← Chapters

ကျောက်ချန်းကျွင်း၏သေဆုံးမှု

Vol. 21 Ch. 301

ကျောက်ချန်းကျွင်း၏သေဆုံးမှု

Vol. 21 Ch. 301

"သွေးထွက်အရမ်းများလို့ မူးလဲသွားတာ"

အထူးကြပ်မတ်ကုသဆောင်တွင် ရှောင်းချောင်သည် ကုတင်ပေါ်တွင် ကိရိယာတန်ဆာပလာများနှင့်အတူ လဲလျောင်းနေလေသည်။ ရွှီဖန်းကလည်း ဘေးနားမှာ လဲလျောင်းနေ၏။

ယန်ပင်း၊ လင်းရှောင်ရှောင်းနှင့် ရှယန်ယွိက ဘေးနားမှာ ရပ်နေသည်။

"လူနာက ဘာအန္တရာယ်မှ မရှိတော့ပါဘူး၊ တစ်

ယောက်က သွေးအလွန်အကျွံဆုံးရှုံးပြီး နောက်

တစ်ယောက်ကတော့ ပြင်းထန်တဲ့ရေဓာတ်ခမ်းခြောက်မှုဖြစ်နေတာ၊ ဒါပေမယ့် သူတို့အခြေအနေက နည်းနည်းတော့ ထူးဆန်းတယ်"

ဆရာဝန်သည် တစ်ခုခုကို ပြောချင်သော်လည်း တုံ့ဆိုင်းနေမိသည်။ နောက်ဆုံးမှာ လူနာနှစ်ဦးထံ၌ မည်

သည့်အန္တရာယ်မျှ မကျန်တော့ကြောင်းသာ ပြော၍ ထွက်လာခဲ့သည်။

ယန်ပင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမသည် သွေးများစွာ ဆုံးရှုံးခဲ့ရုံပဲဖြစ်၍ သွေးကို ထောက်ပံ့ပေးနေသရွေ့ သူမနေပြန်ကောင်းလာပြီး မသေနိုင်ပေ။ ရွှီဖန်းကမူ သူ ၂၄ နာရီအတွင်း သတိလစ်နေမည်ဟု အစောပိုင်းကတည်းက ပြောကြားထားခဲ့သည်။    

အခုအချိန်တွင် ယန်ပင်းသည် ဓားဒဏ်ရာအမာရွတ်ရှိသောအမျိုးသား၏အကြောင်းကို ရှင်းရှင်းလင်းလင်း စုံစမ်းထားပြီးနေပြီဖြစ်သည်။ ကျောက်ချန်းကျွင်းသည် ထိုလူကို ရှောင်းချောင်အားသတ်ရန် အမိန့်ပေးခဲ့သည်။ သူ ရှောင်းချောင်အား တစ်ခုခုလုပ်ရန် ပြင်ဆင်နေချိန်မှာ ရှောင်းချောင်က မိမိကိုယ်ကို သတ်သေသွားခဲ့သည်။ အခင်းဖြစ်ပွားရာနေရာမှ အခြေအနေကို ကြည့်ခြင်းအားဖြင့် ထိုလူသည် အမှန်အတိုင်းပြောနေခြင်းဖြစ်မှန်း ယန်ပင်း သိပေသည်။ သူ ထိုလူကို လမ်းဘေးမှာပစ်ချခဲ့တာကြောင့် ယခုဆိုလျှင် အကွာအဝေးတစ်ခုက အမှိုက်ပုံပေါ်မှာ လဲနေလောက်ပြီဖြစ်သည်။

ရှယန်ယွိကိုတော့ ယန်ပင်းခေါ်လိုက်ခြင်းဖြစ်သည်။ ရွှီဖန်းက ဒုက္ခရောက်နေပြီး သူ့အား ပြုစုရန် တစ်စုံတစ်ယောက်ကို လိုအပ်နေသောကြောင့် ရှယန်ယွိကို သူ ပထမဆုံး တွေးမိခဲ့သည်။    

ယခုအချိန်တွင် ရှယန်ယွိ၏နှလုံးသားမှာ နာကျင်နေပြီး သူမ၏မျက်နှာတွင် စိုးရိမ်မှုအပြည့်ရှိနေသည်။ ဆရာဝန်က ရွှီဖန်းကို ကယ်တင်ပြီးပြီဖြစ်သော်လည်းသတိလစ်နေဆဲပင်။ သူမ စိုးရိမ်စပြုလာသည်။

