လက်ထပ်ခွင့်တောင်းခံရသော ရှယန်ယွိ
Vol. 21 Ch. 302
ချန်ဟိုင်းကိုမပြန်ခင်မှာ ဆေးရုံကို ပြန်ဝင်ခဲ့သေးသည်။
ရွှီဖန်း ဆေးရုံကို ပြန်ရောက်တော့ ညဥ့်နက်နေလေပြီ။ ယန်ပင်းနှင့် လင်းရှောင်ရှောင်းလည်း လူနာဆောင်မှာ အိပ်ပျော်နေသည်။
"ရှင် ပြန်လာပြီလား"
တံခါးမှဝင်လာသော ရွှီဖန်း၏လှုပ်ရှားမှုက လင်းရှောင်ရှောင်းကို အနှောင့်အယှက် ဖြစ်သွားစေခဲ့သည်။ သူမ မျက်လုံးတွေကို ပွတ်သပ်၍ ရွှီဖန်းကို ကြည့်ကာ မေးလာသည်။
ရွှီဖန်းသည် အိပ်ငိုက်နေသောလင်းရှောင်ရှောင်း၏ မျက်ကွင်းညိုများကို ကြည့်ကာ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
"အင်း ကျွန်တော် မင်းကို နှောင့်ယှက်မိပြီ၊ မင်းမိသားစုက ဘိုးဘေးရဲ့ ရောဂါနဲ့ပတ်သက်ပြီး ကျွန်တော် မနက်ဖြန်ကျရင် မင်းနဲ့ ပြန်လိုက်ခဲ့မယ်"
"တကယ်လား"
လင်းရှောင်ရှောင်းသည် ထိုစကားကိုကြားသောအခါ အော်ဟစ်မိသွားပြီးမှ အိပ်ပျော်နေသော ယန်ပင်းနှင့် ရှောင်းချောင်ကို အမြန်ပြန်ကြည့်လိုက်မိသည်။ သူမ၏ပါးစပ်ကို အပြုံးဖြင့် ဖုံးအုပ်ကာ ခပ်တိုးတိုးလေး ထပ်အတည်ပြုလာသည်။
"တစ်ကယ်မလား"
"အင်း မင်းက အခုလိုတောင်ဖြစ်နေပြီ၊ ကျွန်တော်သာ မင်းကိုမကူညီရင် ကျွန်တော့်ကိုဆက်ပြီး နှောင့်ယှက်နေမယ်လို့ မပြောနဲ့"
ရွှီဖန်းသည် နှုတ်ခမ်းတစ်ခြမ်းစောင်းပြုံးကာ ပြောလိုက်သည်။
သို့သော် ထိုစကားများက လင်းရှောင်ရှောင်းအား အနည်းငယ် မကျေမနပ်ဖြစ်စေသည်။
"ရှင်သိထားရမှာက ကျွန်မနောက်မှာ တန်းစီနေတဲ့ သခင်လေးတွေ အများကြီးရှိတယ်၊ ကျွန်မ ရှင့်ကို နှောင့်ယှက်နေတာကို မပျော်ဘူးပေါ့လေ"
သို့သော် ထိုစကားကို သူမပြောပြီးသည်နှင့် လင်းရှောင်ရှောင်း၏ မျက်နှာသည် နီရဲသွားပြီး ခေါင်းကို အမြန်ငုံ့လိုက်လေသည်။
ရွှီဖန်းလည်း လင်းရှောင်ရှောင်း၏စကားကြောင့် အနည်းငယ် ရှက်သွားကာ...
