးနောက် သူ့ကိုယ်သူ ရပ်တန့်လိုက်ရသည်။ သူသည် တောင့်တင်းနေသော ရွှီဖန်းအား ကြည့်၍...

"ဒီလောက်အဝေးကြီးရှိနေသေးတာတောင် သူ မလှုပ်ရှားနိုင်သေးဘူးလား"

ဒါကိုမြင်တော့ လူလတ်ပိုင်းအရွယ်အမျိုးသားသည် ခေါင်းခါယမ်းလိုက်ပြီး ရွှီဖန်းကို မျက်နှာသာများစွာပေးမိသည့်အတွက် သူ့ကိုယ်သူ ရယ်လိုက်မိပေသည်။ သူသည် လင်းထျန်းနှင့် လူငယ်လေးကဲ့သို့ပင် မထီမဲ့မြင်မျက်လုံးများဖြင့် ရွှီဖန်အား ကြည့်နေခဲ့သည်။    

သို့သော် အလွန်လျင်မြန်စွာပင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာပေါ်၌ အံ့သြတုန်လှုပ်နေသော အမူအရာတစ်ခု ပေါ်လာသည်။ အထင်အမြင်သေးခြင်းမှသည် ထိတ်လန့်တုန်လှုပ်ခြင်း၊ ထို့နောက် ဒေါသထွက်ခြင်းအထိပင်။

"အား!!"

လူငယ်သည် မခံမရပ်နိုင်စွာအော်ဟစ်နေပြီး သူ၏ဘယ်ဘက်ပခုံးသည် အသားဟက်တက်ကွဲသွားကာ အဖြူရောင်အရိုးကိုပင် ထင်ရှားစွာမြင်နေရသည်။ ထိုလူငယ်၏လက်သီးသည် ရွှီဖန်း၏ လက်သီးဖြင့် တိုက်ရိုက်ဆုံသွားခဲ့ပြီး ရလဒ်အနေဖြင့် အရိုးကျိုးကာ လက်မောင်းအရိုးသည် သူ၏ပခုံးသားကိုပင် ဖောက်ထွက်သွားလေသည်။

သို့သော်ငြား ရွှီဖန်းက မရပ်သွားပေ။ သူ့ခြေထောက်သည် ချက်ချင်းပင် မိုးပေါ်သို့ ပျံတက်သွားပြီး လူငယ်၏ညာဖက်ပခုံးပေါ်သို့ ပြင်းထန်စွာ ကန်ချလိုက်သည်။

"ဟာ့!!"

ထိုလူငယ်သည် ရွှီဖန်း၏ အရှေ့တွင် ဒူးထောက်ကျသွားခဲ့သည်။    

အစကတည်းက ရွှီဖန်းသည် နောက်ဆုတ်ရန် မစီစဥ်ထားခဲ့ပေ။ လင်းထျန်းမှနေ၍ ဤလူငယ်၊ ထို့နောက် ထိုလူလတ်ပိုင်းအရွယ်အထိ သူ့အား အကူအညီတောင်းလာသည့်ရွံရှာဖွယ်နည်းလမ်းမျိုးကို သူ ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။ ထိုလူများသည် တစ်ပါးသူကိုတော့ ပုရွက်ဆိတ်တစ်ကောင်လို နှိမ့်ချကာ သူတို့ကိုယ်တိုင်ကတော့ မာနထောင်လွှားပြီး မောက်မာနေကြသည်။

ထို့နောက် ရွှီဖန်းသည် လူငယ်၏ပခုံးပေါ်သို့ ခြေထောက်တင်လိုက်ကာ ခေါင်းကိုလှည့်၍ ဒေါသထွက်နေသော လူလတ်ပိုင်းလူကိုကြည့်လိုက်သည်။

"ပြောထားသားပဲ၊ သူ ကျုပ်ရှေ့မှာ ဒူးထောက်ရင်တောင်မှ ခင်ဗျားရဲ့ဘိုးဘေးကို မကယ်ပေးဘူးလို့၊ ဒါကြောင့် ခင်ဗျား သူ့အတွက် မတောင်းပန်ပေးတာ ပိုကောင်းလိမ့်မယ်"