သို့သော် သူမ တစ်ဖက်ကိုလှည့်၍ ရှောင်းချောင်ကိုကြည့်လိုက်မိသောအခါ သူမ၏အမူအရာမှာ ပြောင်းလဲသွားသည်။ 

"ရွှီဖန်းက သူ့ကိုကယ်ဖို့ ဒါတွေအကုန်လုပ်ခဲ့တာလား"

ယန်ပင်းကိုမေးနေသည့်အချိန် ရှယန်ယွိ၏ လေသံမှာ အေးစက်နေသည်။ ယန်ပင်းသည် ခဏတာမျှ အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်ကာ ရှယန်

ယွိ၏မေးခွန်းအား ပြန်ဖြေပေးခဲ့သည်။    

ယခုအချိန်တွင် သူမထက် အဆင့်အတန်းနိမ့်ကျသော လှတပတနှစ်ယောက်က ရွှီဖန်း၏ အနားတွင်ရှိနေတာကြောင့် လင်းရှောင်ရှောင်းအား အလွန်စိတ်မချမ်းမသာဖြစ်စေပေသည်။ အထူးသဖြင့် ရွှီဖန်းမှ အသက်ကိုတောင်စွန့်၍ ကယ်တင်ခြင်းကိုခံခဲ့ရသော ရှောင်းချောင်ပင်။ လင်းရှောင်ရှောင်းသည် ဖြစ်စဉ်တစ်ခုလုံးကို ပြန်သတိရကာ သူမ၏မျက်လုံးထဲတွင် မနာလိုမှုအရိပ်အယောင်များထွက်ပေါ်သွားခဲ့သည်။    

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီး ယန်ပင်း၊ လင်းရှောင်ရှောင်းနှင့် ရှယန်ယွိတို့သည် လူနာတစ်လှည့်စီ ပြောင်းစောင့်ခဲ့ကြသည်။ နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ရှယန်ယွိသည် ဖုန်းတစ်ခုလက်ခံရရှိလာသည်။ ယခု ရွှီဖန်း၏ အခြေအနေမှာလည်း တည်ငြိမ်နေပြီဖြစ်သည်။ ရှယန်ယွိသည် ရွှီဖန်းနိုးလာလျှင် သူမကို ဖုန်းဆက်ပေးပါရန် ယန်ပင်းကို အသိပေးခဲ့သည်။   

သို့သော်ငြား ရှယန်ယွိထွက်သွားပြီး သိပ်မကြာခင်မှာပဲင် ရွှီဖန်း နိုးလာသည်။

"မင်းနိုးလာပြီလား"

ရွှီဖန်း နိုးလာသည်ကို တွေ့လိုက်ရသဖြင့် ယန်

ပင်းလည်း ချက်ချင်းပင် ခလုတ်ကိုနှိပ်ကာ ဆရာဝန်ကို ခေါ်ရန် ပြင်လိုက်သည်။    

"မလိုဘူး ငါအဆင်ပြေပါတယ်"

ရွှီဖန်း သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။    

ထို့နောက် ယန်ပင်းသည် မန်ဇီထံ၌ စစ်ဆေးမေးမြန်းမှုရလဒ်ကို ရွှီဖန်းအား ပြောပြခဲ့သည်။    

ရွှီဖန်း၏အမူအရာက ပို၍အေးစက်သွားခဲ့သည်။    

လင်းရှောင်ရှောင်းကမူ ရွှီဖန်းသည် ဆုံးရှုံးမှုကို လွယ်လွယ်လက်ခံမည့်သူမဟုတ်မှန်း သိထားပြီဖြစ်သည်။ 

"ရွှီဖန်း ရှင် ဘာဆက်လုပ်မှာလဲ"

ရွှီဖန်း၏အကြည့်က အေးစက်နေသည်။ သူ ခေါင်းကိုမော့၍ လင်းရှောင်ရှောင်းကို ကြည့်ကာ...

