← Chapters

ရွှီဖန်းက သားရဲကြီး

Vol. 21 Ch. 315

ရွှီဖန်းက သားရဲကြီး

Vol. 21 Ch. 315

ရွှီဖန်းသည် ပိုင်ပင်း၏အမူအရာကို ကြည့်၍ သူ့မျက်နှာပေါ်၌ ကစားလိုသောအပြုံးနှင့်အတူ သူမဆီ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

"ကျွန်မ ကော်ဖီတစ်ခွက် သွားဖျော်ပေးပါ့မယ်" 

ပိုင်ပင်းသည် ရွှီဖန်း၏အကြည့်ကို ရှောင်ရန်အတွက် ကော်ဖီကို အခွင့်ကောင်းယူကာ အပြင်ထွက်ရန် လုပ်လိုက်သည်။

"ဟေး ဘာလို့ ဒီလောက်တောင် အလျင်လိုနေရတာလဲ" 

ရွှီဖန်းသည် ရုတ်တရက်ပင် လက်လှမ်းကာ ပိုင်ပင်းကို ဆွဲထားလိုက်သည်။ ခပ်ဖွဖွ ဆွဲလိုက်သည်နှင့် ပိုင်ပင်းကလည်း မတည်မငြိမ်ဖြင့် ရွှီဖန်း၏လက်မောင်းထဲသို့ လဲကျလာသည်။

"ရှင်" 

ပိုင်ပင်း၏မျက်နှာပေါ်၌ ဒေါသများပေါ်လာသည်။ သို့သော် သူမ အလျင်စလိုမပြုမူဘဲ သူမ၏ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင်သွားခဲ့သည်။

ရွှီဖန်းကမူ သူ့ခန္ဓာကိုယ်အား ပိုင်ပင်း၏ကျောကို ဖိကပ်ကာ ခပ်ဖွဖွ ရှူရှိုက်လိုက်သည်။ ဆွဲဆောင်မှုရှိသော ရနံ့တစ်ခုက သူ့နှာခေါင်းထဲသို့ ဝင်လာသည်။

ပူနွေးသောလေက ပိုင်ပင်း၏နားနောက်ကို ထိမိသွားတာကြောင့် သူမ၏မျက်နှာမှာ နီရဲသွားခဲ့ပြီး မျက်လုံးထဲ၌ ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခု ပေါ်လာသည်။

"ဒါတွေအားလုံးက မင်း ပိုက်ဆံလိုချင်လို့ မဟုတ်ဘူးလား...မင်း ငါ့ကို ကောင်းကောင်းဝန်ဆောင်မှုပေးရင် မလွဲမသွေ မင်း ပိုက်ဆံရမှာပဲလေ"

ရွှီဖန်းသည် သူ့လက်ကို ပိုင်ပင်း၏ခါးပေါ်သို့တင်

ကာ သူမအား ပေါ့ပြက်ပြက်နှင့် အထင်သေးစွာ ကြည့်လိုက်သည်။

"ရိုင်းလိုက်တာ" 

ပိုင်ပင်းသည် ထိုစကားကိုကြားတော့ ချက်ချင်း ဒေါသထွက်သွားလေသည်။ သူမ တစ်ဖက်ကိုလှည့်ကာ ရွှီဖန်း၏မျက်နှာကို ရိုက်ရန် လက်ဝှေ့ယမ်းလိုက်သည်။

ရွှီဖန်း သူမ၏လက်ကို လေထဲ၌ ဖမ်းလိုက်သည်။ ပိုင်

ပင်း၏ခန္ဓာကိုယ်မှာ လှုပ်လို့မရတော့တာကြောင့် အံတင်းတင်းကြိတ်ကာ ရွှီဖန်းကို စိုက်ကြည့်လာသည်။

သို့သော်ငြား ထိုအချိန်၌ တံခါးဖွင့်သံတစ်ခုက အပြင်ဘက်ကနေ ထွက်ပေါ်လာသည်။ ရွှီဖန်း မတုံ့ပြန်ခင်မှာပင် အတွင်းရေးမှူးသည် သော့ဖြင့် တံခါးကို ဖွင့်ချလာသည်။ သူမ အတွင်းထဲရှိမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ခဏတာ တုန်လှုပ်သွားခဲ့ပြီး ထို့နောက် အထဲကိုပြေးလာကာ ပိုင်ပင်းကို ရုံးခန်းထဲကနေ ဆွဲထုတ်သွားလေသည်။