"ကောင်းပြီ၊ မြန်မြန် အိပ်တော့။"
"ရှင် ကျွန်မကိုနှိုးလိုက်တော့ ကျွန်မအိပ်လို့မရတော့ဘူး"
"ဒါဆို စကားပြောရအောင်"
"ဟုတ်ပြီ"
"ဘာအကြောင်းပြောကြမလဲ"
"ပြောပြ ရှင်က ရုပ်လည်း ဒီလောက်မချောပါဘူး ဒါကို ရှင့်ဘေးနားက အလှလေးနှစ်ယောက်က ဘာလို့ ရှင့်ကို အရမ်းစိုးရိမ်နေကြတာလဲ"
"အာ...ဒါကတော့ ကံတရား၊ ကံတရားပေါ့"
ထိုကဲ့သို့ပင် လင်းရှောင်ရှောင်း အိပ်ပျော်ခါနီးအထိ နှစ်ယောက်သား စကားစမြည်ပြောခဲ့ကြသည်။ ထိုနောက်တွင် ရွှီဖန်းလည်း ရှောင်းချောင်၏ကုတင်ဘေးတွင် အိပ်ပျော်သွားခဲ့သည်။
မနက် ၁၂နာရီ။
"သူမ တစ်ခုခုပြောခဲ့သလား"
ရွှီဖန်းသည် ယန်ပင်းကိုကြည့်၍ မေးလိုက်သည်။ သူနိုးလာသည်နှင့်တပြိုင်နက် ယန်ပင်းသည် ရှယန်ယွိက ဖုန်းပြန်ခေါ်ခိုင်းသည့်အကြောင်း ပြောပြခဲ့သည်။
"ဘာမှတော့ မပြောပါဘူး၊ ဒီအတိုင်း သူ့မျက်နှာက သိပ်တော့ မကောင်းဘူး၊ သူ့ကြောင့်များ ဖြစ်နိုင်
မလား"
ယန်ပင်းက သူ့ဘေးနားရှိ ရှောင်းချောင်ကို ကြည့်၍ ပြောသည်။
"အာ.."
ရွှီဖန်း အံ့ဩသွားကာ..
"မဖြစ်နိုင်ဘူး"
ယန်ပင်းပခုံးတွန့်လိုက်ပြီး ဘာမှပြန်မဖြေခဲ့ပေ။
"ထားလိုက်ပါတော့ ငါဖုန်းဆက်လိုက်မယ်"
ထိုသို့ပြော၍ ရွှီဖန်း သူ့ဖုန်းကို ထုတ်ကာ ရှယန်ယွိကို ဖုန်းခေါ်လိုက်သည်။
"ဟယ်လို"
"ရှင် ကျွန်မကို ဖုန်းခေါ်ရကောင်းမှန်း သိသေးတာပဲ"
ရှယန်ယွိ၏အသံက ချက်ချင်းထွက်လာသည်။
ထိုအရာက ရွှီဖန်းအား အံ့အားသင့်စေသည်။
"ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ဘူး ကျွန်မ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးချုပ်မှာရှိနေတယ်"
ထို့နောက် ဖုန်းချသွားလေသည်။
ရွှီဖန်းသည် သံသယစိတ်ဖြင့် ဖုန်းကိုကြည့်မိတော့သည်။
"မေ့လိုက်တော့ ငါ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးကိုသွားရမယ်၊ လင်းရှောင်ရှောင်း မင်း အရင်ဆုံး အိမ်ပြန်သွားလို့ရတယ်၊ မင်းရဲ့ဘိုးဘေးကို ကုသပေးဖို့ ကျွန်တော် နောက်မှ အမြန်လာခဲ့မယ်"
"ကောင်းပြီ"
ရွှီဖန်း၏စိတ်ထဲ၌ လုပ်စရာတစ်ခုခုရှိနေတာကို လင်းရှောင်ရှောင်းလည်း မြင်ပေသည်။ သူမက သူ့ကိုကြည့်၍ နှုတ်ခမ်းစူလိုက်ကာ...