"သွေးကြွေးကို သွေးနဲ့ပဲ ပြန်ဆပ်ရမယ်"

လင်းရှောင်ရှောင်းသည် ရွှီဖန်းကိုကြည့်ကာ ထိတ်လန့်မိသွားသည်။ သူ၏အကြည့်များသည် သူမကို ကြောက်လန့်သွားစေပေသည်။ ထိုအခိုက်အတန့်တွင် လင်းရှောင်ရှောင်းသည် ဤလူအား ရန်မစသင့်ဟု စိတ်ထဲတွင် မှတ်ထားလိုက်မိသည်။    

သို့သော်လည်း နောက်ခဏအကြာမှာ လင်းရှောင်ရှောင်း ပြောလိုက်သည်။

"ရွှီဖန်း ရှင် အစွမ်းထက်တယ်ဆိုတာ ကျွန်မသိပါတယ် ဒါပေမယ့် ရှင်က ကောင်းကင်ဘုံအထိ ရောက်နိုင်တဲ့ အဆင့်မှာတော့ မဟုတ်ဘူးလေ၊ ကျွန်မတောင်မှ ကျောက်မိသားစုက ဘာလျို့ဝှက်ချက်တွေ ဖုံးကွယ်ထားလဲမသိဘူး"

ရွှီဖန်းသည် ရှောင်းချောင်ကို ကြည့်၍ အေးစက်စွာပြန်ပြောလာသည်။

"ကျွန်တော်သာ ခြေတစ်လှမ်း နောက်ကျခဲ့ရင် သူမကို ကယ်တင်နိုင်ခဲ့မှာ မဟုတ်ဘူး၊ သူမအတွက် လက်စားချေပေးရမှာပဲ"    

ရွှီဖန်းကိုကြည့်ပြီး လင်းရှောင်ရှောင်းသက်ပြင်းချလိုက်သည်။

"ရှင် ကျောက်ချန်းကျွင်းကို ခွင့်မလွှတ်ဘူးဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမယ့် ရှင့်ကိုယ်ရှင် မဖော်ပြမိဖို့တော့ မျှော်လင့်တယ်၊ ကျောက်မိသားစုတစ်ခုလုံးနဲ့ ရင်ဆိုင်ရရင် ရှင် လွတ်မြောက်နိုင်ခဲ့ရင်တောင်မှ ရှင့်ရဲ့မိသားစုနဲ့ မိတ်ဆွေတွေကျတော့ ဘယ်လိုလုပ်မလဲ"

ဒါကိုကြားတော့ ရွှီဖန်း လင်းရှောင်ရှောင်းကို ကြည့်

လိုက်မိသည်။ သူသည် ရန်ငြိုးဖွဲ့တတ်သူမဟုတ်ပေ။ အကြွေးတစ်ခုစီတိုင်းတွင် သူတို့၏ကိုယ်ပိုင်သခင်ရှိပေသည်။ ကျန်သည့်ကျောက်မိသားစုအတွက်ကတော့ သူတို့သာ သူ့ကို ရန်လာမစရင် သူ့ဘက်ကလည်း ရန်စမည်မဟုတ်ပေ။ 

ရှောင်းချောင်သည် အန္တရာယ်မရှိတော့သော်လည်း သတိလစ်နေဆဲဖြစ်သည်။

ရွှီဖန်းနိုးလာပြီးနောက် သူ့ခန္ဓာကိုယ်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။ ထိုလျို့ဝှက်စကေးကို အခု အသုံးမပြုနိုင်တာကလွဲလို့ အခြားအကျိုးသက်ရောက်မှုများ မရှိတော့ပေ။

သူ တစ်ယောက်တည်း အပြင်မထွက်လာခင်မှာ ယန်

ပင်းကို ရှောင်းချောင်အား ဂရုစိုက်ထားရန် သူ ညွှန်ကြားခဲ့သည်။

ရွှီဖန်းသည် ဘာဒုက္ခမှ မဖြစ်စေချင်ပေ။ ကျောက်ချန်းကျွင်းကလည်း ပြင်ဆင်ထားလောက်မှာဖြစ်လို့ သူ့ကို ရောက်လာခွင့်မပြုနိုင်ပေ။

ကျောက်ချန်းကျွင်းသည် လက်ရှိ ပေကျင်းဆေးဘက်ဆိုင်ဆိုင်ရာတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ကြောင်း သူ သိရှိထားသည်။    

