ဆေးဖော်မြူလာအမှားကြီး
Vol. 20 Ch. 298
"ကောင်းပြီလေ"
ထိုသို့ ပြောလိုက်သော်လည်း ရွှီဖန်းသည် သူ၏စိတ်ထဲတွင် ကိုယ်ပိုင်အစီအစဉ်များ ရှိနေလေသည်။ သို့သော်
လင်းရှောင်ရှောင်း၏အပြုအမူများကိုတော့ သူ ကောင်းကောင်းမှတ်ထားပေသည်။ လင်းရှောင်
ရှောင်းသည် ကျောက်ချန်းယွီအား သူမ တတ်နိုင်
သလောက် ပြောပေးခဲ့သည်။ သူ အချိန်ရလျှင် သူမ ဘိုးဘေးကို ကုသပေးလိုက်မည်။
သူတို့အားလုံး အထဲကို ပြန်ဝင်သွားခဲ့ကြသည်။
ကျောက်ချန်းယွီသည် ရွှီဖန်းကို တည့်တည့်စိုက်
ကြည့်ကာ
"ဆေးဖော်မြူလာက ဘယ်မှာလဲ"
ရွှီဖန်းကလည်း မတုန်မလှုပ်ဖြင့်...
"ရှောင်းချောင်က ဘယ်မှာလဲ"
ကျောက်ချန်းယွီသည် ထိုအခြေအနေကိုမြင်သော်...
"မင်းမှာ စကားပြောဖို့ အရည်အချင်းရှိတယ်ထင်နေလား"
ကျောက်ချန်းယွီသည် ရွှီဖန်းနှင့် တရားမျှတစွာ ညှိနှိုင်းရန် ဘယ်သောအခါမှ မရည်ရွယ်ထားခဲ့ပေ။
ရွှီဖန်း၏စိတ်ထဲ၌ ဒေါသအလုံးအရင်း ခံစားနေရသည်။ ဒီအဘိုးကြီးသည် သူ့ဆီမှ လုယက်တာကို ဂုဏ်ယူနေသလို ပြုမူနေခဲ့ပြီး ကျိုးကြောင်းဆီလျော်သလိုပင် ပြောဆိုနေလေသည်။ ဤအခိုက်အတန့်တွင် ရွှီဖန်း၏စိတ်ထဲတွင် ထိုအဘိုးကြီးအား သတ်ပစ်ချင်နေလေပြီ။ ရှောင်းချောင်နှင့်ပတ်သက်သည့် သတင်းကို သူလက်ခံရရှိသည်နှင့် ရွှီဖန်းသည် ဒီအဘိုးကြီးအား တိုက်ခိုက်မှာဖြစ်သည်။ သို့သော်ငြား အခုအချိန်မှာတော့ သူ တည်ငြိမ်သောအမူအရာကို ထိန်းထားကာ...
"ကျုပ်အပိုင်ပစ္စည်းကို ဓားပြတိုက်နေတဲ့ ခင်ဗျားတို့ကရော ယုတ္တိတန်တယ်ထင်လို့လား"
ကျောက်ချန်းယွီသည် ထိုစကားကိုကြားသော် ဒေါသတကြီးပြောလာလေသည်။
"ရွှီဖန်း မင်းက သေချင်နေတာပဲ"
လင်းရှောင်ရှောင်းမှာ ဆက်မကြည့်နိုင်တော့ဘဲ...
"ကျောက်ချန်းယွီ ရှင် ဒီလိုလုပ်လို့မရဘူး၊ ရွှီဖန်းက ရှင့်ကို ဆေးဖော်မြူလာတွေပေးဖို့ ဆုံးဖြတ်ထားပြီးသားပါ"
ကျောက်ချန်းယွီသည် လင်းရှောင်ရှောင်းအား ကြည့်လျက်...
"ဒါပေမယ့် သူ့လေသံက ဘာဖြစ်နေတာလဲ၊ ဒီအဘိုးကြီးနဲ့ စကားပြောဖို့ သူ ဘယ်လေသံကို သုံးခဲ့လဲ မကြားဘူးလား၊ အခုရောက်နေတာက ငါ့ပိုင်နက်သာဆိုရင် သူ့ကို သတ်မိနေပြီ!"