ထိုသို့ပြော၍ ရွှီဖန်းသည် သူ၏ခြေထောက်ကို အနည်းငယ်ပိုဖိလိုက်ကာ လူငယ်၏ဒူးခေါင်းတစ်ဝက်လောက်အား မြေကြီးထဲနစ်သွားစေလိုက်သည်။     

လက်ရှိအခိုက်အတန့်တွင် သူ လုံး၀ဒေါသထွက်နေလေသည်။ လင်းမိသားစုထံသို့ လာခဲ့ခြင်းကိုလည်း နောင်တရနေမိသည်။ မူလကတော့ အသုံးဝင်သော အချက်အလက်အချို့ကို ရနိုင်မည်ဟူ၍ ထင်မှတ်ခဲ့သည်။ အဆုံးမှာတော့ သူတို့ဘက်မှ ဤကဲ့သို့သောသဘောထားကို ပြသခဲ့ကြသည်။ သူ ဒေါသထွက်နေပြီး စိတ်ကို တည်ငြိမ်အောင်လည်း မလုပ်နိုင်တော့ပေ။

"အကျင့်ပျက်ကောင်! ငါ့တူကို မြန်မြန် လွှတ်လိုက်စမ်း! မင်း ဘယ်လိုတောင် ရက်စက်ကြမ်းကြုတ်ပြနေတာလဲ၊ ငါတို့ကတော့ မင်းကို မျက်နှာသာပေးပြီး လင်းမိသားစုဆီတောင် ဖိတ်ပေးခဲ့ရတာ" 

လူလတ်ပိုင်းက မတ်တပ်ရပ်လာပြီး ရွှီဖန်းကို အော်ဟောက်လာသည်။

"အဟုတ်ပဲ! ငါ့ကို မြန်မြန်လွှတ်ပေး! မင်းအခုတက်နင်းထားတဲ့သူက ပေကျင်းရဲ့မျိုးနွယ်စုကြီးလေးစုထဲက လင်းမိသားစုရဲ့တပည့်တစ်ဦးဆိုတာ မင်းသိရဲ့လား!မင်း နောက်မှ ဒူးထောက်ပြီးတောင်းပန်လာရင်တောင် အသုံးမဝင်တော့ဘူး" 

ရွှီဖန်း၏ ခြေထောက်အောက်မှ လူငယ်ကလည်း အော်ဟောက်လာသည်။ သို့သော်ငြား ရွှီဖန်း၏ ခြေထောက်သည် သူ့ကိုယ်ပေါ်တွင် ဖိထားသည်မှာ တောင်ကြီးတစ်လုံးကဲ့သို့ပင်။ သူဘယ်လောက်ပဲ အောက်ကတိုက်ခိုက်နေပါစေ ရွှီဖန်းက လုံးဝမလှုပ်သွားပေ။

"ဟားဟားဟား!" 

ရွှီဖန်းသည် ခေါင်းကိုမော့၍ ကျယ်လောင်စွာ ရယ်မောလိုက်မိပေသည်။ သို့သော်ငြား ပျော်ရွှင်၍မဟုတ်ဘဲ ဒေါသကြောင့်သာ ဖြစ်ပေ၏။ ဤလူငယ်သည်

သူ၏ခြေထောက်အောက်တွင် နင်းခံနေရတာတောင်မှ သူ့ဘက်မှ ဒူးထောက်တောင်းပန်လာလျှင် ခွင့်မလွှတ်ကြောင်းကို အရှက်မရှိစွာ ပြောနိုင်သေး၏။

"ကောင်းပြီလေ"

ရွှီဖန်းစိတ်ထဲရှိ ဒေါသသည် အထွတ်အထိပ်ကို ရောက်သွားလေပြီ။ သူ့ခြေထောက်ကို အတင်းဖိချလိုက်ပြီးနောက်မှာ လူငယ်၏အော်ဟစ်သံနှင့်အတူ ရွှီဖန်းသည် လူငယ်၏ ညာဖက်ပခုံးနှင့် လက်ကို တိုက်ရိုက်ပင် ချိုးချလိုက်ကာ ခန္ဓာကိုယ်ထက်မှ တွဲလောင်းကျစေခဲ့သည်။