ထိုသတင်းကိုရရှိပြီးနောက် ရွှီဖန်းသည် မတုံ့ဆိုင်းနေတော့ဘဲ ကျောက်ချန်းကျွင်းအား လက်စားချေရန် ပေကျင်းဆေးဘက်ဆိုင်ရာတက္ကသိုလ်သို့ တန်းသွားခဲ့သည်။    

ကျောက်ချန်းကျွင်း၏အမူအကျင့်နှစ်မျိုးကို ရွှီဖန်း စုံစမ်းသိရှိထားသည်။ ၎င်းတို့ထဲက တစ်ခုမှာ သူသည် ဆေးပညာကို စွဲလန်းနေပြီး ပေကျင်းဆေးဘက်

ဆိုင်ရာတက္ကသိုလ်မှာ နေထိုင်ကာ တစ်နေ့တာလုံးနီးပါး ဆေးပညာကို စူးစမ်းလေ့လာတတ်သည်။    

သူ့မှာ မိန်းမတွေအတွက် အချစ်တွေအများကြီးလည်းရှိသည်။ ဆေးတက္ကသိုလ်မှ အမျိုးသမီးများအားလုံးသည် သူ့ကိုမြင်လျှင် ပုန်းကွယ်နေတတ်ကြကာ ကျောက်ချန်းကျွင်း၏နှစ်သက်မှု ခံရမည်ကို ကြောက်ကြသည်။    

ရွှီဖန်း၏စိတ်ထဲ၌ ဒေါသတကြီး ပြောလိုက်မိသည်။

*မိုးမေလင်းကောင် သောက်ကျိုးနည်း...အသက်ဖြင့် ၇၀နီးပါး ရှိနေပြီ*

မကြာခင်မှာပင် ရွှီဖန်းသည် ကျောက်ချန်းကျွင်း၏ အိမ်ကို ဆေးတက္ကသိုလ်ထဲမှာ တွေ့ရှိခဲ့သည်။ ထိုအိမ်ကြီးသည် အလွန်ထင်ရှားနေပြီး ကျောင်းတစ်ခုလုံးတွင် ထိုမျှ ဇိမ်ကျလှသော အသွင်အပြင်နှင့် အိမ်ကြီးမှာ ထိုအိမ်တစ်အိမ်သာရှိပေသည်။    

အိမ်ကြီး၏ ခြံစည်းရိုးအပြင်ဘက်တွင် ရပ်ကာ ပြတင်းပေါက်မှ ရွှီဖန်း လှမ်းကြည့်လိုက်သည်။ ကျောက်ချန်းကျွင်းသည် ဆိုဖာပေါ်တွင် မိန်းကလေးတစ်ဦးနှင့် စကားစမြည်ပြောနေသည်။ ရုပ်ရည်အားဖြင့် ထိုကောင်မလေးသည် ကျောက်ချန်းကျွင်း၏ ကျောင်းသူ ဖြစ်လောက်သည်။    

"သားရဲကောင်"

ရွှီဖန်းသည် ကျောက်ချန်းကျွင်းကို စိုက်ကြည့်၍ ဆဲဆိုကာ တံခါးကိုချိုး၍ သူ့အိမ်ထဲသို့ ၀င်သွားလိုက်သည်။

ကျောက်ချန်းကျွင်းသည် ဒီညတွင် ရွှီဖန်း၏ အစီအစဥ်အတိုင်း သေရလိမ့်မည်။

"မင်းကို...မင်းဘာလုပ်မလို့လဲ!"

ရွှီဖန်း၏အသွင်အပြင်ကိုမြင်သောအခါ ကျောက်ချန်းကျွင်းလည်း တုန်ယင်သွားလေသည်။ သဘာဝကျစွာပင် သူသည် ရွှီဖန်းနှင့် မယှဉ်နိုင်မှန်း သိပေသည်။ ထို့ပြင် လက်ရှိရွှီဖန်း၏ အသွင်အပြင်ကလည်း သူ့အသက်ကိုသတ်ပစ်ရန် လာခဲ့မှန်း သူ သေချာစွာ သိ၏။

ရွှီဖန်း ဝင်သွားလိုက်ချိန်မှာ အရင်ဦးဆုံး အမျိုးသမီးကို အေးစက်စွာ ကြည့်လိုက်သည်။ သူမသည် အလွန်လှပပြီး သွေးနှောနှင့်တူသည်။    

ထိုမိန်းကလေးသည် သူမ၏ဆေးစာအုပ်ကို ကိုင်

ဆောင်ထားပြီး ကျောက်ချန်းကျွင်းနှင့် ဘာတွေပြောနေခဲ့လဲဆိုတာကို ရွှီဖန်းမသိပေ။

"မင်း ဘာလုပ်နေတာလဲ!"