လင်းရှောင်ရှောင်း၏မျက်လုံးများထဲ ဒေါသများ ပြည့်လာသည်။
"ကျောက်ချန်းယွီ ကျွန်မတို့ လင်းမိသားစုက ရှင့်ရဲ့ ကျောက်မိသားစုကို မကြောက်နေဘူး၊ အခု ရွှီဖန်းက ရှင့်ကို ဆေးဖော်မြူလာပေးဖို့ သဘောတူလိုက်ပါပြီဆိုနေတာကို ရှင် သူ့သူငယ်ချင်းနဲ့ တစ်ခေါက်
လောက်တောင် ပေးမတွေ့နိုင်ဘူးလား"
လင်းရှောင်ရှောင်း၏စကားကိုကြားသောအခါ သူမအမှန်တကယ်ဒေါသထွက်နေပြီမှန်း ကျောက်ချန်းယွီသိလိုက်သည်။ သူ ခဏတာမျှ စဉ်းစားပြီးနောက် ရွှီဖန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ကောင်းပြီ၊ ဒါပေမယ့် မင်းငါ့ကို လှည့်စားရဲရင် အဲ့ဒီမိန်းကလေးကို ငါ သေချာပေါက် သတ်ပစ်မယ်"
ထိုမိန်းကလေးသည် ရှောင်းချောင်ကို ရည်ညွှန်းခြင်းပင်။
ရွှီဖန်း ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ တစ်ချိန်
တည်းမှာပင် သူလည်း သိုလှောင်လက်စွပ်ထဲမှ ဆေးဖော်မြူလာကို ထုတ်ကာ ကျောက်ချန်းယွီကို ဝှေ့ယမ်းပြလိုက်သည်။
ကျောက်ချန်းယွီသည် ရွှီဖန်းလက်ထဲမှ ဆေးဖော်မြူလာကို ကြည့်ရင်း ဖုန်းကိုထုတ်လိုက်သည်။ သူ စပီကာဖွင့်ထားလိုက်ကာ...
"အဲ့ဒီမိန်းကလေးရှိသေးလား"
"ရှောင်းမိသားစု ခြံဝင်းထဲမှာ ကောင်းကောင်းရှိနေပါတယ်"
ထို့နောက် ကျောက်ချန်းယွီသည် ရွှီဖန်းကိုကြည့်၍
"မင်းကြားတယ်မလား"
လင်းရှောင်ရှောင်းလည်း ထိုအရာကိုမြင်မှသာ သက်
ပြင်းတစ်ချက်ချမိပေသည်။ ထို့နောက် သူမ လက်ကို ဆန့်ကာ ရွှီဖန်းဆီမှ ဆေးဖော်မြူလာကို တောင်းလိုက်သည်။ ရွှီဖန်းကလည်း သူမကို ကမ်းပေးခဲ့သည်။ လင်းရှောင်ရှောင်းကမူ ကျောက်ချန်းယွီထံသို့ ပြန်ပေးခဲ့သည်။
ထိုအချိန်တွင် ကျောက်ချန်းယွီနှင့် အသက်အရွယ်
တူညီသော အဘိုးအိုတစ်ဦး ဝင်လာသည်။ ထိုအဘိုးအိုသည် ကျောက်ချန်းယွီနှင့် အလွန်ဆင်တူပေသည်။
ကျောက်ချန်းယွီ၏အမွှာညီအစ်ကိုဖြစ်သူ ကျောက်ချန်းကျွင်း ဖြစ်သည် ။
ကျောက်ချန်းယွီသည် ကျောက်ချန်းကျွင်းကိုမြင်
သောအခါ သူ့လက်ထဲရှိ ဆေးညွှန်းကို ဝှေ့ယမ်းပြလိုက်သည်။
"ရလာပြီ"
"စိတ်ချလိုက်တော့၊ ဒီဆေးဖော်မြူလာတွေနဲ့ဆို မင်းရဲ့ပြဿနာကို အလွယ်တကူ ဖြေရှင်းလို့ရပြီ၊ ကျေးဇူးပဲ"
ကျောက်ချန်းကျွင်းသည် ကျောက်ချန်းယွီကိုကြည့်၍ ဆေးဖော်မြူလာကိုယူကာ ထိုစကားကို ပြော၏။
"ဟားဟားဟား ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး၊ မင်း ကျေးဇူးတင်ချင်ရင် ဒီရွှီဖန်းကိုပဲ ကျေးဇူးတင်
လိုက်၊ သူက မင်းရဲ့အိမ်တံခါးအထိ လာပို့ပေးထားတာ!"