သူတို့ မထွက်သွားခင်မှာ ရှောင်ပိုင်သည် ရွှီဖန်းအား စက်ဆုပ်ရွံရှာသော အကြည့်ဖြင့် ကြည့်သွားသေးသည်။ တစ်ချိန်တည်းမှာပင် ပိုင်ပင်းကလည်း သူမ၏အဝတ်အစားများကို အမြန်ပြင်ဆင်ကာ နဂိုအေးစက်ပြီး ချဥ်းကပ်ရခက်သည့်ပုံစံကို ပြန်လည်ရောက်ရှိသွားခဲ့သည်။

ရွှီဖန်းမှာတော့ ထွက်သွားသည့်နှစ်ယောက်ကို ကြည့်ကာ နှာခေါင်းပွတ်လိုက်မိသည်။

"သူမက ဘယ်သူပါလိမ့်...ငါ့ကို သတ်ဖို့လာတဲ့လူသာဆိုရင် လုပ်ကြံပြီးတာ ကြာနေလောက်ပြီ" 

ရွှီဖန်းသည် သူ့ရင်ဘတ်ထဲရှိ ခေါင်းလောင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ပိုင်

ပင်း၏ခန္ဓာကိုယ်ကို သူ ချဉ်းကပ်ရဲသည့်အကြောင်းအရင်းမှာ ခေါင်းလောင်းက မတုန်ခါသောကြောင့်ပေ။

စားပွဲကို ပြန်ရောက်တော့ အခြေစိုက်ရုံးရှိ ဝန်ထမ်းများ၏ အချက်အလက်များကို စတင် စိစစ်လိုက်

သည်။ မည်သို့ပင်ဆိုစေ ဒီနေ့မှာ ဝန်ထမ်းရေးရာဌာနအတွက် ရာထူးများကို သတ်မှတ်ရမည်။ ဒါမှသာ အခြေခံအဆင့်ဝန်ထမ်းများ ခန့်အပ်ရန် ပိုလွယ်ကူလိမ့်မည်။ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး၏ အဓိကနေရာသည် အခြေခံအဆင့်ဝန်ထမ်းများ၌ ရှိသည်ဟုပြောရမည်။ သူတို့၏ကြီးကြပ်မှုသာမရှိလျှင် သီးနှံများနှင့် မွေးမြူရေးမှာ ဘယ်လိုလုပ် တိုးတက်

နိုင်မည်နည်း။ သို့သော် အခြေခံအဆင့် ဝန်ထမ်းများအတွက် အလုပ်ခန့်အပ်သည့်သတ်မှတ်ချက်မှာ နိမ့်နေတုန်းပင်။ အကြောင်းမှာ လုပ်ဆောင်ရန် လွယ်ကူ၍ပင်။ အကျိုးအမြတ်များ ရက်ရက်ရောရောပေးထားလျှင် လုံလောက်လေသည်။

မနေ့က နောက်ဆုံးစစ်ထားသည့် လျှောက်လွှာများကို ကြည့်ပြီးနောက် ရွှီဖန်းသည် အသက်၄၀အရွယ် အမျိုးသမီးတစ်ဦးဖြစ်သော လီလီကို ရွေးချယ်

လိုက်သည်။ သူမ၏အလုပ်အတွေ့အကြုံမှာ အများကြီးရှိပြီး ထက်မြက်သောအမြင်လည်းရှိသည်။ ဒါက HR ဌာန၌ သူမကို တာဝန်ပေးရန် သင့်တော်ပေသည်။ ရွှီဖန်း စိတ်ဆုံးဖြတ်ပြီးနောက် ထိုအမျိုးသမီး၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။

"ဟဲလို လီလီလား...ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်

ရုံးကပါ...အခုပဲ လာခဲ့လို့ရနိုင်မလား၊ ဥက္ကဋ္ဌရုံးခန်းမှာ မင်းကိုစောင့်နေပါ့မယ်" 