လူငယ်၏အော်သံသည် လူအများ၏နှလုံးသားကို 

ပင် တုန်လှုပ်စေနိုင်ပေသည်။ သူ၏ ညာဘက်ပခုံးမှ သွေးများ ထွက်ကျလာကာ သူ့မျက်နှာကလည်း နာကျင်မှုကြောင့် တွန့်ရှုံနေလေသည်။

"မင်း သေချင်နေတာပဲ"

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဒေါသအလွန်

ထွက်သွားတာကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ပြီး ရွှီဖန်းဆီသို့ လက်သီးဖြင့် ထိုးချလာသည်။    

သူ့ဆီသို့ အပြေးအလွှားလာနေသော လူလတ်ပိုင်းကို ကြည့်ရင်း ရွှီဖန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။ သူ အေးဆေးတည်ငြိမ်တဲ့ အမူအရာဖြင့်..

"ကျုပ်ထင်တာတော့ ခင်ဗျားကမှ သေချင်နေတာ"

ထိုသို့ပြောပြီးနောက် သူ မျက်မှောင်ကြုတ်ကာ လူလတ်ပိုင်း၏ လက်သီးကို လှမ်းဆွဲလိုက်သည်။ ထို့နောက် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

"ဂျွတ်!"

ရွှီဖန်းသည် လူလတ်ပိုင်းအမျိုးသား၏ လက်သီးကို ဆုပ်ကိုင်ကာ လိမ်ချိုးလိုက်ခြင်းပင်။ လူလတ်ပိုင်းအမျိုးသားသည် မြေပြင်ကို ပြင်းပြင်းထန်ထန် မကျသွားခင်မှာ လေထဲတွင် တစ်ပတ်လည်သွားလေသည်။ အရိုးကွဲအက်သံနှင့်အတူ လူလတ်ပိုင်းအမျိုးသား၏ ဘယ်ဘက်လက်မောင်းသည် ကျောနောက်သို့ လိမ်ကောက်သွားခဲ့သည်။    

"မင်း!"

လူလတ်ပိုင်းအရွယ်အမျိုးသားက ရွှီဖန်းအား မယုံနိုင်စွာ ကြည့်လာသည်။ သူစကားပြောခါနီးတွင် ရွှီဖန်းက သူ့မျက်နှာကို တက်နင်းလာသည်။

"ကျေးဇူးပြု၍ စာနာပေးပါ"

ထိုအချိန်တွင် ရွှီဖန်း၏ အနောက်ဘက်မှ အမျိုးသမီးတစ်ယောက်၏အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။    

ရွှီဖန်းလည်း အံ့သြသွားကာ သူ့ခြေထောက်ကိုပြန်ဆွဲယူ၍ လှည့်ကြည့်လိုက်သည်။    

ဆံပင်ရှည်ရှည်၊ အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးတစ်ယောက်က သူ့အရှေ့မှာ ပေါ်လာလေသည်။ သူမသည် ခါးပတ်ကိုပါ ဝတ်ဆင်ထားပြီး ရှေးခေတ် အရောင်အဝါများ လွှမ်းခြုံနေလေသည်။    

"ရွှီဖန်း မလား"

အမျိုးသမီးသည် ရွှီဖန်းဆီသို့ ပြေးလာပြီး သူမ၏ဝတ်ရုံအနားသပ်ကို ဆုပ်ကိုင်ကာ အသက်ကို လုရှူနေလေသည်။ 

"ဟုတ်တယ်"

ရွှီဖန်း ထိုအမျိုးသမီးကို ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။    

"ရှင်တို့ကို ဘယ်သူက အခုလို လုပ်ခိုင်းလို့လဲ!"

သူမသည် မြေပြင်ပေါ်ရှိ သက်လတ်ပိုင်းလူကို စ၍ အပြစ်တင်လာသည်။ 

"သခင်မလေး သူက..."