"ရွှီဖန်းလား"
အဘိုးအိုသည် ကျောက်ချန်းယွီ၏ စကားကိုကြားသောအခါ ရွှီဖန်းကိုကြည့်လာပြီး အထင်သေးစွာ နှုတ်ခမ်းတွန့်သွားလေ၏။
"ကျေးဇူးတင်ရမယ့်လူက သူပဲဖြစ်သင့်တာလေ"
"အိုး ဘာကိုဆိုလိုတာလဲ"
ကျောက်ချန်းယွီက အံ့အားသင့်သလိုမေးလာသည်။
ကျောက်ချန်းကျွင်းက ပြောလာ၏။
"သူက မင်းရဲ့မျက်လုံးထဲမှာဆို ရုန်းကန်နေရတဲ့ ငါးတစ်ကောင်သာသာပဲမဟုတ်လား၊ သူ့ကို မသတ်
လို့ မင်းကိုတောင် သူ ကျေးဇူးတင်သင့်တာ"
"ကျေးဇူးပြုပြီး လေးစားသမှုပြပေးပါ!"
ကျောက်ချန်းကျွင်း၏ စကားအဆုံးမှာ ယန်ပင်းက ဒေါသတကြီးအော်လာသည်။
ထိုအသံကိုကြားတော့ ဘေးမှာရပ်နေသော ယန်ပင်းအား ကျောက်ချန်းကျွင်းက ကြည့်လာသည်။
"မင်းက ဘာကိုဝင်အာချောင်တာလဲ၊ မင်းရဲ့အသက် ဒီနေရာမှာ မဆုံးရှုံးသွားအောင်ပဲ သတိထားနေစမ်းပါ"
ကျောက်ချန်းယွီကမူ ကျောက်ချန်းကျွင်း၏စကားကိုကြားတော့ ပြုံးနေလေသည်။ သူတို့နှစ်ဦးသည် လူအများအား နှိမ့်ချကာ ပုရွက်စိတ်တွေလို သဘောထားနေလေသည်။
"ဒီဆေးဖော်မြူလာတွေနဲ့ဆို မိသားစုရဲ့စည်းစိမ်ဥစ္စာတွေနဲ့ အသက်သွေးကြောတွေကို ငါထိန်းချုပ်နိုင်
လိမ့်မယ်၊ အစ်ကိုကြီး မင်းအများကြီး ရှာဖွေသုံးစွဲလို့နိုင်အောင် ငါ့မှာ လုပ်နိုင်စွမ်းရှိသွားပြီ"
ကျောက်ချန်းကျွင်းက ကျောက်ချန်းယွီကို ပြောလာသည်။
"ဟားဟားဟား!"
ကျောက်ချန်းယွီကမူ ပျော်ရွှင်စွာဖြင့် ရယ်မောနေလေသည်။
"ကျောက်ချန်းယွီ ရှင် ဆေးဖော်မြူလာရသွားပြီဆိုမှတော့ သူ့ကို ထပ်ပြီးစော်ကားနေစရာမလိုဘူး"
ကျောက်ချန်းယွီသည် ထိုမျှထောင်လွှားမောက်မာလိမ့်မည်ဟု လင်းရှောင်ရှောင်းမှာ မမျှော်လင့်ထားတာကြောင့် စိတ်မချမ်းသာစွာ ဝင်ပြောမိသည်။
"အရူးအိုကြီး"
ရွှီဖန်းက ဘေးကနေ၍ ရုတ်တရက် ရယ်မောလာသည်။
ရွှီဖန်း၏ အရူးအိုကြီးဟူသောခေါ်သံကြောင့် လေထုမှာ အေးခဲသွားလေသည်။ ပြုံးနေသော ကျောက်ချန်းယွီ၏မျက်နှာသည်လည်း ချက်ချင်းဖြူဖျော့သွားလေသည်။
"မင်းက သေခြင်းတရားကို ရှာဖွေနေတာပဲ"
ကျောက်ချန်းယွီက ဒေါသတကြီး ပြောလာ၏။
ကျောက်ချန်းယွီ လှုပ်ရှားခါနီးမှာ ကျောက်ချန်းကျွင်း၏မျက်နှာအမူအရာကလည်း ရုတ်ချည်းပြောင်းလဲသွားလေသည်။ သူ့လက်ထဲရှိ ဆေးညွှန်းကိုကြည့်ကာ...