ရွှီဖန်းက ဘာမှမပြောဘဲ သူ့ဘေးနားမှ မိန်းကလေးကိုသာစိုက်ကြည့်နေမှန်း ကျောက်ချန်းကျွင်းမြင်လိုက်ရသည်။

ရွှီဖန်းက အေးစက်စွာဖြင့်

"ခင်ဗျားသေတော့မှာကို ဘာအဓိပ္ပာယ်မရှိတာတွေ ပွစိပွစိရေရွတ်နေတာလဲ"

"မင်းငါ့ကိုသတ်ရဲလား! ငါက ကျောက်မိသားစုဝင်

တစ်ယောက်၊ မင်းငါ့ကိုသတ်ရင် ပေကျင်းကနေတောင် ထွက်သွားနိုင်မှာမဟုတ်ဘူး!"

ကျောက်ချန်းကျွင်းသည် ထိုသို့ပြောလိုက်သော်ငြား 

သူ့လေသံမှာ တုန်ယင်နေတာကြောင့် ယုံကြည်ချက်မရှိမှန်း သိသာပေသည်။

"ကျုပ် ခင်ဗျားကို သတ်ဖို့လာခဲ့တာမလို့ ခင်ဗျားကိုသတ်တာကလွဲပြီး ဘာမှမလုပ်ဘဲ ပြန်မှာမဟုတ်ဘူး"

ရွှီဖန်းထံမှ လူသတ်လိုစိတ်ကြောင့် ကျောက်ချန်းကျွင်းသည် ပြင်းပြင်းထန်ထန်တုန်ယင်သွားလေသည်။

ဘေးက ကျောင်းသူလေးကလည်း ကျောက်ချန်းကျွင်း၏ပုံစံကို မြင်တော့ ဖုန်းကိုထုတ်၍ ရွှီဖန်းအား ပြောလာသည်။

"ရှင် ဘာလုပ်မလို့လဲ၊ ကျွန်မ ရဲခေါ်လိုက်မှာ"

"ဟမ့်!"

ရွှီဖန်း နှာမှုတ်လိုက်သည်။ သူ လက်ဝှေ့ယမ်းလိုက်သည်နှင့် ငွေအပ်တစ်ချောင်းသည် အမျိုးသမီး၏ လည်ပင်းကို ထိုးဖောက်သွားလေသည်။ ဤလူသတ်မှုအဖြစ်အပျက်သည် လူတိုင်းအတွက် မြင်တွေ့ရန် မကောင်းပေ။

အမျိုးသမီးက လဲကျသွားလေသည်။

ဒါကိုမြင်တော့ ကျောက်ချန်းကျွင်းသည် ချက်ချင်းပင် ထွက်ပြေးရန် ကြံစည်လေသည်။

ရွှီဖန်းက ကျောက်ချန်းကျွင်းကို ဘယ်လိုလုပ်

လွတ်မြောက်ခွင့် ပေးနိုင်ပါ့မည်နည်း။

သို့သော်ငြား ကျောက်ချန်းကျွင်းသည် မပြေးခင်မှာ ဆေးတစ်မျိုးမျိုးကို သောက်လိုက်ပုံရပြီး သူ့အရှိန်က တော်တော်မြန်သွားလေသည်။ ရွှီဖန်းသည် သတိရလာတာ မကြာသေးတာကြောင့် သူ၏အမြင့်ဆုံးအရှိန်ကို အသက်မသွင်းနိုင်ပေ။ 

သူ မီတာရာဂဏန်းအကွာထိ ပြေးလိုက်ခဲ့သော်လည်း လိုက်မမှီနိုင်သေးပေ။ သူတို့ကြားတွင် မီတာလေးဆယ်မှ ငါးဆယ်အကွာအဝေး ကျန်နေသေးသည်။

ကျောက်ချန်းကျွင်းသည် ကျောက်

မိသားစု၏တည်နေရာဆီသို့ သေချာပေါက် ပြေးသွားခဲ့ခြင်းပင်။ ရွှီဖန်း မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ချေ။ မူလကမူ ကျောက်ချန်းကျွင်းကို ဘာအသံမထွက်ဘဲ သတ်ချင်ခဲ့သည်။ လင်းရှောင်ရှောင်း ပြောတာမှန်ပေသည်။