ထိုသို့ ပြော၍ သူ ဖုန်းချလိုက်သည်။

ရွှီဖန်းသည် အခြေစိုက်ရုံး၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေးတောနေတုန်း လီလီ ရောက်မလာခင် ရှောင်ပိုင်က ဝင်လာလေသည်။

ရှောင်ပိုင်သည် ကော်ဖီတစ်ခွက်ကိုသယ်ဆောင်ကာ ဝင်လာပြီးနောက် ဘာစကားမှမပြောဘဲ ရွှီဖန်း၏စားပွဲပေါ်၌ ချပေးလာသည်။ သူမ၏မျက်နှာကလည်း သိပ်မကောင်းပေ။

"ဒါက ဘယ်လို သဘောထားလဲ" 

ရွှီဖန်းမှာ မျက်မှောင်ကြုတ်၍ ရှောင်ပိုင်အား မကျေနပ်စွာ ကြည့်လိုက်မိသည်။ ဒီနေ့ ရှောင်ပိုင်

တစ်ယောက် ဘာတွေစားလာလို့ အဲ့ဒီအမူအရာလုပ်ပြနေတာလဲ။

"ဟွန့်! သိသားပဲ! ယောက်ျားတွေက ရုပ်ကဖြင့် ချောတာ မဟုတ်ဘူး၊ ဥက္ကဌရှက အရမ်းလှတာကို သူက တခြားမိန်းမတွေကို စဉ်းစားနေတယ်"

ရှောင်ပိုင်က ရွှီဖန်းကို မကြည့်ဘဲ ပြန်ဖြေလာသည်။ ထို့နောက် ရုံးခန်းထဲကနေ ထွက်သွားလေသည်။

"အာ..."

ရွှီဖန်း တုန်လှုပ်သွားတော့သည်။ သို့သော် ရှောင်

ပိုင်၏ကျောပြင်ကို ကြည့်ကာ သူ ဘာမှမပြောခဲ့ပေ။ ရှောင်ပိုင်၏နားလည်မှုလွဲခြင်းကို တမင်လက်ခံပြီး ပိုင်ပင်း၏အစီအစဉ်အတိုင်း သူ လိုက်သွားရန်စီစဥ်ထားသည်။ သို့သော် ထိုနားလည်မှုလွဲခြင်း၌ အခြေခံအကြောင်းရင်းကရှိနေပြီး ရှောင်ပိုင်သည် ဒီမနက်မှာ သူတို့ကို မျက်မြင်တွေ့ခဲ့လေသည်။

ရွှီဖန်း မပြုံးဘဲမနေနိုင်တော့ကာ ခေါင်းခါယမ်းမိသည်။ သူ ကိုယ့်ကိုယ်ကိုယ် တီးတိုးရေရွတ်လိုက်သည်။

"ရှယန်ယွိကို ငါ ရှင်းပြရတော့မယ်ထင်တယ်၊ ဒီ ရှောင်ပိုင်က သူမရဲ့ သတင်းပေးဖြစ်နေတဲ့ပုံပဲ"

"ဟယ်လို"

"ရပါတယ် ကျွန်မကို ရှင်းပြစရာ မလိုပါဘူး၊ ရှင့်ကို ကျွန်မ ယုံပါတယ်" 

ရွှီဖန်း၏ စကားမဆုံးခင်မှာပင် ရှယန်ယွိက တစ်ဖက်ကနေ တခစ်ခစ် ရယ်လာလေသည်။

ရွှီဖန်းမှာ ဖုန်းကို ကိုင်ထားရင်း မှင်သက်သွားရသည်။ ရှယန်ယွိက သိနေပုံရသည်။

"မင်းလွှတ်ထားတဲ့ သတင်းပေးရဲ့အစီရင်ခံမှုစွမ်းဆောင်ရည်က တော်တော်လေး မြင့်တာပဲ"

"သေချာတာပေါ့၊ ရှင် သူမကို အနိုင်ကျင့်လို့ မရဘူးနော်၊ ကျွန်မက စောင့်ကြည့်ခိုင်းတာ...ဒီည ပြန်

ရောက်ရင် အဲ့ဒီ ပိုင်ပင်းအကြောင်း အသေးစိတ် ပြောပြ၊ မရှင်းပြနိုင်ခဲ့ရင် ရှင့်ကို ကျွန်မ ခွင့်မလွှတ်ဘူး" 