"ရှင် ကျွန်မကားကို မောင်းသွားလို့ရတယ်၊ ကျွန်မ ဆေးရုံမှာပဲ စောင့်နေမယ် ပြီးမှ လင်းမိသားစုကို တူတူသွားကြတာပေါ့၊ ဘာပဲဖြစ်ဖြစ် ကျွန်မမှာလည်း ဘာလုပ်စရာမှ မရှိဘူး"
ရွှီဖန်း အံ့အားသင့်သွားသော်ငြား ကားသော့ကို လှမ်းယူလိုက်တုန်းပင်။ သူတို့ကားက စစ်တပ်ထဲမှာ ရှိနေတုန်းပဲ။
ရွှီဖန်းသည် လင်းရှောင်ရှောင်း၏ Bentleyကားကို ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးချုပ်သို့ မောင်းနှင်ခဲ့သည်။
ဝန်ထမ်းများက ကုမ္ပဏီအ၀င်ဝသို့ တစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်။ ရွှီဖန်းမောင်းလာသည့် Bentleyကလည်း အတော်လေး မျက်စိကျစရာ ကောင်းနေသည်။
တံခါးဝသို့ရောက်သောအခါ လုံခြုံရေးအစောင့်က သဘာဝကျစွာ တားလာသည်။ လုံခြုံရေးအစောင့်
သည် ရွှီဖန်းကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးဖြစ်
သော်ငြားလည်း သဘာဝကျစွာပင် ရွှီဖန်းအား ဘယ်သူမှန်း မသိသေးပေ။
ရွှီဖန်းသည် လုံခြုံရေးအခန်းဘေးရှိ နေရာလွတ်တွင် ကားရပ်လိုက်သည်။
"ဟေ့ ဟိုမှာကြည့်... အဲ့ဒါ ယွမ်လေးသန်းတန်
တဲ့Bentleyမလား"
"သခင်လေးဝမ် ဥက္ကဌရှကို ချစ်ခွင့်ပန်ဖို့ ထပ်
ရောက်လာတဲ့အရာများလား။"
"ဆင်းလာတဲ့သူက သခင်လေးဝမ်လို့ နင် မြင်လိုက်လို့လားဟ"
"နင်က သူ့အကြောင်းပြောနေတာလား၊ ကြည့်
ပါဦး...သူက ကားသမားပဲဖြစ်မှာပေါ့၊ ယွမ် ၄ သန်းလောက်တန်တဲ့ Bentleyကို သူက တတ်နိုင်မယ်ထင်လား။"
ဘေးနားက ဝန်ထမ်းများ၏ဆွေးနွေးမှုများကို နားထောင်ရင်း ရွှီဖန်းသည် ဒီနေ့ ပြက္ခဒိန်ကို မကြည့်ဘဲ အပြင်ကိုထွက်လာမိသည်ဟု ခံစားလိုက်ရသည်။
သို့သော်ငြား ရွှီဖန်းသည် ဥက္ကဌရှဟုကြားလိုက်
သောအခါ သူ သိချင်သွားသည်။ ဥက္ကဌရှဆိုတာ ရှယန်ယွိကို သူတို့ ပြောနေကြတာလား။ ရွှီဖန်းသည် ဖြတ်သွားဖြတ်လာ ဝန်ထမ်းတစ်ယောက်ကို ချက်ချင်းလှမ်းမေးလိုက်သည်။
"ဒါဆို တခြားဘယ်သူဖြစ်နိုင်ဦးမှာလဲ"
ဖြတ်သွားဖြတ်လာဝန်ထမ်းက သူ့ကို အရူးတစ်
ယောက်လို ကြည့်လာသည်။
ရွှီဖန်း၏ မျက်လုံးများ ကျဥ်းမြောင်းသွားသော်လည်း သူ ဘာမှ မပြောခဲ့ပေ။
"ဒီနေ့ တစ်စုံတစ်ယောက်က ဥက္ကဌရှကို ချစ်ခွင့်ပန်မှာ"
ရွှီဖန်း၏ နှလုံးသားသည် သဝန်တိုမှုများဖြင့် ပြည့်
နှက်သွားကာ...