လူလတ်ပိုင်းအရွယ်က ရှင်းပြတော့မည့်အခိုက်တွင်...

"ရှင့်ရဲ့ တူအစုတ်ပလုတ်နဲ့ မြန်မြန်ထွက်သွားစမ်းပါ"

အမျိုးသမီးသည် စာနာမှုတစ်စုံတစ်ရာမျှ မပြဘဲ လူလတ်ပိုင်း၏စကားများကို ဖြတ်ပြောခဲ့သည်။ သူမ၏အမိန့်ပေးလေသံသည် ရှေးခေတ်ကလိုပင် တောင့်တင်းခိုင်မာစွာ ထွက်လာလေသည်။ ထိုအရာက ရွှီဖန်းအား ဤအမျိုးသမီးအပေါ်၌ သိလိုစိတ်ပြင်းပြလာစေပေသည်။

သူမ၏ စကားကိုကြားတော့ လူလတ်ပိုင်းအရွယ်သည် ရွှီဖန်အား မကျေမနပ်ဖြင့် ကြည့်လာသည်။ သို့သော် အံကိုကြိတ်ကာ ဘာမှပြန်မပြောခဲ့ပေ။ ဝေဒနာကို တောင့်ခံ၍ တူဖြစ်သူ၏ အရှေ့တွင် မတ်တပ်ရပ်ကာ တူဖြစ်သူ၏လက်ကို ကိုင်ဆွဲ၍ ထွက်သွားခဲ့၏။    

"ကျုပ် ခင်ဗျားကို သွားခိုင်းလို့လား"    

အမျိုးသမီးသည် အံ့အားသင့်သွားခဲ့ပြီး လူလတ်ပိုင်းအရွယ်အမျိုးသားကလည်း ရပ်တန့်သွားလေသည်။ သူ ခေါင်းကိုလှည့်ပြီး ရွှီဖန်းကိုကြည့်ကာ...

"ဘောင်ပေါ်တက်မလာနဲ့"

"ဟမ့် ကျုပ်ကို တောင်းပန်"

ရွှီဖန်းသည် ထိုလူကို မကြည့်ဘဲ ကောင်းကင်ကိုသာ မော့ကြည့်၍ ထိုစကားကို ပြောခဲ့သည်။

"မင်းအိပ်မက်မက်နေလိုက်!"

"တောင်းပန်လိုက်!"

အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး ဆူငေါက်လာပြန်သည်။

"သခင်မလေး"

"တောင်းပန်လိုက် တတိယအကြိမ် မပြောရစေနဲ့!"

ထိုအမျိုးသမီးသည် အလွန်အမင်းကို လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိနေလေသည်။    

ထိုမြင်ကွင်းကြောင့် ရွှီဖန်းလည်း အံ့သြသွားရသည်။ လူလတ်ပိုင်းအရွယ်အမျိုးသားသည် အမှန်တကယ်ကို

ပင် လိုက်နာခဲ့သည်။ ရွှီဖန်းအား သူ ဦးညွှတ်နေစဥ်မှာ သူ့မျက်လုံးထဲ၌ အရှက်တကွဲဖြစ်ရသည့် အရိပ်အယောင်များ ထွက်ပေါ်နေခဲ့သည်။

"တောင်းပန်ပါတယ်" 

ထို့နောက် သူသည် ရွှီဖန်းကို စိုက်ကြည့်ကာ တူဖြစ်သူကို ဖေးမရင်းဖြင့် ချက်ချင်းထွက်သွားခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ ရွှီဖန်း သူ့ကို မတားခဲ့ပေ။ ထိုအစား သူ တစ်ဖက်ကို ပြန်လှည့်၍ အမျိုးသမီးအား ပဟေဠိဆန်သော အမူအရာဖြင့် ကြည့်လိုက်မိသည်။

"ထိုင်ပါ"

အမျိုးသမီးက သူ့ဘေးနားရှိ ကျောက်တုံးကြီးကို လက်ပြလေသည်။

ရွှီဖန်းသည် ထိုအမျိုးသမီးကို ကြည့်ပြီး လက်ကိုဝှေ့ယမ်းကာ...