"ကောင်းပါပြီကွာ"

ထို့နောက် ရွှီဖန်း ဖုန်းချလိုက်သည်။ ယခု ရှောင်ပိုင်ဆိုသည့် မိန်းမငယ်လေး၏မျက်လုံးထဲ၌ သူသည် သားရဲကြီးတစ်ကောင်ကဲ့သို့ ပုံဖော်ခံနေရလောက်ပြီဖြစ်သည်။ 

တစ်နာရီလောက် တိတ်တဆိတ်ထိုင်စစ်ပြီးနောက်မှာ ရွှီဖန်းသည် လျှောက်ထားသူစာရင်းအား ပြီးစီးအောင် ကိုင်တွယ်နိုင်ခဲ့သည်။ လီလီကလည်း သူ့ကို တွေ့ရန် ရောက်လာခဲ့သည်။

"နင်းဟောင်"

တံခါးကို ပွင့်သွားသည်နှင့် ရွှီဖန်းသည် တောက်ပပြီး လှပသောဝတ်စုံဖြင့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏ အဝတ်အစားက လှပပြီးရိုးရှင်းကာ ချစ်စရာကောင်းသော်လည်း ဆန်းကြယ်မှု ကင်းမဲ့နေသည်။ ရွှီဖန်း သူမကို ကြည့်ကာ ခေါင်းညိတ်

လိုက်မိသည်။ သူမ၏ဝတ်စားဆင်ယင်မှုက လူအများနှင့် ရင်းနှီးလွယ်သလို ခံစားရစေသည်။

"ကျွန်တော်တို့ကုမ္ပဏီက အခက်အခဲတွေ အများကြီးရင်ဆိုင်နေရတယ်ဆိုတာ အစ်မ သိပါတယ်၊ ကျွန်တော် ပထမဆုံး ခန့်အပ်တဲ့သူက အစ်မပဲ၊ HR မန်နေဂျာအဖြစ်ပေါ့၊ ဒီအလုပ်ကို ခန့်အပ်ပြီးတဲ့နောက် ကျွန်တော့်ကို ကျေနပ်အောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" 

"သေချာတာပေါ့" 

လီလီသည် ရွှီဖန်း၏မှတ်ချက်များကို မာန်မာန

ကြီးခြင်းမရှိ၊ စိတ်မရှည်ခြင်းမရှိဘဲ လက်ခံလေသည်။ သူမ၏မျက်နှာပေါ်၌ ယုံကြည်မှုရှိနေပြီး သင့်လျော်သော အပြုံးလေးတစ်ပွင့်ပါ ရှိနေသည်။

"ဟုတ်ပြီ" 

ရွှီဖန်း ခေါင်းညိတ်ကာ လီလီအား လူစာရင်းကို ပေးလိုက်သည်။

"အခြေခံအဆင့်ဝန်ထမ်းတွေ ခန့်အပ်မယ့်ကိစ္စကို ချက်ချင်းစတင်လိုက်တော့၊ ကျွန်တော် အစ်မကို အချိန်တစ်ရက်ပေးပါ့မယ်၊ အနည်းဆုံး လူတစ်ထောင် ခန့်အပ်ပြီးရမယ်၊ ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုက လက်ရှိမှာရပ်ဆိုင်းနေတာမလို့ ကုန်ပစ္စည်းတွေအားလုံးကို ဂရုစိုက်ဖို့ လူတွေ လိုအပ်နေတယ်"

"ကောင်းပါပြီ ကျွန်မ အခုပဲ အလုပ်ခန့်မယ့်ကိစ္စတွေကို သွားပြင်ဆင်လိုက်ပါ့မယ်" 

လီလီ၏အမူအရာကလည်း အလွန်လေးနက်နေသည်။ တစ်ရက်အတွင်း လူတစ်ထောင်ခန့်အပ်ရမည်မှာ နည်းသည့် ပမာဏမဟုတ်ပေ။

"ဟုတ်ပြီ ဆက်လုပ်ပါ" 

ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ ဒီလို ကြီးလေးသည့်တာဝန်ကို လီလီအား ပေးအပ်ခြင်းမှာ သူမကို စစ်ဆေးသည့် သဘောပင်။