"သေစမ်း! ဒီလိုလုပ်ရဲဖို့ သတ္တိရှိနေတဲ့သူကို ငါတွေ့ချင်မိတယ်"
ရွှီဖန်းသည် ကျိန်ဆဲကာဖြင့် စက်ရုံဘက်ကို လျှောက်သွားကာ ရုံးခန်းရှိရာအဆောက်အဦးဆီသို့ သွားလိုက်သည်။ မကြာခင်မှာပင် ရွှီဖန်း၏ အနီးပတ်ဝန်းကျင်တွင် လူများစွာကို တွေ့လိုက်ရသည်။ သူတို့သည် ဆိုင်းဘုတ်များစွာကိုင်ထားပြီး ဘေးတွင်လည်း တန်ဖိုးကြီးကားများစွာ ရပ်ထားသည်။
"ရှယန်ယွိ ငါ မင်းကို ချစ်တယ်၊ ငါ့ကို လက်ထပ်ပါ"
ရွှီဖန်း မျက်လုံးကျဥ်းမြောင်းကာ အနားသို့ လျှောက်သွားပြီးကြည့်လိုက်တော့ ဆိုင်းဘုတ်ပေါ်တွင် ရေးထားသည့်အရာကို မြင်လိုက်ရသည်။
"အိုက်ယား မင်းကလည်း သခင်လေးဝမ်ကို ကူညီပေးဖို့ ရောက်နေတာလား"
ထိုအချိန် ရွှီဖန်း၏အရှေ့မှာရပ်နေသောလူက သူ့ကိုကြည့်ကာ မေးလာသည်။
"အင်း ဟုတ်တယ်"
ရွှီဖန်း အံ့သြသွားကာ မသိစိတ်ကအလိုလို ခေါင်းညိတ်မိသွားသည်။
"ကောင်းပြီ ဒါကို ယူလိုက်"
ရွှီဖန်း မတုံ့ပြန်နိုင်ခင်မှာ ထိုလူက မီးပုံးပျံတစ်လုံးကို သူ့လက်ထဲသို့ ထည့်ပေးလာသည်။
"သခင်လေးဝမ်ရဲ့ဝန်ခံမှု အောင်မြင်သွားရင် ငါတို့ မီးပုံးပျံကို လွှတ်ရမယ် မင်းနားလည်လား"
ရွှီဖန်းသည် ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားရသည်။ သူက အလေးအနက်ထားပြီးတော့တောင် မီးပုံးပျံကို လွှတ်ပေးရဦးမယ်လား။ ဒီ အခြေအနေကို မြင်လိုက်သောအခါ ရွှီဖန်း၏ မျက်လုံးများက အေးစက်သထက် ပိုအေးစက်လာသည်။ ထိုဖွင့်ဟဝန်ခံမှုကို သူ ဂရုမစိုက်ပေ။ သို့သော်ငြား အလုပ်ချိန်က ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကို မသိသည့် ဝန်ထမ်းများကိုတော့ သူ ဂရုစိုက်ရလိမ့်မည်။ ရွှီဖန်းသည် သူ့ရှေ့မှ ဝန်ထမ်းကို တွန်းဖယ်လိုက်ပြီး လူအုပ်ကြီး၏အနောက်မှာ ရပ်လိုက်သည် ။
"ဟေ့ မင်းဘာလို့ ဒီလိုလုပ်သွားတာလဲ"
သို့သော် ထိုလူ ပြောလိုက်သည့်အခိုက်တွင် ရွှီဖန်း၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်က သူ့ကို စူးစူးရဲရဲ ပြန်စိုက်ကြည့်လာသည်။ ထိုလူသည် အလွန်တုန်လှုပ်သွားကာ စကားတခွန်းမှ မပြောဝံ့တော့ပေ။