"မလိုတော့ပါဘူး၊ ကျွန်တော့်မှာ အရေးကြီးကိစ္စရှိနေသေးတယ်၊ လင်းမိသားစုက မင်းတို့ရဲ့ဘိုးဘေးကိုကယ်တင်ဖို့ ကျွန်တော့်ကို အလိုရှိတယ်ဆိုရင် ကျွန်တော် အဆင်ပြေတဲ့အချိန်ထိ စောင့်ပေးပါ"

တကယ်တော့ ပြဿနာကို ဖြေရှင်းပေးခဲ့သည့် ဒီအမျိုးသမီးအပေါ်၌ ရွှီဖန်းသည် အမြင်ကောင်းရှိပေသည်။ ထို့ကြောင့်လည်း ဤကဲ့သို့ ပြောခဲ့ခြင်းပင်။

သို့သော် သူ့ဘက်မှ ထိုစကားများကို ပြောလိုက်

သောအခါ အမျိုးသမီး၏မျက်ခုံးများသည် မကျေနပ်မှုဖြင့် တွန့်သွားခဲ့သည်။ သို့သော်ငြား သူမသည် မျက်ခုံးများကို အတင်းဆွဲဆန့်ကာ ပြုံးပြလာခဲ့သည်။

"မစ္စတာရွှီ ရှင် ဒုက္ခတစ်ခုခုနဲ့ ကြုံနေရတယ်မဟုတ်လား"    

ရွှီဖန်းသည် ထိုအမျိုးသမီးကို ကြည့်၍ သူ့ကိုယ်သူ တွေးလိုက်မိသည်။

*ဒီအမျိုးသမီးက လိမ္မာပါးနပ်တာပဲ*

"ကျွန်တော့်မိတ်ဆွေတစ်ယောက် ပြန်ပေးဆွဲခံထားရတယ်၊၂၄နာရီအတွင်း ဆေးဖော်မြူလာကို ထျန်းတယ်လ်တောင်တန်းဆီ ပို့ဆောင်ပေးဖို့ တောင်းဆိုထားတယ်" 

နောက်ဆုံးတွင်မူ သူသည် သတင်းစုဆောင်းရန်

အတွက် ဤလင်းမိသားစုထံသို့ ရောက်လာခြင်းဖြစ်နေတုန်းပင်။ သို့သော်ငြား ရွှီဖန်းမှ သူ့စကားကိုအဆုံးသတ်လိုက်သည်နှင့် ထိုအမျိုးသမီးက ရုတ်တရက်ကြီး ထပြောလာသည်။

"အရှက်မရှိလိုက်တာ"

ရွှီဖန်း အံ့သြသွားရသည်။ သူ ထိုအမျိုးသမီးကို တိတ်တဆိတ်ကြည့်ပြီး သူမ စကားစလာမှာကိုသာ စောင့်နေလိုက်သည်။

"ကျွန်မထင်တာမမှားရင် ရှင်က ရှေးဟောင်းဆေးပညာစွမ်းရည်ကို အမွေဆက်ခံထားမှန်း မိသားစုကြီးလေးခုထဲက တစ်ယောက်ယောက် သိထားတာပဲ" 

ထို့နောက် အမျိုးသမီးသည် ရွှီဖန်း၏ပဟေဠိဖြစ်နေသောအမူအရာကိုမြင်၍ ရယ်မောကာ ပြောလာသည်။

"မစ္စတာရွှီကတော့ ဒီအကြောင်း မသိနိုင်လောက်ဘူး၊ ကျွန်မတို့ရဲ့မျိုးနွယ်စုကြီးလေးခုက အပြင်ပိုင်းမှာဆို တစ်ခုနဲ့တစ်ခု စည်းလုံးနေပုံရပေမယ့် တကယ်တမ်းကျတော့ အမှောင်ထဲမှာ တိုက်နေကြတာပဲ၊ ရှင့်ရဲ့ရှေးဟောင်းဆေးပညာစွမ်းရည်က မျိုးနွယ်စုရဲ့ ဘိုးဘေးတွေကို နောက်ထပ်နှစ်အနည်းငယ်ကြာ နေထိုင်နိုင်အောင် လုပ်ပေးနိုင်တယ်၊ ကျွန်မတို့လင်းမိသားစုက ရှင့်ကိုလိုက်ရှာနေတာလည်း ဒါကြောင့်ပဲ"