"ခဏနေစမ်းပါဦး!"
ကျောက်ချန်းယွီသည် ကျောက်ချန်းကျွင်းအား အံ့ဩနေသောအမူအရာဖြင့် ကြည့်လိုက်မိသည်။
"ဒါက စောက်ကျိုးနည်း စက္ကူဖြူအလွတ်ကြီးပဲ"
ကျောက်ချန်းကျွင်းသည် စာရွက်ကို လှန်ကြည့်
လိုက်ရာ ဆေးဖော်မြူလာများရေးထားရမည့်နေရာ၌ ဗလာဖြစ်နေကြောင်းကို တွေ့လိုက်ရသည်။ ထို့နောက် သူ့လက်ထဲမှ စာအုပ်ကို မြေကြီးပေါ်သို့ ဒေါသတကြီးပစ်ချကာ ကျောက်ချန်းယွီအား ပြောခဲ့လေသည်။
"ဘာ!"
ထိုအချင်းအရာကိုကြားတော့ ကျောက်ချန်းယွီလည်း အော်မိသွားကာ ရွှီဖန်းကို ချက်ချင်းစိုက်ကြည့်လိုက်
မိသည်။ ထိန်းမနိုင်သိမ်းမရနိုင်သော ဒေါသအရိပ်အယောင်များက သူ့မျက်လုံးထဲတွင် တောက်လောင်လာလေသည်။
ဘေးမှာရပ်နေသည့် လင်းရှောင်ရှောင်းလည်း ထိုစကားကြောင့် ထိတ်လန့်သွားခဲ့သည်။ သူမ မျက်မှောင်ကြုတ်ကာ ရွှီဖန်းအား ချက်ချင်း အပြစ်တင်လိုက်မိသည်။
"ရှင် ဘာတွေလုပ်နေတာလဲ၊ အသက်မရှင်ချင်တော့ဘူးလား"
သို့သော်ငြား ရွှီဖန်းက လင်းရှောင်ရှောင်း၏စကားကို လျစ်လျူရှုထားခဲ့သည်။ သူ ကျောက်ချန်းယွီအား အေးဆေးတည်ငြိမ်သော အမူအရာဖြင့်ကြည့်ကာ...
"ဟမ့်! အရူးအိုကြီး ကျုပ် မင်းကို စာရွက်ဖြူတစ်
အုပ်ပေးခဲ့တဲ့အတွက်တောင် ခင်ဗျား အရမ်းပျော်နေသင့်တယ်"
"မင်း သေချင်နေတာလား!"
ကျောက်ချန်းယွီ၏မျက်နှာမှာ ဒေါသများဖြင့် ပြည့်
နှက်နေသော်လည်း လင်းရှောင်ရှောင်းအား သူကြည့်မိနေဆဲဖြစ်သည်။ လင်းရှောင်ရှောင်းသာမရှိလျှင် ကျောက်ချန်းယွီသည် တိုက်ခိုက်ပြီးနှင့်လေပြီ။
လက်ရှိအချိန်တွင် လင်းရှောင်ရှောင်းလည်း ရွှီဖန်း၏ မိုက်မဲမှုကြောင့် ကြောက်လန့်နေလေပြီ။ သူ ထိုမျှ သတ္တိရဲလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ကျောက်ချန်းယွီသည် အဝါရောင်အဆင့်၏အထွတ်အထိပ်တွင် ရှိနေသောကြောင့် ရွှီဖန်းကို ချက်ချင်းသတ်ပစ်
နိုင်သည်ဟု ပြောလို့ရသည်။
"ရွှီဖန်း ရှင်ရူးနေပြီလား၊ အဲ့ဒီငယ်ရွယ်ပြီးအဆင်
အခြင်မဲ့တာကပဲ ရှင့်အသက်ကို ယူဆောင်သွားလိမ့်
မယ်၊ မြန်မြန် ရှင့်အသက်ကိုကယ်တင်ဖို့ ဆေးဖော်မြူလာအစစ်ကိုထုတ်ပေးလိုက်၊ ဒီလိုအမှိုက်အတွက်နဲ့ ရှင့်
အသက်ကို မစွန့်ပစ်လိုက်နဲ့"
လင်းရှောင်ရှောင်းက အမြန်လှည့်လာပြီး ရွှီဖန်းကို ဆူငေါက်လာသည်။ လက်ရှိအချိန်တွင် သူမ ရွှီဖန်းကိုတကယ်ပင် အမြင်ကတ်လာလေပြီ။ သူမကတော့ သူမ၏အဆင့်အတန်းကိုပင် နှိမ့်ချကာ ကျောက်ချန်းယွီနှင့် ဖြေရှင်းပေးခဲ့ပြီး သူ၏လုံခြုံရေးကို သေချာအောင် လုပ်ပေးခဲ့ရသည်။ အခုအချိန်မှာတော့ ထိုကြိုးစားမှုက ရွှီဖန်းကြောင့် ပျက်စီးသွားလေပြီ။