ယခုအချိန် သခင်လေးဝမ်က ပြင်ဆင်နေသည့် ကွင်းအလယ်တွင် ရှိနေသည်ကို ရွှီဖန်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူသည် ၀တ်စုံပြည့်နှင့် နက်ကတိုင်ကို ၀တ်ဆင်ထားပြီး သူ့မျက်နှာကိုပင် ဖုံးအုပ်
လုနီးပါးဖြစ်နေသည့် လန်းလန်းဆန်းဆန်းပန်းပွင့်များကို လက်တစ်ဆုပ်စာအပြည့်ကိုင်ဆောင်ထားကာ သူ့ဆံပင်များကိုလည်း ဆီများဖြင့် နောက်ပြန်လှန်တင်ထားသည်။
သို့သော်ငြား ထိုသခင်လေးဝမ် ချောမောသည့်
အကြောင်းကို တီးတိုးပြောနေကြသော အနီးအနားရှိလူများကို ရွှီဖန်း ကြည့်မိပြီး ရုတ်တရက်ဆိုသလိုပင် သူ လောကကြီးနှင့်လမ်းကြောင်းလွဲနေသည်ဟု ခံစားလိုက်ရသည်။ ဒီလိုလူမျိုးက ချောတယ်ပေါ့လေ။
ခဏအကြာတွင် သခင်လေးဝမ်သည် အရာအားလုံးကို စီစဉ်ပြီးသွားလေပြီ။ ပန်းများ၊ ဖယောင်းတိုင်များနှင့် မက်မွန်သီးများကိုပင် စီစဉ်ထားသည်။ ရွှီဖန်းသည် မီးရှူးမီးပန်းများကို မြင်သောအခါ ချွေးပါ ထွက်သွားရသည်။ ဒီလူတွေ ကောလိပ်ဒီဂရီအနိမ့်ဆုံးနဲ့ ဘွဲ့ရလာကြတာလား။
သခင်လေးဝမ်နှင့် သူ့ကိုအားပေးအားမြှောက်ပြုနေသော ပတ်ဝန်းကျင်ရှိ ဝန်ထမ်းများကို ကြည့်ရင်း ရွှီဖန်း၏ အမူအရာမှာ လုံးဝမည်းမှောင်သွားခဲ့သည်။ ဒီလူတွေသာ မြစ်အောက်ပိုင်းရွာ စက်ရုံက သူ့အလုပ်သမားတွေဆိုရင် ဒီနေ့ပဲ ထုတ်လိုက်လေပြီ။
မိုးကောင်းကင်က တဖြည်းဖြည်းနက်မှောင်လာသည်။ ရွှီဖန်းသည် ဘေးပတ်ပတ်လည်ကိုကြည့်ကာ ဝန်ထမ်းတစ်ယောက်ကို မေးလိုက်သည်။
"ဒီသခင်လေးဝမ်ရဲ့ နောက်ခံက ဘာလဲ၊ ဒီစားနပ်ရိက္ခာအခြေစိုက်ရုံးက သူ့နေရာမဟုတ်ဘူးမလား"
"မင်းက ဝန်ထမ်းသစ်ပဲ ဖြစ်ရမယ်"
ရွှီဖန်း၏ စကားကြောင့် အခြားဝန်ထမ်းများက သူ့ကို အံ့အားသင့်စွာ ကြည့်လာကြလေသည်။ ရွှီဖန်းမှာ သူတို့၏ရှင်းပြချက်ကို စောင့်ဆိုင်းနေရင်း ပို၍ပင် စိတ်ရှုပ်သွားခဲ့သည်။
"ဒီသခင်လေးဝမ်က လျိုကျင်းကို ဖယ်လိုက်ရင် ကုမ္ပဏီမှာ ရှယ်ယာအများဆုံးရှိတဲ့ ဝမ်ကျုံးကျန့်ရဲ့သား ဝမ်ကျန်းကျုံးလေ"
"အာ"
ရွှီဖန်းသည် ထိုနာမည်များကိုကြားသောအခါ ရယ်မောလိုက်မိသည်။ သို့သော် သူ့ ဘေးနားမှလူများ၏ ထိတ်လန့်တကြားအမူအရာများကြောင့် သူ့လက်ကို လျှင်မြန်စွာ ဝှေ့ယမ်းကာ...