လီလီ ထွက်သွားပြီးနောက် ရွှီဖန်းလည်း ထရပ်ကာ ရုံးခန်းထဲကနေထွက်လိုက်သည်။ သူ ရုံးခန်းထဲမှ ထွက်

လိုက်သည်နှင့် ရွှီဖန်းသည် အတွင်းရေးမှူးရုံးခန်းထဲတွင် ထိုင်နေသော ပိုင်ပင်းကို တွေ့လိုက်ရသည်။ သူ အတွင်းရေးမှူးစားပွဲကို မှီလိုက်သည်။ ပိုင်ပင်းသည် ရွှီဖန်းအား သဘာဝကျစွာပင် သတိထားမိလေသည်။ သို့သော် သူမ ခေါင်းငုံ့ကာ အလုပ်လုပ်နေသကဲ့သို့ မမြင်ချင်ယောင်ဆောင်နေသည်။

"အစ်ကိုကြီးနဲ့အတူ အပြင်ထွက်ပြီး ကစားချင်လား"

ရွှီဖန်းသည် မျက်နှာပေါ်၌ အပြုံးတစ်ခုဖြင့် ပိုင်ပင်း၏ ပါးကို ထိရန် လက်လှမ်းလိုက်သည်။

"ကျေးဇူးပြုပြီး လေးစားသမှုရှိပါ" 

ပိုင်ပင်းသည် ရွှီဖန်း၏လက်ကို ရှောင်ရှားရန်အတွက် နောက်ကို မှီချကာ အေးစက်စွာ ကြည့်လာသည်။

ဒါကို မြင်တော့ ရွှီဖန်းလည်း နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး အခြေအနေ ပိုဆိုးအောင် မလုပ်တော့ပေ။ သူ ခန္ဓာကိုယ်ကို တည့်မတ်၍...

"ကြိုးစားလုပ်ပါ မင်းရဲ့အစ်ကိုကြီးနောက် လိုက်ချင်မှတော့ ပျော်ပျော်နေ"

ထိုသို့ပြောကာ သူ လှည့်လိုက်တော့ ရှောင်ပိုင်၏ ဒေါသတကြီးအကြည့်ကို မြင်လိုက်ရသည်။ သို့သော်ငြား ရှောင်ပိုင်မှ သူ့ကို တွေ့သွားသည့်အတွက် အပြစ်ရှိသလိုခံစားရသည့် အရိပ်အယောင်မှာ ရွှီဖန်းထံ၌ မရှိပေ။ သူ ခေါင်းကိုမော့ပြီး ရှောင်ပိုင်ကို ကျော်သွားလိုက်သည်။

ရှောင်ပိုင်သည် ရွှီဖန်း၏ကျောပြင်ကို ကြည့်၍ ဒေါသတကြီးခြေဆောင့်လိုက်မိသည်။ သူမ တိတ်တိတ်လေး ကျိန်ဆဲနေမိသည်။

"သားရဲကောင်!"

ပိုင်ပင်းကလည်း ရွှီဖန်း ထွက်သွားတာကို ကြည့်၍ "ငါ ကိုယ်တိုင် မင်းကို သတ်ပစ်မယ်" ဟု တီးတိုးရေရွတ်နေလေသည်။

ကုမ္ပဏီကနေထွက်လာသော ရွှီဖန်း၏မျက်လုံးများမှေးကျဉ်းသွားခဲ့သည်။ ပိုင်ပင်း၏ပုံရိပ်က သူ့စိတ်ထဲ၌ ပေါ်လာသည်။

"မင်းက တစ်ကယ်ပဲ ဘယ်သူလဲ" 

ရှောင်းမိသားစု၏ ခြံဝင်းထဲမှာတော့...

"ဘာ၊ နံပါတ် ၁၆က မသေသေးဘူးလား" 

ရှောင်းပုချီသည် သူ့ရှေ့မှ အမျိုးသမီးအား မယုံနိုင်စွာ ကြည့်လိုက်မိသည်။ သူ ခဏတာ မှင်သက်သွားပြီးနောက် ချက်ချင်း မေးလိုက်သည်။

"ဒါဆို မင်းပြောချင်တာက သူ မစ်ရှင်မအောင်မြင်ခဲ့ပေမယ့် ရွှီဖန်းက သူ့ကို မသတ်ခဲ့ဘူးပေါ့"