ရွှီဖန်းသည် လင်းရှောင်ရှောင်းကို ငုံ့ကြည့်ကာ စိတ်မရှည်သောအရိပ်အယောင်တစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်ထွက်လာလေသည်။ ဒီအမျိုးသမီးက သူ့ကို အရူးလို့ပြောလိုက်တာလား။ သူမကဖြင့် ကျောက်ချန်းယွီအား ရန်တောင်မစရဲနေပေ။ သို့သော်ငြား လက်ရှိတွင် ရွှီဖန်းသည် လင်းရှောင်ရှောင်းအား ဂရုစိုက်ရန် အလွန်ပျင်းနေလေသည်။
"ယန်ပင်း လေယာဉ်ဘေးမှာ ငါ့ကိုစောင့်နေ"
ရွှီဖန်း ညွှန်ကြားလိုက်သည်။
ရွှီဖန်းဘက်မှ လှုပ်ရှားမှုတစ်ခုပြုလုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း ယန်ပင်းသိလိုက်ပေသည်။ ထိုအဆင့်တိုက်ပွဲမှာ သူကိုယ်တိုင် ပါဝင်နိုင်ခြင်းမရှိမှန်း သူသိထား၏။ သူ ချက်ချင်းပင် ခေါင်းညိတ်ပြကာ ထျန်းတယ်လ်အိမ်ရာမှ လှည့်ထွက်သွားခဲ့သည်။
ကျောက်ချန်းယွီလည်း ခဏတာမျှ ထိတ်လန့်သွားလေသည်။ လက်ရှိအချိန်တွင် ရွှီဖန်းသည် လုံးဝစိုးရိမ်နေပုံမပေါ်ပေ။ ရွှီဖန်း ရူးနေသလားဟူ၍ပင် သူ သံသယဖြစ်မိ၏။
သို့သော်လည်း ကျောက်ချန်းယွီမှ စမလှုပ်ရှားခင် ကျောက်ချန်းကျွင်းသည် ဦးစွာစခဲ့လေသည်။ သူ၏
အကြီးမားဆုံးမျှော်လင့်ချက်များက စိတ်ပျက်စရာအဖြစ်သို့ ရှုံးနိမ့်သွားခြင်းကို မြင်တွေ့ခဲ့ရတာကြောင့် ကျောက်ချန်းကျွင်း၏မျက်လုံးအကြည့်များသည် ကျောက်ချန်းယွီထက်ပင် ဒေါသများ ပြည့်နှက်
နေခဲ့သည်။
"ရွှီဖန်း မင်းက သေချင်နေတာပဲ"
ရွှီဖန်းသည် ကျောက်ချန်းယွီအား စိုက်ကြည့်နေခဲ့သည်။ ကျောက်ချန်းကျွင်းသည် သူ့အား ဘေးကနေ တိုက်ခိုက်လာသည်ကို သူသိသော်လည်း လုံးဝမလှုပ်ပေ။ ကျောက်ချန်းကျွင်းက သူ့ကို မယှဉ်နိုင်ပေ။
ထို့နောက် ရွှီဖန်းမှ ယင်ကောင်ကို လှမ်းရိုက်လိုက်သလိုမျိုး သူ့လက်ကို ဘေးဘက်သို့ သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်သည်ကို အားလုံး မြင်တွေ့လိုက်ရသည်။
မယုံနိုင်စရာမှာ ကျောက်ချန်းကျွင်းသည် ရွှီဖန်း၏ ရိုက်ချက်ကြောင့် ယင်ကောင်တစ်ကောင်ကဲ့သို့ ပျံထွက်သွားလေသည်။ ဒါတောင် ရွှီဖန်းက သူ၏ခွန်အားအများစုကို သိမ်းဆည်းကာ ရိုက်ခဲ့ခြင်းပင်။
တကယ်တော့ ကျောက်ချန်းကျွင်းသည် ဆေးပညာအပေါ်မှာသာ အစွဲအလမ်းကြီးမားပြီး သိုင်းကျင့်ကြံမှုအကြောင်း သေချာမသိပေ။ မည်သို့ပင်ဆိုစေကာမူ သူသည်လည်း အဝါရောင်အဆင့်၏ အလယ်အလတ်
အဆင့်သို့ ခြေတစ်လှမ်းတစ်ဝက်ပင် ရောက်ရှိနေပြီဖြစ်သည်။ ရွှီဖန်းလိုလူငယ်လေးက ဒီလောက်ထိ အစွမ်းထက်နေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
"အား!"