"နောက်တာပါ"
ထို့နောက် ချက်ချင်းပင် တစ်ဖက်ကို လှည့်၍ မေးခွန်းများ မမေးတော့ပေ။ ထိုအစား သူ့ မျက်လုံးကိုကျဥ်းမြောင်းကာ အရာအားလုံးကို အာရုံစိုက်နေမိသည်။
"ရှယန်ယွိရဲ့အမူအရာက သိပ်မကောင်းဘူးလို့ ယန်
ပင်း ပြောခဲ့တာ မအံ့သြတော့ဘူး၊ ဒီသခင်လေးဝမ်ကြောင့်ပဲ ဖြစ်ရမယ်"
ရွှီဖန်းသည် ကွင်းပြင်အလယ်ရှိ သခင်လေးဝမ်ကို ကြည့်ရင်း သူ့ကိုယ်သူ တီးတိုးပြောလိုက်မိနေသည်။
ထိုအချိန် ကွင်းထဲမှာ သီချင်း စဖွင့်လာသည်။ ၎င်းသည် ကား၏ရေဒီယိုနှင့် ချိတ်ဆက်ထားသော အသံချဲ့စက်ဖြစ်ပြီး တိုက်တန်းနစ်ဇာတ်ကား၏ ဇာတ်ဝင်တေးသီချင်းကို ဖွင့်ထားခြင်းပင်။
သခင်လေးဝမ်သည် ဂီတသံကို လိုက်၍ ရုံး
ခန်းရှိရာ အဆောက်အဦးအရှေ့တွင် ဖြည်းညှင်းစွာ ဒူးထောက်ချလိုက်သည်။ ထိုအချိန်တွင် ရုံးတစ်ခုလုံးရှိ ဝန်ထမ်းများသည် သူတို့အလုပ်လုပ်ရာ အဆောက်အဦးများ၏ ပြတင်းပေါက်ကိုယ်စီတွင် ထွက်ချောင်းလျက်ရှိသည်။
အားလုံးက ကောင်းချီခံရသည့် အမျိုးသမီးဇာတ်ဆောင်အား စောင့်မျှော်နေလေသည်။
ထို့နောက် ရွှီဖန်းဘေးနားမှ ဝန်ထမ်းများက ကျယ်
ကျယ်လောင်လောင်ဖြင့်...
"ဥက္ကဌရှ မြန်မြန်ထွက်လာပါ ဥက္ကဌရှ မြန်မြန်ထွက်
လာပါဗျို့!"
ရွှီဖန်းသည် ထိတ်လန့်သွားကာ သူတို့နှင့် တစ်တန်းတည်းမှာ ရပ်နေမိကြောင်း သိလိုက်ရသည်။ ချက်ချင်းပင် သူ ဘေးနားရှိ သစ်ပင်အောက်သို့ ပြေးသွားခဲ့ပေသည်။ အလွန် ရှက်စရာကောင်းလွန်း၏။
အော်ဟစ်သံများ ကျယ်လောင်လာသည်နှင့်အမျှ လူကလည်း ပိုမိုများပြားလာကာ ပျော်ပျော်ရွှင်ရွှင် ဝိုင်းအော်လာကြသည်။ လူတိုင်းလူတိုင်းက လာကြည့်ရှုရန် စိတ်ဝင်စားလာကြသည်။
ထိုအချိန်တွင် ရွှီဖန်းကတော့ သစ်ပင်အောက်တွင်ရပ်၍ အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေဆဲပင်။
သို့သော် ထိုအချိန်မှာ အသံတစ်ခုက ထွက်လာသည်။
"လာပြီ"
ရွှီဖန်းလည်း လှမ်းကြည့်လိုက်သည်။ ရှယန်ယွိပင်။ သူမသည် အဆောက်အဦးရှေ့တွင် ရပ်ကာ သခင်လေးဝမ်ကိုကြည့်ရင်း မျက်မှောင်ကြုတ်နေလေသည်။
သို့သော် သူမ တစ်ဖက်ကို လှည့်ကြည့်လိုက်တော့ ရွှီဖန်းကို ရုတ်တရက် တွေ့လိုက်ရသည်။
ရှယန်ယွိ၏ ခန္ဓာကိုယ် တုန်ယင်သွားသည်ကို ရွှီဖန်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထို့နောက် သူမသည် ရွှီဖန်းအား အပြစ်တင်ချင်နေသကဲ့သို့ ဒေါသဖြင့်စိုက်ကြည့်လာလေသည်။
ရွှီဖန်းကမူ ရှယန်ယွိအား ပခုံးတွန့်ပြကာ ခေါင်းကို ဘေးသို့စောင်းရင်း သူမဘာသာသူမ ဖြေရှင်းသင့်
သည်ဟူသည့် သဘောကို ပြလိုက်သည်။
"ယန်ယွိ"
"ကျွန်မကို ဥက္ကဌရှလို့ပဲခေါ်ပါ"
ရှယန်ယွိသည် ထိုသခင်လေးဝမ်၏မာနကြီးပြီး ထောင်လွှားသောမျက်နှာအား အေးစက်သောအမူအရာဖြင့် ကြည့်လိုက်သည်။
"မင်း!"