"ဖြစ်နိုင်တယ်" 

အမျိုးသမီးက မျက်မှောင်ကြုတ်ကာ အသံနှိမ့်၍ ပြောလာသည်။

"ဟက် ငါ သိရသလောက်ကတော့ ရွှီဖန်းက သနားကြင်နာတတ်တဲ့လူမျိုး မဟုတ်ပါဘူး" 

ရှောင်းပုချီသည် ထိုသို့ လှောင်ပြောင်၍ သူ့ခြေထောက်များကို ချိတ်ကာ အရှေ့မှ အမျိုးသမီးကို ကြည့်လိုက်သည်။

"ဘာကို ဆိုလိုတာလဲ"

အမျိုးသမီး၏မျက်လုံးများက အေးစက်သွားလေသည်။ သူမသည် ရှောင်းပုချီနှင့် လုံးဝသင့်မြတ်ပုံမရပေ။ သို့သော် ရှောင်းပုချီကလည်း ဂရုမစိုက်ပေ။ သူ့မျက်လုံးအကြည့်များက ရုတ်တရက် ပြောင်းလဲသွားကာ ထက်ရှလာသည်။

"အတူတူ သတ်ကြစို့" 

အမျိုးသမီးသည် ရှောင်းပုချီကို ကြည့်၍ သူမရင်ထဲရှိ ဒေါသများကို ထိန်းချုပ်ရန် ကြိုးစားနေသကဲ့သို့ အံတင်းတင်းကြိတ်ထားလေသည်။ အကြာကြီးနေမှသာ သူမ တည်ငြိမ်သွားပြီး ဘာစကားမှမပြောဘဲ ထွက်လာခဲ့သည်။

ထိုအချိန်၌ ရွှီဖန်းသည် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး၏ မြေကွက်များဆီသို့ တစ်ယောက်တည်း ရောက်ချလာခဲ့ပြီး မြေယာများကို တာဝန်ယူထားသည့်မန်နေဂျာကလည်း သူ့ကို အကြောင်းစုံ မိတ်ဆက်ပေးလာခဲ့သည်။ ကျယ်ပြောလှသော မြေယာ၏တစ်ဖက်ခြမ်းတွင် စီစီရီရီရှိလှသော ဟင်းသီးဟင်းရွက်စိုက်ခင်းများရှိပြီး ကျန်သည့် တစ်ဖက်ခြမ်းမှာတော့ မစိုက်ရသေးသောလယ်ကွင်းများရှိ၏။ နှစ်ရက်သုံးရက်လောက် မရှင်းထားသော်လည်း ၎င်းတို့မှာ ကျန်းမာနေဆဲပင်။ သို့သော်ငြား သူ လမ်းလျှောက်ရင်း စစ်ဆေးကြည့်သည့်အခါ ဟင်းသီးဟင်းရွက်များ၏ အရည်အသွေးသည် ပုံမှန်အဆင့်မှာသာ ရှိသည်။ အခြေစိုက်ရုံး၏ရောင်းအားများ မတက်လာတာ အံ့သြစရာမရှိပေ။ ဤဟင်းသီးဟင်းရွက်များသည် သာမန်တောင်သူလယ်သမားများ စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်များနှင့် မခြားနားပေ။ တကယ်တော့ ၎င်းတို့၏အရည်အသွေးမှာ တောင်သူလယ်သမားများ၏သီးနှံအရည်အသွေး ၃၀% လောက်တောင် မမီပေ။

ထိုသို့ မြင်လိုက်ရတော့ ရွှီဖန်း မျက်မှောင်ကြုတ်

လိုက်မိသည်။ ကောင်းကင်ဘုံမြေဆီလွှာများကို အမြန်ဆုံး သယ်လာရတော့မည် ထင်၏။ သူ ထိုသို့ တွေးနေသော်လည်း ဝန်ထမ်းမခန့်အပ်ရသေးတာကြောင့် မနက်ဖြန်အထိ စောင့်ရဦးမည်။ 

"သူတို့ ဘာလုပ်နေတာလဲ" 

ရွှီဖန်း ခေါင်းလှည့်လိုက်သည်နှင့် အလုပ်ရုံတစ်ခုကို တွေ့လိုက်ရသည်။ ထိုထဲ၌ လူရိပ်များ လှုပ်ရှားနေခြင်းကို တွေ့နေရပြီး အက်ကွဲကြောင်းများကနေ မီးခိုးများ ထွက်နေသည်။ အဝေးကနေကြည့်လျှင် အလုပ်ရုံ မီးလောင်နေသည့်အလားပင်။

"အာ.."