ရွှီဖန်းသည် ထိုစကားကိုကြားသောအခါ အံ့သြသွားရသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ကောင်းကင်ဘုံမှ သူရလာသော ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုနှင့် ဆေးဖော်မြူလာသတင်းများ ပေါက်ကြားသွားခဲ့ခြင်းပင်။ ထိုအမျိုးသမီးပြောပုံအရ သူတို့က သူ့ဆီမှာ ရှေးဟောင်းဆေးပညာစွမ်းရည်ရှိထားကြောင်းကလွဲ၍ တခြားအရာတော့ ဘာမှမသိကြသေးသည့်ပုံပင်။

ထိုအကြောင်းကို တွေး၍ ရွှီဖန်းမှာ သက်ပြင်းတစ်

ချက်ချလိုက်မိသည်။ အခြေအနေကတော့ အဆိုးဆုံးကို မရောက်သေးပေ။ သူ ထိုအမျိုးသမီးကို ငုံ့ကြည့်လိုက်ကာ...

"ဒါဆို အဲ့ဒီလူက ဘယ်သူလဲဆိုတာ မင်းသိတယ်မဟုတ်လား”    

အမျိုးသမီးက ခဏတာမျှ စဉ်းစား၍ ရွှီဖန်းကို မော့ကြည့်လာသည်။

"အခု သူ့ကို ဖုန်းပြန်ခေါ်ကြည့်လိုက်ပါ"

"ကောင်းပြီ"

အလွန်လျှင်မြန်စွာပင် တစ်ဖက်က ဖုန်းကိုင်လာသည်။

"ရွှီဖန်း မင်း ဒီကို ဘယ်လိုဖြစ်လို့ မြန်မြန်ရောက်လာတာလဲ"

တစ်ဖက်လူက ပြောလာသည်။

ရွှီဖန်းအနားရှိ အမျိုးသမီးက မျက်မှောင်ကြုတ်

သွားလေသည်။ သူမသည် ထိုအသံကိုကြားပြီးနောက် ထင်မြင်မှုတချို့ရှိသွားသည့်ပုံပင်။

"ရှောင်းချောင် ဘယ်လိုနေလဲ" 

ရွှီဖန်း မေးလိုက်သော် တစ်ဖက်လူက ဖြေလာသည်။ 

"ငါတို့ဆေးဖော်မြူလာသာ မရခဲ့ရင် သူမ အဆင်ပြေမှာ မဟုတ်ဘူးပေါ့ မြန်မြန်! ငါ ထျန်းတယ်လ်အိမ်ရာမှာ မင်းကိုစောင့်နေမယ်" 

ထို့နောက် ဖုန်းချသွားလေသည်။

ဒါကိုကြားတော့ အမျိုးသမီးသည် တစ်ခုခုကို တွေးမိသွားပုံရပြီး ပြောလာလေသည်။

"သွားရအောင် ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်"

ရွှီဖန်း အံ့သြသွားရသည်။ ဒီအမျိုးသမီးက သူနှင့်

လိုက်ချင်လိမ့်မည်လို့ မမျှော်လင့်ထားခဲ့ပေ။ သူ ထွက်ပြေးသွားပြီး သူမဘိုးဘေးကို မကုသပေးတော့မှာကို ကြောက်နေတာလား။ ယခုအချိန်တွင် ရွှီဖန်းသည် သူ၏တန်ဖိုးကို တိတ်တဆိတ်မြှင့်တင်ထားရန်မှလွဲ၍ တခြားရွေးချယ်စရာမရှိနေပေ။

*********************

All Chapters