သခင်လေးဝမ်သည် ဘာကြောင့်များ ဤမျှယုံကြည်မှုရှိနေရသလဲ မသိပေ။ သခင်လေးဝမ်သည် ရှယန်ယွိကိုမြင်ခဲ့တုန်းက သူမကို အလွန်အမင်းစွဲလန်းသွားခဲ့သည်။ အခု သူမ၏စကားကြောင့် သူ ရင်ထဲထိကာ ထိတ်လန့်သွားတော့သည်။
ရှယန်ယွိသည် ဘာမှမဖြစ်သလိုမျိုး ပြုမူနေသော ရွှီဖန်းအား ကြည့်လိုက်သည်။ သူမ ဒေါသတကြီးဖြင့် ခြေထောက်ကို ဆောင့်နင်းပြီးနောက် သူမ၏မျက်လုံးထဲတွင် ပရိယာယ်အရိပ်အယောင်များပေါ်ထွက်လာသည်။
သူမ ထိုသခင်လေးဝမ်အား ကြည့်ရန် ခေါင်းငုံ့လိုက်
သည်။ သူမ၏ မျက်နှာပေါ်တွင် စိတ်မရှည်ခြင်း သို့မဟုတ် မကျေမချမ်းဖြစ်ခြင်း အရိပ်အယောင်များ မတွေ့ရတော့ပေ။ သူမ၏မျက်နှာပေါ်ရှိ မျက်မှောင်ကြုတ်ထားခဲ့ခြင်းပင် ပျောက်ကွယ်သွားလေသည်။
"ယန်ယွိ ဒီနေ့ ငါဘာတွေလုပ်ထားလဲ ကြည့်ပါဦး၊ မဆိုးဘူးမလား"
သခင်လေးဝမ်၏ တုန်ယင်နေသောအသံကြောင့် လူအုပ်ကြီးက ရယ်မောလိုက်သော်လည်း ရှယန်ယွိက ထိုနေရာမှာတင် ရပ်၍ ရယ်နေသောလူများကို အသိပေးသလို စိုက်ကြည့်လာသည်။
ယင်းကြောင့် ရွှီဖန်းလည်း အံ့အားသင့်သွားရသည်။ ထို့နောက် သူ ရှယန်ယွိကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ ရုတ်တရက်ပင် ထိုနေရာသို့ လျှောက်သွားကာ ထိုသခင်လေးဝမ်နှင့် သူမအား ခွဲထုတ်ပစ်ချင်စိတ် ပြင်းထန်လာသည်။
"ငါ မင်းကို သဘောကျတယ်"
နောက်ဆုံးတွင် သခင်လေးဝမ်သည် ထိုစကားများကို ပြောခဲ့ပြီး သူ့ခွန်အားများလည်း ကုန်ဆုံးသွားပုံရသည်။
ရှယန်ယွိသည် ထိုစကားကိုကြားသောအခါ သူမ အနည်းငယ်မျှပင် တုံ့ပြန်ခြင်း မရှိခဲ့ပေ။ ထိုအစား သူမသည် ရွှီဖန်းကို ကြည့်ကာ မျက်ခုံးပင့်ပြလိုက်သည်။ ထို့နောက် ဝမ်ကျန်းကျုံးဘက်ကို လှည့်ကာ ပြုံးပြလိုက်ပြီးနောက်...
"တောင်းပန်ပါတယ် ကျွန်မမှာ ချစ်သူရှိနေပြီ"
"ဘာ!"
ရှယန်ယွိ၏စကားကြောင့် လူအုပ်ကြီးထံမှ အာမေဋိတ် လှိုင်းလုံးကြီး ထွက်ရှိလာခဲ့သည်။ ထိုအဖြစ်က သူတို့အား စိတ်မကောင်းဖြစ်စေပေသည်။
*********************