မန်နေဂျာမှာ ရွှီဖန်း လက်ညှိုးထိုးပြသည့်ဘက်ကို ကြည့်၍ အချိန်အတော်ကြာသည်အထိ စကားပြောရန် တုံ့ဆိုင်းသွားခဲ့သည်။

ရွှီဖန်း၏မျက်နှာမှာ အေးစက်သွားလေသည်။ မန်နေဂျာ၏ရှင်းပြချက်ကို မစောင့်တော့ဘဲ သူ တည့်တည့်ကို လျှောက်သွားလိုက်သည်။ တံခါးကို တွန်းဖွင့်ပြီးနောက် ရွှီဖန်း အနောက်ကို တစ်လှမ်းဆုတ်လိုက်ရသည်။ မီးခိုးငွေ့များကြောင့် သူ့မျက်လုံးများ မှေးကျဉ်းသွားကာ သူ့မျက်နှာပေါ်တွင်လည်း ဒေါသများ ထွက်ပေါ်လာသည်။

အထဲ၌ လူ ခုနစ်ယောက်၊ ရှစ်ယောက်လောက် ထိုင်နေကြသည်။ သူတို့အားလုံးသည် အင်္ကျီမပါဘဲ စက်ဝိုင်းပုံစံထိုင်နေကြကာ လက်ထဲ၌ ဆေးလိပ်များ ကိုင်

ဆောင်ထားကြလေသည်။ အက်ကွဲကြောင်းများကနေ ထွက်လာသည့်မီးခိုးငွေ့များသည် တကယ်တော့ ဆေးလိပ်မီးခိုးများဖြစ်နေခဲ့သည်။ ထိုအချိန်၌ လူ ခုနစ်ယောက်၊ ရှစ်ယောက်စလုံးသည် စက်ဝိုင်းပုံ ထိုင်ခုံတစ်ခု၏ ပတ်ပတ်လည်တွင် စုထိုင်နေကြပြီး ထိပ်ပြောင်နေသောလူနှင့် တက်တူးအပြည့်ရှိသော လူတို့ လောင်းကစားလုပ်နေကြတာကို ကြည့်နေကြ၏။

"ဆော့နေတာ ရပ်တော့" 

မန်နေဂျာသည် ရွှီဖန်း၏မပျော်ရွှင်သောအမူအရာကို ကြည့်ကာ အမြန် သတိပေးလိုက်ရသည်။ 

"သူတို့က ဘယ်သူတွေလဲ" 

ရွှီဖန်းသည် မန်နေဂျာအား ထပ်မေးလိုက်သည်။ ထိုစကားက လူခုနစ်ယောက် ရှစ်ယောက်၏အာရုံကိုလည်း ဖမ်းစားလိုက်နိုင်သည်။ သူတို့ လှမ်းကြည့်

လိုက်ရာ ရွှီဖန်းကို မြင်သည်နှင့် မျက်မှောင်များကြုတ်သွားကြပြီး ခန္ဓာကိုယ်များ တုန်ယင်သွားလေသည်။ သူတို့ ရွှီဖန်းကို သိကြမှန်း သိသာပေ၏။

"သူတို့က အခြေစိုက်ရုံးရဲ့ အလုပ်သမားတွေပါပဲ"

မန်နေဂျာသည် ထိုစကားကို ပြောနေစဥ် ရှက်ရွံ့နေသောအမူအရာဖြင့် အားထုတ်ပြုံးကာ ရွှီဖန်းကို ကြည့်လိုက်မိသည်။

"ထွက်သွားကြတော့ မင်းတို့ကို ငါ အလုပ်ထုတ်

လိုက်ပြီ" 

ရွှီဖန်းသည် ဘာမှထပ်မတုံ့ပြန်တော့ဘဲ အေးစက်စွာပင် လူရှစ်ယောက်စလုံးကို အလုပ်တန်းထုတ်ပစ်လိုက်သည်။

**********************

All Chapters