သို့သော်ငြား ယခုမူ ကျောက်ချန်းကျွင်းသည် အလွန်လျင်မြန်စွာ ပြေးနေသည်။ ကျောက်မိသားစုသို့ ထိုလူ ရောက်သွားပြီး ကျောက်မိသားစုကိုသာ ရွှီဖန်း ဒေါသထွက်စေခဲ့လျှင်....မေ့ပစ်လိုက်ပါတော့။

အရေးကြီးဆုံးအရာမှာ သတ်ဖြတ်ရန် ခက်ခဲနေပါစေဦး ကျောက်ချန်းကျွင်းအား သူ အလွတ်ပေးမည်မဟုတ်ပေ။

ထွက်ပြေးနေစဉ်မှာ ကျောက်ချန်းကျွင်းသည် သူ့ဖုန်းကို ထုတ်လိုက်ပြီး...

"ကယ်ပါ ငါ ကျောက်ချန်းကျွင်း! မြန်မြန် လာကယ်..."

"ဖာ့ခ်!"

ရွှီဖန်း ခေါင်းကိုက်သွားရသည်။ ကျောက်ချန်းကျွင်းသာ လူလှမ်းခေါ်လိုက်လျှင် သူ တော်တော်

ဒုက္ခရောက်သွားလိမ့်မည်။

"ဖာခ့်!"

ရွှီဖန်း၏ ငွေအပ်သည် ချက်ချင်းပင် လွင့်ထွက်သွားသည်။    

ဤမျှ ရှည်လျားသော အကွာအဝေးနှင့်ပင် ငွေအပ်

များသည် အလွန်လျင်မြန်သောအရှိန်ဖြင့် ကျောက်ချန်းကျွင်းကို ထိသွားနိုင်သေးသည်။

"အာ!"

အပ်တစ်ချောင်းက ကျောက်ချန်းကျွင်း၏လက်ကို ထိုးဖောက်သွားပြီး ဖုန်းမှာ ချက်ချင်းပြုတ်ကျသွားသည်။ ရွှီဖန်းမှ မျက်စိတစ်မှိတ်အတွင်း ကောက်လိုက်တာကြောင့် သူလည်း ပြန်လှည့်ပြီး မကောက်ရဲဘဲ အသက်အတွက်သာ ဆက်လက် ပြေးလိုက်သည်။

ထိုအချိန်တွင် ဖုန်း၏တစ်ဖက်ရှိ ကျောက်မိသားစုသည် ကျောက်ချန်းကျွင်း၏အကူအညီတောင်းခံမှုကိုရရှိပြီးနောက် ကယ်ဆယ်ရန်အတွက် ကာကွယ်သူအဖွဲ့ကို ချက်ချင်းစေလွှတ်ခဲ့သည်။    

"ထားလိုက်တော့ ငါ အချိန်ထပ်ဆွဲလို့မရနိုင်တော့ဘူး၊ ဒုက္ခနည်းလေကောင်းလေပဲ"

ရွှီဖန်းသည် အံတင်းတင်းကြိတ်ကာ လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်ကို ထုတ်လိုက်သည်။

လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်ကို အသုံးပြုလိုက်လျှင် ပေကျင်းရှိ တရုတ်အစိုးရအား အသိပေးသလိုဖြစ်သွားမလားဆိုတာကို သူမသိပေ။ သူ့အား သတိထားရန် ပြောခဲ့သော ရှယန်ယွိအဖိုး၏စကားကို သူ အမြဲမှတ်မိနေခဲ့သည်။ သို့သော်ငြား ရွှီဖန်းမှာလည်း ဒီအရာကိုသုံးရန်ကကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ရွှီဖန်းသည် လက်ဟန်တချို့လုပ်ကာ သူ့လက်ချောင်းထိပ်ဖြင့် အဆောင်ကို ဖိလိုက်သည်။