ကျောက်ချန်းကျွင်းသည် ဆယ်မီတာကျော် လွင့်
ထွက်သွားပြီး အတွင်းဘက်ရှိ ပရိဘောဂအများအပြားမှာ သူနှင့်တိုက်မိပြီး လဲကျကုန်ကြသည်။
လင်းရှောင်ရှောင်းအတွက်လည်း တိုက်ပွဲအတွင်း ရွှီဖန်း၏ပုံစံကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်၏။ လင်းမိသားစုက လူနှစ်ဦး၏ ဆိုးရွားသောအခြေအနေကို သူမ မြင်ဖူးခဲ့သော်လည်း ရွှီဖန်း၏ တိုက်ခိုက်မှုကို သူမမျက်စိဖြင့် တစ်ခါမှ မမြင်ဖူးလေရာ သူ ဒီလိုအစွမ်းထက်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဒီတစ်ကြိမ်တွင် ရွှီဖန်းအား တိုက်ခိုက်သူမှာ အဝါရောင်အဆင့်၏ အလယ်အလတ်အဆင့်သို့ ခြေတစ်
လှမ်းမျှရောက်ရှိနေသော ကျောက်ချန်းကျွင်းဖြစ်သည်။ သို့သော်ငြား ရွှီဖန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်မှာ ရှောင်ထွက်ဖို့နေသာသာ လှည့်တောင်လှည့်မကြည့်ပေ။ လင်းရှောင်ရှောင်းမှာ အလွန်အံ့သြနေလေပြီ။
"အု"
ကျောက်ချန်းကျွင်းသည် သွေးအန်ချင်သွားသော်လည်း အတင်းအကျပ်ပင် ပြန်မြိုချခဲ့သည်။ ရွှီဖန်းက ဤမျှ အစွမ်းထက်နေမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ကျောက်ချန်းယွီလည်း အံသြသွားလေသည်။ သူ့ညီက မည်မျှပင် အားနည်းစေကာမူ ရွှီဖန်းနှင့်တန်းတူတော့ရှိလိမ့်မည်ဟု သူထင်ထားခဲ့သည်။ မမျှော်လင့်ထားဘဲ သူ့ညီကို ရွှီဖန်းက လွယ်လွယ်ကူကူ လွင့်ထွက်သွားစေခဲ့သည်။
ကျောက်ချန်းကျွင်းသည် ရွှီဖန်းထံသို့ တဖန်ပြေးဝင်လာသည်။
"ကျား!"