ထို့နောက် သူ တစ်စုံတစ်ရာကို ရွတ်ဆိုနေခဲ့သည်။ "အချိန်တန်ပြီ"ဟု သူပြောလိုက်သည်နှင့် အဆောင်မှာ တောက်လောင်လာလေသည်။ သူ့လက်ချောင်းကို ဖျတ်ခနဲ တစ်ချက်တောက်လိုက်သည်နှင့် လျှပ်စီးစွမ်းအားသည် လေထဲသို့ ဆွဲငင်ကာ လျှပ်တစ်ပြက်

ပင် ကျောက်ချန်းကျွင်းကို ဖမ်းမိသွားလေသည်။ မူလက မှောင်မဲနေသော ကောင်းကင်ကြီးသည် ရုတ်ချည်းပင် မိုးခြိမ်းသံနှင့်အတူ လင်းလက်သွားပြီးနောက် တဖန် ကောင်းကင်ကြီးက ပြန်လည်တည်ငြိမ်သွားခဲ့သည်။

ကျောက်ချန်းကျွင်း၏ ခန္ဓာကိုယ်မှာ အစိတ်စိတ်အမြွှအမြွှာဖြစ်သွားခဲ့သည်။

ထိုမြင်ကွင်းကို ကျောက်မိသားစုရှိအစောင့်များ မြင်တွေ့သွားနိုင်သော်လည်း ရွှီဖန်းသည် မီတာတစ်ရာအကွာကနေ ကျောက်ချန်းကျွင်းကို တိုက်ခိုက်ခဲ့ကာ သူ့ခန္ဓာကိုယ်ကိုလည်း ထောင့်တစ်နေရာမှာ ပုန်းကွယ်နေခဲ့တာကြောင့် ဘယ်သူလုပ်လဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။

ကျောက်မိသားစုမှလူများသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ကျောက်ချန်းကျွင်း၏ ခန္ဓာကိုယ်သည် အမှုန့်အဖြစ်သို့ ပျက်စီးသွားခဲ့ခြင်းပင်။   

"ဒါက အဆောင်သခင်တွေရဲ့ အမြင့်ဆုံးအဆင့်ပဲ"

"ဘာ!"

ခေါင်းဆောင်၏ စကားကိုကြားတော့ ကျောက်မိသားစု ၏ကာကွယ်သူများအားလုံးသည် ထိတ်လန့်စွာ အော်ဟစ်ကုန်ကြပြီး သူတို့မျက်နှာများမှာလည်း ကြောက်ရွံ့မှုများနှင့် ပြည့်သွားခဲ့သည်။    

"ဒါဆိုရင် ဘယ်လိုလူမျိုးက ကျွန်တော်တို့ ကျောက်မိသားစုနဲ့ လာပတ်သက်ရဲတာလဲ"

"ပေါက်ကရတွေ မပြောနဲ့။" 

ထိုစကားကိုပြောပြီးသည်နှင့် အဖွဲ့ခေါင်းဆောင်က ပြောသူကို တားမြစ်လာသည်။

သို့သော်ငြား အခြေအနေကို ကြည့်ပြီးနောက်...

"ပြန်ကြစို့ ဆုံးဖြတ်ချက်က အထက်လူကြီးတွေပေါ်မှာပဲ မူတည်တယ်"

ထိုသို့ဖြင့် သူ အဖွဲ့ကို ဦးဆောင်ကာ ပြန်ထွက်သွားခဲ့သည်။

ထိုအချိန်တွင် ရွှီဖန်းသည်လည်း "အာဏာ"ဟု တီးတိုးရေရွတ်ရင်း နောက်လှည့်ကာ ထွက်လာခဲ့သည်။    

ချန်ဟိုင်းသို့ ပြန်ရာလမ်းတစ်လျှောက်တွင် ရွှီဖန်းသည် သူ၏မိသားစုနှင့် မိတ်ဆွေများကို ခြိမ်းခြောက်မှုမဖြစ်စေရန် သူ၏ ကိုယ်ပိုင်အာဏာကိုထူထောင်ရန် တွေးနေခဲ့သည်။ သို့သော်ငြား အရင်ဦးစွာ 

ချန်ဟိုင်းအစားအသောက်ဈေးကွက်ကို သူ စတင်လုပ်ကိုင်ရမည်ပင်။

သို့နှင့် ရွှီဖန်းသည် အေးဆေးတည်ငြိမ်သော လယ်သမားလုပ်ငန်းရှင်ဘဝသို့ ပြန်သွားခဲ့သည်။

**********************

All Chapters