ကျောက်ချန်းကျွင်း၏ပုံစံမှာ ဘာကိုမှ ဂရုမစိုက်တော့သည့်ပုံစံပင်။ ဤတစ်ကြိမ်တွင် သူ့မိသားစုမှ ဆင်းသက်လာသော ကျောက်မိသားစု၏သိုင်းအတတ်ကို ထုတ်သုံးထားသည်။ ရွှီဖန်း၏ သိုင်းအတတ်က သူ့ထက် ပို၍ ကောင်းမွန်လိမ့်မည်ဟူ၍တော့ သူမယုံပေ။
ကျောက်ချန်းယွီလည်း ထိုအရာကိုမြင်တော့ အနည်းငယ် စိတ်အေးသွားသည်။ ကျောက်မိသားစု၏ ကျားငါးကောင်သိုင်းစွမ်းအားကို သူယုံကြည်ပေသည်။ အကယ်၍ ဤတိုက်ခိုက်မှုတွင် ရွှီဖန်းသည် မသေဆုံးခဲ့လျှင်တောင်မှ အနည်းဆုံးတော့ ခန္ဓာကိုယ်
တစ်ဝက်သေဆုံးသွားမည်ဖြစ်သည်။ သူ့အတွက်
ကတော့ ရွှီဖန်းကို သတ်ခြင်းက ဘာအကျိုးဆက်မှ ရှိလာမည်မဟုတ်ပေ။ ကြက်သတ်သလိုပင် လွယ်ကူလှသည်။
"ရွှီဖန်း သတိထား! အဲ့ဒီတိုက်ကွက်က သူတို့ကျောက်
မိသားစုရဲ့ ပင်မသိုင်းကွက်တွေထဲက တစ်ခုပဲ"
လင်းရှောင်ရှောင်းသည် သူ့အား အမြန်သတိပေးလိုက်သည်။
လင်းရှောင်ရှောင်းသည်လည်း ကျောက်မိသားစု၏ အားအပြင်းဆုံး သိုင်းကွက်များကို ကြားဖူးထားသည်။
ရွှီဖန်းသည် လင်းရှောင်ရှောင်းဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။ ထိုအပြုံးက လင်းရှောင်ရှောင်းအား ရုတ်တရက်ထိတ်လန့်သွားစေပေသည်။ ဒီလိုအခြေအနေမျိုးမှာတောင် သူမကို ပြုံးပြရန်ပင် စိတ်ရှိနေသေးသည်။
ထို့နောက် ရွှီဖန်းသည် ခေါင်းလှည့်ကြည့်လိုက်ရာ ကျောက်ချန်းကျွင်း၏လက်မှ နောက်ဆက်တွဲ ပုံရိပ်များစွာ ကျန်ရစ်ခဲ့သည်ကို တွေ့လိုက်ရသည်။ နေရာတိုင်းတွင် ချွန်ထက်သောခြေသည်းလက်သည်းပုံရိပ်များ ရှိနေပြီး လူအများကို လွတ်လမ်းမရှိသယောင် ခံစားရစေသည်။
ကျောက်ချန်းယွီသည် သူ့ညီအစ်ကိုမှ ဤကဲ့သို့မြင့်မားသောအဆင့်ထိ ထုတ်သုံးနိုင်ခဲ့သည်ကို ကြည့်ပြီး ခေါင်းတညိတ်ညိတ်လုပ်နေသည်။
သို့သော်…
"ဟမ့်!"
ရွှီဖန်းသည် အထင်အမြင်သေးစွာ နှာမှုတ်လိုက်သည်။
"အား!!"
ကျောက်ချန်းကျွင်းသည် ဆယ်မီတာကျော်အကွာသို့ လွင့်ထွက်သွားပြီး အတွင်းရှိ ပရိဘောဂများကို ဝင်တိုက်သွားပြန်သည်။
ရွှီဖန်းမှ မည်ကဲ့သို့ လှုပ်ရှားခဲ့သည်ကို ဘယ်သူတစ်ဦးကမှ မမြင်နိုင်ခဲ့ကြပေ။ ခဏလေးအတွင်းမှာပင် ရွှီဖန်းသည် ကျောက်ချန်းကျွင်းအနီးသို့ ရောက်သွားခဲ့ပြီး သူ၏လက်တစ်ဖက်က ကျောက်ချန်ကျွင်း၏ လည်ပင်းအား ဆုပ်ကိုင်ထားသည်ကို သူတို့တွေ့လိုက်ရသည်။
"ခင်ဗျားက ကျုပ်မျက်လုံးထဲမှာ လိပ်တစ်ကောင်အဆင့်ပဲရှိတယ်"
ရွှီဖန်း၏ လည်ပင်းညှစ်ထားမှုကြောင့် ကျောက်ချန်းကျွင်းသည် လှုပ်တောင်မလှုပ်နိုင်တော့ပေ။ ထို့နောက် ရွှီဖန်းသည် ကျောက်ချန်းကျွင်း၏လည်ပင်းအား အဆစ်လွဲသည်အထိ လိမ်ပစ်လိုက်သည်။
"အား!"
ကျောက်ချန်းကျွင်းသည် မြေပြင်ပေါ်သို့ ပုံကျသွားခဲ့ပြီး သူ၏လည်ပင်းသည်လည်း မလှုပ်မရှားနိုင်ဖြစ်ကာ နာကျင်စွာအော်ဟစ်နေလေသည်။
ကြည့်နေသူအားလုံး အံ့သြသွားကြသည်။
*****************